iMyanmarHouse.com - Best Property Website for Myanmar
×

သင္ကုိယ္တုိင္ ဒါမွမဟုတ္ သင့္ပတ္ဝန္းက်င္၊ သင့္သူငယ္ခ်င္းေတြထဲမွာ အားအားရွိဆံပင္ေတြ ထိုင္ႏႈတ္ေနတတ္တဲ့သူ၊ ႏႈတ္ခမ္းဖတ္ေတြခြာေနတတ္တဲ့သူ၊ ခ်ိဳင္းေမႊးေတြ ႏႈတ္ေနတတ္တဲ့သူရွိပါသလား။ ဒါဆိုရင္ေတာ့ သူ႔မွာ Trichotillomaniaလို႔ေခၚတဲ့ ပံုမွန္မဟုတ္တဲ့ စိတ္ခံစားခ်က္ တစ္နညး္အားျဖင့္ စိတ္ေရာဂါတစ္မ်ိဳးရွိေနလို႔ပါ။

တစ္ခ်ိဳ႔ေတြကလည္း ဆံပင္ၾကမး္ေတြကို ေရြးႏႈတ္ေနတတ္ျပီး သူတို႔ႏႈတ္လိုက္တဲ့ ဆံပင္က ၾကမ္းတမ္းျပီး ေကာက္ေနတယ္ဆိုရင္ ေက်နပ္ေနတတ္ၾကသလို၊ တစ္ခ်ိဳ႕ေတြကလည္း တီွဗီၾကည့္ေနရင္းျဖစ္ေစ၊ စာအုပ္ဖတ္ေနရင္းျဖစ္ေစ တစ္ခုခုလုပ္ေနတုန္း လက္က အလိုလို ေရာက္သြားျပီး ႏႈတ္ေနတာမ်ိဳးျဖစ္ပါတယ္။

တစ္ခ်ိဳ႕ေတြကေတာ့ စိတ္ရႈပ္တဲ့အခါေတြ၊ စိတ္ပင္ပန္းတဲ့အခါေတြ၊ အထီးက်န္တဲ့အခါေတြမွာ ဒီလိုလုပ္ေလ့ရွိၾကသလို၊ တစ္ခ်ိဳ႕ေတြကလညး္ဒီလို လုပ္ေနရရင္ကုိ စိတ္ေက်နပ္မႈရွိၾကတာေၾကာင့္ လုပ္ေနရတာျဖစ္ပါတယ္။

ဒီလကၡဏာေတြကို ဘယ္လိုလူေတြမွာ အမ်ားဆံုးေတြ႔ရသလဲ

နီးစပ္ရာမွ ဒီလိုလကၡဏာရွိသူေတြဒီလိုမ်ိဳး ဆံပင္ထုိင္ႏႈတ္ေနတတ္တဲ့သူေတြ၊ ဂ်ိဳင္းေမႊးေတြ ႏႈတ္ေနတတ္သူေတြ၊ ႏႈတ္ခမ္းအေရျပားကို ခြာေနတတ္သူေတြဟာ မိသားစုဝင္ ဒါမွမဟုတ္ ရင္းႏွီးတဲသူေတြထဲမွာ ဒီလိုမ်ိဳး လုပ္တတ္တဲ့သူေတြရွိေနလို႔ျဖစ္ပါတယ္။

ဒီလို လုပ္တတ္တဲ့သူေတြ အမ်ားစုဟာ အသက္ ၁၀ႏွစ္ကေန ၁၃ႏွစ္ၾကားေတြ မ်ားပါတယ္။ ဒါဟာ ႏွစ္ရွည္လမ်ားစြာလည္းၾကာတတ္သလို၊ သူ႔အလိုလို ဒီအက်င့္က ျပန္ေပ်ာက္သြားတတ္ပါတယ္။

တျခား မူမမွန္မႈေတြရွိတဲ့သူေတြဒီလိုလုပ္တတ္တဲ့သူေတြဟာ တျခားမူမမွန္မႈေတြျဖစ္တဲ့ စိတ္ဖိစီးလြန္းတာ၊ စိုးရိမ္မႈေတြမ်ားေနတာ မ်ိဳးေတြလညး္ ျဖစ္ေနတတ္ပါတယ္။

စိတ္ဖိစီးမႈမ်ားတဲ့သူေတြ တစ္ခ်ိဳ႔သူေတြဟာ စိတ္ဖိစီးမႈအရမး္မ်ားလာတဲ့အခါ ဒီလိုအျပဳအမူေတြကို လုပ္တတ္တာ ေတြ႕ရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ဒီလိုအျပဳအမူဟာ ခႏၶာကိုယ္ကို ထိခိုက္ပ်က္စီးေစရုံသာမက စိတ္ပိုင္းဆိုင္ရာ ေရာဂါတစ္ျဖစ္တာေၾကာင့္ ဘယ္လိုမွ မထိန္းႏိုင္ေတာ့ဘူးဆိုရင္ ဆရာဝန္နဲ႔ျပလိုက္ဖုိ႔ အၾကံေပးပါရေစ။

