iMyanmarHouse.com - Best Property Website for Myanmar
×

ၿပီးခဲ့တဲ့ (၂၀၁၇) တုန္းက အီရန္မေလး ဆာဟာ တာဘာဆိုသူဟာ ေဟာလိဝုဒ္စတား အင္ဂ်လီနာဂ််ိဳလီနဲ႔ တူဖို႔ ခြဲစိတ္မႈေပါင္း အႀကိမ္အေရအတြက္ (၅၀) ျပဳလုပ္ခဲ့တယ္ဆိုတဲ့ သတင္းေတြ ေဟာ့ျဖစ္ခဲ့ပါတယ္။ သူမရဲ႕ ပံုစံဟာ အႀကိမ္ ငါးဆယ္ေလာက္ ခြဲစိတ္ထားတာေၾကာင့္ အရမ္းကို ႐ုပ္ပ်က္ေနခဲ့ပံုေပါက္ၿပီး လူမ်ားစြာက သူမကို စိတ္ပံုမွန္ မဟုတ္လို႔ ဒီေလာက္႐ုပ္ပ်က္တဲ့အထိ ခြဲစိတ္ခဲ့ရေကာင္းလားဆိုၿပီးလည္း ဝုိင္းဝန္း ေဝဖန္ခဲ့ၾကပါတယ္။

ဒါေပမယ့္ အဆိုပါ သတင္းေခါင္းစဥ္ေတြ ျဖစ္ခဲ့တဲ့ သူမရဲ႕ ႐ုပ္ရည္ဟာ နဂိုမူလ ႐ုပ္ရည္မဟုတ္ပါဘူး။ မိတ္ကပ္နဲ႔ ဖိုတိုေရွာ့ပ္ေဆာ့ဖ္ဝဲ အကူအညီတို႔နဲ႔ ႐ုပ္ပ်က္ေနပံုေပါက္ေအာင္ ဖန္တီးထားခဲ့တာပါ။ ယခုလဆန္းပိုင္းမွာေတာ့ ဆာဟာက သူမ ေက်ာ္ၾကားခဲ့တဲ့ ႐ုပ္နဲ႔ သူမရဲ႕ မူလ ႐ုပ္ရည္တို႔ကို ယွဥ္ၿပီး ပံုတင္ေပးခဲ့ပါတယ္။ ညာဘက္ျခမ္းမွာေတာ့ ဆာဟာရဲ႕ ေကာက္ေကြးေနတဲ့ ႏွာတံနဲ႔ အလြန္ႀကီးမားတဲ့ ႏႈတ္ခမ္းတို႔နဲ႔ ပံုကို ျမင္ရၿပီး ဘယ္ဘက္မွာေတာ့ သူမရဲ႕ မူလ႐ုပ္ရည္ပါ။ ပရိသတ္ေတြလည္း မိတ္ကပ္ပညာနဲ႔ ကြန္ျပဴတာ ေဆာ့ဖ္ဝဲနဲ႔ ျပဳျပင္မႈေတြက သူမရဲ႕ ေၾကာက္စရာေကာင္းတဲ့ ပံုေတြကို ျဖစ္လာေစခဲ့တာျဖစ္ေၾကာင္း သိရိွသြားခဲ့ၾကပါတယ္။

အင္ဂ်လီနာဂ်ိဳလီရဲ႕ ပရိသတ္မေလး ဆာဟာက ႏွာေခါင္းနဲ႔ ႏႈတ္ခမ္းတုိ႔ကို ျပဳျပင္ခဲြစိတ္ထားတယ္ဆိုတာကေတာ့ အမွန္ျဖစ္ေၾကာင္း ဝန္ခံခဲ့တဲ့ သတင္းေတြ ရိွခဲ့ေပမယ့္ က်န္တဲ့ ပ်က္ယြင္းေနတဲ့ ႐ုပ္သ႑ာန္ကေတာ့ မိတ္ကပ္ရယ္ ကြန္ျပဴတာ ေဆာ့ဖ္ဝဲရယ္ကို အသံုးျပဳၿပီး ဖန္တီးထားတာ ျဖစ္ေၾကာင္း သိရပါတယ္။ အဆုိပါ အေၾကာင္းအရာကို ဆာဟာကိုယ္တုိင္ကလည္း ႐ုရွားသတင္းမီဒီယာတစ္ခုမွာ မႏွစ္က ေျဖၾကားခဲ့ပါတယ္။ သူမ ေျပာခဲ့တာကေတာ့ “ပံုဆန္းဆန္းေတြ တင္ဖို႔ ကၽြန္မမ်က္ႏွာကို စိတ္႐ိွတုိင္း ျခယ္သေနက်ပါ။ ဒါဟာ အႏုပညာတစ္မ်ိဳးပါပဲ။ ကၽြန္မပရိသတ္ေတြကေတာ့ ဘယ္ဟာက ကၽြန္မရဲ႕ မ်က္ႏွာအစစ္လဲဆိုတာ သိၾကပါတယ္” လို႔ ေျပာျပခဲ့ပါတယ္။

