iMyanmarHouse.com - Best Property Website for Myanmar
×

ဘရာစီယာ အတြင္းခံဝတ္ျခင္းက ရင္သားကင္ဆာကို ျဖစ္ေစႏုိင္ပါသလား?

♦        ရင္သားကင္ဆာကို ျဖစ္ေစႏုိင္ေသာ အေၾကာင္းအရင္းေတြက ဘာေတြပါလဲ?

          လတ္တေလာ စာတမ္းျပဳစုထားတဲ့ ေလ့လာခ်က္တစ္ခုမွာ ဘရာအတြင္းခံနဲ႔ ရင္သားကင္ဆာ ဆက္ႏြယ္မႈ မရွိပါဘူးလို႔ ဆိုပါတယ္။

          ဒါဆို ဘာေၾကာင့္ ဒီအျငင္းအခံု ေမးခြန္းဟာ ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ လူေတြၾကားထဲ ပ်ံ႕ႏွံ႔ေနရတာလဲ?

          ဒီျငင္းခံုမႈကို အေထာက္အကူျပဳေနတာကေတာ့ ၁၉၉၅ ခုႏွစ္မွာ စတင္ထုတ္ေဝတဲ့ Dressed to kill ဆိုတဲ့ စာအုပ္ပဲ ျဖစ္ပါတယ္။ ဒီစာအုပ္ထဲမွာ အတြငး္ခံ ဘရာဟာ ရင္သားကေန လင့္ျပန္ေၾကာႀကိတ္ေတြထဲ အဆိပ္ေတြ စီးဆင္းမႈကို ဟန္႔တားၿပီး ရင္သားထဲမွာ အဆိပ္ေတြ စုပံုလာေစကာ ရင္သားကင္ဆာ ျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ဒီစာေရးဆရာရဲ႕ ေလ့လာမႈဟာ သိပ္ၿပီးသမမွ်တမႈ မရွိတဲ့အျပင္ ဘယ္သိပၸံစာေစာင္မွာမွ ပံုႏွိပ္ထုတ္ျပန္ခံရျခင္းမရွိဘဲ ကိုယ့္ဟာကိုယ္ ထုတ္ေဝရတဲ့ စာအုပ္တစ္အုပ္ ျဖစ္ပါတယ္။ ဒါ့အျပင္ ဘာေၾကာင့္ အခ်ိဳ႕အမ်ိဳးသမီးေတြမွာ ရင္သားကင္ဆာ ပိုျဖစ္ရတယ္ ဆိုတာကိုလည္း မေဖာ္ျပထားပါဘူး။

          ဒါ့အျပင္ တေလာတုန္းက ျပဳလုပ္ၾကတ့ဲ ေလ့လာမႈတခ်ိဳ႕မွာလည္း ရင္သားႀကီးတဲ့ အမ်ိဳးသမီးေတြမွာ ရင္သားကင္ဆာ ပုိျဖစ္၊ မျဖစ္ဆိုတာကို ေလ့လာၾကပါေသးတယ္။  ဒါဆို ရင္သားအရြယ္အစားကေရာ ရင္သားကင္ဆာ ျဖစ္ပြားႏႈန္းမွာ သက္ေရာက္မႈ ရွိပါသလား? ေလ့လာမႈေတြကေတာ့ အမ်ိဳးမ်ိဳး ေျပာၾကေပမယ့္ အဝလြန္ျခင္းကေတာ့ ရင္သားကင္ဆာ ျဖစ္ပြားႏႈန္းမွာ ပိုၿပီးအက်ိဳးသက္ေရာက္မႈ ရွိႏိုင္ပါတယ္။

          ေလ့လာမႈေတြရဲ႕ သတင္းအခ်က္အလက္ေတြဟာ ႐ႈပ္ေထြးေနၿပီး ရွင္းျပရ ခက္ခဲတတ္ပါတယ္။ ဒါေၾကာင့္လည္း ဘရာအတြင္းခံက ကင္ဆာျဖစ္ေစ၊ မျဖစ္ေစဆိုတဲ့ ေမးခြန္းဟာ ဆက္လက္ တည္ရွိေနတာပဲ ျဖစ္ပါတယ္။ အျခားအမ်ိဳးသမီးေတြလိုပဲ ကြၽန္မ ကိုယ္တိုင္လည္း ရင္သားကင္ဆာျဖစ္ႏႈန္းကို ထိန္းခ်ဳပ္ခ်င္ၿပီး အကယ္၍ ဘရာအတြင္းခံ မဝတ္ျခင္းက သူ႔ရဲ႕အေျဖဆိုရင္ အျခားအမ်ိဳးသမီးေတြလိုပဲ ေပ်ာ္ေပ်ာ္ႀကီး မဝတ္ဘဲ ေနလိုက္မွာ ျဖစ္ပါတယ္။ ဘယ္ေလာက္ေတာင္ လြယ္ကူလိုက္သလဲ?

