iMyanmarHouse.com - Best Property Website for Myanmar
×

ေတာ္ေတာ္မ်ားမ်ားက အငယ္ဆံုးေတြဆိုရင္ အလိုလိုက္ခံရတယ္၊ ဗိုလ္က်တယ္လို႔ပဲ ထင္ေနၾကတာမ်ားပါတယ္။ ဒါေပမယ့္ အိမ္တစ္အိမ္မွာ အငယ္ဆံုးသားသမီးေတြက သိတတ္ၾကတာမ်ားပါတယ္။ ဒါေၾကာင့္ အငယ္ဆံုးသားသမီးေတြပဲသိတဲ့ ခံစားခ်က္တစ္ခ်ိဳ႔ကို ေျပာျပေပးလိုက္ပါတယ္။

အိမ္တစ္အိမ္မွာ အငယ္ဆံုးသားသမီးေတြဆိုရင္ ေတာ္ေတာ္မ်ားမ်ားက အလိုလိုက္ခံရတယ္၊ အခ်စ္ခံရတယ္လို႔ ထင္ေနၾကပါတယ္။ တကယ္ေတာ့ တစ္ခါတစ္ေလမွာ အငယ္ဆံုးသားသမီးေတြက ဆိုးတယ္ဆိုၿပီး အဆူခံအေျပာခံရတာမ်ားပါတယ္။ မွားေနတာတစ္ခုခုကို ျပန္ေျပာရင္လည္း အႀကီးေတြကိုျပန္ေျပာတယ္၊ မိုက္ရိုင္းတယ္ဆိုၿပီး အၿမဲအေျပာခံရတတ္ပါတယ္။

အငယ္ဆံုးသားသမီးေတြက တစ္ခုခုဆိုရင္ မိသားစုကို ငဲ့ညွာၿပီး အလိုက္သိေပမယ့္လည္း တစ္ခါတစ္ေလမွာေတာ့ အလိုက္မသိတဲ့သူ၊ တစ္ကိုယ္ေကာင္းဆန္တဲ့သူလို႔ အထင္ခံရပါတယ္။ အငယ္ဆိုၿပီး ဗိုလ္က်တယ္လို႔လည္း တခ်ိဳ႔ကထင္ေနၾကပါတယ္။ တကယ္ေတာ့ ဒါေတြနဲ႔ဆန္႔က်င္ဘက္လို႔ေတာင္ ေျပာလို႔ရပါတယ္။ တခ်ိဳ႔ဆိုးတဲ့သူေတြလည္း ရွိပါတယ္။ ဒါေပမယ့္ အငယ္တိုင္းကေတာ့ မဆိုးသြမ္းၾကပါဘူး။

အငယ္ဆံုးေတြက စကားနားေထာင္ၿပီး ခိုင္းရင္လည္း လုပ္ေပးတာမ်ားပါတယ္။ ဒါေပမယ့္ သူတို႔စကားနားေထာင္တာေတြနဲ႔ သူတို႔ရဲ႔စိတ္ရင္းမွန္ေတြကိုေတာ့ ထုတ္မျပတတ္ၾကပါဘူး။ ဒါေၾကာင့္လည္း ဆိုးသြမ္းတယ္လို႔ အထင္ခံေနရတာပါ။ တစ္ခါတစ္ေလက်ရင္ ေျပာသမွ်လုပ္ေပးေပမယ့္လည္း အေကာင္းအေျပာမခံရတာေတြ ရွိပါတယ္။ ဒါေၾကာင့္ အငယ္ဆံုးေတြရဲ႔ ခံစားခ်က္ကို အငယ္ေတြပဲသိပါတယ္။

တစ္ခုခုဆိုရင္ “နင္ကအငယ္ပဲ” ဆိုတဲ့စကားေတြနဲ႔ အႏိုင္ယူခံရတာေတြရွိပါတယ္။ မွန္ေနလည္းျပန္ေျပာရင္ ရိုင္းတယ္အေျပာခံရလို႔ အငယ္ေတြက ခံစားခ်က္ကို ၿမိဳသိပ္တတ္လာပါတယ္။ ဒါမ်ိဳးေတြကေတာ့ တခ်ိဳ႔အငယ္ေတြမွာ ျဖစ္ေနတဲ့ စိတ္ခံစားခ်က္ေတြပါ။ ဒါ့အျပင္ အငယ္ဆံုးမို႔ ခ်ဳပ္ခ်ယ္ခံရတာေတြလည္း ရွိပါေသးတယ္။ တခ်ိဳ႔ကေတာ့ အငယ္ဆိုရင္ ဦးစားေပးခံရေပမယ့္ တခ်ိဳ႔က်ေတာ့လည္း အငယ္မို႔ အေလ်ာ့ေပးလိုက္ရတာေတြ ရွိပါတယ္။

