iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုေတာ္အစၥဏီနဲ႕ေမာ္ဒယ္စူးရွထက္တို႔ ယခင္သမီးရည္းစားဘ၀ ဖုန္းေျပာထားတဲ့ အသံဖိုင္ပါဆိုၿပီး Facebook မွာ ပ်ံ႕ႏွံ႔လာပါတယ္။ ဒီအသံဖိုင္ကို May Thandar ဆိုတဲ့ Facebook အေကာင့္ပိုင္ရွင္က မေန႔ညအေစာပိုင္း(ဇူလိုင္လ ၁၂ ရက္) က တင္ခဲ့ရာကေန စတင္ပ်ံ႕ႏွံ႔ခဲ့ၿပီး နာရီပိုင္းအတြင္း နာမည္ႀကီးလာခဲ့ပါတယ္။

ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ေမာ္ဒယ္ စူးရွထက္က အခုလိုပဲ အကုန္သိသတင္းဌာနထံ ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

“ကိစၥေတြ စျဖစ္ကတည္းက သူတို႔တိုက္ခိုက္တာ ခံကို မခံစားရတာပါ။ ဘယ္လိုမွကို မေနတာ။ ဘာေၾကာင့္လဲ ဆိုေတာ့ ကိုယ္က အမွန္တရားကို ကိုယ္အသိဆံုးေလ။ဒါေၾကာင့္ ေရွ႕ဆက္ၿပီး သြားမွာပဲ။ မေန႔က ဟာသေလး အရမ္းရယ္ရတာပဲ။ ေရခ်ဳိးၿပီးၿပီလား။ေရခ်ဳိးၿပီးၿပီလား လာလာေမးေနတာ။ တစ္ေနကုန္ရယ္ေနရတာ။ ေက်နပ္တယ္။ ေပ်ာ္တယ္လို႔” ဆိုၿပီး အခုလို အကုန္သိ သတင္းဌာနကိုေျဖၾကားခဲ့ပါတယ္။

အဆိုေတာ္အစၥဏီနဲ႕ေမာ္ဒယ္စူးရွထက္တို႔ ဖုန္းေျပာထားတယ္လို႔ဆိုၾကတဲ့ အသံဖိုင္ထဲမွာေတာ့ သမီးရည္းစား သဘာ၀ ေျပာဆိုထားတာကို ၾကားသိရပါတယ္။

အသံဖိုင္ထဲမွာ မိန္းကေလးအသံရွင္က ေယာက္်ားေလးအသံရွင္ကို ေရလာခ်ိဳးေပးဖို႔ ေျပာေနတာေတြ ပါ၀င္ခဲ့ပါတယ္။ အဲဒီအသံဖိုင္ထြက္ေပၚလာၿပီးေနာက္ပိုင္းမွာလည္း Facebook ေပၚမွာ စေနာက္ျပီး Troll လာၾကတာကိုလည္း ေတြ႕ျမင္ေနရပါတယ္။

လက္ရွိမွာေတာ့ အဆိုေတာ္အစၥဏီကို ရည္းစားေဟာင္းျဖစ္တဲ့ ေမာ္ဒယ္စူးရွထက္(ခ)ဇာၾကည္ေဌးက အဓမၼမႈ ၃၇၆ ၊ ျပင္းထန္နာက်င္ေစမႈ ၃၂၄၊ သာမာန္နာက်င္ေစမႈ ၃၂၃ စတဲ့ ပုဒ္မ ၃ ခုနဲ႔ ေမလ ၁၀ ရက္က တာေမြတရားရံုးမွာ တရားစြဲဆိုထားတဲ့အတြက္ အမႈရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။

ျဖစ္စဥ္ကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလ ၁၂ ရက္၊ ေန႔လယ္ ၂ နာရီ ၄၅ မိနစ္ခန္႔မွာ အဆိုေတာ္ အစၥဏီက ရည္းစားေဟာင္းျဖစ္တဲ့ ေမာ္ဒယ္စူးရွထက္(ခ)ဇာၾကည္ေဌး ေနထိုင္တဲ့ တိုက္ခန္းကို လာၿပီး အက်ီၤကုိ ဆဲြခၽြတ္ျခင္း၊ ရုန္းကန္လို႔ ဆိုကာ ဦးေခါင္းကို မွန္ဗီဒိုနဲ႔ တိုက္ခဲ့တဲ့အျပင္ တစ္ကိုယ္လုံးကုိ ဖ်စ္ညႇစ္ျခင္း၊ ယာလက္ညႇိဳး၊ လက္ခလယ္နဲ႔ လက္သူႂကြယ္တို႔ရဲ႕ လက္သည္းခြံမ်ားကို လွန္ခ်ိဳးျခင္း၊ နာက်င္ၿပီး သတိေမ့ေနစဥ္မွာလည္း သားမယား ႏွစ္ႀကိမ္ျပဳက်င့္ခဲ့တယ္လုိ႔ ရဲမွတ္တမ္းေတြအရ သိရပါတယ္။