          တကယ့္လက္ေတြ႕မွာေတာ့ ကြၽန္မတို႔ရဲ႕ မ်ိဳး႐ိုးဗီဇ၊ ပတ္ဝန္းက်င္၊ ေနထိုင္မႈပံုစံေတြဟာ ရင္သားကင္ဆာျဖစ္ႏႈန္းအေပၚမွာ ဘယ္ေလာက္ထိ အက်ိဳးသက္ေရာက္မႈ ရွိသလဲဆိုတာ ေရေရရာရာ မသိႏိုင္ပါဘူး။ ဒါေၾကာင့္ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးၿပီး ရင္သားကင္ဆာျဖစ္ႏႈန္းကို ခန္႔မွန္းတြက္ခ်က္ၿပီး ကာကြယ္မယ့္နည္းလမ္းကို သတ္မွတ္သင့္ပါတယ္။ သတင္းေကာင္းတစ္ခုကေတာ့ ျဖစ္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္မယ့္ နည္းလမ္းေကာင္းေလးေတြ ရွိေနပါတယ္။ ဒီနည္းလမ္းေတြဟာ ရင္သားကင္ဆာကို လံုးဝႀကီး ကာကြယ္ေပးမွာ မဟုတ္ေပမယ့္ နည္းနည္းေလာက္ျဖစ္ျဖစ္ ေလွ်ာ့ခ်ႏိုင္ရင္ေတာင္ အက်ိဳးရွိပါလိမ့္မယ္။ ဒါ့အျပင္ ဒီနည္းလမ္းေတြက အျခားက်န္းမာေရးျပႆနာ အေတာ္မ်ားမ်ားကိုပါ ေလ်ာ့နည္းေစႏိုင္တဲ့အတြက္ အက်ိဳးအျမတ္ေတြ ရရွိႏိုင္မွာပါ။

        ဒီနည္းလမ္းေတြကေတာ့ -

●      ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းပါ။

          ေသြးဆံုးၿပီး အမ်ိဳးသမီးေတြမွာ အဝလြန္ျခင္းဟာ ရင္သားကင္ဆာျဖစ္ေစမယ့္ အေၾကာင္းရင္းတစ္ခ်က္ထဲမွာ ပါဝင္ေနပါတယ္။ ဒါေၾကာင့္ အစားအေသာက္ ထိန္းသိမ္းျခင္း၊ ေလ့က်င့္ခန္း ပံုမွန္လုပ္ျခင္း စတဲ့ နည္းလမ္းေတြနဲ႔ ႀကိဳးစားသင့္ပါတယ္။ မထူးျခားဘူးလို႔ ထင္ခဲ့ရင္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ေလ့က်င့္ခန္းပံုစံ၊ ေဆးေတြ၊ ခြဲစိတ္မႈေတြနဲ႔ ႀကိဳးစားႏိုင္ပါတယ္။

●      ႏို႔တိုက္ပါ။

          မိခင္တစ္ေယာက္ျဖစ္ခဲ့ရင္ ကေလးကို အေမ့ႏို႔တိုက္ျခင္းဟာလည္း ရင္သားကင္ဆာျဖစ္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္ပါတယ္။

●      ေလ့က်င့္ခန္း လုပ္ပါ။

          ဘာေလ့က်င့္ခန္းမဆို ကိုယ္ႀကိဳက္တဲ့ ေလ့က်င့္ခန္းကို ပံုမွန္ျပဳလုပ္ေပးပါ။

●      အရက္ေသစာ ေလွ်ာ့ပါ။

          အရက္မ်ားမ်ားေသာက္ေလေလ ရင္သားကင္ဆာျဖစ္ႏႈန္း မ်ားေလေလပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေလွ်ာ့ခ်ဖို႔ ႀကိဳးစားပါ။

