iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္က သူ႔ခ်စ္သူေကာင္ေလးနဲ႔ ၆ႏွစ္အၾကာ လက္တြဲခဲ့တယ္။ ဒါေပမဲ့
ခ်စ္သူေကာင္ေလးက သူမကုိ လက္ထပ္ယူဖုိ႔ စိတ္ကူးမရွိခဲ့ဘူး။ အဲဒါေၾကာင့္ မိန္းကေလးက
ဒီ ၆ႏွစ္ၾကာ အခ်စ္ဇာတ္လမ္းကုိ ျဖတ္ေတာက္ပစ္ဖုိ႔ ေရြးျခယ္လုိက္တယ္။

သူမရဲ့ အခုလက္ရွိ လင္ေယာက်္ားကုိ အိမ္ေထာင္ဖက္ေတြ႔တဲ့အေနနဲ႔ စေတြ ႔တဲ့ အခ်ိန္တုန္းက သူမ အိမ္ေထာင္ျပဳခ်င္ၿပီလုိ႔ ေျပာခဲ့တယ္။ သူမရဲ့ ေယာက်္ားက တခ်က္ၿပဳံးသြားတယ္။ အတူတူထမင္းစားခဲ့ၾကၿပီး ေပ်ာ္ရႊင္စြာစကားေတြေျပာခဲ႔ၾကတယ္။ ေနာက္တစ္ေန႔ သူတုိ႔ ၂ေယာက္လုံးက အိမ္မွာ မိဘေတြကုိေျပာလုိက္ၾကတယ္။

၁ပတ္ေလာက္ၾကာေတာ့ သူတုိ႔ ေစ့စပ္ၾကတယ္။
၂ပတ္ေလာက္ၾကာၿပီးေနာက္ သူတုိ႔ လက္ထပ္သြားၾကတယ္။
အခု ၄ႏွစ္ ရွိသြားခဲ့ၿပီ သူတုိ႔မွာ ၃ႏွစ္အရြယ္ သားေလးတစ္ေယာက္နဲ႔ ေပ်ာ္ရႊင္စြာ အတူတူေနထုိင္ေနၾကတယ္။

အဲဒီမိန္းကေလးက ေျပာခဲ့တယ္။ လူတစ္ေယာက္က နင့္ကုိခ်စ္တယ္..မခ်စ္ဘူးဆုိတာ အတူတူတြဲခဲ့တဲ့ အခ်ိန္ဘယ္ေလာက္ၾကာခဲ့သလဲဆုိတာ မဟုတ္ပဲ သူက နင့္ကုိ ကတိတစ္ခုေပးႏုိင္တာပါပဲ။

ေနာက္ျပန္လွည့္တာ ျပန္အဖက္ဆယ္တာေတြ ငါမသိဘူး။ ငါသိတာက ငါ့ကုိခ်စ္တဲ့သူက ငါ့နားက ထြက္သြားမွာ မဟုတ္ဘူး။ ဘာျဖစ္လုိ႔လဲ ဆုိေတာ့ ငါဝမ္းနည္းမယ္ဆုိတာ သူသိေနလို႔ပဲ။

အိပ္ခ်င္ေယာင္ေဆာင္သူကုိ ႏိုးရခက္တယ္။
မခ်စ္တတ္တဲ့သူကုိ ေျပာရခက္တယ္။ ဒီေလာကႀကီးထဲမွာ မခ်စ္တဲ့ အေၾကာင္းျပခ်က္ေတြ အမ်ားႀကီးပဲ အလုပ္မအားတာ ပင္ပန္းတာ နင့္အတြက္ေကာင္းေစခ်င္လုိ႔ပါ ဆုိတာေတြေပါ့။

ခ်စ္တယ္ဆုိတာက်ေတာ့ ေဖာ္ျပမႈတစ္ခုပဲရွိတယ္။ အဲဒါက နင္နဲ႔အတူေနခ်င္တယ္။ နင့္ကုိ သာယာေပ်ာ္ရႊင္တဲ့ မိသားစုေလးေပးခ်င္တယ္။

မိန္းမေတြ ဗိုက္ဆာေလာင္ေနခ်ိန္မွာ ဟန္ေဆာင္တတ္တဲ့ ေယာက်္ားက
“နင္စားဖုိ႔ တစ္ခုခုသြား၀ယ္ေပးရမလား” လုိ႔ ေျပာလိမ့္မယ္။
တကယ္ခ်စ္တဲ့ေယာက်္ားက “လာ .. ထမင္းသြားစားၾကမယ္” ဆုိၿပီးေျပာလိမ့္မယ္။

မိန္းမေတြ ေမြးေန႔ကုိေရာက္ရင္
ဟန္ေဆာင္တတ္တဲ့ေယာက်္ားက “နင္ဘာႀကိဳက္လဲ” လုိ႔ ေမးတတ္တယ္။
တကယ္ခ်စ္တဲ့ေယာက်္ားက “မိန္းမေရွ ႔မွာ လက္ေဆာင္ခ်ေပးၿပီး
ဒါနင့္အတြက္ လက္ေဆာင္” လုိ႔ ေျပာတတ္ၾကတယ္။

မိန္းမေတြ ခရီးသြားလုိ႔ျပန္လာရင္ ဟန္ေဆာင္တတ္တဲ့ေယာက်္ားက “ကုိယ္လာႀကိဳရမလား” လုိ႔ ေျပာတတ္ၾကတယ္။ တကယ္ခ်စ္တဲ့ေယာက်္ားက “ကားဂိတ္မွာ ကုိယ္ေစာင့္ေနမယ္” လုိ႔
ေျပာတယ္။