Credit: ဗဟုသုတ
# Unicode Version ျဖင့္ ဖတ္ပါ #
သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်၊ သင့်သူငယ်ချင်းတွေထဲမှာ အားအားရှိဆံပင်တွေ ထိုင်နှုတ်နေတတ်တဲ့သူ၊ နှုတ်ခမ်းဖတ်တွေခွာနေတတ်တဲ့သူ၊ ချိုင်းမွှေးတွေ နှုတ်နေတတ်တဲ့သူရှိပါသလား။ ဒါဆိုရင်တော့ သူ့မှာ Trichotillomaniaလို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက် တစ်နည်းအားဖြင့် စိတ်ရောဂါတစ်မျိုးရှိနေလို့ပါ။

တစ်ချို့တွေကလည်း ဆံပင်ကြမ်းတွေကို ရွေးနှုတ်နေတတ်ပြီး သူတို့နှုတ်လိုက်တဲ့ ဆံပင်က ကြမ်းတမ်းပြီး ကောက်နေတယ်ဆိုရင် ကျေနပ်နေတတ်ကြသလို၊ တစ်ချို့တွေကလည်း တှီဗီကြည့်နေရင်းဖြစ်စေ၊ စာအုပ်ဖတ်နေရင်းဖြစ်စေ တစ်ခုခုလုပ်နေတုန်း လက်က အလိုလို ရောက်သွားပြီး နှုတ်နေတာမျိုးဖြစ်ပါတယ်။

တစ်ချို့တွေကတော့ စိတ်ရှုပ်တဲ့အခါတွေ၊ စိတ်ပင်ပန်းတဲ့အခါတွေ၊ အထီးကျန်တဲ့အခါတွေမှာ ဒီလိုလုပ်လေ့ရှိကြသလို၊ တစ်ချို့တွေကလည်းဒီလို လုပ်နေရရင်ကို စိတ်ကျေနပ်မှုရှိကြတာကြောင့် လုပ်နေရတာဖြစ်ပါတယ်။

ဒီလက္ခဏာတွေကို ဘယ်လိုလူတွေမှာ အများဆုံးတွေ့ရသလဲ

နီးစပ်ရာမှ ဒီလိုလက္ခဏာရှိသူတွေဒီလိုမျိုး ဆံပင်ထိုင်နှုတ်နေတတ်တဲ့သူတွေ၊ ဂျိုင်းမွှေးတွေ နှုတ်နေတတ်သူတွေ၊ နှုတ်ခမ်းအရေပြားကို ခွာနေတတ်သူတွေဟာ မိသားစုဝင် ဒါမှမဟုတ် ရင်းနှီးတဲသူတွေထဲမှာ ဒီလိုမျိုး လုပ်တတ်တဲ့သူတွေရှိနေလို့ဖြစ်ပါတယ်။

ဒီလို လုပ်တတ်တဲ့သူတွေ အများစုဟာ အသက် ၁၀နှစ်ကနေ ၁၃နှစ်ကြားတွေ များပါတယ်။ ဒါဟာ နှစ်ရှည်လများစွာလည်းကြာတတ်သလို၊ သူ့အလိုလို ဒီအကျင့်က ပြန်ပျောက်သွားတတ်ပါတယ်။

တခြား မူမမှန်မှုတွေရှိတဲ့သူတွေဒီလိုလုပ်တတ်တဲ့သူတွေဟာ တခြားမူမမှန်မှုတွေဖြစ်တဲ့ စိတ်ဖိစီးလွန်းတာ၊ စိုးရိမ်မှုတွေများနေတာ မျိုးတွေလည်း ဖြစ်နေတတ်ပါတယ်။

စိတ်ဖိစီးမှုများတဲ့သူတွေ တစ်ချို့သူတွေဟာ စိတ်ဖိစီးမှုအရမ်းများလာတဲ့အခါ ဒီလိုအပြုအမူတွေကို လုပ်တတ်တာ တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအပြုအမူဟာ ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေရုံသာမက စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ဖြစ်တာကြောင့် ဘယ်လိုမှ မထိန်းနိုင်တော့ဘူးဆိုရင် ဆရာဝန်နဲ့ပြလိုက်ဖို့ အကြံပေးပါရစေ။

Credit: ဗဟုသုတ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top