iMyanmarHouse.com - Best Property Website for Myanmar
×

 ေနေလး နည္းနည္းျပင္းလာတဲ့အခါ အဆီေတြ တဝင္းဝင္းျဖစ္လာၿပီး ၾကည့္လို႔မလွ အဆင္မေျပျဖစ္ရတဲ့ ပ်ိဳပ်ိဳေမတို္အတြက္ က်န္းမာေရးနဲ႔လည္းညီၫြတ္ သဘာဝလည္းက်တဲ့ တိုနာေတြကို မွ်ေဝပါရေစ။

●        ပန္းသီးရွာလကာရည္ - ပန္းသီးရွာလကာရည္ တစ္ဇြန္းကို ေရတစ္ဖန္ခြက္နဲ႔ ေရာလိုက္ၿပီး သမေအာင္ေမႊေနာ္။ ၿပီးရင္ ဂြမ္းလံုးေလးနဲ႔ မ်က္ႏွာတစ္ျပင္လံုး အသာတို႔ သုတ္ေပးလိုက္ပါ။

●        ေရေႏြးဆူဆူ တစ္ဖန္ခြက္ထဲကို ပူစီနံရြက္ ေလး၊ ငါး ရြက္ ထည့္လိုက္ပါ။ ခဏေလာက္ အေအးခံလိုက္ပါ။ လံုးဝေအးသြားၿပီဆိုရင္ အရည္ကို ဂြမ္းလံုးေလးနဲ႔ယူၿပီး တို႔သုတ္ေပးပါ။

●        လက္ဖက္ေျခာက္ထုပ္ေလး ထည့္ထားတဲ့ လက္ဖက္စိမ္းေရေႏြးထဲကို သံပရာရည္ ေလး၊ ငါး စက္ေလာက္ ညႇစ္ထည့္လိုက္ပါ။ အေအးခံၿပီး ဂြမ္းလံုးေလးနဲ႔ ယူလို႔ အသာအယာ တို႔သုတ္ႏိုင္ပါၿပီ။

●        သခြားသီး ေလး၊ ငါး စိတ္ကို ေသးေသးမႊာမႊာေလးေတြ စိတ္ၿပီး ေရေအးထဲကို ထည့္ထားပါ။ ႏွစ္နာရီကေန ေလးနာရီထိ ေရခဲေသတၱာထဲ ထည့္ထားပါ။ ၿပီးရင္ သခြားေရေအးေလးနဲ႔ တိုနာ လုပ္ႏိုင္ပါၿပီ။

●        ရွားေစာင္းလက္ပတ္ အႏွစ္ကို ေရတစ္ဖန္ခြက္နဲ႔ ေရာစပ္ပါ။ သမေအာင္ ေမႊၿပီးတဲ့အခါ  မ်က္ႏွာေပၚကို တို႔ႏိုင္ပါၿပီ။

●        ေရခဲေရ၊ ေရခဲတံုး သို္႔မဟုတ္ ေရခဲေရေလးကို ဂြမ္းနဲ႔တို႔ၿပီး မ်က္ႏွာေပၚကို တို႔သုတ္ေပးတာဟာ ေခြၽးေပါက္ေလးေတြကို က်ဥ္းသြားေစၿပီး အဆီျပန္တာကို အထိုက္အေလ်ာက္ သက္သာေစပါတယ္။

          တကယ္ေတာ့ တိုနာဆိုတာ အသားအေရကို အဆီမျပန္ဖို႔ မွ်ေျခထိန္းသိမ္းေပးတဲ့ မရွိမျဖစ္ လိုအပ္ခ်က္တစ္ခု ျဖစ္ပါတယ္။  တိုနာကို  မ်က္ႏွာသစ္ၿပီးတိုင္း မွန္မွန္ အသံုးျပဳေပးႏိုင္ပါတယ္။ ကိုယ္နဲ႔ တည့္မယ့္၊ အဆင္ေျပမယ္ ထင္တာကို ေရြးခ်ယ္ အသံုးျပဳႏိုင္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ အသားအေရ အမ်ိဳးအစား ကြာတာေၾကာင့္ ဘယ္သူက ဘာနဲ႔တည့္မလဲ၊ အဆင္ေျပမယ္ မသိႏိုင္ပါဘူး။ Miss Universe 2018 ဖိလစ္ပင္းအလွမယ္ ကာထရီ႐ိုနာဂေရးကေတာ့ ပန္းသီးရွာလကာရည္ေလးနဲ႔မွ အဆင္ေျပတတ္ပါသတဲ့။