အခုေျပာျပေပးသြားတာေတြဟာ အိမ္တစ္အိမ္မွာရွိတဲ့ အငယ္ဆံုးသားသမီးေတြရဲ႔ စိတ္ခံစားခ်က္ေတြနဲ႔ တိုက္ဆိုင္ေနမယ္လို႔ ထင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar
# Unicode Version ျဖင့္ ဖတ္ပါ #
တော်တော်များများက အငယ်ဆုံးတွေဆိုရင် အလိုလိုက်ခံရတယ်၊ ဗိုလ်ကျတယ်လို့ပဲ ထင်နေကြတာများပါတယ်။ ဒါပေမယ့် အိမ်တစ်အိမ်မှာ အငယ်ဆုံးသားသမီးတွေက သိတတ်ကြတာများပါတယ်။ ဒါကြောင့် အငယ်ဆုံးသားသမီးတွေပဲသိတဲ့ ခံစားချက်တစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။

အိမ်တစ်အိမ်မှာ အငယ်ဆုံးသားသမီးတွေဆိုရင် တော်တော်များများက အလိုလိုက်ခံရတယ်၊ အချစ်ခံရတယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ တစ်ခါတစ်လေမှာ အငယ်ဆုံးသားသမီးတွေက ဆိုးတယ်ဆိုပြီး အဆူခံအပြောခံရတာများပါတယ်။ မှားနေတာတစ်ခုခုကို ပြန်ပြောရင်လည်း အကြီးတွေကိုပြန်ပြောတယ်၊ မိုက်ရိုင်းတယ်ဆိုပြီး အမြဲအပြောခံရတတ်ပါတယ်။

အငယ်ဆုံးသားသမီးတွေက တစ်ခုခုဆိုရင် မိသားစုကို ငဲ့ညှာပြီး အလိုက်သိပေမယ့်လည်း တစ်ခါတစ်လေမှာတော့ အလိုက်မသိတဲ့သူ၊ တစ်ကိုယ်ကောင်းဆန်တဲ့သူလို့ အထင်ခံရပါတယ်။ အငယ်ဆိုပြီး ဗိုလ်ကျတယ်လို့လည်း တချို့ကထင်နေကြပါတယ်။ တကယ်တော့ ဒါတွေနဲ့ဆန့်ကျင်ဘက်လို့တောင် ပြောလို့ရပါတယ်။ တချို့ဆိုးတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အငယ်တိုင်းကတော့ မဆိုးသွမ်းကြပါဘူး။

အငယ်ဆုံးတွေက စကားနားထောင်ပြီး ခိုင်းရင်လည်း လုပ်ပေးတာများပါတယ်။ ဒါပေမယ့် သူတို့စကားနားထောင်တာတွေနဲ့ သူတို့ရဲ့စိတ်ရင်းမှန်တွေကိုတော့ ထုတ်မပြတတ်ကြပါဘူး။ ဒါကြောင့်လည်း ဆိုးသွမ်းတယ်လို့ အထင်ခံနေရတာပါ။ တစ်ခါတစ်လေကျရင် ပြောသမျှလုပ်ပေးပေမယ့်လည်း အကောင်းအပြောမခံရတာတွေ ရှိပါတယ်။ ဒါကြောင့် အငယ်ဆုံးတွေရဲ့ ခံစားချက်ကို အငယ်တွေပဲသိပါတယ်။

တစ်ခုခုဆိုရင် “နင်ကအငယ်ပဲ” ဆိုတဲ့စကားတွေနဲ့ အနိုင်ယူခံရတာတွေရှိပါတယ်။ မှန်နေလည်းပြန်ပြောရင် ရိုင်းတယ်အပြောခံရလို့ အငယ်တွေက ခံစားချက်ကို မြိုသိပ်တတ်လာပါတယ်။ ဒါမျိုးတွေကတော့ တချို့အငယ်တွေမှာ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေပါ။ ဒါ့အပြင် အငယ်ဆုံးမို့ ချုပ်ချယ်ခံရတာတွေလည်း ရှိပါသေးတယ်။ တချို့ကတော့ အငယ်ဆိုရင် ဦးစားပေးခံရပေမယ့် တချို့ကျတော့လည်း အငယ်မို့ အလျော့ပေးလိုက်ရတာတွေ ရှိပါတယ်။

အခုပြောပြပေးသွားတာတွေဟာ အိမ်တစ်အိမ်မှာရှိတဲ့ အငယ်ဆုံးသားသမီးတွေရဲ့ စိတ်ခံစားချက်တွေနဲ့ တိုက်ဆိုင်နေမယ်လို့ ထင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top