iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာနုိင္ငံမွာ ပရိသတ္အခိုင္မာ ရရွိထားတဲ့ အဆိုေတာ္ မင္းသား စိုင္းစိုင္းခမ္းလႈိင္ကေတာ့ ကေလးကအစ အကုန္သိပါတယ္။ စိုင္းစိုင္းခမ္းလႈိင္ကေတာ့ ဆယ္စုနွစ္ေတြမ်ားစြာ ျမန္မာနိုင္ငံမွာ ေက်ာ္ၾကားတဲ့ အႏုပညာရွင္ တစ္ေယာက္အေနနဲ႔ ရပ္တည္ေနျပီး ေနာက္ပိုင္းမွာေတာ့ ကိုယ္ပိုင္ ထုတ္ကုန္ျဖစ္တဲ့ SAI အလွကုန္ ပစၥည္းေတြကို ထုတ္လုပ္ထားပါတယ္။ စိုင္းစိုင္းရဲ့ ထုတ္ကုန္ေတြကိုလည္း မိန္းကေလးအမ်ားစုက အၾကိဳက္ေတြ႔ၾကျပီး အားေပးမႈမ်ားေနတဲ့ အႏုပညာရွင္အေလာက္ သူ႔ရဲ့အလွကုန္ပစၥည္းေတြကိုလည္း အားေပးမႈ မ်ားတာကို ေတြ႔ရပါတယ္။ ဒါေၾကာင့္ ဒီတစ္ေခါက္မွာေတာ့ စိုင္းစိုင္းက သူကုန္ပစၥည္းေတြကို သံုးတဲ့မိန္းကေလးေတြထဲမွာ ကံထူးရွင္ေလးေတြနဲ႔ ေတြ႔ဆံုျပီး ရင္းရင္းနီးနီး စကားေျပာဆိုမႈမ်ား ျပဳလုပ္ခဲ့တာလည္း ျဖစ္ပါတယ္။

ကံထူးရွင္မိန္းကေလး နွစ္ေယာက္ကေတာ့ စိုင္းစိုင္းခမ္းလႈိင္ရဲ့ SAI အလွကုန္ ပစၥည္းေတြနဲ႔ ပတ္သက္ျပီး သူတို႔အသံုးျပဳျဖစ္ခဲ့ၾကတဲ့ အေၾကာင္းေတြနဲ႔ စတင္ အသံုးျပဳခဲ့တဲ့ အခ်ိန္ေတြကို ေျပာၾကးခဲ့တာ ျဖစ္တယ္။ ထို႔ေနာက္ စိုင္းစိုင္းကိုလည္း ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ၾကပါေသးတယ္။

စိုင္းစိုင္းကလည္း သူ႔ရဲ့ပရိသတ္ Customer ေတြနဲ႔ ပတ္သက္ျပီး “ကြ်န္ေတာ္ ဝမ္းသာပါတယ္။ ဒီအစီအစဥ္က အရင္က မလုပ္ျဖစ္ပါဘူး။ အရင္ကကြ်န္ေတာ္တို႔ ကံထူးရွင္ေတြဆီကို ပစၥည္းပို႔လိုက္ၾကတာဘဲ ရွိပါတယ္။ ဒီတေခါက္ေတာ့ ကြ်န္ေတာ္ ကို္ယ္တိုင္ကိုယ္က် ဆုခ်ီးျမင့္ဖို႔ စိတ္ကူးမိတာပါ။ ျပီးေတာ့ စကားေလးဘာေလး ေျပာျပီးေတာ့ သူတို႔ ေျပာတာေတြ နားေထာင္ေပးမယ္ေပါ့။ ကြ်န္ေတာ့္ ထုတ္ကုန္နဲ႔ ပတ္သက္တာေရာ၊ အႏုပညာ အေၾကာင္းေတြေရာေပါ့။ ဒါေၾကာင့္ ဒီလိုခ်ိန္းလိုက္တာပါ။ ေပ်ာ္ဖို႔ေတာ့ ေကာင္းပါတယ္။ ကြ်န္ေတာ္ ကေတာ့ လူေတြကို ခြဲျခားထားတာ မရွိ္ပါဘူး။ အကုန္လံုးနဲ႔ အဆင္ေျပေအာင္ ေပါင္းျဖစ္တယ္။ ပရိသတ္ေတြဆိုရင္လည္း ခင္သြားရင္ေတာ့ သူငယ္ခ်င္းလိုဘဲ သေဘာထားပါတယ္”