Ref: The Sun

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MM
# Unicode Version ျဖင့္ ဖတ္ပါ #
ပြီးခဲ့တဲ့ (၂၀၁၇) တုန်းက အီရန်မလေး ဆာဟာ တာဘာဆိုသူဟာ ဟောလိဝုဒ်စတား အင်ဂျလီနာဂျျိုလီနဲ့ တူဖို့ ခွဲစိတ်မှုပေါင်း အကြိမ်အရေအတွက် (၅၀) ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ဟော့ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ပုံစံဟာ အကြိမ် ငါးဆယ်လောက် ခွဲစိတ်ထားတာကြောင့် အရမ်းကို ရုပ်ပျက်နေခဲ့ပုံပေါက်ပြီး လူများစွာက သူမကို စိတ်ပုံမှန် မဟုတ်လို့ ဒီလောက်ရုပ်ပျက်တဲ့အထိ ခွဲစိတ်ခဲ့ရကောင်းလားဆိုပြီးလည်း ဝိုင်းဝန်း ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမယ့် အဆိုပါ သတင်းခေါင်းစဉ်တွေ ဖြစ်ခဲ့တဲ့ သူမရဲ့ ရုပ်ရည်ဟာ နဂိုမူလ ရုပ်ရည်မဟုတ်ပါဘူး။ မိတ်ကပ်နဲ့ ဖိုတိုရှော့ပ်ဆော့ဖ်ဝဲ အကူအညီတို့နဲ့ ရုပ်ပျက်နေပုံပေါက်အောင် ဖန်တီးထားခဲ့တာပါ။ ယခုလဆန်းပိုင်းမှာတော့ ဆာဟာက သူမ ကျော်ကြားခဲ့တဲ့ ရုပ်နဲ့ သူမရဲ့ မူလ ရုပ်ရည်တို့ကို ယှဉ်ပြီး ပုံတင်ပေးခဲ့ပါတယ်။ ညာဘက်ခြမ်းမှာတော့ ဆာဟာရဲ့ ကောက်ကွေးနေတဲ့ နှာတံနဲ့ အလွန်ကြီးမားတဲ့ နှုတ်ခမ်းတို့နဲ့ ပုံကို မြင်ရပြီး ဘယ်ဘက်မှာတော့ သူမရဲ့ မူလရုပ်ရည်ပါ။ ပရိသတ်တွေလည်း မိတ်ကပ်ပညာနဲ့ ကွန်ပြူတာ ဆော့ဖ်ဝဲနဲ့ ပြုပြင်မှုတွေက သူမရဲ့ ကြောက်စရာကောင်းတဲ့ ပုံတွေကို ဖြစ်လာစေခဲ့တာဖြစ်ကြောင်း သိရှိသွားခဲ့ကြပါတယ်။

အင်ဂျလီနာဂျိုလီရဲ့ ပရိသတ်မလေး ဆာဟာက နှာခေါင်းနဲ့ နှုတ်ခမ်းတို့ကို ပြုပြင်ခွဲစိတ်ထားတယ်ဆိုတာကတော့ အမှန်ဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ သတင်းတွေ ရှိခဲ့ပေမယ့် ကျန်တဲ့ ပျက်ယွင်းနေတဲ့ ရုပ်သဏ္ဍာန်ကတော့ မိတ်ကပ်ရယ် ကွန်ပြူတာ ဆော့ဖ်ဝဲရယ်ကို အသုံးပြုပြီး ဖန်တီးထားတာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အကြောင်းအရာကို ဆာဟာကိုယ်တိုင်ကလည်း ရုရှားသတင်းမီဒီယာတစ်ခုမှာ မနှစ်က ဖြေကြားခဲ့ပါတယ်။ သူမ ပြောခဲ့တာကတော့ “ပုံဆန်းဆန်းတွေ တင်ဖို့ ကျွန်မမျက်နှာကို စိတ်ရှိတိုင်း ခြယ်သနေကျပါ။ ဒါဟာ အနုပညာတစ်မျိုးပါပဲ။ ကျွန်မပရိသတ်တွေကတော့ ဘယ်ဟာက ကျွန်မရဲ့ မျက်နှာအစစ်လဲဆိုတာ သိကြပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Ref: The Sun

ဖိုးသူတော် (www.phothutaw.com)
Credit: MM
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top