iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီး တစ္ေယာက္ရဲ႕ရင္သားေတြဟာ အပ်ဳိေဖာ္ဝင္ျခင္းနဲ႔ သေႏၶေဆာင္ျခင္းတုိ႔လုိ သဘာဝ ျဖစ္စဥ္ေတြေၾကာင့္ အခ်ိန္နဲ႔အမွ် ေျပာင္းလဲတတ္ပါတယ္။ ရင္သား ထိပ္ေခါင္းေတြကေတာ့ အေရာင္ မေျပာင္းတတ္ၾကေပမဲ့ ရင္သားထိပ္ေခါင္းတစ္ဝုိက္က areola လုိ႕ေခၚတဲ့ စက္ဝုိင္းပုံစံ အေရျပား ဧရိယာ ေလးကေတာ့ အေရာင္ေျပာင္းႏုိင္ပါတယ္။

ပုံမွန္အားျဖင့္ Areola အေရာင္ေျပာင္းတာက အႏၱရာယ္ မ႐ွိေပမဲ့ တစ္ခါတစ္ရံမွာေတာ့ Areola အေရာင္ေျပာင္းတာက က်န္းမာေရး အႏၱရာယ္ရွိေနႏိုင္တဲ့ အတြက္ ေဆးဝါးကုသမႈ ခံယူဖုိ႔ လုိအပ္ပါတယ္။ ရင္သားထိပ္ေခါင္း အမည္းေရာင္ေျပာင္းရျခင္းရဲ႕ အေၾကာင္းရင္းေတြကေတာ့ –

    ေသာက္သုံးရတဲ့ သေႏၶတားေဆးမ်ား၊
    အပ်ဳိေဖာ္ဝင္ျခင္း၊
    သေႏၶေဆာင္ရျခင္း၊
    ရင္သားထိပ္ေခါင္းမ်ားမွ အေမႊးမ်ားေၾကာင့္၊
    ဓမၼတာ လာျခင္းေၾကာင့္၊
    ႏုိ႔ခ်ဳိ႕တုိက္ေကြၽးရျခင္း၊
    ကင္ဆာေရာဂါ စတဲ့ အေၾကာင္းရင္းေတြေၾကာင့္ ျဖစ္ပါတယ္။

ေနာက္လာမယ့္စာပုိဒ္ေတြမွာေတာ့ ဒီလုိ ရင္သားထိပ္ေခါင္းမည္းေစတဲ့ အေၾကာင္းရင္းေတြအေၾကာင္းကုိ အေသးစိတ္ တစ္ခ်က္ျခင္း ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

၁။ ေသာက္သုံးရတဲ့ သေႏၶတားေဆးမ်ား။

ေသာက္သုံးရတဲ့ သေႏၶတားေဆးေတြဟာ ေဟာ္မုန္းေျပာင္းလဲမႈကုိ ျဖစ္ေစႏုိင္ၿပီး ေဟာ္မုန္းေျပာင္းလဲမႈေတြက ရင္သားထိပ္ေခါင္း ဧရိယာ တစ္ဝုိက္ကုိ ပုိၿပီး မည္းလာေစႏုိင္ပါတယ္။ သေႏၶတားေဆးေတြမွာ လူလုပ္ အီစထ႐ုိဂ်င္ (estrogen) နဲ႔ ပ႐ုိဂ်က္စတီ႐ုန္း (progesterone) ေဟာ္မုန္းေတြ ပါဝင္ပါတယ္။ ဒီလုိ ေဟာ္မုန္းေတြပါဝင္တာေၾကာင့္ သေႏၶတားေဆးေတြကုိ ေသာက္သုံးျခင္းျဖင့္ ရင္သားထိပ္ေခါင္း ဧရိယာ တစ္ဝုိက္ မည္းသြားတာမ်ဳိး
ေဟာ္မုန္းေျပာင္းလဲတဲ့ အခါ ျဖစ္ေပၚတဲ့ ေဝဒနာေတြ ျဖစ္ႏုိင္ပါတယ္။ ဒါေပမဲ့ သင္ သေႏၶတားေဆးေသာက္သုံးတာကုိ ရပ္လုိက္တာနဲ႔ တစ္ျပဳိင္နက္ ေပ်ာက္ကင္းသြားတတ္ပါတယ္။ သေႏၶတားေဆးေတြဟာ မတ္လဇ္မာ လုိ႕ေခၚတဲ့ အေတြ႕ရမ်ားတဲ့ အေရျပား ေရာဂါကုိလည္း ျဖစ္ေစႏုိင္ပါတယ္။ မတ္လဇ္မာ (Melasma) ျဖစ္ၿပီဆုိရင္ အေရျပားမွာ အညဳိေရာင္ အေရျပားအကြက္ေတြ ျဖစ္ေပၚလာမွာ ျဖစ္ၿပီး မတ္လဇ္မာ (Melasma) ဟာ အမ်ဳိးသားေတြမွာပါ ျဖစ္ႏုိင္
ေပမဲ့ ျဖစ္ပြားတဲ့လူ ၉၀ ရာခုိင္ႏႈန္းကေတာ့ အမ်ဳိးသမီးေတြ ျဖစ္ၾကပါတယ္။

