iMyanmarHouse.com - Best Property Website for Myanmar
×

အႏုပညာေလာကရဲ႕ ဆယ္စုႏွစ္တစ္ခုတိုင္ေအာင္ ထိပ္တန္းမင္းသမီးတစ္လက္အျဖစ္ ရပ္တည္ေနခဲ့တဲ့ ပရိသတ္ေတြက အူဝဲ လို႔ ခ်စ္စႏိုးေခၚရတဲ့ ထပ္ဆင့္အကယ္ဒမီ အိႏၵျာေက်ာ္ဇင္ ဟာ လက္ရွိမွာ နာမည္ၾကီးစာေရးဆရာမတစ္ဦး ျဖစ္တဲ့ သၽွင္မရဲ႕ ေအာင္ျမင္ခဲ့တဲ့ ဝထၳဳတစ္ပုဒ္ျဖစ္တဲ့ "ဟစ္တိုင္" ဇာတ္ကားၾကီးမွာ "ေဒါင္းနီ" ေနရာက ပါဝင္သရုပ္ေဆာင္လ်က္ရွိပါတယ္။

ဒီဇာတ္ကားမွာဆိုရင္ အူဝဲဟာ တုန္ေနေအာင္ခ်စ္တဲ့ သူမရဲ႕သမီးငယ္ေလးကို ဖ်က္ဆီးခဲ့တဲ့ လူကို ဓားဆြဲၿပီး သတ္ပစ္ခဲ့တဲ့ “ေဒါင္းနီ” ဇာတ္ေကာင္ကေန သ႐ုပ္ေဆာင္ထားတာ ျဖစ္ၿပီး လက္ရွိဒီဇာတ္ကားကိုေတာ့ ဆင္ျဖဴကြၽန္းမွာ ရိုက္ကူးေနတယ္လို႔ သိရပါတယ္။ ဒီဇာတ္ကားရဲ႕ ရိုက္ကြင္းပုံရိပ္ေတြကေတာ့ ပရိသတ္ေတြၾကား ပ်ံ့ႏွံ႕လို႔ေနၿပီး ဇာတ္ဝင္ခန္းအခ်ိဳ႕က အူဝဲရဲ႕ မ်က္ႏွာထားသ႐ုပ္ေဆာင္မႈေတြဟာ ဒီဇာတ္ေကာင္ကို သက္ဝင္ေနတာေတြ႕ရပါတယ္။

လက္ရွိျပင္ပဘဝမွာလည္း သားသမီးေတြကို ဦးစားေပးတတ္တဲ့ အူဝဲဟာ ေနာက္ပိုင္းမွာ ဇာတ္ကားရိုက္ကူးမႈေတြကို သိသိသာသာေလွ်ာ့ခ်ခဲ့ၿပီး ဒီဇာတ္ကားကိုေတာ့ ပရိသတ္ေတြ ေတာင္းဆိုမႈေၾကာင့္ လက္ခံျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒီဇာတ္ကားရဲ႕ ရိုက္ကြင္းမွာလည္း အူဝဲရဲ႕ နယ္ပရိသတ္ေတြ ကြင္းအျပည့္လာေရာက္အားေပးေနၾကတာ ေတြ႕ရၿပီး သူမရဲ႕ Eainnies ေတြကေတာ့ ဒီဇာတ္ကားဟာ သူတို႔ရဲ႕ ခ်စ္မအတြက္ ေနာက္ထပ္အကယ္ဒမီယူေပးနိုင္မဲ့ ဇာတ္ကားႀကီးျဖစ္နိုင္တယ္ဆိုၿပီး ေျပာေနၾကတာေတြ႕ရပါတယ္။

Photo Source : Our Pricess EDKZ Group

ShweChitThu (ေရႊခ်စ္သူ)
# Unicode Version ျဖင့္ ဖတ္ပါ #
အနုပညာလောကရဲ့ ဆယ်စုနှစ်တစ်ခုတိုင်အောင် ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေခဲ့တဲ့ ပရိသတ်တွေက အူဝဲ လို့ ချစ်စနိုးခေါ်ရတဲ့ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင် ဟာ လက်ရှိမှာ နာမည်ကြီးစာရေးဆရာမတစ်ဦး ဖြစ်တဲ့ သျှင်မရဲ့ အောင်မြင်ခဲ့တဲ့ ဝထ္ထုတစ်ပုဒ်ဖြစ်တဲ့ "ဟစ်တိုင်" ဇာတ်ကားကြီးမှာ "ဒေါင်းနီ" နေရာက ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။

ဒီဇာတ်ကားမှာဆိုရင် အူဝဲဟာ တုန်နေအောင်ချစ်တဲ့ သူမရဲ့သမီးငယ်လေးကို ဖျက်ဆီးခဲ့တဲ့ လူကို ဓားဆွဲပြီး သတ်ပစ်ခဲ့တဲ့ “ဒေါင်းနီ” ဇာတ်ကောင်ကနေ သရုပ်ဆောင်ထားတာ ဖြစ်ပြီး လက်ရှိဒီဇာတ်ကားကိုတော့ ဆင်ဖြူကျွန်းမှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားရဲ့ ရိုက်ကွင်းပုံရိပ်တွေကတော့ ပရိသတ်တွေကြား ပျံ့နှံ့လို့နေပြီး ဇာတ်ဝင်ခန်းအချို့က အူဝဲရဲ့ မျက်နှာထားသရုပ်ဆောင်မှုတွေဟာ ဒီဇာတ်ကောင်ကို သက်ဝင်နေတာတွေ့ရပါတယ်။

လက်ရှိပြင်ပဘဝမှာလည်း သားသမီးတွေကို ဦးစားပေးတတ်တဲ့ အူဝဲဟာ နောက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုတွေကို သိသိသာသာလျှော့ချခဲ့ပြီး ဒီဇာတ်ကားကိုတော့ ပရိသတ်တွေ တောင်းဆိုမှုကြောင့် လက်ခံဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီဇာတ်ကားရဲ့ ရိုက်ကွင်းမှာလည်း အူဝဲရဲ့ နယ်ပရိသတ်တွေ ကွင်းအပြည့်လာရောက်အားပေးနေကြတာ တွေ့ရပြီး သူမရဲ့ Eainnies တွေကတော့ ဒီဇာတ်ကားဟာ သူတို့ရဲ့ ချစ်မအတွက် နောက်ထပ်အကယ်ဒမီယူပေးနိုင်မဲ့ ဇာတ်ကားကြီးဖြစ်နိုင်တယ်ဆိုပြီး ပြောနေကြတာတွေ့ရပါတယ်။

Photo Source : Our Pricess EDKZ Group

ShweChitThu (ရွှေချစ်သူ)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top