ကံထူးရွင္မိန္းကေလးတစ္ေယာက္ကေတာ့ “ညီမ စိုင္းစိုင္း Product ေတြ အားလံုးကို ၾကိဳက္ပါတယ္။ ဒီထဲမွာမွ ညီမကေတာ့ ႏႈတ္ခမ္းနီ အၾကိဳက္ဆံုးပါဘဲ။ အျမဲတမ္းလည္း ဆိုးျဖစ္ပါတယ္” ဟု ေျပာခဲ့ပါတယ္။ ဆက္လက္ျပီးစိုင္းစိုင္းက “ကြ်န္ေတာ္ ဒီထုတ္ကုန္ကို ထုတ္ျဖစ္တာကေတာ့ ကြ်န္ေတာ့္ညီမေတြရွိတယ္။ ကြ်န္ေတာ့္ ပရိသတ္ေတြရွိတယ္။ ကြ်န္ေတ္ာ ပညာရွင္ေတြနဲ႔လည္း တိုင္ပင္ျပီး လုပ္ျဖစ္တာပါ။ ကြ်န္ေတာ္က ေယာက်္ားေလးဆိုေတာ့ ႏႈတ္ခမ္းနီေတြ ဘာေတြနဲ႔လည္း ကြ်န္ေတာ္က မဆိုင္ဘူးေလ”

Product အသစ္ထုတ္ရတဲ့အေပၚခံစားခ်က္ကိုေတာ့ စိုင္းစိုင္းက “ထုတ္ကုန္အသစ္ထုတ္ရတာကေတာ့ ကြ်န္ေတာ္တို႔ သိီခ်င္းေရးေနတာနဲ႔ မတူဘူးေပါ့။ အားလံုးနဲ႔ ကိုက္ညီတဲ႔ ပံုစံ အဆင္ေျပတဲ့ဟာေတြကို ပညာရွင္ေတြနဲ႔တိုင္ပင္ျပီးလုပ္ရတာပါ။ ကိုယ္တိုင္မလုပ္ရေပမဲ့လည္း ဒီဇိုင္းေတြ ဘာေတြ အားလံုးက ကြ်န္ေတာ္ဘဲ တိုင္ပင္ရတာဆိုေတာ့ ထုတ္ကုန္ အသစ္ထုတ္ရတာလည္း ရင္ခုန္စရာေကာင္းပါတယ္။ ကြ်န္ေတာ္ သၾကၤန္ျပီးေတာ့ ထုတ္ကုန္အသစ္ေတြ ထြက္ထားပါတယ္။ ေပါင္ဒါေတြလည္း ထုတ္ထားပါတယ္”

ထုတ္ကုန္တစ္ခုထုတ္လုပ္ေတာ့မယ္ဆို ျပင္ဆင္ရတဲ့အပိုင္းနဲ႔ ပတ္သက္ျပီး စိုင္းစိုင္းက “ထုတ္လုပ္တဲ့အပိုင္းမွာေတာ့ ကြ်န္ေတာ္ ကို္ယ္တိုင္ ထုတ္လုပ္တာလည္း မဟုတ္ဘူး။ ျပီးေတာ့ ေရြးခ်ယ္တဲ့ အပိုင္းမွာေတာ့ အားလံုးတိုင္ပင္ျပီး ေရြးခ်ယ္ၾကပါတယ္။ ကြ်န္ေတာ္ အၾကံလည္း ပါတာေပါ့။ ကြ်န္ေတာ္တို႔ အဓိကထားစဥ္းစားတာကေတာ့ ေဘးထြက္ဆိုးက်ိဳးမျဖစ္ေစတဲ့ ကုန္ပစၥည္းေတြကိုဘဲ အဓိက ထားပါတယ္။ တခ်ိဳ႔ဟာေတြကို ကြ်န္ေတာ္ထုတ္ဖို႔ စဥ္းစားထားတယ္။ စမ္းသံုးၾကည့္တယ္။ ဝက္ျခံေတြ ထြက္လာတာမ်ိဳးဆိုရင္ ကြ်န္ေတာ္တို႔ မထုတ္ေတာ့ဘူး ျပန္လည္ျပင္ဆင္ပါတယ္”