၂။ အပ်ဳိေဖာ္ဝင္ျခင္း။

အပ်ဳိေဖာ္ဝင္ခ်ိန္ မ်ဳိးဥအိမ္က ေဟာ္မုန္းေတြစတင္ထုတ္လုပ္တာနဲ႔ အမ်ဳိးသမီး တစ္ေယာက္ရဲ႕ အီစထ႐ုိ ဂ်င္ ပမာဏက ျမင့္တက္လာပါေတာ့တယ္။ ဒီလုိ အီစထ႐ုိဂ်င္ ျမင့္မားလာမႈက ရင္သားေတြကုိ ပုိၿပီး ဖြံျဖဳိးလာေစပါတယ္။ ရင္သားႀကီးလာတာနဲ႔ အမွ် ရင္သားထိပ္ေခါင္း ဧရိယာ တစ္ဝုိက္ က အေရျပား ေတြက ပုိမည္းလာတတ္ပါတယ္။

၃။ သေႏၶေဆာင္ရျခင္း။

သေႏၶေဆာင္ခ်ိန္ သေႏၶသား ဖြံျဖဳိးလာတာနဲ႔ အမွ် ရင္သားေတြကလည္း ရင္ေသြးကုိ ႏုိ႔ခ်ဳိ့ တုိက္ေကြၽးဖုိ႔ အတြက္ ဖြံျဖဳိးလာပါတယ္။ အဲ့ဒီအခ်ိန္ ေမြးဖြားလာမယ့္ ကေလးကို ႏုိခ်ဳိ့ တုိက္ေကြၽးဖုိ႔ အတြက္ ခႏၶာကုိယ္ကလည္း အီစထ႐ုိဂ်င္နဲ႔ ပ႐ုိဂ်က္စတီ႐ုန္း ေဟာ္မုန္းေတြကုို ပုိၿပီး ထုတ္လုပ္လာပါေတာ့တယ္။ ဒီလုိ ေဟာ္မုန္း ထုတ္လုပ္ပုံ ေျပာင္းလဲသြားတာနဲ႔ အမွ် ရင္သားေတြကလည္း ေျပာင္းလဲလာမွာပါ။ ဒါေၾကာင့္ သတိထားမိမယ္ဆုိရင္ ရင္သားတစ္ဂုိက္ ပုိၿပီးေရာင္ကုိင္းလာမွာတာကိုေတြ႔ရမွာပါ။ ဒါ့အျပင္ ရင္သားထိပ္ေခါင္း ဧရိယာ တစ္ဝုိက္ ပုိၿပီး မည္းလာမွာ ျဖစ္ပါတယ္။ ကုိယ္ဝန္ေဆာင္ခ်ိန္ ရင္သားထိပ္ေခါင္း ဧရိယာ တစ္ဝုိက္မည္းလာတယ္ဆုိတာ တဒဂၤ ျဖစ္စဥ္တစ္သာ ျဖစ္ပါတယ္။ ကေလးေဖြးဖြား အၿပီး ၊ ႏုိ႔ခ်ဳိ့တုိက္ေကြၽးခ်ိန္ အၿပီးမွာေတာ့ ရင္သားထိပ္ေခါင္းေတြက အရင္အေရာင္ျပန္ျဖစ္သြားမွာပါ။

၄။ ႏုိ႔ခ်ဳိတုိက္ေကြၽးျခင္း။

ရင္ေသြးေတြ အစာအရင္းျမစ္ကုိ သိေစရန္အတြက္ ရင္သားထိပ္ေခါင္းေတြက ပုိၿပီး မည္းလာရတာပါ။ အေပၚမွာ ေဖာ္ျပထားသလုိပဲ ႏုိ႔ခ်ဳိ တုိက္ေကြၽးျခင္းက ရင္သားထိပ္ေခါင္းတစ္ဝုိက္ အေရာင္မည္းျခင္းတုိ႔လုိ႔ ရင္သား ေျပာင္းလဲမႈ မ်ားစြာ ျဖစ္ေစႏုိင္ပါတယ္။ ႏုိ႕ခ်ဳိတုိက္ေကၽြးခ်ိန္မွာ ႏုိ႔ရည္ေတြ ပုိၿပီး ထြက္႐ွိလာေစဖုိ႕အတြက္ ေဟာ္မုန္းေတြ ျမင့္တက္လာမွာျဖစ္ၿပီး ရင္သားထိပ္ေခါင္းနားတစ္ဝုိက္ ပုိၿပီး မည္းလာမွာ ျဖစ္ပါတယ္။ ရင္သားထိပ္ေခါင္း မည္းရျခင္းရဲ႕ ေနာက္အေၾကာင္းရင္းတစ္ခု ကေတာ့ ရင္ေသြးေတြ ႏုိ႔စုိ႔ရာမွာ ပုိၿပီး ျမင္ရေအာင္ အမွတ္အသားတစ္ခု အျဖစ္ ခႏၶာကိုယ္က လုပ္ေပးျခင္း ျဖစ္တယ္လုိ႔ သိပၸံပညာရွင္မ်ားက လက္ခံထားၾကပါတယ္။ ေမြးကင္းစ ကေလးေတြဟာ မ်က္လုံးအာ႐ုံအရမ္း အားနည္းပါတယ္။ ဒီေတာ့ ရင္သားထိပ္ေခါင္း တစ္ဝုိက္မည္းလာျခင္းက ကေလးေတြ သူတုိ႔ရဲ႕ အစာရင္းျမစ္ကုိ ပုိၿပီးသိေစႏုိင္ရန္အတြက္ ျဖစ္ေပၚတဲ့ ဆင့္ကဲ ျဖစ္စဥ္တစ္ရပ္လည္း ျဖစ္ပါတယ္။ ႏုိ႔ခ်ဳိ့တုိက္ေကြၽးခ်ိန္ၿပီးတာနဲ႔ ရင္သားထိပ္ေခါင္းေတြဟာ သူ႔ရဲ႕ နဂုိ အေရာင္ျပန္ေျပာင္းသြားမွာ ျဖစ္ပါတယ္။

