iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြဟာ မိန္းမကိုယ္ကထြက္တဲ့ အနံ႔ဆိုးေတြနဲ႔ ဓမၼတာလာျပီး ရာသီေသြးအၾကြင္းအက်န္ေတြကို ဖယ္ရွားဖို႔၊  လိင္ကတဆင့္ကူးစက္တတ္တဲ့ ေရာဂါေတြကို ကာကြယ္ဖို႔၊ ကိုယ္၀န္မရေအာင္ တားဆီးဖို႔ မိန္းမကိုယ္သန္႔စင္ေဆးရည္ အမိ်ဳးမ်ိဳးကို အသံုးျပဳၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ ကၽြမ္းက်င္သူဆရာ၀န္ေတြရဲ႕ အဆိုအရ မိန္းမကိုယ္သန္႔စင္ေဆးရည္ အသံုးျပဳျခင္းဟာ ေစာေစာကေျပာခဲ့တဲ့ ရည္ရြယ္ခ်က္ေတြကို ျဖည့္ဆည္းဖို႔ ထိေရာက္တဲ့နည္းလမ္း မဟုတ္တဲ့အျပင္ ေရာဂါပိုးကူးစက္ႏိုင္ေခ်၊ ကိုယ္၀န္ေဆာင္စဥ္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြနဲ႔ အျခားက်န္းမာေရးျပႆနာမ်ား ျဖစ္ပြားႏိုင္ေခ်ကို ျမင့္ေစတယ္လို႔ သိရွိရပါတယ္။
မိန္းမကိုယ္ေဆးေၾကာသန္႔စင္ျခင္း (Vaginal Douching) ဆိုတာ ဘာလဲ

Douche ဆိုတဲ့ ေ၀ါဟာရဟာ ျပင္သစ္စကားလံုးျဖစ္ျပီး “ေဆးေၾကာသည္” သို႔မဟုတ္ “စိုစြတ္ေစသည္” လို႔ အဓိပၸါယ္ရပါတယ္။ Douching ဆိုတာကေတာ့ ေရ ဒါမွမဟုတ္ အျခားအရည္တစ္မ်ိဳးမ်ိဳးကို အသံုးျပဳျပီး မိန္းမကိုယ္အတြင္းထဲအထိ ေဆးေၾကာသန္႔စင္ျခင္းကို ဆိုလိုပါတယ္။ ပိုးသတ္ေဆးနဲ႔ ေမႊးရနံ႔ပါတဲ့ မိန္းမကိုယ္သန္႔စင္ေဆးရည္ေတြကို ေဆးဆိုင္ေတြနဲ႔ စူပါမားကတ္ေတြမွာ အလြယ္တကူ ၀ယ္ယူရရွိႏိုိ္င္ပါတယ္။ ဒီေဆးရည္ေတြကို ပုလင္း ဒါမွမဟုတ္ အိတ္ပံုစံနဲ႔ ရရွိႏို္င္ျပီး ထိပ္၀မွာတပ္ဆင္ထားတဲ့ ျပြန္ငယ္ကတဆင့္ မိန္းမကိုယ္ထဲ၀င္ေအာင္ျဖန္းျပီး အသံုးျပဳရတာျဖစ္ပါတယ္။
မိန္းမကိုယ္သန္႔စင္ေဆးရည္ အသံုးျပဳျခင္းရဲ႕ အက်ိဳးေက်းဇူးေတြက ဘာေတြလဲ

တကယ္ေတာ့ မိန္းမကိုယ္သန္႔စင္ေဆးရည္ အသံုးျပဳျခင္းေၾကာင့္ ဘယ္လိုေကာင္းက်ိဳးရလဒ္ေတြ ရလာႏိုင္တယ္ဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ကိုယ္၀န္မေဆာင္မီ ၆လအတြင္း မိန္းမကိုယ္သန္႔စင္ေဆးရည္ အသံုးျပဳျခင္းဟာ လမေစ့ဘဲ ကေလးေမြးဖြားႏိုင္ေခ်ကို ေလ်ာ့က်ေစတယ္လို႔ ေလ့လာမႈတစ္ခုက ေဖာ္ျပထားေပမယ့္ ကိုယ္၀န္ေဆာင္ေနစဥ္ကာလအတြင္း မိန္းမကိုယ္သန္႔စင္ေဆးရည္ အသံုးျပဳျခင္းကေတာ့ လမေစ့ဘဲကေလးေမြးဖြားျခင္းနဲ႔ ဆက္စပ္မႈရွိေၾကာင္း ေတြ႔လာရပါတယ္။
မိန္းမကိုယ္သန္႔စင္ေဆးရည္ အသံုးျပဳျခင္းရဲ႕ ဆိုးက်ိဳးေတြက ဘာေတြလဲ

