iMyanmarHouse.com - Best Property Website for Myanmar
×

ဒ႑ာရီပံုျပင္ေတြကို စိတ္ဝင္စားၾကလားဟင္? ေယာင္းတို႔ သိတဲ့အတိုင္း လူမ်ိဳးတိုင္း ေနရာတိုင္းမွာ စိတ္ဝင္စားစရာေကာင္းတဲ့ ဒ႑ာရီပံုျပင္ကိုယ္စီ ရွိၾကေပမဲ့ ဒီဘက္ေခတ္မွာ ေတာ္ေတာ္မ်ားမ်ား ေပ်ာက္ကြယ္ကုန္ၿပီး အယံုအၾကည္သိပ္မရွိၾကေတာ့ပါဘူး။

ဒါေပမဲ့ တခ်ိဳ႕ အျဖစ္အပ်က္ေတြဟာ လွပဆန္းၾကယ္တာေၾကာင့္ ဒ႑ာရီဇာတ္လမ္းဆိုေပမဲ့ မ်ိဳးဆက္ တစ္ဆက္ၿပီး တစ္ဆက္ လက္ဆင့္ကမ္း ေျပာျပခဲ့ၾကပါတယ္။ ထိုင္း-ျမန္မာနယ္စပ္က မယ္ဆိုင္ဂူဟာလည္း ထိုနည္းလည္းေကာင္းပါပဲ။ မယ္ဆိုင္ဂူမွာ အေစာင့္အေရွာက္မင္းသမီးတစ္ပါးရွိေနတယ္လို႔ ေဒသခံေတြက ခုထိ ယံုၾကည္ၾကပါတယ္။ မယ္ဆိုင္ဂူဆိုတာက ေယာင္းတို႔နဲ႔ မစိမ္းလွပါဘူး။ မစိမ္းဆို ဟိုတေလာေလးကတင္ ထိုင္းက ေက်ာင္းသားေလး (၁၂)ေယာက္နဲ႔ နည္းျပေလး ပိတ္မိခဲ့တဲ့ ဂူကိုး… ဒီဂူရဲ႕ ဒ႑ာရီကေတာ့…

ေဒသခံထိုင္းလူမ်ိဳးေတြရဲ႕ ယံုၾကည္မႈအရ မယ္ဆိုင္ဂူမွာ အရမ္းေၾကကြဲစရာေကာင္းခဲ့တဲ့ ဇာတ္လမ္းေလး တစ္ပုဒ္ရွိခဲ့ပါတယ္။ ဒီဇာတ္လမ္းေလးဟာ ထိုင္းလူမ်ိဳးတို႔ရဲ႕ အလြန္တရား ေရွးက်တဲ့ ရွင္ပ္ဆုန္းပန္းနား တိုင္းျပည္( ျမန္မာေတြ အေခၚ စပ္ေဆာင္ပန္းနား) ရွိစဥ္ ကာလမွာ ျဖစ္ခဲ့တဲ့ဇာတ္လမ္းေလးပါ။

အုပ္ခ်ဳပ္တဲ့ ဘုရင္မွာ အေတာ္ေလးလွတဲ့ သမီးေတာ္ တစ္ပါးရွိၿပီး ဘုရင္ႀကီးဟာ သမီးေလးကို အင္မတန္ ခ်စ္ပါတယ္။ စပ္ေဆာင္ပန္းနားတိုင္းျပည္ရဲ႕ ၿမိဳ႕ေတာ္ (အခုေတာ့ တရုတ္ျပည္ထဲက ဂ်င္ဟုန္ေဒသ) မွာ ေနတဲ့ မင္းသမီးေလးဟာ ျမင္းတင္းကုပ္မွာ အလုပ္လုပ္တဲ့ သာမန္ အရပ္သားေကာင္ေလးနဲ႔ ခ်စ္ႀကိဳက္ၾကပါတယ္။ ကံဆိုးခ်င္ေတာ့ ခ်စ္ႀကိဳက္ရာကေန နယ္ေက်ာ္ၿပီး မင္းသမီးေလးမွာ ကိုယ္ဝန္ရွိလာပါတယ္။