လူတစ္ေယာက္အတြက္ တစ္ဘဝစာ မွန္ကန္တဲ့ေရြးျခယ္မႈက အေရးႀကီးဆုံးပဲ။ သင့္ကုိ ေႏြးေထြးမႈ မေပးႏုိင္တဲ့ ေယာက်္ားတစ္ေယာက္ ဟာ သင့္ကုိ ျပသာနာေတြပဲ ဖန္တီးေပးေနပါလိမ့္မယ္။

Credit: loveshop
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးတစ်ယောက်က သူ့ချစ်သူကောင်လေးနဲ့ ၆နှစ်အကြာ လက်တွဲခဲ့တယ်။ ဒါပေမဲ့
ချစ်သူကောင်လေးက သူမကို လက်ထပ်ယူဖို့ စိတ်ကူးမရှိခဲ့ဘူး။ အဲဒါကြောင့် မိန်းကလေးက
ဒီ ၆နှစ်ကြာ အချစ်ဇာတ်လမ်းကို ဖြတ်တောက်ပစ်ဖို့ ရွေးခြယ်လိုက်တယ်။

သူမရဲ့ အခုလက်ရှိ လင်ယောကျ်ားကို အိမ်ထောင်ဖက်တွေ့တဲ့အနေနဲ့ စတွေ့တဲ့ အချိန်တုန်းက သူမ အိမ်ထောင်ပြုချင်ပြီလို့ ပြောခဲ့တယ်။ သူမရဲ့ ယောကျ်ားက တချက်ပြုံးသွားတယ်။ အတူတူထမင်းစားခဲ့ကြပြီး ပျော်ရွှင်စွာစကားတွေပြောခဲ့ကြတယ်။ နောက်တစ်နေ့ သူတို့ ၂ယောက်လုံးက အိမ်မှာ မိဘတွေကိုပြောလိုက်ကြတယ်။

၁ပတ်လောက်ကြာတော့ သူတို့ စေ့စပ်ကြတယ်။
၂ပတ်လောက်ကြာပြီးနောက် သူတို့ လက်ထပ်သွားကြတယ်။
အခု ၄နှစ် ရှိသွားခဲ့ပြီ သူတို့မှာ ၃နှစ်အရွယ် သားလေးတစ်ယောက်နဲ့ ပျော်ရွှင်စွာ အတူတူနေထိုင်နေကြတယ်။

အဲဒီမိန်းကလေးက ပြောခဲ့တယ်။ လူတစ်ယောက်က နင့်ကိုချစ်တယ်..မချစ်ဘူးဆိုတာ အတူတူတွဲခဲ့တဲ့ အချိန်ဘယ်လောက်ကြာခဲ့သလဲဆိုတာ မဟုတ်ပဲ သူက နင့်ကို ကတိတစ်ခုပေးနိုင်တာပါပဲ။

နောက်ပြန်လှည့်တာ ပြန်အဖက်ဆယ်တာတွေ ငါမသိဘူး။ ငါသိတာက ငါ့ကိုချစ်တဲ့သူက ငါ့နားက ထွက်သွားမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ငါဝမ်းနည်းမယ်ဆိုတာ သူသိနေလို့ပဲ။

အိပ်ချင်ယောင်ဆောင်သူကို နိုးရခက်တယ်။
မချစ်တတ်တဲ့သူကို ပြောရခက်တယ်။ ဒီလောကကြီးထဲမှာ မချစ်တဲ့ အကြောင်းပြချက်တွေ အများကြီးပဲ အလုပ်မအားတာ ပင်ပန်းတာ နင့်အတွက်ကောင်းစေချင်လို့ပါ ဆိုတာတွေပေါ့။

ချစ်တယ်ဆိုတာကျတော့ ဖော်ပြမှုတစ်ခုပဲရှိတယ်။ အဲဒါက နင်နဲ့အတူနေချင်တယ်။ နင့်ကို သာယာပျော်ရွှင်တဲ့ မိသားစုလေးပေးချင်တယ်။

မိန်းမတွေ ဗိုက်ဆာလောင်နေချိန်မှာ ဟန်ဆောင်တတ်တဲ့ ယောကျ်ားက
“နင်စားဖို့ တစ်ခုခုသွားဝယ်ပေးရမလား” လို့ ပြောလိမ့်မယ်။
တကယ်ချစ်တဲ့ယောကျ်ားက “လာ .. ထမင်းသွားစားကြမယ်” ဆိုပြီးပြောလိမ့်မယ်။

မိန်းမတွေ မွေးနေ့ကိုရောက်ရင်
ဟန်ဆောင်တတ်တဲ့ယောကျ်ားက “နင်ဘာကြိုက်လဲ” လို့ မေးတတ်တယ်။
တကယ်ချစ်တဲ့ယောကျ်ားက “မိန်းမရှေ့မှာ လက်ဆောင်ချပေးပြီး
ဒါနင့်အတွက် လက်ဆောင်” လို့ ပြောတတ်ကြတယ်။

မိန်းမတွေ ခရီးသွားလို့ပြန်လာရင် ဟန်ဆောင်တတ်တဲ့ယောကျ်ားက “ကိုယ်လာကြိုရမလား” လို့ ပြောတတ်ကြတယ်။ တကယ်ချစ်တဲ့ယောကျ်ားက “ကားဂိတ်မှာ ကိုယ်စောင့်နေမယ်” လို့
ပြောတယ်။

လူတစ်ယောက်အတွက် တစ်ဘဝစာ မှန်ကန်တဲ့ရွေးခြယ်မှုက အရေးကြီးဆုံးပဲ။ သင့်ကို နွေးထွေးမှု မပေးနိုင်တဲ့ ယောကျ်ားတစ်ယောက် ဟာ သင့်ကို ပြသာနာတွေပဲ ဖန်တီးပေးနေပါလိမ့်မယ်။

Credit: loveshop
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top