iMyanmarHouse.com - Best Property Website for Myanmar
×







မင်းသမီးလေး လင်းဇာနည်ဇော်ရဲ့ မိဘအပေါ်ထားရှိတဲ့ မေတ္တာတရားနဲ့ သမီးလေးအပေါ်ထားရှိတဲ့ မေတ္တာတရားကို လေးစားတယ် ခံစားချက်ချင်းလဲ တိုက်ဆိုင်ခဲ့ဘူးတယ်ဆိုရင် ချစ်ပရိသတ်ကြီးများက သူမရဲ့ပို့စ်လေးကို Share ပြီး မျှပေးလိုက်ကြပါဦးနော်။

Credit: MM
# Unicode Version ဖြင့် ဖတ်ပါ #
မင်းသမီးချောလေး လင်းဇာနည်ဇော်ကတော့ တစ်ချိန်ကအနုပညာအလုပ်ကို အရမ်းဝါသနာပါခဲ့သူလေးဖြစ်ပြီး မိဘတွေကအနုပညာအလုပ်ကိုမလုပ်စေချင်ပေမယ့်လည်း သူမကအနုပညာအလုပ်ကို ချစ်တဲ့သူဝါသနာပါတဲ့သူ တစ်ယောက်ဖြစ်လို့ သရုပ်ဆောင်လောကထဲကို ရောက်ရှိလာသူလေးပါ။

ယခုဆိုရင်သူမက အသက်အရွှယ်ရလာတဲ့ မိဘတွေကို လိုလေသေးမရှိရအောင် လုပ်ကျွေးပြုစုပေးနေတဲ့ သမီးလိမ္မာလေးတစ်ယောက်ပါ၊ သူမရဲ့ မိဘအပေါ်ထားရှိတဲ့ မေတ္တာတရားလေးက လေးစားအားကျဖို့ကောင်းလှပါတယ်။

ယခုဆိုရင်သူမက မိဘနေရာကိုရောက်ရှိလာသူလေးမို့ တစ်နယ်ခြားမှာ ကျောင်းသွားတက်နေပြီး အဝေးရောက်နေတဲ့ သမီးလေးကို လွမ်းနေတာလေးကို “ မုန့်ဖိုးပေးပြီးမှ ကလိလို့ရတဲ့ မငွေခင် ကိုသတိရမိ ” ဆိုတဲ့ စာသားလေးနဲ့ သမီးလေးကိုသတိရနေကြောင်း သူမရဲ့ ဖေ့ဘုတ်စာမျက်ကနေ သမီးလေးရဲ့ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ မိဘတိုင်းက သားသမီးတွေနဲ့မလွဲသာလို့ခွဲနေရမယ်ဆိုရင် မေမေလင်းဇာနည်ဇော်လိုမျိုး သားသမီးလေးကို လွမ်းတဲ့စိတ်လေးတွေတော့ ဖြစ်ပေါ်ကြဘူးမှာပါ။

သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေ သူပါ။

သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ အမဖြစ်သူ ချစ်ချစ်ဇော်နဲ့အတူ ရွှေတောင်ခေါက်ဆွဲရောင်းတဲ့ လုပ်ငန်းကို လုပ်ကိုင်နေရုံသာမက ကိုယ်ပိုင်ထုတ်လုပ်ရေး တစ်ခုကိုပါ တည်ထောင်ထားတယ်လို့ သိရပါတယ်။

သူတို့ရဲ့ ထုတ်လုပ်ရေးကနေ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားအဖြစ် ” မြန်မာပေါကားတွေ ရပ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးထားပါတယ်။

မင်းသမီးလေး လင်းဇာနည်ဇော်ရဲ့ မိဘအပေါ်ထားရှိတဲ့ မေတ္တာတရားနဲ့ သမီးလေးအပေါ်ထားရှိတဲ့ မေတ္တာတရားကို လေးစားတယ် ခံစားချက်ချင်းလဲ တိုက်ဆိုင်ခဲ့ဘူးတယ်ဆိုရင် ချစ်ပရိသတ်ကြီးများက သူမရဲ့ပို့စ်လေးကို Share ပြီး မျှေပေးလိုက်ကြပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: MM
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top