iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္လံုးနဲ႕ ႏွာေခါင္း ခြဲစိတ္မႈကို ကိုရီးယားႏိုင္ငံမွာ သြားလုပ္ေနတဲ့ ေနျခည္ဦးက မၾကာခင္ ရက္ပိုင္း ရန္ကုန္သို႕ ျပန္လာေတာ့မယ္လို႕ သိရပါတယ္။ ခြဲစိတ္မႈ အားလံုး ေအာင္ျမင္သလုိ ခ်ဳပ္ရိုးေတြလည္း ေျဖၿပီးေၾကာင္းကို သူမရဲ႕ပရိသတ္ေတြ သိေအာင္ ေဖ့စ္ဘြတ္ကေန လည္းေျပာထားပါတယ္။

အရာအားလံုး အဆင္ေျပေပမယ့္ သူမမွာ အဆင္မေျပစရာ ကိစၥ တစ္ခု ရွိခဲ့ပါတယ္။ အဲ့ဒါကေတာ့ ဆရာဝန္က သူမကို သံုးလေလာက္ ကို မရယ္ခိုင္းပဲ ေနလို႕ပါ။ အဲ့ဒီကိစၥက သူမအတြက္ ေတာ္ေတာ့္ကို ေနရခက္မယ့္ ကိစၥ တစ္ခုျဖစ္မွာပါ။ ဘာလို႕လည္း ဆိုေတာ့ ေနျခည္ဦးက ပြင့္ပြင့္လင္းလင္းနဲ႕ ေပ်ာ္ေပ်ာ္ေနတတ္သူ တစ္ေယာက္ျဖစ္ေနလို႕ပါပဲ။

ဆရာဝန္ မရယ္ခိုင္းတဲ့ ကိစၥကိုလည္း ယခုလို ပရိသတ္ေတြ သိေအာင္ ေျပာျပထားပါေသးတယ္။ “ခြဲစိတ္မႈ အားလံုး ေအာင္ျမင္ပါတယ္။ ခ်ဳပ္႐ိုးလည္း ေျဖၿပီးပါၿပီ။ တစ္ခုဘဲ ဆရာဝန္က သံုးလေလာက္မရီနဲ႕တဲ့။ ခ်ဳပ္ထားတဲ့ ႏွာေခါင္း ျပန္ပြလာမွာ စိုးလို႔တဲ့ ဂြမ္းးးးးးးး” ဆိုၿပီး ဇူလိုင္လ(၁၆) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။

ပရိသတ္ေတြက အရယ္သန္တဲ့ ေနျခည္ဦးတစ္ေယာက္ ဘယ္လုိေနရွာမလဲဆိုၿပီး ေကာမန္႕ေတြမွာ ေျပာထားၾကပါတယ္။

ေနျခည္ဟာ သူမခြဲစိတ္ျပဳျပင္ထားတဲ့ ပံုေတြကိုလည္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ျပသတဲ့သူတစ္ဦးပါ။ ေနျခည္ဦးတစ္ေယာက္ ဘယ္လိုေတြေတာင္ လွေနေတာ့မလဲဆိုတာ မၾကာခင္မွာ ေတြ႕ျမင္ရေတာ့မွာ ျဖစ္ပါတယ္။ အခုဆိုရင္ သူမရဲ႕ မ်က္လံုး ေကာ ႏွာေခါင္းပါ ေတာ္ေတာ့္ကို သက္သာလို႕ေနပါၿပီ။

ေနျခည္ဦးက သူမလုပ္ခ်င္တာကို လုပ္လိုက္ရတဲ့အတြက္ ေတာ္ေတာ္ေပ်ာ္ေနပံုပါ။ေနျခည္ဦးဟာ မ်က္ရစ္ ႀကီးခ်င္တာေၾကာင့္ ခြဲစိတ္တာျဖစ္ ေၾကာင္း၊ သူ႔ရဲ႕မ်က္လုံးႏွစ္လုံးက ေဝးေနတဲ့အတြက္ ထူးျခားတယ္ဆုိတာကုိ အကယ္ဒမီမုိ႔မုိ႔ျမင့္ေအာင္ကေျပာခဲ့တယ္လုိ႔ သူကဆုိပါတယ္။

” အန္တီမုိ႔က ေနျခည့္ရဲ႕ မ်က္လုံးႏွစ္လုံးက ေဝးေနတဲ့အတြက္ ထူးျခားတယ္လုိ႔ ေျပာတဲ့အတြက္ အရမ္းေက်းဇူးတင္ပါတယ္။ ေနျခည္ ယုံၾကည္မႈေတြ ပိုရွိလာတယ္။ ဒါေပမယ့္ ေနျခည္က မ်က္ရစ္ေလးပဲ နည္းနည္းႀကီးခ်င္တာ..ေနျခည္လုံးဝ မ်က္လုံးေလးကုိ မထိပါဘူး” လုိ႔ ေျပာခဲ့ပါေသးတယ္။

ေနျခည္ဦးဟာ ႏွာေခါင္းနဲ႔ မ်က္လုံး ခြဲစိတ္လုိက္တာေၾကာင့္ ကုိယ့္ကုိယ္ကို လွသြားတယ္ဆုိတာထက္ ကုိယ္လုပ္ခ်င္တာကုိ လုပ္ခြင့္ရ လုိက္ တဲ့ ဆႏၵေၾကာင့္ ပုိၿပီးေတာ့ ေပ်ာ္ရႊင္သြားႏုိင္တယ္လုိ႔ ေျပာပါတယ္။ ခြဲစိတ္မႈကုိလည္း လုပ္ခ်င္ေနတာ ၾကာၿပီဆုိေပမယ့္ အခ်ိန္မေပးႏုိင္ေသးလုိ႔ မလုပ္ျဖစ္တဲ့အေၾကာင္း L’oréal Paris Myanmar Red Carpet ပြဲကို တက္ေရာက္ရင္း အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