Credit: AKon Thi
# Unicode Version ျဖင့္ ဖတ္ပါ #
အဆိုတော်အစ္စဏီနဲ့မော်ဒယ်စူးရှထက်တို့ ယခင်သမီးရည်းစားဘဝ ဖုန်းပြောထားတဲ့ အသံဖိုင်ပါဆိုပြီး Facebook မှာ ပျံ့နှံ့လာပါတယ်။ ဒီအသံဖိုင်ကို May Thandar ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က မနေ့ညအစောပိုင်း(ဇူလိုင်လ ၁၂ ရက်) က တင်ခဲ့ရာကနေ စတင်ပျံ့နှံ့ခဲ့ပြီး နာရီပိုင်းအတွင်း နာမည်ကြီးလာခဲ့ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မော်ဒယ် စူးရှထက်က အခုလိုပဲ အကုန်သိသတင်းဌာနထံ ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ကိစ္စတွေ စဖြစ်ကတည်းက သူတို့တိုက်ခိုက်တာ ခံကို မခံစားရတာပါ။ ဘယ်လိုမှကို မနေတာ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်က အမှန်တရားကို ကိုယ်အသိဆုံးလေ။ဒါကြောင့် ရှေ့ဆက်ပြီး သွားမှာပဲ။ မနေ့က ဟာသလေး အရမ်းရယ်ရတာပဲ။ ရေချိုးပြီးပြီလား။ရေချိုးပြီးပြီလား လာလာမေးနေတာ။ တစ်နေကုန်ရယ်နေရတာ။ ကျေနပ်တယ်။ ပျော်တယ်လို့” ဆိုပြီး အခုလို အကုန်သိ သတင်းဌာနကိုဖြေကြားခဲ့ပါတယ်။

အဆိုတော်အစ္စဏီနဲ့မော်ဒယ်စူးရှထက်တို့ ဖုန်းပြောထားတယ်လို့ဆိုကြတဲ့ အသံဖိုင်ထဲမှာတော့ သမီးရည်းစား သဘာဝ ပြောဆိုထားတာကို ကြားသိရပါတယ်။

အသံဖိုင်ထဲမှာ မိန်းကလေးအသံရှင်က ယောက်ျားလေးအသံရှင်ကို ရေလာချိုးပေးဖို့ ပြောနေတာတွေ ပါ၀င်ခဲ့ပါတယ်။ အဲဒီအသံဖိုင်ထွက်ပေါ်လာပြီးနောက်ပိုင်းမှာလည်း Facebook ပေါ်မှာ စနောက်ပြီး Troll လာကြတာကိုလည်း တွေ့မြင်နေရပါတယ်။

လက်ရှိမှာတော့ အဆိုတော်အစ္စဏီကို ရည်းစားဟောင်းဖြစ်တဲ့ မော်ဒယ်စူးရှထက်(ခ)ဇာကြည်ဌေးက အဓမ္မမှု ၃၇၆ ၊ ပြင်းထန်နာကျင်စေမှု ၃၂၄၊ သာမာန်နာကျင်စေမှု ၃၂၃ စတဲ့ ပုဒ်မ ၃ ခုနဲ့ မေလ ၁၀ ရက်က တာမွေတရားရုံးမှာ တရားစွဲဆိုထားတဲ့အတွက် အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်မှာ အဆိုတော် အစ္စဏီက ရည်းစားဟောင်းဖြစ်တဲ့ မော်ဒယ်စူးရှထက်(ခ)ဇာကြည်ဌေး နေထိုင်တဲ့ တိုက်ခန်းကို လာပြီး အကျီင်္ကို ဆွဲချွတ်ခြင်း၊ ရုန်းကန်လို့ ဆိုကာ ဦးခေါင်းကို မှန်ဗီဒိုနဲ့ တိုက်ခဲ့တဲ့အပြင် တစ်ကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်တို့ရဲ့ လက်သည်းခွံများကို လှန်ချိုးခြင်း၊ နာကျင်ပြီး သတိမေ့နေစဉ်မှာလည်း သားမယား နှစ်ကြိမ်ပြုကျင့်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

Credit: AKon Thi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top