ထို႔ေနာက္အျပင္မွာ အမွတ္မထင္ဘဲ စိုင္းစိုင္းထုတ္တဲ့ ႏႈတ္ခမ္းနီေလးကို ထုတ္ဆိုးတာေတြ႔လိုက္ရင္ ျဖစ္ေပၚလာတဲ့ ခံစားခ်က္အေပၚ စိုင္းစိုင္းက “အဲ့ဒါကလည္း ေရဒီယိုဖြင့္လိုက္လို႔ ကိုယ့္သီခ်င္းကို ၾကားလိုက္ရတာ၊ လက္ဖက္ရည္ဆိုင္မွာ ကို္ယ့္သီခ်င္းကို ၾကားလိုက္ရတာ အဲ့မွာရတဲ့ ပီတီမ်ိဳးပါဘဲ။ တခါတေလ ေကာင္မေလးတစ္ေယာက္က SAI ႏႈတ္ခမ္းနီထုတ္ဆိုးတာကိုေတြ႔လိုက္ရရင္ ေပ်ာ္သြားတာေပါ့ဗ်ာ”

ကံထူးရွင္ မိန္းကေလးေတြကေတာ့ ကိုစိုင္းကို ၾကဳိက္တဲ့အခ်က္ေလးေတြကို ေျပာၾကားခဲ့ရာမွာေတာ့ “ ကိုစိုင္းရဲ့ အရမ္းၾကိဳးစားတဲ့အခ်က္ကို ၾကိဳက္ပါတယ္။ ျပီးေတာ့ သူ႔ပံုစံ သူ႕သီခ်င္းေတြကိုလည္း ၾကိဳက္ပါတယ္။ အခုေနာက္ပိုင္း ထြက္လာတဲ့ သီခ်င္းေတြကလည္း အရမ္းမိုက္ပါတယ္” ဟု ေျပာၾကားခဲ့ပါတယ္။

ဆက္လက္ျပီး စိုင္းစိုင္းက “ပရိသတ္ေတြ ေျပာေနတဲ့ အခ်က္ေပါ့ေနာ္။ ကြ်န္ေတာ္ ေအာင္ျမင္မႈကို အၾကာၾကီးထိန္းထားနိုင္တယ္ဆိုတာ။ တကယ္ကေတာ့ ကြ်န္ေတာ္က အလုပ္ကို ေရြးခ်ယ္ထားတယ္။ ဒါကိုဘဲ ကြ်န္ေတာ္ ဆက္လုပ္ေနတာပါ။ ေဆးေက်ာင္းတက္ျပီး ဆရာဝန္လုပ္သလိုမ်ိဳးပါဘဲ။ ဆရာဝန္ျဖစ္ျပီ ဆိုကတည္းက ဆရာဝန္အလုပ္ကိုဘဲ အသက္ ၆၀ ေက်ာ္ေလာက္ထိ ဒီအလုပ္ကိုဘဲ လုပ္ကိုင္သြားၾကရမွာပါ။ ျပီးေတာ့ ထပ္ေပၚလာတဲ့ အရာေတြကို ေလ့လာၾကမယ္။ ကြ်န္ေတာ္ကလည္း ဒီလိုပါဘဲ။အႏုပညာနဲ႔ ပတ္သက္တဲ့ အလုပ္ကို လုပ္ေနရတာေၾကာင့္ ကြ်န္ေတာ္ကေတာ့ ဒါနဲ႔ ပတ္သက္တဲ့ အရာေတြကိုဘဲ လုပ္ေနတာပါ။ ထူးျခားျပီး ထိန္းသိမ္ျပီး လုပ္ေနတာလည္း မဟုတ္ဘူး။ အရမး္လည္း ၾကိဳးစားတဲ့သူလို႔ ကုိယ့္ဘာကို မခံယူပါဘူး။ ကြ်န္ေတာ့္အလုပ္ကိုဘဲ အေကာင္းဆံုး လုပ္ေနတာပါ”