          သဘာဝတိုနာေလးေတြနဲ႔ ေငြကုန္သက္သာတဲ့အျပင္ မ်က္ႏွာေလးလည္း  အဆီျပန္ျခင္း ကင္းေဝးၿပီး လန္းဆန္းစိုေျပႏိုင္ပါေစ။

Credit: ဂ်ီပီငွက္ (ေဆး/မန္း) (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
 နေလေး နည်းနည်းပြင်းလာတဲ့အခါ အဆီတွေ တဝင်းဝင်းဖြစ်လာပြီး ကြည့်လို့မလှ အဆင်မပြေဖြစ်ရတဲ့ ပျိုပျိုမေတိုအတွက် ကျန်းမာရေးနဲ့လည်းညီညွတ် သဘာဝလည်းကျတဲ့ တိုနာတွေကို မျှဝေပါရစေ။



●        ပန်းသီးရှာလကာရည် - ပန်းသီးရှာလကာရည် တစ်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ ရောလိုက်ပြီး သမအောင်မွှေနော်။ ပြီးရင် ဂွမ်းလုံးလေးနဲ့ မျက်နှာတစ်ပြင်လုံး အသာတို့ သုတ်ပေးလိုက်ပါ။

●        ရေနွေးဆူဆူ တစ်ဖန်ခွက်ထဲကို ပူစီနံရွက် လေး၊ ငါး ရွက် ထည့်လိုက်ပါ။ ခဏလောက် အအေးခံလိုက်ပါ။ လုံးဝအေးသွားပြီဆိုရင် အရည်ကို ဂွမ်းလုံးလေးနဲ့ယူပြီး တို့သုတ်ပေးပါ။

●        လက်ဖက်ခြောက်ထုပ်လေး ထည့်ထားတဲ့ လက်ဖက်စိမ်းရေနွေးထဲကို သံပရာရည် လေး၊ ငါး စက်လောက် ညှစ်ထည့်လိုက်ပါ။ အအေးခံပြီး ဂွမ်းလုံးလေးနဲ့ ယူလို့ အသာအယာ တို့သုတ်နိုင်ပါပြီ။

●        သခွားသီး လေး၊ ငါး စိတ်ကို သေးသေးမွှာမွှာလေးတွေ စိတ်ပြီး ရေအေးထဲကို ထည့်ထားပါ။ နှစ်နာရီကနေ လေးနာရီထိ ရေခဲသေတ္တာထဲ ထည့်ထားပါ။ ပြီးရင် သခွားရေအေးလေးနဲ့ တိုနာ လုပ်နိုင်ပါပြီ။

●        ရှားစောင်းလက်ပတ် အနှစ်ကို ရေတစ်ဖန်ခွက်နဲ့ ရောစပ်ပါ။ သမအောင် မွှေပြီးတဲ့အခါ  မျက်နှာပေါ်ကို တို့နိုင်ပါပြီ။

●        ရေခဲရေ၊ ရေခဲတုံး သို့်မဟုတ် ရေခဲရေလေးကို ဂွမ်းနဲ့တို့ပြီး မျက်နှာပေါ်ကို တို့သုတ်ပေးတာဟာ ချွေးပေါက်လေးတွေကို ကျဉ်းသွားစေပြီး အဆီပြန်တာကို အထိုက်အလျောက် သက်သာစေပါတယ်။

          တကယ်တော့ တိုနာဆိုတာ အသားအရေကို အဆီမပြန်ဖို့ မျှခြေထိန်းသိမ်းပေးတဲ့ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။  တိုနာကို  မျက်နှာသစ်ပြီးတိုင်း မှန်မှန် အသုံးပြုပေးနိုင်ပါတယ်။ ကိုယ်နဲ့ တည့်မယ့်၊ အဆင်ပြေမယ် ထင်တာကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အသားအရေ အမျိုးအစား ကွာတာကြောင့် ဘယ်သူက ဘာနဲ့တည့်မလဲ၊ အဆင်ပြေမယ် မသိနိုင်ပါဘူး။ Miss Universe 2018 ဖိလစ်ပင်းအလှမယ် ကာထရီရိုနာဂရေးကတော့ ပန်းသီးရှာလကာရည်လေးနဲ့မှ အဆင်ပြေတတ်ပါသတဲ့။

          သဘာဝတိုနာလေးတွေနဲ့ ငွေကုန်သက်သာတဲ့အပြင် မျက်နှာလေးလည်း  အဆီပြန်ခြင်း ကင်းဝေးပြီး လန်းဆန်းစိုပြေနိုင်ပါစေ။

Credit: ဂျီပီငှက် (ဆေး/မန်း) (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top