၅။ ရင္သားထိပ္ေခါင္းတစ္ဝုိက္မွာ အေမႊးမ်ားေပါက္ျခင္း။

ရင္သားထိပ္ေခါင္းတစ္ဝုိက္ အေမႊးေတြေပါက္တယ္ဆုိတာ ပုံမွန္ ျဖစ္စဥ္ တစ္ရပ္ေတာ့ မဟုတ္ပါဘူး။ ဒီအေမႊးေလးေတြက ခႏၶာကုိယ္က တစ္ျခား အေမႊးေတြထက္ ပုိၿပီး မည္းနက္ပါတယ္။
ဒီလုိ အေမႊးေလးေတြက ရင္သားထိပ္ေခါင္းတစ္ဝုိက္ နီးကပ္စြာေပါက္တဲ့အခါ ရင္သားထိပ္ေခါင္းကုိ ပုိၿပီးမည္းလာေစမွာ ျဖစ္ပါတယ္။

၆။ ဓမၼတာ လာျခင္း။

ဓမၼတာလာျခင္းဟာ မ်ဴိးပြားျဖစ္စဥ္ရဲ႕ ပုံမွန္ ျဖစ္ပ်က္ေနတဲ့ အရာတစ္ခုလည္းျဖစ္ပါတယ္။ ဒီစက္ဝုိင္း အတြင္းမွာ မ်ဴိးဥအိမ္ေတြက သေႏၶေအာင္ေစရန္အတြက္ မ်ဳိးဥကုိ ထုတ္လုပ္ၾကပါတယ္။ ဓမၼတာ စက္ဝန္းေျပာင္းလဲျခင္းဟာ ေဟာ္မုန္းေတြေၾကာင့္ ျဖစ္ရတာေၾကာင့္ ရင္သားေတြပါ ေျပာင္းလဲမႈေတြ စတင္ျဖစ္လာေတာ့မွာပါ။ ေဟာ္မုန္းပမဏာ အနိမ့္အျမင့္ ျဖစ္တာနဲ႔ ရင္သားေတြဟာ နာက်င္ၿပီး ေရာင္ကုိင္းလာႏုိင္ပါတယ္။ ဒီလုိမ်ဳိးပဲ ဓမၼတာ စက္ဝုိင္းအတြင္းေရာက္တာနဲ႔ ရင္သားထိပ္ေခါင္းေတြ ပုိၿပီး မည္းလာတာကုိေတြ႔ရမွာ ျဖစ္ပါတယ္။

၇။ ကင္ဆာ။

ပဲဂ်က္ ေရာဂါ (Paget’s Disease) ဆုိတာ ရင္သားထိပ္ေခါင္းမွာ ျဖစ္တတ္တဲ့ ရွားပါး ကင္ဆာေရာဂါတစ္မ်ဳိးပါ။ ပဲဂ်က္ေရာဂါျဖစ္ရင္ ကင္ဆာဆဲလ္ေတြက ရင္သားထိပ္ေခါင္းနားတစ္ဝုိက္ တည္ရွိေနၾကပါတယ္။ ဒီကင္ဆာမ်ဳိးဟာ ပထမပုိင္းမွာ ႏို႕သယ္ျပြန္ေတြမွာ စတင္ျဖစ္ပြားၿပီးေနာက္ပုိင္း ရင္သားထိပ္ေခါင္း မ်က္ႏွာျပင္နဲ႕ areola လုိ႕ေခၚတဲ့ ရင္သားထိပ္ေခါင္းတစ္ဝုိက္က အနက္ေရာင္ အေရျပားထံ ကူးစက္သြားပါတယ္။ ဒီေရာဂါ ျဖစ္ေနၿပီဆုိရင္ ရင္သားထိပ္ေခါင္းနဲ႕ areola တုိ႕ဟာ အနီေရာင္ေျပာင္းလာၿပီး အေရခြံေတြကြာက်လာကာ ယားယံလာမွာ ျဖစ္ပါတယ္။ ပဲဂ်က္ ေရာဂါ (Paget’s Disease) ေရာဂါ ျဖစ္ပြားတဲ့ လူ ၉၀ ရာခုိင္ႏႈန္းမွာ ရင္သားကင္ဆာပါ ရွိတတ္ၾကေပမဲ့
ပဲဂ်က္ ေရာဂါ (Paget’s Disease) ေတြကေတာ့ ရင္သားကင္ဆာ ျဖစ္ပြားေစႏုိင္တဲ့ အေၾကာင္းရင္းေတြထဲမွာ ၅ ရာခုိင္ႏႈန္း ခန္႕သာရွိပါတယ္။ ပဲဂ်က္ ေရာဂါ (Paget’s Disease) ရွိေနတဲ့ လူေတြ ၉၀ ရာခုိင္ႏႈန္းေလာက္မွာ ရင္သားကင္ဆာပါ ရွိေနတတ္တာမုိ႕ ေရာဂါ လကၡဏာေတြကုိ အရင္ဆုံး သိဖုိ႕ က အရမ္း အေရးႀကီးပါတယ္။ လက္ရွိအခ်ိန္ထိ ဘာေၾကာင့္ ပဲဂ်က္ ေရာဂါ (Paget’s Disease) ျဖစ္ပြားရသလဲဆုိတဲ့ အေၾကာင္းရင္းကုိ မသိၾကေသးေပမဲ့ ျဖစ္ႏုိင္ေခ် ႏွစ္ခုထဲ က ပထမတစ္ခုကေတာ့ ကင္ဆာဆဲလ္ေတြဟာ ရင္သားအတြင္းက ႏုိ႕သယ္ျပြန္ေတြထဲမွာ စတင္ႀကီး
ထြားလာၿပီးေနာက္မွာ ရင္သားထိပ္ေခါင္း အထိ ႀကီးထြားလာတဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ပါတယ္။ ဒီျဖစ္ႏုိင္ေခ်ကေတာ့ ပဲဂ်က္ ေရာဂါ (Paget’s Disease) ျဖစ္ေနတဲ့ လူေတြမွာ ရင္သားကင္ဆာ ပါရွိေနတယ္ဆုိတဲ့ ျဖစ္ရပ္ကို အတည္ျပဳေပးႏုိင္ပါတယ္။ ေနာက္ယူဆခ်က္ကေတာ့ ရင္သားထိပ္ေခါင္းက ဆဲလ္ေတြသာ ကင္ဆာဆဲလ္ေတြ ျဖစ္ေနတဲ့ ျဖစ္စဥ္ျဖစ္ၿပီး ရင္သားထိပ္ေခါင္းမွာ ပဲဂ်က္ ေရာဂါ (Paget’s Disease) ေရာဂါပဲ ျဖစ္ေနတဲ့လူေတြနဲ႕ ပဲဂ်က္ ေရာဂါ (Paget’s Disease) နဲ႕မဆုိင္ဘဲ ရင္သားကင္ဆာ သပ္သပ္ ထပ္ျဖစ္ေနတဲ့ ျဖစ္ရပ္ကို အတည္ျပဳေပးႏုိင္ပါတယ္။