ရိႈးပြဲေတြမွာလည္း စိုင္းစိုင္းလို႔ ေအာ္ၾကျပီး ပရိသတ္ေတြ အားေပးတဲ့ ခံစားမႈမ်ိဳးနဲ႔ ပတ္သက္ျပီး “ကြ်န္ေတာ္ ဂီတသမားတစ္ေယာက္အေနနဲ႔ ငယ္ငယ္ကတည္းက ရပ္တည္လာတာပါ။ ဒါေပမဲ့လည္း ကြ်န္ေတာ္ တစ္ေယာက္ထဲ မရပ္တည္နိုင္ပါဘူး။ ကြ်န္ေတာ္မွာ အဖြဲ႔ေတြရွိပါတယ္။ အားေပးတဲ့ ပရိသတ္ေတြ ရွိပါတယ္။ သူတို႔မရွိေတာ့ရင္ ကြ်န္ေတာ္ ေဖ်ာ္ေျဖလို႔ မရေတာ့ပါဘူး။ ကြ်န္ေတာ့္အေနနဲ႔ ကြ်န္ေတာ္ကေတာ့ အသက္ ၆၄ နွစ္အထိ သီခ်င္းေတြ ဆိုခ်င္တာပါ” ဟု ေျပာၾကားသြားခဲ့ပါတယ္။

Credit: Nanmalagyi
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာနိုင်ငံမှာ ပရိသတ်အခိုင်မာ ရရှိထားတဲ့ အဆိုတော် မင်းသား စိုင်းစိုင်းခမ်းလှိုင်ကတော့ ကလေးကအစ အကုန်သိပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဆယ်စုနှစ်တွေများစွာ မြန်မာနိုင်ငံမှာ ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက်အနေနဲ့ ရပ်တည်နေပြီး နောက်ပိုင်းမှာတော့ ကိုယ်ပိုင် ထုတ်ကုန်ဖြစ်တဲ့ SAI အလှကုန် ပစ္စည်းတွေကို ထုတ်လုပ်ထားပါတယ်။ စိုင်းစိုင်းရဲ့ ထုတ်ကုန်တွေကိုလည်း မိန်းကလေးအများစုက အကြိုက်တွေ့ကြပြီး အားပေးမှုများနေတဲ့ အနုပညာရှင်အလောက် သူ့ရဲ့အလှကုန်ပစ္စည်းတွေကိုလည်း အားပေးမှု များတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ စိုင်းစိုင်းက သူကုန်ပစ္စည်းတွေကို သုံးတဲ့မိန်းကလေးတွေထဲမှာ ကံထူးရှင်လေးတွေနဲ့ တွေ့ဆုံပြီး ရင်းရင်းနီးနီး စကားပြောဆိုမှုများ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကံထူးရှင်မိန်းကလေး နှစ်ယောက်ကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI အလှကုန် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး သူတို့အသုံးပြုဖြစ်ခဲ့ကြတဲ့ အကြောင်းတွေနဲ့ စတင် အသုံးပြုခဲ့တဲ့ အချိန်တွေကို ပြောကြးခဲ့တာ ဖြစ်တယ်။ ထို့နောက် စိုင်းစိုင်းကိုလည်း ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။

စိုင်းစိုင်းကလည်း သူ့ရဲ့ပရိသတ် Customer တွေနဲ့ ပတ်သက်ပြီး “ကျွန်တော် ဝမ်းသာပါတယ်။ ဒီအစီအစဉ်က အရင်က မလုပ်ဖြစ်ပါဘူး။ အရင်ကကျွန်တော်တို့ ကံထူးရှင်တွေဆီကို ပစ္စည်းပို့လိုက်ကြတာဘဲ ရှိပါတယ်။ ဒီတခေါက်တော့ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ဆုချီးမြင့်ဖို့ စိတ်ကူးမိတာပါ။ ပြီးတော့ စကားလေးဘာလေး ပြောပြီးတော့ သူတို့ ပြောတာတွေ နားထောင်ပေးမယ်ပေါ့။ ကျွန်တော့် ထုတ်ကုန်နဲ့ ပတ်သက်တာရော၊ အနုပညာ အကြောင်းတွေရောပေါ့။ ဒါကြောင့် ဒီလိုချိန်းလိုက်တာပါ။ ပျော်ဖို့တော့ ကောင်းပါတယ်။ ကျွန်တော် ကတော့ လူတွေကို ခွဲခြားထားတာ မရှိပါဘူး။ အကုန်လုံးနဲ့ အဆင်ပြေအောင် ပေါင်းဖြစ်တယ်။ ပရိသတ်တွေဆိုရင်လည်း ခင်သွားရင်တော့ သူငယ်ချင်းလိုဘဲ သဘောထားပါတယ်”

