iMyanmarHouse.com - Best Property Website for Myanmar
×







Credit: PoPin
# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာအိုင်ဒေါ Season 3 ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ဖြိုးမြတ်အောင်က ဒိုင်ပွဲရပ်နဲ့ မြန်မာအိုင်ဒေါ ဝင်နာတစ်ယောက် ဖြစ်ခဲ့ပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ ကျန်းမာရေးအခြေအနေကြောင့် ဖိုင်နယ်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

မြန်မာအိုင်ဒေါ season 2 မှာ ပရိသတ်များစွာကြိုက်နှစ်သက်ခဲ့တဲ့ အဆိုတော်တွေထဲမှာ ရဲနောင်လဲ အပါအဝင်ဖြစ်ပါတယ်။ အခုဆိုရင် ရဲနောင်က သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ ချမ်းမြေ့မောင်ချိုက သူ့ကို ပြင်းထန်စွာ ဝေဖန်ခဲ့တဲ့ ကွန်မန့်တွေကို တင်ထားခဲ့ပါတယ်။

ရဲနောင် ရေးသားထားတာကတော့ “အခုချိန်အထိ ကိုဟန်ထွန်းနဲ့ဆုံရင်တောင် နှူတ်မဆက်ရဲဘူး။ ကိုယ်တိုင်ကြုံတွေ့ရမှ ဒီစိတ်ခံစားချက်ကို နားလည်မှာပါ ။ နားလည်သွားပြီ လို့လဲထင်ပါတယ် ညီမလေး ရေ။ အဲ့ဒီအချိန်က သာ မပြုတ်ခဲ့ရင် ဒီအချိန် ရဲနောင် ရှိပါ့ဦးမလားမသိဘူး အများနဲ့ တစ်ယောက်လို ဖြစ်သွားရတဲ့ ခံစားချက်က ကြုံဖူးမှပဲ သိရတာပါ ။ Fighting ညီမလေးရေ နေ အမြန်ပြန်ကာင်းပါစေ ။ ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ရဲနောင်ကတော့ ချမ်းမြေ့မောင်ချိုအတွက် နေအမြန်ကောင်းဖို့ ဆုတောင်းပေးထားပြီး၊ ဝေဖန်ခံရတဲ့ ခံစားချက်က ဘယ်လောက်ဆိုးကြောင်းကို ရင်ဖွင့်သွားခဲ့ပါတယ်။

ရဲနောင်ရဲ့ ပို့စ်အောက်မှာလဲ ထင်မြင်ချက်တွေ များစွာနဲ့ ကွန်မန့်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
ပရိသတ်ကြီးရဲ့ အမြင်ကိုလည်း ပြောပြပေးသွားပါဦးနော်… ။

Credit: PoPin
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top