●      ေဆးလိပ္ျဖတ္ပါ။

          ေဆလိပ္ျဖတ္ဖို႔ ႀကိဳးစားၾကည့္ပါ။

●      အစားအေသာက္ သတိထားပါ။

          အသီးအႏွံ၊ ဟင္းသီးဟင္းရြက္ေတြ စားပါ။

●      ကိုယ့္ရဲ႕မိသားစုရာဇဝင္ကို သိရပါမယ္။

 မိသားစုရာဇဝင္ကုိေတာ့ ထိန္းခ်ဳပ္လို႔ မရႏိုင္ေပမယ့္ Angelina Jolie လိုပဲ ကိုယ္မ်ိဳး႐ိုးဗီဇကို သိျခင္းျဖင့္ ကိုယ့္သမိုင္း ကိုယ္ျပန္ျပင္ေရးႏိုင္ပါတယ္။ ခြဲစိတ္ျဖတ္ေတာက္ျခင္းကလည္း တစ္ခုတည္းေသာအေျဖ မဟုတ္တတ္ပါဘူး။ ဒါေၾကာင့္ မိဘေတြ၊ ေမာင္ႏွမေတြနဲ႔ မိသားစုဝင္ေတြရဲ႕ ေရာဂါရာဇဝင္ကုိ သိထားဖို႔ လိုအပ္ပါတယ္။

Credit: Dr. Emerald (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ဘရာစီယာ အတွင်းခံဝတ်ခြင်းက ရင်သားကင်ဆာကို ဖြစ်စေနိုင်ပါသလား?

♦        ရင်သားကင်ဆာကို ဖြစ်စေနိုင်သော အကြောင်းအရင်းတွေက ဘာတွေပါလဲ?

          လတ်တလော စာတမ်းပြုစုထားတဲ့ လေ့လာချက်တစ်ခုမှာ ဘရာအတွင်းခံနဲ့ ရင်သားကင်ဆာ ဆက်နွယ်မှု မရှိပါဘူးလို့ ဆိုပါတယ်။

          ဒါဆို ဘာကြောင့် ဒီအငြင်းအခုံ မေးခွန်းဟာ နှစ်ပေါင်းများစွာတိုင်အောင် လူတွေကြားထဲ ပျံ့နှံ့နေရတာလဲ?

          ဒီငြင်းခုံမှုကို အထောက်အကူပြုနေတာကတော့ ၁၉၉၅ ခုနှစ်မှာ စတင်ထုတ်ဝေတဲ့ Dressed to kill ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အတွင်းခံ ဘရာဟာ ရင်သားကနေ လင့်ပြန်ကြောကြိတ်တွေထဲ အဆိပ်တွေ စီးဆင်းမှုကို ဟန့်တားပြီး ရင်သားထဲမှာ အဆိပ်တွေ စုပုံလာစေကာ ရင်သားကင်ဆာ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီစာရေးဆရာရဲ့ လေ့လာမှုဟာ သိပ်ပြီးသမမျှတမှု မရှိတဲ့အပြင် ဘယ်သိပ္ပံစာစောင်မှာမှ ပုံနှိပ်ထုတ်ပြန်ခံရခြင်းမရှိဘဲ ကိုယ့်ဟာကိုယ် ထုတ်ဝေရတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒါ့အပြင် ဘာကြောင့် အချို့အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ပိုဖြစ်ရတယ် ဆိုတာကိုလည်း မဖော်ပြထားပါဘူး။

          ဒါ့အပြင် တလောတုန်းက ပြုလုပ်ကြတဲ့ လေ့လာမှုတချို့မှာလည်း ရင်သားကြီးတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ပိုဖြစ်၊ မဖြစ်ဆိုတာကို လေ့လာကြပါသေးတယ်။  ဒါဆို ရင်သားအရွယ်အစားကရော ရင်သားကင်ဆာ ဖြစ်ပွားနှုန်းမှာ သက်ရောက်မှု ရှိပါသလား? လေ့လာမှုတွေကတော့ အမျိုးမျိုး ပြောကြပေမယ့် အဝလွန်ခြင်းကတော့ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းမှာ ပိုပြီးအကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

          လေ့လာမှုတွေရဲ့ သတင်းအချက်အလက်တွေဟာ ရှုပ်ထွေးနေပြီး ရှင်းပြရ ခက်ခဲတတ်ပါတယ်။ ဒါကြောင့်လည်း ဘရာအတွင်းခံက ကင်ဆာဖြစ်စေ၊ မဖြစ်စေဆိုတဲ့ မေးခွန်းဟာ ဆက်လက် တည်ရှိနေတာပဲ ဖြစ်ပါတယ်။ အခြားအမျိုးသမီးတွေလိုပဲ ကျွန်မ ကိုယ်တိုင်လည်း ရင်သားကင်ဆာဖြစ်နှုန်းကို ထိန်းချုပ်ချင်ပြီး အကယ်၍ ဘရာအတွင်းခံ မဝတ်ခြင်းက သူ့ရဲ့အဖြေဆိုရင် အခြားအမျိုးသမီးတွေလိုပဲ ပျော်ပျော်ကြီး မဝတ်ဘဲ နေလိုက်မှာ ဖြစ်ပါတယ်။ ဘယ်လောက်တောင် လွယ်ကူလိုက်သလဲ?