ကံထူးရှင်မိန်းကလေးတစ်ယောက်ကတော့ “ညီမ စိုင်းစိုင်း Product တွေ အားလုံးကို ကြိုက်ပါတယ်။ ဒီထဲမှာမှ ညီမကတော့ နှုတ်ခမ်းနီ အကြိုက်ဆုံးပါဘဲ။ အမြဲတမ်းလည်း ဆိုးဖြစ်ပါတယ်” ဟု ပြောခဲ့ပါတယ်။ ဆက်လက်ပြီးစိုင်းစိုင်းက “ကျွန်တော် ဒီထုတ်ကုန်ကို ထုတ်ဖြစ်တာကတော့ ကျွန်တော့်ညီမတွေရှိတယ်။ ကျွန်တော့် ပရိသတ်တွေရှိတယ်။ ကျွန်တေ်ာ ပညာရှင်တွေနဲ့လည်း တိုင်ပင်ပြီး လုပ်ဖြစ်တာပါ။ ကျွန်တော်က ယောကျ်ားလေးဆိုတော့ နှုတ်ခမ်းနီတွေ ဘာတွေနဲ့လည်း ကျွန်တော်က မဆိုင်ဘူးလေ”

Product အသစ်ထုတ်ရတဲ့အပေါ်ခံစားချက်ကိုတော့ စိုင်းစိုင်းက “ထုတ်ကုန်အသစ်ထုတ်ရတာကတော့ ကျွန်တော်တို့ သီချင်းရေးနေတာနဲ့ မတူဘူးပေါ့။ အားလုံးနဲ့ ကိုက်ညီတဲ့ ပုံစံ အဆင်ပြေတဲ့ဟာတွေကို ပညာရှင်တွေနဲ့တိုင်ပင်ပြီးလုပ်ရတာပါ။ ကိုယ်တိုင်မလုပ်ရပေမဲ့လည်း ဒီဇိုင်းတွေ ဘာတွေ အားလုံးက ကျွန်တော်ဘဲ တိုင်ပင်ရတာဆိုတော့ ထုတ်ကုန် အသစ်ထုတ်ရတာလည်း ရင်ခုန်စရာကောင်းပါတယ်။ ကျွန်တော် သြင်္ကန်ပြီးတော့ ထုတ်ကုန်အသစ်တွေ ထွက်ထားပါတယ်။ ပေါင်ဒါတွေလည်း ထုတ်ထားပါတယ်”

ထုတ်ကုန်တစ်ခုထုတ်လုပ်တော့မယ်ဆို ပြင်ဆင်ရတဲ့အပိုင်းနဲ့ ပတ်သက်ပြီး စိုင်းစိုင်းက “ထုတ်လုပ်တဲ့အပိုင်းမှာတော့ ကျွန်တော် ကိုယ်တိုင် ထုတ်လုပ်တာလည်း မဟုတ်ဘူး။ ပြီးတော့ ရွေးချယ်တဲ့ အပိုင်းမှာတော့ အားလုံးတိုင်ပင်ပြီး ရွေးချယ်ကြပါတယ်။ ကျွန်တော် အကြံလည်း ပါတာပေါ့။ ကျွန်တော်တို့ အဓိကထားစဉ်းစားတာကတော့ ဘေးထွက်ဆိုးကျိုးမဖြစ်စေတဲ့ ကုန်ပစ္စည်းတွေကိုဘဲ အဓိက ထားပါတယ်။ တချို့ဟာတွေကို ကျွန်တော်ထုတ်ဖို့ စဉ်းစားထားတယ်။ စမ်းသုံးကြည့်တယ်။ ဝက်ခြံတွေ ထွက်လာတာမျိုးဆိုရင် ကျွန်တော်တို့ မထုတ်တော့ဘူး ပြန်လည်ပြင်ဆင်ပါတယ်”

