iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ေျပတီဦးဟာ ယခုလက္တေလာမွာေတာ့ ရုပ္ရွင္ကားအတြက္ လက္က်န္ေနတဲ့အခန္းေလးေတြကို ဆက္လက္ရိုက္ကူးေနတာပဲျဖစ္ပါတယ္။ ေထာင္ထဲက ဦးကံေကာင္းအေနနဲ႔ သရုပ္ေဆာင္ရတဲ့ ေျပတီဦးအဖို႔ မုတ္ဆိတ္ေမြးေတြကို မရိတ္ပဲ သီးသန္႔ထားျပီး သရုပ္ပီျပင္ဖို႔ ရိုက္ကူးရပါတယ္။

သားသားေလးနဲ႔ မီးမီးေလး ၂ ဦးပိုင္ဆိုင္ထားတဲ့ ေျပတီဦးတို႔ မိသားစုဟာ သိပ္ေပ်ာ္စရာေကာင္းလွတဲ့ မိသားစုေလးျဖစ္ျပီး ဒီဇာတ္ဝင္ခန္းထဲမွာ အေဖျဖစ္သူ ေျပတီဦးက မုတ္ဆိတ္ေမြး၊ ႏွုတ္ခမ္းေမြးေတြထားျပီး သရုပ္ေဆာင္ေနရေပမယ့္ သားနဲ႔သမီးေတြက မျငိဳျငင္ပါဘူးလို႔ ဆိုလာပါတယ္။

“သမီးနဲ႔သားနဲ႔က ဒီလိုၾကီးမေနပါနဲ႔လို႔ေတာ့မေျပာဘူး။ ဒါေပမယ့္ ဒီမုတ္ဆိတ္ေမႊး၊ ႏွုတ္ခမ္းေမႊးနဲ႔သူတုိ႔ကိုနမ္းရင္ေတာ့ ဆူးတယ္လို႔ေျပာတယ္။ ဆူးရင္ ဒီမုတ္ဆိတ္ေမႊးရွိတဲ့ေနရာေတြ မနမ္းနဲ႔။ နဖူးတို႔ ႏွာေခါင္းတို႔နမ္းလို႔ေျပာရတယ္။ သားကေတာ့ ဘာမွမျဖစ္ဘူး ဘာမွမေျပာဘူး။ သမီးကိုက်ေတာ့ ဒီမုတ္ဆိတ္ေမႊးေတြနဲ႔နမ္းမယ္ဆိုရင္ ႏွာေခါင္းနဲ႔ပဲနမ္းရတယ္ လို႔ဆိုပါတယ္”

အူဝဲကေတာ့ ေယာက္က်ားဘယ္လိုေနေန သူကေတာ့ ၾကိဳက္ေနတာပဲလို႔ ရယ္ေမာျပီး ေနာက္ေျပာင္ေျပာဆိုလုိက္ပါေသးတယ္

Ref;အလင္းတန္းဂ်ာနယ္ & We Love Cele

Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
သရုပ်ဆောင်ပြေတီဦးဟာ ယခုလက်တလောမှာတော့ ရုပ်ရှင်ကားအတွက် လက်ကျန်နေတဲ့အခန်းလေးတွေကို ဆက်လက်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ထောင်ထဲက ဦးကံကောင်းအနေနဲ့ သရုပ်ဆောင်ရတဲ့ ပြေတီဦးအဖို့ မုတ်ဆိတ်မွေးတွေကို မရိတ်ပဲ သီးသန့်ထားပြီး သရုပ်ပီပြင်ဖို့ ရိုက်ကူးရပါတယ်။

သားသားလေးနဲ့ မီးမီးလေး ၂ ဦးပိုင်ဆိုင်ထားတဲ့ ပြေတီဦးတို့ မိသားစုဟာ သိပ်ပျော်စရာကောင်းလှတဲ့ မိသားစုလေးဖြစ်ပြီး ဒီဇာတ်ဝင်ခန်းထဲမှာ အဖေဖြစ်သူ ပြေတီဦးက မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေထားပြီး သရုပ်ဆောင်နေရပေမယ့် သားနဲ့သမီးတွေက မငြိုငြင်ပါဘူးလို့ ဆိုလာပါတယ်။

“သမီးနဲ့သားနဲ့က ဒီလိုကြီးမနေပါနဲ့လို့တော့မပြောဘူး။ ဒါပေမယ့် ဒီမုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးနဲ့သူတို့ကိုနမ်းရင်တော့ ဆူးတယ်လို့ပြောတယ်။ ဆူးရင် ဒီမုတ်ဆိတ်မွှေးရှိတဲ့နေရာတွေ မနမ်းနဲ့။ နဖူးတို့ နှာခေါင်းတို့နမ်းလို့ပြောရတယ်။ သားကတော့ ဘာမှမဖြစ်ဘူး ဘာမှမပြောဘူး။ သမီးကိုကျတော့ ဒီမုတ်ဆိတ်မွှေးတွေနဲ့နမ်းမယ်ဆိုရင် နှာခေါင်းနဲ့ပဲနမ်းရတယ် လို့ဆိုပါတယ်”

အူဝဲကတော့ ယောက်ကျားဘယ်လိုနေနေ သူကတော့ ကြိုက်နေတာပဲလို့ ရယ်မောပြီး နောက်ပြောင်ပြောဆိုလိုက်ပါသေးတယ်

Ref;အလင်းတန်းဂျာနယ် & We Love Cele

Credit: MMFeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top