ရင္သားထိပ္ေခါင္းမွာ ျဖစ္တဲ့ ပဲဂ်က္ ေရာဂါ (Paget’s Disease) ဟာ အမ်ဳိးသမီးေတြမွာသာ ပုိအေတြ႕ရမ်ားေပမဲ့ ရင္သားကင္ဆာေတြလုိမ်ဳိးပဲ အမ်ဳိးသားေတြမွာလည္း ျဖစ္ပြားႏုိင္ပါတယ္။ National Cancer Institute ရဲ႕ ေလ့လာခ်က္ေတြအရ အမ်ဳိးသမီးေတြမွာ ပွ်မ္းမွ် အသက္ ၆၂ ႏွစ္ဆုိရင္ ပဲဂ်က္ ေရာဂါ (Paget’s Disease) ျဖစ္ပြားတတ္ၿပီး အမ်ဳိးသားေတြမွာကေတာ့ ပွ်မ္းမွ် ၆၉ ႏွစ္မွာ ျဖစ္ပြားတတ္ပါတယ္။ ပဲဂ်က္ေရာဂါရဲ႕ ကနဦး လကၡဏာေတြကေတာ့ ရင္သားထိပ္ေခါင္းမည္းလာျခင္းနဲ႕အတူ-

     ရင္သားထိပ္ေခါင္းျပားလာျခင္း၊
     ရင္သားထိပ္ေခါင္းမွ အဝါေရာင္နဲ႕ ေသြးပါေသာ ခႏၶာကုိယ္ထြက္ အရည္မ်ား ထြက္လာျခင္း၊
    ရင္သားထိပ္ေခါင္းမွ ၾကြပ္ဆပ္မာေက်ာေသာအေရျပားမ်ားကြာက်ျခင္း၊
    ရင္သားထိပ္ေခါင္းတြင္ ယားယံျခင္း တုိ႕ကုိပါ ပူးတြဲခံစားၾကရတတ္ၾကပါတယ္။

ဒီကင္ဆာမ်ဳဳိးကုိ အပ်ဳိေဖာ္ဝင္ၿပီးတဲ့ အခ်ိန္ကစလုိ႕ စတင္ျဖစ္ပြားတတ္ၾကေပမဲ့ လူငယ္ေတြထက္ လူႀကီးေတြမွာ ပုိအျဖစ္မ်ားပါတယ္။ အကယ္၍ ဒီလုိေဝဒနာေတြနဲ႕ အတူ ရင္သားပါ မည္းလာမယ္ဆုိရင္ ဆရာဝန္ထံ အျမန္ဆုံးသြားေရာက္ျပသသင့္ပါတယ္။

ဘယ္အခ်ိန္မွာ ဆရာဝန္နဲ႔ သြားေတြရမလဲ။

ခႏၶာကုိယ္ ဖြံ႔ျဖဳိးလာၿပီး အသက္ႀကီးလာတာနဲ႔ အမွ် ရင္သားနဲ႔ ရင္သားထိပ္ေခါင္းေတြက သဘာဝအတုိင္း လုိက္လံေျပာင္းလဲလာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သဘာဝ ျဖစ္စဥ္ေတြျဖစ္တဲ့
ဓမၼတာ လာျခင္း၊ ကုိယ္ဝန္ေဆာင္ျခင္းနဲ႔ ႏုိ႔ခ်ဳိ့တုိက္ေကြၽးျခင္းတုိ႔ကလည္း ရင္သားကုိပုိၿပီး မည္းလာေစမွာ ျဖစ္ပါတယ္။ ဒီလုိ ျဖစ္စဥ္ေတြေၾကာင့္ ရင္သားထိပ္ေခါင္း မည္းလာတာဆုိရင္ စုိးရိမ္စရာ မ႐ွိေပမဲ့ ေအာက္ပါ အခ်က္ေတြပါ တြဲၿပီး ျဖစ္ေပၚလာရင္ေတာ့ ဆရာဝန္ထံ သြားေရာက္ျပသသင့္ပါတယ္။