ေယဘုယ်အားျဖင့္ ၾကည့္မယ္ဆိုရင္ မိန္းမကိုယ္သန္႔စင္ေဆးရည္ အသံုးျပဳျခင္းေၾကာင့္ ရလာမယ့္ ဆိုးက်ိဳးေတြက ေကာင္းက်ိဳးထက္ ပိုမ်ားပါတယ္။

မိန္းမကိုယ္ပိုး၀င္ျခင္း (ဘက္တီးရီးယားပိုးမႊား ကူးစက္ခံရျခင္း)

သန္႔စင္ေဆးရည္အသံုးျပဳျခင္းဟာ မိန္းမကိုယ္အတြင္းပိုင္းရဲ႕ ပံုမွန္ pH ပမာဏကို ေျပာင္းလဲေစျပီး ဘက္တီးရီးယားပိုးမႊားမ်ား ရွင္သန္ေပါက္ဖြားဖို႔ ပိုမိုလြယ္ကူေစပါတယ္။ တစ္ပတ္တစ္ၾကိမ္ မိန္းမကိုယ္သန္႔စင္ေဆးရည္ အသံုးျပဳသူေတြဟာ လံုး၀အသံုးမျပဳသူေတြထက္ ပိုး၀င္ႏိုင္ေခ် ငါးဆပိုမ်ားတယ္လို႔ ေလ့လာမႈအခ်ိဳ႕က ဆုိထားပါတယ္။ မိန္းမကိုယ္ပိုး၀င္ျခင္းဟာ လမေစ့ဘဲ ကေလးမီးဖြားႏိုင္ေခ်နဲ႔ သားအိမ္တစ္ရွဴး ေနရာလြဲမွားႏိုင္ေခ်ကိုလည္း ျမင့္ေစပါတယ္။

မမ်ိဳးပြားအဂၤါမ်ားေရာင္ရမ္းျခင္း

မိန္းမကိုယ္သန္႔စင္ေဆးရည္ အသံုးျပဳျခင္းေၾကာင့္ သားအိမ္၊ သားဥျပြန္ႏွင့္ သားဥအိမ္ စတဲ့ မမ်ိဳးပြားအဂၤါေတြဆီ ေရာဂါပိုးပ်ံ႕ႏွံ႔ျပီး ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။ သန္႔စင္ေဆးရည္အသံုးျပဳတဲ့အမ်ိဳးသမီးေတြမွာ ဒီျပႆနာျဖစ္ႏိုင္ေခ် ၇၃ရာခိုင္ႏႈန္း ပိုမ်ားပါတယ္။

ကိုယ္၀န္ေနာက္ဆက္တြဲျပႆနာမ်ား

တစ္ပတ္တစ္ၾကိမ္ မိန္းမကိုယ္သန္႔စင္ေဆးရည္ အသံုးျပဳသူေတြဟာ လံုး၀အသံုးမျပဳသူေတြနဲ႔ယွဥ္ရင္ ကိုယ္၀န္ရႏိုင္ေခ် နည္းသြားတတ္ပါတယ္။ သန္႔စင္ေဆးရည္အသံုးျပဳျခင္းဟာ ေနရာလြဲမွား သေႏၶတည္ႏိုင္ေခ် (သားအိမ္ျပင္ပ သေႏၶတည္ႏိုင္ေခ်) ကိုလည္း ၇၆ရာခိုင္ႏႈန္းအထိ ျမင့္တက္ေစပါတယ္။

သားအိမ္ေခါင္းကင္ဆာ

မိန္းမကိုယ္သန္႔စင္ေဆးရည္ တစ္ပတ္တစ္ၾကိမ္ အသံုးျပဳသူေတြဟာ သားအိမ္ေခါင္းကင္ဆာျဖစ္ဖို႔ အလားအလာ ပိုမ်ားပါတယ္။
မိန္းမကိုယ္ကိုေဆးေၾကာသန္႔စင္ဖို႔ အေကာင္းဆံုးနည္းလမ္းက ဘာလဲ

မိန္းမကိုယ္ဟာ သူ႔သဘာ၀အေလ်ာက္ အခၽြဲထုတ္လုပ္ျပီး ေသြး၊ သုတ္ရည္နဲ႔ မိန္းမကိုယ္ကထြက္တဲ့ အရည္ေတြကို သန္႔စင္ႏိုင္စြမ္းရွိပါတယ္။ သန္႔စင္တဲ့ မိန္းမကိုယ္မွာလည္း တစ္ေန႔တာအတြင္းေျပာင္းလဲႏုို္င္တဲ့ အေပ်ာ့စားအနံ႔တစ္ခု ရွိတယ္ဆိုတာကိုေတာ့ သတိျပဳဖို႔ လုိပါလိမ့္မယ္။  ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္းေၾကာင့္လည္း မိန္းမကိုယ္က အနံ႔ျပင္းျပင္းထြက္တတ္ပါတယ္။