ေနျခည္ဦးကုိ ပရိသတ္ေတြက Beauty Blogger တစ္ဦးအေနနဲ႔ စတင္အားေပးလာတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ေအာင္ျမင္မႈရရွိလာတဲ့ Beauty Blogger တင္မက အႏုပညာ အလုပ္ေတြ လည္း ေဆာင္ရြက္လုိ႔ေနပါၿပီ။ သူပါဝင္ ရုိက္ကူးထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြက လည္း ပရိသတ္အေရွ႕ကုိ မၾကာခင္ေရာက္ရွိ လာေတာ့မွာပါ။

Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
မျက်လုံးနဲ့ နှာခေါင်း ခွဲစိတ်မှုကို ကိုရီးယားနိုင်ငံမှာ သွားလုပ်နေတဲ့ နေခြည်ဦးက မကြာခင် ရက်ပိုင်း ရန်ကုန်သို့ ပြန်လာတော့မယ်လို့ သိရပါတယ်။ ခွဲစိတ်မှု အားလုံး အောင်မြင်သလို ချုပ်ရိုးတွေလည်း ဖြေပြီးကြောင်းကို သူမရဲ့ပရိသတ်တွေ သိအောင် ဖေ့စ်ဘွတ်ကနေ လည်းပြောထားပါတယ်။

အရာအားလုံး အဆင်ပြေပေမယ့် သူမမှာ အဆင်မပြေစရာ ကိစ္စ တစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ဆရာဝန်က သူမကို သုံးလလောက် ကို မရယ်ခိုင်းပဲ နေလို့ပါ။ အဲ့ဒီကိစ္စက သူမအတွက် တော်တော့်ကို နေရခက်မယ့် ကိစ္စ တစ်ခုဖြစ်မှာပါ။ ဘာလို့လည်း ဆိုတော့ နေခြည်ဦးက ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်သူ တစ်ယောက်ဖြစ်နေလို့ပါပဲ။

ဆရာဝန် မရယ်ခိုင်းတဲ့ ကိစ္စကိုလည်း ယခုလို ပရိသတ်တွေ သိအောင် ပြောပြထားပါသေးတယ်။ “ခွဲစိတ်မှု အားလုံး အောင်မြင်ပါတယ်။ ချုပ်ရိုးလည်း ဖြေပြီးပါပြီ။ တစ်ခုဘဲ ဆရာဝန်က သုံးလလောက်မရီနဲ့တဲ့။ ချုပ်ထားတဲ့ နှာခေါင်း ပြန်ပွလာမှာ စိုးလို့တဲ့ ဂွမ်းးးးးးးး” ဆိုပြီး ဇူလိုင်လ(၁၆) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ပရိသတ်တွေက အရယ်သန်တဲ့ နေခြည်ဦးတစ်ယောက် ဘယ်လိုနေရှာမလဲဆိုပြီး ကောမန့်တွေမှာ ပြောထားကြပါတယ်။

နေခြည်ဟာ သူမခွဲစိတ်ပြုပြင်ထားတဲ့ ပုံတွေကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြသတဲ့သူတစ်ဦးပါ။ နေခြည်ဦးတစ်ယောက် ဘယ်လိုတွေတောင် လှနေတော့မလဲဆိုတာ မကြာခင်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့ မျက်လုံး ကော နှာခေါင်းပါ တော်တော့်ကို သက်သာလို့နေပါပြီ။

နေခြည်ဦးက သူမလုပ်ချင်တာကို လုပ်လိုက်ရတဲ့အတွက် တော်တော်ပျော်နေပုံပါ။နေခြည်ဦးဟာ မျက်ရစ် ကြီးချင်တာကြောင့် ခွဲစိတ်တာဖြစ် ကြောင်း၊ သူ့ရဲ့မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်ဆိုတာကို အကယ်ဒမီမို့မို့မြင့်အောင်ကပြောခဲ့တယ်လို့ သူကဆိုပါတယ်။

” အန်တီမို့က နေခြည့်ရဲ့ မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်လို့ ပြောတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ နေခြည် ယုံကြည်မှုတွေ ပိုရှိလာတယ်။ ဒါပေမယ့် နေခြည်က မျက်ရစ်လေးပဲ နည်းနည်းကြီးချင်တာ..နေခြည်လုံးဝ မျက်လုံးလေးကို မထိပါဘူး” လို့ ပြောခဲ့ပါသေးတယ်။

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို လှသွားတယ်ဆိုတာထက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရ လိုက် တဲ့ ဆန္ဒကြောင့် ပိုပြီးတော့ ပျော်ရွှင်သွားနိုင်တယ်လို့ ပြောပါတယ်။ ခွဲစိတ်မှုကိုလည်း လုပ်ချင်နေတာ ကြာပြီဆိုပေမယ့် အချိန်မပေးနိုင်သေးလို့ မလုပ်ဖြစ်တဲ့အကြောင်း L’oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေက လည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

Credit: Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top