ေတာ္ဝင္မိသားစုဟာ မင္းသမီးေလးနဲ႔ သာမန္အညတရ ျမင္းတင္းကုပ္အေစာင့္ ခ်စ္ႀကိဳက္ေနတာကို ျပင္းျပင္းထန္ထန္ ကန္႔ကြက္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ရွိလာတဲ့အေၾကာင္းသာ ေတာ္ဝင္မိသားစုနား ေပါက္ၾကားသြားရင္ အမ်က္ေတာ္ရွၿပီး အသက္ခံရမွာစိုးတာေၾကာင့္ ႏွစ္ေယာက္သား အသက္လုၿပီး ထြက္ေျပးခဲ့ၾကပါတယ္။

ၿမိဳ႕ေတာ္ကေန ထြက္ေျပးလာလိုက္တာ အခု ထိုင္း-ျမန္မာနယ္စပ္က မဲဆိုင္ဂူနားအထိ ေရာက္လာပါတယ္။ မင္းသမီးေလးက မေပါ့မပါးနဲ႔မို႔ ခရီးတစ္ေထာက္နားေနတဲ့အခ်ိန္ ေကာင္ေလး က ေတာထဲမွာ အစားအေသာက္တစ္ခုခု သြားရွာပါတယ္။ ကံဆိုးခ်င္ေတာ့ မင္းသမီးကို လိုက္ရွာေနတဲ့ ဘုရင့္ တပ္သားေတြနဲ႔ တိုးၿပီး အမ်က္ရွေနတဲ့ ဘုရင္ဟာ ေကာင္ေလးကို ခ်က္ခ်င္းကြပ္မ်က္လိုက္မိပါတယ္။

ဂူထဲမွာ ေစာင့္ေနတဲ့ မင္းသမီးလည္း သူမခ်စ္သူဟာ ေတာ္ေတာ္နဲ႔ ျပန္မလာတဲ့အတြက္ လိုက္ရွာရင္း ေတာထဲတစ္ေနရာမွာ သတ္ၿပီး ပစ္ထားခံတဲ့ ခ်စ္သူရဲ႕အေလာင္းကို ေတြ႕သြားတဲ့အခါမွာေတာ့ အလြန္တရာ ရင္ကြဲနာက်ခဲ့ရပါတယ္။ ဒါေၾကာင့္ သူမ ကိုယ္ သူမလည္း ပါလာတဲ့ ဓားနဲ႔ အဆံုးစီရင္ၿပီး သူမခ်စ္သူေနာက္ကို လိုက္သြားခဲ့ပါတယ္။

သူမ ေသဆံုးတဲ့အခါမွာေတာ့ သူမ သည္းထန္စြာငိုေႂကြးခဲ့တဲ့ မ်က္ရည္စက္ေတြဟာ မယ္ဆိုင္ဂူထဲကို စီးဝင္ေနတဲ့ ေရေတြအျဖစ္ေျပာင္းလဲသြားသလို သူမရဲ႕ ခႏၶာကိုယ္ဟာ ေဘးပတ္ပတ္လည္က ေတာင္တန္းေတြျဖစ္သြားၿပီး သူမကိုယ္တိုင္လည္း မယ္ဆိုင္ဂူထဲမွာ မကၽြတ္လြတ္ဘဲ ေစာင့္ေရွာက္ေနတယ္လို႔ ဆိုပါတယ္။

အဲ့ဒါေၾကာင့္လည္း မယ္ဆိုင္ဂူေဘးနားက ေတာင္တန္းေတြကို ေသခ်ာ ၾကည့္ရင္ အမ်ိဳးသမီးတစ္ေယာက္လဲေလ်ာင္းေနတဲ့ပံုစံ နဲ႔ တူပါတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။ အက္ဒ္မင္လည္း ၾကည့္ၾကည့္လိုက္ေတာ့ တူသလိုလို ရွိသား😁
အမ်ိဳးသမီးပံုနဲ႔ေတာ့ တူသား…