     အေရျပား အေရခြံေတြ ကြာက်ျခင္း၊
    ႐င္သားထိပ္ေခါင္း တစ္ဖက္တည္းကသာ အေရာင္ေျပာင္းလာျခင္း၊
    ယားယံျခင္း၊
    ရင္သားတစ္ဝုိက္ နီလာျခင္း၊
    အဖုအက်ိတ္ တုိ႔ ျဖစ္လာၿပီဆုိရင္ ဆရာဝန္နဲ႔ အျမန္ဆုံးသြားေရာက္ျပသသင့္ပါတယ္။

နိဂုံးခ်ဳပ္။

နိဂုံးခ်ဳပ္ အေနနဲ႔ ေျပာရမယ္ဆုိရင္ ရင္သားအေရာင္ဟာ သဘာဝ ျဖစ္စဥ္မ်ားအလုိက္ လုိက္လံေျပာင္းလဲတတ္ပါတယ္။ ဒီေၾကာင့္ ရင္သား အေရာင္ေျပာင္းလဲတာက ဘာမွ စုိးရိမ္စရာ မ႐ွိဘဲ ပုံမွန္ ျဖစ္စဥ္ေတြ ျဖစ္တဲ့ ခႏၶာကုိယ္ ေျပာင္းလဲမႈေတြ ၿပီးသြားတာနဲ႔ အေရာင္ ျပန္ေဖ်ာ့သြားမွာ ျဖစ္ပါတယ္။ တစ္ခုတည္းေသာ စုိးရိမ္စရာတစ္ခုကေတာ့ ရင္သားထိပ္ေခါင္း မည္းလာတာနဲ႔ အတူ တစ္ျခား ပုံမွန္မဟုတ္တဲ့ ျဖစ္စဥ္ေတြပါ ျဖစ္လာတဲ့ ျဖစ္စဥ္ျဖစ္ၿပီး ဒီလုိဆုိရင္ေတာ့ ဆရာဝန္နဲ႔သြားေရာက္ျပသကုသသင့္ပါတယ္။

Credit  : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီး တစ်ယောက်ရဲ့ရင်သားတွေဟာ အပျိုဖော်ဝင်ခြင်းနဲ့ သန္ဓေဆောင်ခြင်းတို့လို သဘာဝ ဖြစ်စဉ်တွေကြောင့် အချိန်နဲ့အမျှ ပြောင်းလဲတတ်ပါတယ်။ ရင်သား ထိပ်ခေါင်းတွေကတော့ အရောင် မပြောင်းတတ်ကြပေမဲ့ ရင်သားထိပ်ခေါင်းတစ်ဝိုက်က areola လို့ခေါ်တဲ့ စက်ဝိုင်းပုံစံ အရေပြား ဧရိယာ လေးကတော့ အရောင်ပြောင်းနိုင်ပါတယ်။

ပုံမှန်အားဖြင့် Areola အရောင်ပြောင်းတာက အန္တရာယ် မရှိပေမဲ့ တစ်ခါတစ်ရံမှာတော့ Areola အရောင်ပြောင်းတာက ကျန်းမာရေး အန္တရာယ်ရှိနေနိုင်တဲ့ အတွက် ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ရင်သားထိပ်ခေါင်း အမည်းရောင်ပြောင်းရခြင်းရဲ့ အကြောင်းရင်းတွေကတော့ –

    သောက်သုံးရတဲ့ သန္ဓေတားဆေးများ၊
    အပျိုဖော်ဝင်ခြင်း၊
    သန္ဓေဆောင်ရခြင်း၊
    ရင်သားထိပ်ခေါင်းများမှ အမွှေးများကြောင့်၊
    ဓမ္မတာ လာခြင်းကြောင့်၊
    နို့ချို့တိုက်ကျွေးရခြင်း၊
    ကင်ဆာရောဂါ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။

နောက်လာမယ့်စာပိုဒ်တွေမှာတော့ ဒီလို ရင်သားထိပ်ခေါင်းမည်းစေတဲ့ အကြောင်းရင်းတွေအကြောင်းကို အသေးစိတ် တစ်ချက်ခြင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

၁။ သောက်သုံးရတဲ့ သန္ဓေတားဆေးများ။

သောက်သုံးရတဲ့ သန္ဓေတားဆေးတွေဟာ ဟော်မုန်းပြောင်းလဲမှုကို ဖြစ်စေနိုင်ပြီး ဟော်မုန်းပြောင်းလဲမှုတွေက ရင်သားထိပ်ခေါင်း ဧရိယာ တစ်ဝိုက်ကို ပိုပြီး မည်းလာစေနိုင်ပါတယ်။ သန္ဓေတားဆေးတွေမှာ လူလုပ် အီစထရိုဂျင် (estrogen) နဲ့ ပရိုဂျက်စတီရုန်း (progesterone) ဟော်မုန်းတွေ ပါဝင်ပါတယ်။ ဒီလို ဟော်မုန်းတွေပါဝင်တာကြောင့် သန္ဓေတားဆေးတွေကို သောက်သုံးခြင်းဖြင့် ရင်သားထိပ်ခေါင်း ဧရိယာ တစ်ဝိုက် မည်းသွားတာမျိုး
ဟော်မုန်းပြောင်းလဲတဲ့ အခါ ဖြစ်ပေါ်တဲ့ ဝေဒနာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင် သန္ဓေတားဆေးသောက်သုံးတာကို ရပ်လိုက်တာနဲ့ တစ်ပြိုင်နက် ပျောက်ကင်းသွားတတ်ပါတယ်။ သန္ဓေတားဆေးတွေဟာ မတ်လဇ်မာ လို့ခေါ်တဲ့ အတွေ့ရများတဲ့ အရေပြား ရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။ မတ်လဇ်မာ (Melasma) ဖြစ်ပြီဆိုရင် အရေပြားမှာ အညိုရောင် အရေပြားအကွက်တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပြီး မတ်လဇ်မာ (Melasma) ဟာ အမျိုးသားတွေမှာပါ ဖြစ်နိုင်
ပေမဲ့ ဖြစ်ပွားတဲ့လူ ၉၀ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

