iMyanmarHouse.com - Best Property Website for Myanmar
×

ပိန္ခ်င္သူမ်ား၊ ဝိတ္ေလွ်ာ့ေနသူမ်ား အမ်ားဆံုး လုပ္တတ္ၾကတဲ့ အမွားတစ္ခုကေတာ့ ညစာမစားဘဲ ေနၾကည့္ၾကတာ ျဖစ္ပါတယ္။

          ေန႔လယ္စာ ၿပီးေတာ့ ဘာမွမစားေတာ့ဘဲ ညမွာ ဗိုက္ေဟာင္းေလာင္းနဲ႔ အိပ္ရာဝင္လိုက္တဲ့အခါ ဘယ္လိုဆိုးက်ိဳးေတြ ျဖစ္ေနႏိုင္မလဲ?

          ေန႔လယ္စာ ၿပီးတာနဲ႔ ဘာမွမစားေတာ့တဲ့အခါ အစာအိမ္မွာ အစာမရွိတဲ့အခ်ိန္ ၾကာျမင့္သြားတဲ့အျပင္ တစ္ညလံုး အက္ဆစ္ေတြ ထြက္ေနၿပီး အစာအိမ္နံရံကို ထိခိုက္ေစပါတယ္။ ဒီေတာ့ ေရရွည္မွာ အစာအိမ္ေရာဂါေတြ၊ အစာေရမ်ိဳႁပြန္ေရာင္ေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။

●        အိပ္စက္တဲ့အခါ ဂလူးကို႔စ္ဓာတ္ က်ဆင္းသြားၿပီး မၾကာခဏ လန္႔ႏိုးေနတတ္တာေတြ ျဖစ္တတ္ပါတယ္။

●        အဆာခံတဲ့အခ်ိန္ဟာ ၾကာျမင့္ၿပီး

●        မနက္ထိ ျဖစ္သြားတဲ့အတြက္  ႏံုးေခြေပ်ာ့ဖတ္တာေတြ ျဖစ္ေစပါတယ္။

●        ည အဆာခံထားတဲ့အခါ မနက္စာကို အဆီအဆိမ့္ေတြ၊ ထမင္းေတြ အမ်ားႀကီး စားမိေစပါတယ္။



>>    ဒါဆို ညစာကို ဘယ္အခ်ိန္မွာ စားသင့္လဲ?

●        ညေန ၆ နာရီကေန ၇ နာရီအတြင္း စားသင့္ပါတယ္။ ည ၈ နာရီေက်ာ္ ၉ နာရီ၊ ၁၀ နာရီမွ စားတဲ့အခါ ညစာနဲ႔ အိပ္ခ်ိန္ သိပ္ကပ္သြားတဲ့ အူေတြကို ဝန္ပိေစပါတယ္။ အစာအိမ္နဲ႔ အူလမ္းေၾကာင္းဟာ အခ်ိန္ ပိုအလုပ္လုပ္ရေတာ့ အေရျပားေတြ ညစ္လာၿပီး ဝက္ၿခံေတာင္ ထြက္ေစပါသတဲ့။

●        အလုပ္ ပိုလုပ္ရတဲ့ အူလမ္းေၾကာင္းဟာ ႏြမ္းနယ္လာၿပီး လူပါ ေညာင္းညာလာတတ္ပါတယ္။

•        ညစာ စားတဲ့အခါ ကာဗြန္ဟိုက္ဒရိတ္နဲ႔ အဆီဓာတ္ေတြကို ႏိုင္သေလာက္ ေလွ်ာ့ခ်ၿပီး အသီးအရြက္ မ်ားမ်ားနဲ႔ ပ႐ိုတင္းဓာတ္ကို အဓိက ပါဝင္ေအာင္ စားသံုးသင့္ပါတယ္။  အဆီမ်ားတဲ့ ညစာဟာ အစာေခ်ဖ်က္မႈကို ေႏွးေကြးေစၿပီး ကိုယ္ခႏၶာကို ဝၿဖိဳးလာေစလို႔ ျဖစ္ပါတယ္။

          ဒီေတာ့ ညစာကို စားျဖစ္ေအာင္ စားပါ၊ အဆီ အဆိမ့္ ေရွာင္ၿပီး အသီးအရြက္နဲ႔ ပ႐ိုတင္း အသားငါးကို ေရြးခ်ယ္စားရင္ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး ထူးၿပီး ဝိတ္တက္လာမွာ မဟုတ္ပါဘူးလို႔ ဗဟုသုတ မွ်ေဝလိုက္ပါတယ္ေနာ္။