မင္းသမီးေလးဟာ ေၾကကြဲဝမ္းနည္းမႈေတြ၊ ျပင္းထန္တဲ့ ေဒါသေတြနဲ႔ ေသဆံုးသြားခဲ့တာျဖစ္တာေၾကာင့္ မယ္ဆိုင္ဂူမွာ မေလးမစားျပဳမူသြားလာတဲ့အခါ အႏၱရာယ္ရွိတယ္လို႔ ေဒသခံေတြက ယံုၾကည္ၾကပါတယ္။ ဒါေပမဲ့လည္း သူမဟာ စိတ္ေကာင္းရွိၿပီး ၾကင္နာသနားတတ္တာမို႔ အကူအညီေတာင္းတဲ့အခါ၊ ေတာင္းပန္တဲ့အခါ ဒုကၡေရာက္ေနတဲ့သူေတြကို ကူညီတတ္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္လည္း မယ္ဆိုင္ဂူဝင္ေပါက္ကို ဦးတည္သြားတဲ့ ေတာင္လမ္းနားမွာ အမ်ိဳးသမီးနတ္ရုပ္တုတစ္ခု ရွိေနၿပီး ေဒသခံေတြက အစားအေသာက္ေတြ၊ အေမႊးနံ႔သာေတြ၊ ဆီမီးေတြနဲ႔ ပူေဇာ္ထားၾကတာကို ေတြ႕ရမွာပါ။ အထူးသျဖင့္ ကေလးေတြေပ်ာက္ဆံုးသြားတဲ့အခါ ေဒသခံေတြနဲ႔မိဘေတြအျပင္ အာဏာပိုင္ေတြကပါ နတ္နန္းကို လာေရာက္ပူေဇာ္ပသၿပီး ေတာင္းပန္ခဲ့ၾကပါတယ္။

ထိုင္းလို Jao Mae Nang Non (လဲေလ်ာင္းေနတဲ့ နတ္သမီး) လို႔ ေခၚၾကၿပီး သူမခႏၶာကိုယ္ကေန ျဖစ္လာတယ္ဆိုတဲ့ ေဘးနားက ေတာင္တန္းေတြကိုေတာ့ Doi Nang Non လို႔ ေခၚၾကပါတယ္။ သူမ ေစာင့္ေရွာက္ေနတဲ့ ဂူကိုေတာ့ Tham Laung Nang Non လို႔ ေခၚၾကပါတယ္။

ဒီဒ႑ာရီဟာ ေဒသခံေတြ ေဆြစဥ္မ်ိဳးဆက္ လက္ဆင့္ကမ္းေျပာျပခဲ့ၾကတဲ့ ဇာတ္လမ္းေလးျဖစ္ၿပီး ကေလးတိုင္းရဲ႕ အိပ္ရာဝင္ပံုျပင္ဇာတ္လမ္းျဖစ္ခဲ့ပါတယ္။ ေနာက္ၿပီး ဒီဂူမွာ ေဒသခံတစ္ခ်ိဳ႕ကိုယ္တိုင္ သဘာဝလြန္ျဖစ္ရပ္ဆန္းေတြ ႀကံဳေတြ႕ေနၾကမို႔ အယူသည္းတယ္ပဲေျပာေျပာ သူတို႔ကေတာ့ ဒ႑ာရီထဲက အေစာင့္အေရွာက္မင္းသမီး ရွိေနတယ္ဆိုတဲ့အေပၚ ခုခ်ိန္ထိ ယံုၾကည္သက္ဝင္ေနၾကပါတယ္။

ေယာင္းတို႔လည္း နယ္စပ္ေရာက္ရင္ အဲဒီေနရာကို သြားလည္ဖို႔ မေမ့နဲ႔ေနာ္… ဂူထဲဝင္မယ္ဆိုရင္ေတာ့ ရာသီဥတု အေျခအေနေလး ဘာေလး ၾကည့္ေပါ့ ေယာင္းတို႔ရယ္.. 😛

Credit:Mia( For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ဏ္ဍာရီပုံပြင်တွေကို စိတ်ဝင်စားကြလားဟင်? ယောင်းတို့ သိတဲ့အတိုင်း လူမျိုးတိုင်း နေရာတိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်ကိုယ်စီ ရှိကြပေမဲ့ ဒီဘက်ခေတ်မှာ တော်တော်များများ ပျောက်ကွယ်ကုန်ပြီး အယုံအကြည်သိပ်မရှိကြတော့ပါဘူး။

ဒါပေမဲ့ တချို့ အဖြစ်အပျက်တွေဟာ လှပဆန်းကြယ်တာကြောင့် ဒဏ္ဍာရီဇာတ်လမ်းဆိုပေမဲ့ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်း ပြောပြခဲ့ကြပါတယ်။ ထိုင်း-မြန်မာနယ်စပ်က မယ်ဆိုင်ဂူဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ မယ်ဆိုင်ဂူမှာ အစောင့်အရှောက်မင်းသမီးတစ်ပါးရှိနေတယ်လို့ ဒေသခံတွေက ခုထိ ယုံကြည်ကြပါတယ်။ မယ်ဆိုင်ဂူဆိုတာက ယောင်းတို့နဲ့ မစိမ်းလှပါဘူး။ မစိမ်းဆို ဟိုတလောလေးကတင် ထိုင်းက ကျောင်းသားလေး (၁၂)ယောက်နဲ့ နည်းပြလေး ပိတ်မိခဲ့တဲ့ ဂူကိုး… ဒီဂူရဲ့ ဒဏ္ဍာရီကတော့…