၂။ အပျိုဖော်ဝင်ခြင်း။

အပျိုဖော်ဝင်ချိန် မျိုးဥအိမ်က ဟော်မုန်းတွေစတင်ထုတ်လုပ်တာနဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အီစထရို ဂျင် ပမာဏက မြင့်တက်လာပါတော့တယ်။ ဒီလို အီစထရိုဂျင် မြင့်မားလာမှုက ရင်သားတွေကို ပိုပြီး ဖွံဖြိုးလာစေပါတယ်။ ရင်သားကြီးလာတာနဲ့ အမျှ ရင်သားထိပ်ခေါင်း ဧရိယာ တစ်ဝိုက် က အရေပြား တွေက ပိုမည်းလာတတ်ပါတယ်။

၃။ သန္ဓေဆောင်ရခြင်း။

သန္ဓေဆောင်ချိန် သန္ဓေသား ဖွံဖြိုးလာတာနဲ့ အမျှ ရင်သားတွေကလည်း ရင်သွေးကို နို့ချို့ တိုက်ကျွေးဖို့ အတွက် ဖွံဖြိုးလာပါတယ်။ အဲ့ဒီအချိန် မွေးဖွားလာမယ့် ကလေးကို နိုချို့ တိုက်ကျွေးဖို့ အတွက် ခန္ဓာကိုယ်ကလည်း အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းတွေကို ပိုပြီး ထုတ်လုပ်လာပါတော့တယ်။ ဒီလို ဟော်မုန်း ထုတ်လုပ်ပုံ ပြောင်းလဲသွားတာနဲ့ အမျှ ရင်သားတွေကလည်း ပြောင်းလဲလာမှာပါ။ ဒါကြောင့် သတိထားမိမယ်ဆိုရင် ရင်သားတစ်ဂိုက် ပိုပြီးရောင်ကိုင်းလာမှာတာကိုတွေ့ရမှာပါ။ ဒါ့အပြင် ရင်သားထိပ်ခေါင်း ဧရိယာ တစ်ဝိုက် ပိုပြီး မည်းလာမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ရင်သားထိပ်ခေါင်း ဧရိယာ တစ်ဝိုက်မည်းလာတယ်ဆိုတာ တဒင်္ဂ ဖြစ်စဉ်တစ်သာ ဖြစ်ပါတယ်။ ကလေးဖွေးဖွား အပြီး ၊ နို့ချို့တိုက်ကျွေးချိန် အပြီးမှာတော့ ရင်သားထိပ်ခေါင်းတွေက အရင်အရောင်ပြန်ဖြစ်သွားမှာပါ။

၄။ နို့ချိုတိုက်ကျွေးခြင်း။

ရင်သွေးတွေ အစာအရင်းမြစ်ကို သိစေရန်အတွက် ရင်သားထိပ်ခေါင်းတွေက ပိုပြီး မည်းလာရတာပါ။ အပေါ်မှာ ဖော်ပြထားသလိုပဲ နို့ချို တိုက်ကျွေးခြင်းက ရင်သားထိပ်ခေါင်းတစ်ဝိုက် အရောင်မည်းခြင်းတို့လို့ ရင်သား ပြောင်းလဲမှု များစွာ ဖြစ်စေနိုင်ပါတယ်။ နို့ချိုတိုက်ကျွေးချိန်မှာ နို့ရည်တွေ ပိုပြီး ထွက်ရှိလာစေဖို့အတွက် ဟော်မုန်းတွေ မြင့်တက်လာမှာဖြစ်ပြီး ရင်သားထိပ်ခေါင်းနားတစ်ဝိုက် ပိုပြီး မည်းလာမှာ ဖြစ်ပါတယ်။ ရင်သားထိပ်ခေါင်း မည်းရခြင်းရဲ့ နောက်အကြောင်းရင်းတစ်ခု ကတော့ ရင်သွေးတွေ နို့စို့ရာမှာ ပိုပြီး မြင်ရအောင် အမှတ်အသားတစ်ခု အဖြစ် ခန္ဓာကိုယ်က လုပ်ပေးခြင်း ဖြစ်တယ်လို့ သိပ္ပံပညာရှင်များက လက်ခံထားကြပါတယ်။ မွေးကင်းစ ကလေးတွေဟာ မျက်လုံးအာရုံအရမ်း အားနည်းပါတယ်။ ဒီတော့ ရင်သားထိပ်ခေါင်း တစ်ဝိုက်မည်းလာခြင်းက ကလေးတွေ သူတို့ရဲ့ အစာရင်းမြစ်ကို ပိုပြီးသိစေနိုင်ရန်အတွက် ဖြစ်ပေါ်တဲ့ ဆင့်ကဲ ဖြစ်စဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။ နို့ချို့တိုက်ကျွေးချိန်ပြီးတာနဲ့ ရင်သားထိပ်ခေါင်းတွေဟာ သူ့ရဲ့ နဂို အရောင်ပြန်ပြောင်းသွားမှာ ဖြစ်ပါတယ်။

