iMyanmarHouse.com - Best Property Website for Myanmar
×



ပါးစပ်အဟောင်းသွားဖြစ်သွားစေမယ့် ဝါဆိုမိုးဦးရဲ့ KiKi Challenge ဗီဒီိယို


Credit: MMCele
# Unicode Version ဖြင့် ဖတ်ပါ #
KiKi Challenge လုပ်ပြီး သူ့ထက်ငါအမိုက်စားကပြကြတဲ့ ဗီဒီယိုလေးတွေက လတ်တလော လူမှုကွန်ယက်ပေါ်မှာ ခေတ်စားနေတာပဲ ဖြစ်ပါတယ်။ KiKi Challenge ကတော့ အဆိုတော် Drake ရဲ့ In My Feeling သီချင်းလေးနဲ့ ချစ်စရာကောင်မလေးတွေ အများဆုံးကကြတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့လေးမှာလည်း မြန်မာနိုင်ငံရဲ့ ဆွဲဆောင်မှုရှိလှတဲ့ မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ဝါဆိုမိုးဦးက ပရိသတ်တွေကိုစိန်ခေါ်ပြီး KiKi Challenge ကို အမိုက်စား ကပြခဲ့တာပါ။ ချစ်ပရိသတ်တွေအတွက် ဝါဆိုမိုးရဲ့ အကဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝါဆိုမိုးဦးကတော့ “ကဲ အားလုံးကို Kiki challenge လိုက်ပြီနော် #kikichallenge #inmyfeeling #drake #warsomoeoo” ဆိုပြီး ပရိသတ်တွေကိုလည်း အတူကကြဖို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ စိန်ခေါ်ထားပါသေးတယ်။

ပါးစပ်အဟောင်းသွားဖြစ်သွားစေမယ့် ဝါဆိုမိုးဦးရဲ့ KiKi Challenge ဗီဒီယို

ဘိုဆန်ဆန်မျက်နှာကျလေးနဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် အဆိုတော်မလေးဝါဆိုမိုးဦးကတော့ သူမကိုယ်သူမ အမြဲယုံကြည်မှုရှိနေတတ်သူတစ်ဦးပါ။ ဝါဆိုကတော့ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမကပဲ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဝါဆိုမိုးဦးကတော့ ချစ်သူဖြိုးလေးနဲ့အတူ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပျော်ရွှင်စရာအချစ်ခရီးလမ်းကို အတူဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

Credit: MMCele
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top