ဒေသခံထိုင်းလူမျိုးတွေရဲ့ ယုံကြည်မှုအရ မယ်ဆိုင်ဂူမှာ အရမ်းကြေကွဲစရာကောင်းခဲ့တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ထိုင်းလူမျိုးတို့ရဲ့ အလွန်တရား ရှေးကျတဲ့ ရှင်ပ်ဆုန်းပန်းနား တိုင်းပြည်( မြန်မာတွေ အခေါ် စပ်ဆောင်ပန်းနား) ရှိစဉ် ကာလမှာ ဖြစ်ခဲ့တဲ့ဇာတ်လမ်းလေးပါ။

အုပ်ချုပ်တဲ့ ဘုရင်မှာ အတော်လေးလှတဲ့ သမီးတော် တစ်ပါးရှိပြီး ဘုရင်ကြီးဟာ သမီးလေးကို အင်မတန် ချစ်ပါတယ်။ စပ်ဆောင်ပန်းနားတိုင်းပြည်ရဲ့ မြို့တော် (အခုတော့ တရုတ်ပြည်ထဲက ဂျင်ဟုန်ဒေသ) မှာ နေတဲ့ မင်းသမီးလေးဟာ မြင်းတင်းကုပ်မှာ အလုပ်လုပ်တဲ့ သာမန် အရပ်သားကောင်လေးနဲ့ ချစ်ကြိုက်ကြပါတယ်။ ကံဆိုးချင်တော့ ချစ်ကြိုက်ရာကနေ နယ်ကျော်ပြီး မင်းသမီးလေးမှာ ကိုယ်ဝန်ရှိလာပါတယ်။

တော်ဝင်မိသားစုဟာ မင်းသမီးလေးနဲ့ သာမန်အညတရ မြင်းတင်းကုပ်အစောင့် ချစ်ကြိုက်နေတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိလာတဲ့အကြောင်းသာ တော်ဝင်မိသားစုနား ပေါက်ကြားသွားရင် အမျက်တော်ရှပြီး အသက်ခံရမှာစိုးတာကြောင့် နှစ်ယောက်သား အသက်လုပြီး ထွက်ပြေးခဲ့ကြပါတယ်။

မြို့တော်ကနေ ထွက်ပြေးလာလိုက်တာ အခု ထိုင်း-မြန်မာနယ်စပ်က မဲဆိုင်ဂူနားအထိ ရောက်လာပါတယ်။ မင်းသမီးလေးက မပေါ့မပါးနဲ့မို့ ခရီးတစ်ထောက်နားနေတဲ့အချိန် ကောင်လေး က တောထဲမှာ အစားအသောက်တစ်ခုခု သွားရှာပါတယ်။ ကံဆိုးချင်တော့ မင်းသမီးကို လိုက်ရှာနေတဲ့ ဘုရင့် တပ်သားတွေနဲ့ တိုးပြီး အမျက်ရှနေတဲ့ ဘုရင်ဟာ ကောင်လေးကို ချက်ချင်းကွပ်မျက်လိုက်မိပါတယ်။

ဂူထဲမှာ စောင့်နေတဲ့ မင်းသမီးလည်း သူမချစ်သူဟာ တော်တော်နဲ့ ပြန်မလာတဲ့အတွက် လိုက်ရှာရင်း တောထဲတစ်နေရာမှာ သတ်ပြီး ပစ်ထားခံတဲ့ ချစ်သူရဲ့အလောင်းကို တွေ့သွားတဲ့အခါမှာတော့ အလွန်တရာ ရင်ကွဲနာကျခဲ့ရပါတယ်။ ဒါကြောင့် သူမ ကိုယ် သူမလည်း ပါလာတဲ့ ဓားနဲ့ အဆုံးစီရင်ပြီး သူမချစ်သူနောက်ကို လိုက်သွားခဲ့ပါတယ်။