၅။ ရင်သားထိပ်ခေါင်းတစ်ဝိုက်မှာ အမွှေးများပေါက်ခြင်း။

ရင်သားထိပ်ခေါင်းတစ်ဝိုက် အမွှေးတွေပေါက်တယ်ဆိုတာ ပုံမှန် ဖြစ်စဉ် တစ်ရပ်တော့ မဟုတ်ပါဘူး။ ဒီအမွှေးလေးတွေက ခန္ဓာကိုယ်က တစ်ခြား အမွှေးတွေထက် ပိုပြီး မည်းနက်ပါတယ်။
ဒီလို အမွှေးလေးတွေက ရင်သားထိပ်ခေါင်းတစ်ဝိုက် နီးကပ်စွာပေါက်တဲ့အခါ ရင်သားထိပ်ခေါင်းကို ပိုပြီးမည်းလာစေမှာ ဖြစ်ပါတယ်။

၆။ ဓမ္မတာ လာခြင်း။

ဓမ္မတာလာခြင်းဟာ မျိူးပွားဖြစ်စဉ်ရဲ့ ပုံမှန် ဖြစ်ပျက်နေတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီစက်ဝိုင်း အတွင်းမှာ မျိူးဥအိမ်တွေက သန္ဓေအောင်စေရန်အတွက် မျိုးဥကို ထုတ်လုပ်ကြပါတယ်။ ဓမ္မတာ စက်ဝန်းပြောင်းလဲခြင်းဟာ ဟော်မုန်းတွေကြောင့် ဖြစ်ရတာကြောင့် ရင်သားတွေပါ ပြောင်းလဲမှုတွေ စတင်ဖြစ်လာတော့မှာပါ။ ဟော်မုန်းပမဏာ အနိမ့်အမြင့် ဖြစ်တာနဲ့ ရင်သားတွေဟာ နာကျင်ပြီး ရောင်ကိုင်းလာနိုင်ပါတယ်။ ဒီလိုမျိုးပဲ ဓမ္မတာ စက်ဝိုင်းအတွင်းရောက်တာနဲ့ ရင်သားထိပ်ခေါင်းတွေ ပိုပြီး မည်းလာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

၇။ ကင်ဆာ။

ပဲဂျက် ရောဂါ (Paget’s Disease) ဆိုတာ ရင်သားထိပ်ခေါင်းမှာ ဖြစ်တတ်တဲ့ ရှားပါး ကင်ဆာရောဂါတစ်မျိုးပါ။ ပဲဂျက်ရောဂါဖြစ်ရင် ကင်ဆာဆဲလ်တွေက ရင်သားထိပ်ခေါင်းနားတစ်ဝိုက် တည်ရှိနေကြပါတယ်။ ဒီကင်ဆာမျိုးဟာ ပထမပိုင်းမှာ နို့သယ်ပြွန်တွေမှာ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ရင်သားထိပ်ခေါင်း မျက်နှာပြင်နဲ့ areola လို့ခေါ်တဲ့ ရင်သားထိပ်ခေါင်းတစ်ဝိုက်က အနက်ရောင် အရေပြားထံ ကူးစက်သွားပါတယ်။ ဒီရောဂါ ဖြစ်နေပြီဆိုရင် ရင်သားထိပ်ခေါင်းနဲ့ areola တို့ဟာ အနီရောင်ပြောင်းလာပြီး အရေခွံတွေကွာကျလာကာ ယားယံလာမှာ ဖြစ်ပါတယ်။ ပဲဂျက် ရောဂါ (Paget’s Disease) ရောဂါ ဖြစ်ပွားတဲ့ လူ ၉၀ ရာခိုင်နှုန်းမှာ ရင်သားကင်ဆာပါ ရှိတတ်ကြပေမဲ့
ပဲဂျက် ရောဂါ (Paget’s Disease) တွေကတော့ ရင်သားကင်ဆာ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ၅ ရာခိုင်နှုန်း ခန့်သာရှိပါတယ်။ ပဲဂျက် ရောဂါ (Paget’s Disease) ရှိနေတဲ့ လူတွေ ၉၀ ရာခိုင်နှုန်းလောက်မှာ ရင်သားကင်ဆာပါ ရှိနေတတ်တာမို့ ရောဂါ လက္ခဏာတွေကို အရင်ဆုံး သိဖို့ က အရမ်း အရေးကြီးပါတယ်။ လက်ရှိအချိန်ထိ ဘာကြောင့် ပဲဂျက် ရောဂါ (Paget’s Disease) ဖြစ်ပွားရသလဲဆိုတဲ့ အကြောင်းရင်းကို မသိကြသေးပေမဲ့ ဖြစ်နိုင်ချေ နှစ်ခုထဲ က ပထမတစ်ခုကတော့ ကင်ဆာဆဲလ်တွေဟာ ရင်သားအတွင်းက နို့သယ်ပြွန်တွေထဲမှာ စတင်ကြီး
ထွားလာပြီးနောက်မှာ ရင်သားထိပ်ခေါင်း အထိ ကြီးထွားလာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီဖြစ်နိုင်ချေကတော့ ပဲဂျက် ရောဂါ (Paget’s Disease) ဖြစ်နေတဲ့ လူတွေမှာ ရင်သားကင်ဆာ ပါရှိနေတယ်ဆိုတဲ့ ဖြစ်ရပ်ကို အတည်ပြုပေးနိုင်ပါတယ်။ နောက်ယူဆချက်ကတော့ ရင်သားထိပ်ခေါင်းက ဆဲလ်တွေသာ ကင်ဆာဆဲလ်တွေ ဖြစ်နေတဲ့ ဖြစ်စဉ်ဖြစ်ပြီး ရင်သားထိပ်ခေါင်းမှာ ပဲဂျက် ရောဂါ (Paget’s Disease) ရောဂါပဲ ဖြစ်နေတဲ့လူတွေနဲ့ ပဲဂျက် ရောဂါ (Paget’s Disease) နဲ့မဆိုင်ဘဲ ရင်သားကင်ဆာ သပ်သပ် ထပ်ဖြစ်နေတဲ့ ဖြစ်ရပ်ကို အတည်ပြုပေးနိုင်ပါတယ်။