Credit: ဂ်ီပီငွက္ (ေဆး/မန္း) (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ပိန်ချင်သူများ၊ ဝိတ်လျှော့နေသူများ အများဆုံး လုပ်တတ်ကြတဲ့ အမှားတစ်ခုကတော့ ညစာမစားဘဲ နေကြည့်ကြတာ ဖြစ်ပါတယ်။

          နေ့လယ်စာ ပြီးတော့ ဘာမှမစားတော့ဘဲ ညမှာ ဗိုက်ဟောင်းလောင်းနဲ့ အိပ်ရာဝင်လိုက်တဲ့အခါ ဘယ်လိုဆိုးကျိုးတွေ ဖြစ်နေနိုင်မလဲ?

          နေ့လယ်စာ ပြီးတာနဲ့ ဘာမှမစားတော့တဲ့အခါ အစာအိမ်မှာ အစာမရှိတဲ့အချိန် ကြာမြင့်သွားတဲ့အပြင် တစ်ညလုံး အက်ဆစ်တွေ ထွက်နေပြီး အစာအိမ်နံရံကို ထိခိုက်စေပါတယ်။ ဒီတော့ ရေရှည်မှာ အစာအိမ်ရောဂါတွေ၊ အစာရေမျိုပြွန်ရောင်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

●        အိပ်စက်တဲ့အခါ ဂလူးကို့စ်ဓာတ် ကျဆင်းသွားပြီး မကြာခဏ လန့်နိုးနေတတ်တာတွေ ဖြစ်တတ်ပါတယ်။

●        အဆာခံတဲ့အချိန်ဟာ ကြာမြင့်ပြီး

●        မနက်ထိ ဖြစ်သွားတဲ့အတွက်  နုံးခွေပျော့ဖတ်တာတွေ ဖြစ်စေပါတယ်။

●        ည အဆာခံထားတဲ့အခါ မနက်စာကို အဆီအဆိမ့်တွေ၊ ထမင်းတွေ အများကြီး စားမိစေပါတယ်။



>>    ဒါဆို ညစာကို ဘယ်အချိန်မှာ စားသင့်လဲ?

●        ညနေ ၆ နာရီကနေ ၇ နာရီအတွင်း စားသင့်ပါတယ်။ ည ၈ နာရီကျော် ၉ နာရီ၊ ၁၀ နာရီမှ စားတဲ့အခါ ညစာနဲ့ အိပ်ချိန် သိပ်ကပ်သွားတဲ့ အူတွေကို ဝန်ပိစေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းဟာ အချိန် ပိုအလုပ်လုပ်ရတော့ အရေပြားတွေ ညစ်လာပြီး ဝက်ခြံတောင် ထွက်စေပါသတဲ့။

●        အလုပ် ပိုလုပ်ရတဲ့ အူလမ်းကြောင်းဟာ နွမ်းနယ်လာပြီး လူပါ ညောင်းညာလာတတ်ပါတယ်။

•        ညစာ စားတဲ့အခါ ကာဗွန်ဟိုက်ဒရိတ်နဲ့ အဆီဓာတ်တွေကို နိုင်သလောက် လျှော့ချပြီး အသီးအရွက် များများနဲ့ ပရိုတင်းဓာတ်ကို အဓိက ပါဝင်အောင် စားသုံးသင့်ပါတယ်။  အဆီများတဲ့ ညစာဟာ အစာချေဖျက်မှုကို နှေးကွေးစေပြီး ကိုယ်ခန္ဓာကို ဝဖြိုးလာစေလို့ ဖြစ်ပါတယ်။

          ဒီတော့ ညစာကို စားဖြစ်အောင် စားပါ၊ အဆီ အဆိမ့် ရှောင်ပြီး အသီးအရွက်နဲ့ ပရိုတင်း အသားငါးကို ရွေးချယ်စားရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ထူးပြီး ဝိတ်တက်လာမှာ မဟုတ်ပါဘူးလို့ ဗဟုသုတ မျှဝေလိုက်ပါတယ်နော်။

Credit: ဂျီပီငှက် (ဆေး/မန်း) (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top