သူမ သေဆုံးတဲ့အခါမှာတော့ သူမ သည်းထန်စွာငိုကြွေးခဲ့တဲ့ မျက်ရည်စက်တွေဟာ မယ်ဆိုင်ဂူထဲကို စီးဝင်နေတဲ့ ရေတွေအဖြစ်ပြောင်းလဲသွားသလို သူမရဲ့ ခန္ဓာကိုယ်ဟာ ဘေးပတ်ပတ်လည်က တောင်တန်းတွေဖြစ်သွားပြီး သူမကိုယ်တိုင်လည်း မယ်ဆိုင်ဂူထဲမှာ မကျွတ်လွတ်ဘဲ စောင့်ရှောက်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒါကြောင့်လည်း မယ်ဆိုင်ဂူဘေးနားက တောင်တန်းတွေကို သေချာ ကြည့်ရင် အမျိုးသမီးတစ်ယောက်လဲလျောင်းနေတဲ့ပုံစံ နဲ့ တူပါတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အက်ဒ်မင်လည်း ကြည့်ကြည့်လိုက်တော့ တူသလိုလို ရှိသား😁
အမျိုးသမီးပုံနဲ့တော့ တူသား…

မင်းသမီးလေးဟာ ကြေကွဲဝမ်းနည်းမှုတွေ၊ ပြင်းထန်တဲ့ ဒေါသတွေနဲ့ သေဆုံးသွားခဲ့တာဖြစ်တာကြောင့် မယ်ဆိုင်ဂူမှာ မလေးမစားပြုမူသွားလာတဲ့အခါ အန္တရာယ်ရှိတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။ ဒါပေမဲ့လည်း သူမဟာ စိတ်ကောင်းရှိပြီး ကြင်နာသနားတတ်တာမို့ အကူအညီတောင်းတဲ့အခါ၊ တောင်းပန်တဲ့အခါ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီတတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း မယ်ဆိုင်ဂူဝင်ပေါက်ကို ဦးတည်သွားတဲ့ တောင်လမ်းနားမှာ အမျိုးသမီးနတ်ရုပ်တုတစ်ခု ရှိနေပြီး ဒေသခံတွေက အစားအသောက်တွေ၊ အမွှေးနံ့သာတွေ၊ ဆီမီးတွေနဲ့ ပူဇော်ထားကြတာကို တွေ့ရမှာပါ။ အထူးသဖြင့် ကလေးတွေပျောက်ဆုံးသွားတဲ့အခါ ဒေသခံတွေနဲ့မိဘတွေအပြင် အာဏာပိုင်တွေကပါ နတ်နန်းကို လာရောက်ပူဇော်ပသပြီး တောင်းပန်ခဲ့ကြပါတယ်။

ထိုင်းလို Jao Mae Nang Non (လဲလျောင်းနေတဲ့ နတ်သမီး) လို့ ခေါ်ကြပြီး သူမခန္ဓာကိုယ်ကနေ ဖြစ်လာတယ်ဆိုတဲ့ ဘေးနားက တောင်တန်းတွေကိုတော့ Doi Nang Non လို့ ခေါ်ကြပါတယ်။ သူမ စောင့်ရှောက်နေတဲ့ ဂူကိုတော့ Tham Laung Nang Non လို့ ခေါ်ကြပါတယ်။

ဒီဒဏ္ဍာရီဟာ ဒေသခံတွေ ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းပြောပြခဲ့ကြတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ကလေးတိုင်းရဲ့ အိပ်ရာဝင်ပုံပြင်ဇာတ်လမ်းဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဒီဂူမှာ ဒေသခံတစ်ချို့ကိုယ်တိုင် သဘာဝလွန်ဖြစ်ရပ်ဆန်းတွေ ကြုံတွေ့နေကြမို့ အယူသည်းတယ်ပဲပြောပြော သူတို့ကတော့ ဒဏ္ဍာရီထဲက အစောင့်အရှောက်မင်းသမီး ရှိနေတယ်ဆိုတဲ့အပေါ် ခုချိန်ထိ ယုံကြည်သက်ဝင်နေကြပါတယ်။

ယောင်းတို့လည်း နယ်စပ်ရောက်ရင် အဲဒီနေရာကို သွားလည်ဖို့ မမေ့နဲ့နော်… ဂူထဲဝင်မယ်ဆိုရင်တော့ ရာသီဥတု အခြေအနေလေး ဘာလေး ကြည့်ပေါ့ ယောင်းတို့ရယ်.. 😛

Credit:Mia( For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top