          တကယ့်လက်တွေ့မှာတော့ ကျွန်မတို့ရဲ့ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ နေထိုင်မှုပုံစံတွေဟာ ရင်သားကင်ဆာဖြစ်နှုန်းအပေါ်မှာ ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိသလဲဆိုတာ ရေရေရာရာ မသိနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရင်သားကင်ဆာဖြစ်နှုန်းကို ခန့်မှန်းတွက်ချက်ပြီး ကာကွယ်မယ့်နည်းလမ်းကို သတ်မှတ်သင့်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ဖြစ်နှုန်းကို လျှော့ချနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ရှိနေပါတယ်။ ဒီနည်းလမ်းတွေဟာ ရင်သားကင်ဆာကို လုံးဝကြီး ကာကွယ်ပေးမှာ မဟုတ်ပေမယ့် နည်းနည်းလောက်ဖြစ်ဖြစ် လျှော့ချနိုင်ရင်တောင် အကျိုးရှိပါလိမ့်မယ်။ ဒါ့အပြင် ဒီနည်းလမ်းတွေက အခြားကျန်းမာရေးပြဿနာ အတော်များများကိုပါ လျော့နည်းစေနိုင်တဲ့အတွက် အကျိုးအမြတ်တွေ ရရှိနိုင်မှာပါ။

        ဒီနည်းလမ်းတွေကတော့ -

●      ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

          သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဝလွန်ခြင်းဟာ ရင်သားကင်ဆာဖြစ်စေမယ့် အကြောင်းရင်းတစ်ချက်ထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် အစားအသောက် ထိန်းသိမ်းခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ ကြိုးစားသင့်ပါတယ်။ မထူးခြားဘူးလို့ ထင်ခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး လေ့ကျင့်ခန်းပုံစံ၊ ဆေးတွေ၊ ခွဲစိတ်မှုတွေနဲ့ ကြိုးစားနိုင်ပါတယ်။

●      နို့တိုက်ပါ။

          မိခင်တစ်ယောက်ဖြစ်ခဲ့ရင် ကလေးကို အမေ့နို့တိုက်ခြင်းဟာလည်း ရင်သားကင်ဆာဖြစ်နှုန်းကို လျှော့ချနိုင်ပါတယ်။

●      လေ့ကျင့်ခန်း လုပ်ပါ။

          ဘာလေ့ကျင့်ခန်းမဆို ကိုယ်ကြိုက်တဲ့ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးပါ။

●      အရက်သေစာ လျှော့ပါ။

          အရက်များများသောက်လေလေ ရင်သားကင်ဆာဖြစ်နှုန်း များလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် လျှော့ချဖို့ ကြိုးစားပါ။

●      ဆေးလိပ်ဖြတ်ပါ။

          ဆေလိပ်ဖြတ်ဖို့ ကြိုးစားကြည့်ပါ။

●      အစားအသောက် သတိထားပါ။

          အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ စားပါ။

●      ကိုယ့်ရဲ့မိသားစုရာဇဝင်ကို သိရပါမယ်။

 မိသားစုရာဇဝင်ကိုတော့ ထိန်းချုပ်လို့ မရနိုင်ပေမယ့် Angelina Jolie လိုပဲ ကိုယ်မျိုးရိုးဗီဇကို သိခြင်းဖြင့် ကိုယ့်သမိုင်း ကိုယ်ပြန်ပြင်ရေးနိုင်ပါတယ်။ ခွဲစိတ်ဖြတ်တောက်ခြင်းကလည်း တစ်ခုတည်းသောအဖြေ မဟုတ်တတ်ပါဘူး။ ဒါကြောင့် မိဘတွေ၊ မောင်နှမတွေနဲ့ မိသားစုဝင်တွေရဲ့ ရောဂါရာဇဝင်ကို သိထားဖို့ လိုအပ်ပါတယ်။

Credit: Dr. Emerald (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top