ထို့နောက်အပြင်မှာ အမှတ်မထင်ဘဲ စိုင်းစိုင်းထုတ်တဲ့ နှုတ်ခမ်းနီလေးကို ထုတ်ဆိုးတာတွေ့လိုက်ရင် ဖြစ်ပေါ်လာတဲ့ ခံစားချက်အပေါ် စိုင်းစိုင်းက “အဲ့ဒါကလည်း ရေဒီယိုဖွင့်လိုက်လို့ ကိုယ့်သီချင်းကို ကြားလိုက်ရတာ၊ လက်ဖက်ရည်ဆိုင်မှာ ကိုယ့်သီချင်းကို ကြားလိုက်ရတာ အဲ့မှာရတဲ့ ပီတီမျိုးပါဘဲ။ တခါတလေ ကောင်မလေးတစ်ယောက်က SAI နှုတ်ခမ်းနီထုတ်ဆိုးတာကိုတွေ့လိုက်ရရင် ပျော်သွားတာပေါ့ဗျာ”

ကံထူးရှင် မိန်းကလေးတွေကတော့ ကိုစိုင်းကို ကြိုက်တဲ့အချက်လေးတွေကို ပြောကြားခဲ့ရာမှာတော့ “ ကိုစိုင်းရဲ့ အရမ်းကြိုးစားတဲ့အချက်ကို ကြိုက်ပါတယ်။ ပြီးတော့ သူ့ပုံစံ သူ့သီချင်းတွေကိုလည်း ကြိုက်ပါတယ်။ အခုနောက်ပိုင်း ထွက်လာတဲ့ သီချင်းတွေကလည်း အရမ်းမိုက်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး စိုင်းစိုင်းက “ပရိသတ်တွေ ပြောနေတဲ့ အချက်ပေါ့နော်။ ကျွန်တော် အောင်မြင်မှုကို အကြာကြီးထိန်းထားနိုင်တယ်ဆိုတာ။ တကယ်ကတော့ ကျွန်တော်က အလုပ်ကို ရွေးချယ်ထားတယ်။ ဒါကိုဘဲ ကျွန်တော် ဆက်လုပ်နေတာပါ။ ဆေးကျောင်းတက်ပြီး ဆရာဝန်လုပ်သလိုမျိုးပါဘဲ။ ဆရာဝန်ဖြစ်ပြီ ဆိုကတည်းက ဆရာဝန်အလုပ်ကိုဘဲ အသက် ၆၀ ကျော်လောက်ထိ ဒီအလုပ်ကိုဘဲ လုပ်ကိုင်သွားကြရမှာပါ။ ပြီးတော့ ထပ်ပေါ်လာတဲ့ အရာတွေကို လေ့လာကြမယ်။ ကျွန်တော်ကလည်း ဒီလိုပါဘဲ။အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်ကို လုပ်နေရတာကြောင့် ကျွန်တော်ကတော့ ဒါနဲ့ ပတ်သက်တဲ့ အရာတွေကိုဘဲ လုပ်နေတာပါ။ ထူးခြားပြီး ထိန်းသိမ်ပြီး လုပ်နေတာလည်း မဟုတ်ဘူး။ အရမ်းလည်း ကြိုးစားတဲ့သူလို့ ကိုယ့်ဘာကို မခံယူပါဘူး။ ကျွန်တော့်အလုပ်ကိုဘဲ အကောင်းဆုံး လုပ်နေတာပါ”

ရှိုးပွဲတွေမှာလည်း စိုင်းစိုင်းလို့ အော်ကြပြီး ပရိသတ်တွေ အားပေးတဲ့ ခံစားမှုမျိုးနဲ့ ပတ်သက်ပြီး “ကျွန်တော် ဂီတသမားတစ်ယောက်အနေနဲ့ ငယ်ငယ်ကတည်းက ရပ်တည်လာတာပါ။ ဒါပေမဲ့လည်း ကျွန်တော် တစ်ယောက်ထဲ မရပ်တည်နိုင်ပါဘူး။ ကျွန်တော်မှာ အဖွဲ့တွေရှိပါတယ်။ အားပေးတဲ့ ပရိသတ်တွေ ရှိပါတယ်။ သူတို့မရှိတော့ရင် ကျွန်တော် ဖျော်ဖြေလို့ မရတော့ပါဘူး။ ကျွန်တော့်အနေနဲ့ ကျွန်တော်ကတော့ အသက် ၆၄ နှစ်အထိ သီချင်းတွေ ဆိုချင်တာပါ” ဟု ပြောကြားသွားခဲ့ပါတယ်။

Credit: Nanmalagyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top