ရင်သားထိပ်ခေါင်းမှာ ဖြစ်တဲ့ ပဲဂျက် ရောဂါ (Paget’s Disease) ဟာ အမျိုးသမီးတွေမှာသာ ပိုအတွေ့ရများပေမဲ့ ရင်သားကင်ဆာတွေလိုမျိုးပဲ အမျိုးသားတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ National Cancer Institute ရဲ့ လေ့လာချက်တွေအရ အမျိုးသမီးတွေမှာ ပျှမ်းမျှ အသက် ၆၂ နှစ်ဆိုရင် ပဲဂျက် ရောဂါ (Paget’s Disease) ဖြစ်ပွားတတ်ပြီး အမျိုးသားတွေမှာကတော့ ပျှမ်းမျှ ၆၉ နှစ်မှာ ဖြစ်ပွားတတ်ပါတယ်။ ပဲဂျက်ရောဂါရဲ့ ကနဦး လက္ခဏာတွေကတော့ ရင်သားထိပ်ခေါင်းမည်းလာခြင်းနဲ့အတူ-

     ရင်သားထိပ်ခေါင်းပြားလာခြင်း၊
     ရင်သားထိပ်ခေါင်းမှ အဝါရောင်နဲ့ သွေးပါသော ခန္ဓာကိုယ်ထွက် အရည်များ ထွက်လာခြင်း၊
    ရင်သားထိပ်ခေါင်းမှ ကြွပ်ဆပ်မာကျောသောအရေပြားများကွာကျခြင်း၊
    ရင်သားထိပ်ခေါင်းတွင် ယားယံခြင်း တို့ကိုပါ ပူးတွဲခံစားကြရတတ်ကြပါတယ်။

ဒီကင်ဆာမျိုုးကို အပျိုဖော်ဝင်ပြီးတဲ့ အချိန်ကစလို့ စတင်ဖြစ်ပွားတတ်ကြပေမဲ့ လူငယ်တွေထက် လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ အကယ်၍ ဒီလိုဝေဒနာတွေနဲ့ အတူ ရင်သားပါ မည်းလာမယ်ဆိုရင် ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားတွေရမလဲ။

ခန္ဓာကိုယ် ဖွံ့ဖြိုးလာပြီး အသက်ကြီးလာတာနဲ့ အမျှ ရင်သားနဲ့ ရင်သားထိပ်ခေါင်းတွေက သဘာဝအတိုင်း လိုက်လံပြောင်းလဲလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝ ဖြစ်စဉ်တွေဖြစ်တဲ့
ဓမ္မတာ လာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ နို့ချို့တိုက်ကျွေးခြင်းတို့ကလည်း ရင်သားကိုပိုပြီး မည်းလာစေမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ်တွေကြောင့် ရင်သားထိပ်ခေါင်း မည်းလာတာဆိုရင် စိုးရိမ်စရာ မရှိပေမဲ့ အောက်ပါ အချက်တွေပါ တွဲပြီး ဖြစ်ပေါ်လာရင်တော့ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။

     အရေပြား အရေခွံတွေ ကွာကျခြင်း၊
    ရင်သားထိပ်ခေါင်း တစ်ဖက်တည်းကသာ အရောင်ပြောင်းလာခြင်း၊
    ယားယံခြင်း၊
    ရင်သားတစ်ဝိုက် နီလာခြင်း၊
    အဖုအကျိတ် တို့ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

နိဂုံးချုပ်။

နိဂုံးချုပ် အနေနဲ့ ပြောရမယ်ဆိုရင် ရင်သားအရောင်ဟာ သဘာဝ ဖြစ်စဉ်များအလိုက် လိုက်လံပြောင်းလဲတတ်ပါတယ်။ ဒီကြောင့် ရင်သား အရောင်ပြောင်းလဲတာက ဘာမှ စိုးရိမ်စရာ မရှိဘဲ ပုံမှန် ဖြစ်စဉ်တွေ ဖြစ်တဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုတွေ ပြီးသွားတာနဲ့ အရောင် ပြန်ဖျော့သွားမှာ ဖြစ်ပါတယ်။ တစ်ခုတည်းသော စိုးရိမ်စရာတစ်ခုကတော့ ရင်သားထိပ်ခေါင်း မည်းလာတာနဲ့ အတူ တစ်ခြား ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေပါ ဖြစ်လာတဲ့ ဖြစ်စဉ်ဖြစ်ပြီး ဒီလိုဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသကုသသင့်ပါတယ်။

Credit  : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top