တကယ္ေတာ့ သင့္မိန္းမကိုယ္ကို သန္႔ရွင္းက်န္းမာေနေစဖို႔ မိန္းမကိုယ္အျပင္ဘက္ကို ေရေႏြး၊ အေမႊးနံ႔မပါတဲ့ဆပ္ျပာတစ္မ်ိဳးမ်ိဳး အသံုးျပဳျပီး ေဆးေၾကာေပးရံုနဲ႔ လံုေလာက္ပါတယ္။ အနံ႔ပါ၀င္တဲ့ အမ်ိဳးသမီးလစဥ္သံုးပစၥည္း၊ ေပါင္ဒါနဲ႔ ျဖန္းေဆးေတြဟာ မိန္းမကိုယ္ပိုး၀င္ႏိုင္ေခ်ကို မ်ားေစပါတယ္။

မိန္းမကိုယ္ဟာ သဘာ၀အေလ်ာက္ သန္႔စင္ႏိုင္စြမ္းရွိတဲ့အတြက္ သန္႔စင္ေဆးရည္အသံုးျပဳျပီး ေဆးေၾကာဖို႔ မလိုအပ္ပါဘူး။ မိန္းမကိုယ္သန္႔စင္ေဆးရည္ေတြဟာ သင့္ခႏၶာကိုယ္မွာ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးပိုျဖစ္ေစႏိုင္တာကို သတိျပဳသင့္ပါတယ္။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးတွေဟာ မိန်းမကိုယ်ကထွက်တဲ့ အနံ့ဆိုးတွေနဲ့ ဓမ္မတာလာပြီး ရာသီသွေးအကြွင်းအကျန်တွေကို ဖယ်ရှားဖို့၊  လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့၊ ကိုယ်ဝန်မရအောင် တားဆီးဖို့ မိန်းမကိုယ်သန့်စင်ဆေးရည် အမျိုးမျိုးကို အသုံးပြုကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူဆရာဝန်တွေရဲ့ အဆိုအရ မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းဟာ စောစောကပြောခဲ့တဲ့ ရည်ရွယ်ချက်တွေကို ဖြည့်ဆည်းဖို့ ထိရောက်တဲ့နည်းလမ်း မဟုတ်တဲ့အပြင် ရောဂါပိုးကူးစက်နိုင်ချေ၊ ကိုယ်ဝန်ဆောင်စဉ် နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ အခြားကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ချေကို မြင့်စေတယ်လို့ သိရှိရပါတယ်။
မိန်းမကိုယ်ဆေးကြောသန့်စင်ခြင်း (Vaginal Douching) ဆိုတာ ဘာလဲ

Douche ဆိုတဲ့ ဝေါဟာရဟာ ပြင်သစ်စကားလုံးဖြစ်ပြီး “ဆေးကြောသည်” သို့မဟုတ် “စိုစွတ်စေသည်” လို့ အဓိပ္ပါယ်ရပါတယ်။ Douching ဆိုတာကတော့ ရေ ဒါမှမဟုတ် အခြားအရည်တစ်မျိုးမျိုးကို အသုံးပြုပြီး မိန်းမကိုယ်အတွင်းထဲအထိ ဆေးကြောသန့်စင်ခြင်းကို ဆိုလိုပါတယ်။ ပိုးသတ်ဆေးနဲ့ မွှေးရနံ့ပါတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို ဆေးဆိုင်တွေနဲ့ စူပါမားကတ်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ဒီဆေးရည်တွေကို ပုလင်း ဒါမှမဟုတ် အိတ်ပုံစံနဲ့ ရရှိနိုင်ပြီး ထိပ်ဝမှာတပ်ဆင်ထားတဲ့ ပြွန်ငယ်ကတဆင့် မိန်းမကိုယ်ထဲဝင်အောင်ဖြန်းပြီး အသုံးပြုရတာဖြစ်ပါတယ်။
မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ

တကယ်တော့ မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းကြောင့် ဘယ်လိုကောင်းကျိုးရလဒ်တွေ ရလာနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကိုယ်ဝန်မဆောင်မီ ၆လအတွင်း မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းဟာ လမစေ့ဘဲ ကလေးမွေးဖွားနိုင်ချေကို လျော့ကျစေတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပေမယ့် ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းကတော့ လမစေ့ဘဲကလေးမွေးဖွားခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း တွေ့လာရပါတယ်။
မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ

ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းကြောင့် ရလာမယ့် ဆိုးကျိုးတွေက ကောင်းကျိုးထက် ပိုများပါတယ်။

မိန်းမကိုယ်ပိုးဝင်ခြင်း (ဘက်တီးရီးယားပိုးမွှား ကူးစက်ခံရခြင်း)

သန့်စင်ဆေးရည်အသုံးပြုခြင်းဟာ မိန်းမကိုယ်အတွင်းပိုင်းရဲ့ ပုံမှန် pH ပမာဏကို ပြောင်းလဲစေပြီး ဘက်တီးရီးယားပိုးမွှားများ ရှင်သန်ပေါက်ဖွားဖို့ ပိုမိုလွယ်ကူစေပါတယ်။ တစ်ပတ်တစ်ကြိမ် မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုသူတွေဟာ လုံးဝအသုံးမပြုသူတွေထက် ပိုးဝင်နိုင်ချေ ငါးဆပိုများတယ်လို့ လေ့လာမှုအချို့က ဆိုထားပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်းဟာ လမစေ့ဘဲ ကလေးမီးဖွားနိုင်ချေနဲ့ သားအိမ်တစ်ရှူး နေရာလွဲမှားနိုင်ချေကိုလည်း မြင့်စေပါတယ်။

မမျိုးပွားအင်္ဂါများရောင်ရမ်းခြင်း

မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းကြောင့် သားအိမ်၊ သားဥပြွန်နှင့် သားဥအိမ် စတဲ့ မမျိုးပွားအင်္ဂါတွေဆီ ရောဂါပိုးပျံ့နှံ့ပြီး နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သန့်စင်ဆေးရည်အသုံးပြုတဲ့အမျိုးသမီးတွေမှာ ဒီပြဿနာဖြစ်နိုင်ချေ ၇၃ရာခိုင်နှုန်း ပိုများပါတယ်။

ကိုယ်ဝန်နောက်ဆက်တွဲပြဿနာများ

တစ်ပတ်တစ်ကြိမ် မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုသူတွေဟာ လုံးဝအသုံးမပြုသူတွေနဲ့ယှဉ်ရင် ကိုယ်ဝန်ရနိုင်ချေ နည်းသွားတတ်ပါတယ်။ သန့်စင်ဆေးရည်အသုံးပြုခြင်းဟာ နေရာလွဲမှား သန္ဓေတည်နိုင်ချေ (သားအိမ်ပြင်ပ သန္ဓေတည်နိုင်ချေ) ကိုလည်း ၇၆ရာခိုင်နှုန်းအထိ မြင့်တက်စေပါတယ်။

သားအိမ်ခေါင်းကင်ဆာ

မိန်းမကိုယ်သန့်စင်ဆေးရည် တစ်ပတ်တစ်ကြိမ် အသုံးပြုသူတွေဟာ သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ အလားအလာ ပိုများပါတယ်။
မိန်းမကိုယ်ကိုဆေးကြောသန့်စင်ဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲ

မိန်းမကိုယ်ဟာ သူ့သဘာဝအလျောက် အချွဲထုတ်လုပ်ပြီး သွေး၊ သုတ်ရည်နဲ့ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို သန့်စင်နိုင်စွမ်းရှိပါတယ်။ သန့်စင်တဲ့ မိန်းမကိုယ်မှာလည်း တစ်နေ့တာအတွင်းပြောင်းလဲနိုင်တဲ့ အပျော့စားအနံ့တစ်ခု ရှိတယ်ဆိုတာကိုတော့ သတိပြုဖို့ လိုပါလိမ့်မယ်။  ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းကြောင့်လည်း မိန်းမကိုယ်က အနံ့ပြင်းပြင်းထွက်တတ်ပါတယ်။

တကယ်တော့ သင့်မိန်းမကိုယ်ကို သန့်ရှင်းကျန်းမာနေစေဖို့ မိန်းမကိုယ်အပြင်ဘက်ကို ရေနွေး၊ အမွှေးနံ့မပါတဲ့ဆပ်ပြာတစ်မျိုးမျိုး အသုံးပြုပြီး ဆေးကြောပေးရုံနဲ့ လုံလောက်ပါတယ်။ အနံ့ပါဝင်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ပေါင်ဒါနဲ့ ဖြန်းဆေးတွေဟာ မိန်းမကိုယ်ပိုးဝင်နိုင်ချေကို များစေပါတယ်။

မိန်းမကိုယ်ဟာ သဘာဝအလျောက် သန့်စင်နိုင်စွမ်းရှိတဲ့အတွက် သန့်စင်ဆေးရည်အသုံးပြုပြီး ဆေးကြောဖို့ မလိုအပ်ပါဘူး။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေဟာ သင့်ခန္ဓာကိုယ်မှာ ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင်တာကို သတိပြုသင့်ပါတယ်။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top