iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မ်ိဳပြားအဂၤါကေန ေရာဂါပိုးေတြ ကူးစက္ခံရမယ္ဆိုရင္ သေႏၶသားေရာ ေမေမေလာင္းတို႔အတြက္ပါ အႏၱရာယ္ေတြ ရွိလာႏိုင္ပါတယ္။

အမ်ိဳးသမီးေတြရဲ႕ မ်ိဳးပြားအဂၤါ ဒါမွမဟုတ္ လိင္အဂၤါ က အ႐ြယ္ေရာက္ခ်ိန္ကစၿပီး ေသြးဆံုးတဲ့အခ်ိန္ထိ အလုပ္လုပ္ပါတယ္။ ေရာဂါပိုးေတြ ကူးစက္လြယ္တဲ့ ခႏၶာကိုယ္အဂၤါရပ္ေတြထဲမွာ ဒီ မ်ိဳးပြားအဂၤါလည္း ပါဝင္ေနပါတယ္။ သာမန္အခ်ိန္ေတြမွာေတာင္ မ်ိဳးပြားအဂၤါေတြကို သတိထားၿပီးဂ႐ုစိုက္ေပးရပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာေကာ မ်ိဳးပြားအဂၤါကို ဘယ္လိုဂ႐ုစိုက္ေပးရမလဲ။ ဘာအေျပာင္းအလဲေတြ ရွိမလဲ။

အမ်ိဳးသမီးေတြရဲ႕ မ်ိဳးပြားအဂၤါ ဒါမွမဟုတ္ လိင္အဂၤါ က အ႐ြယ္ေရာက္ခ်ိန္ကစၿပီး ေသြးဆံုးတဲ့အခ်ိန္ထိ အလုပ္လုပ္ပါတယ္ (Photo by vitaMedMD) ကိုယ္ဝန္ေဆာင္ခ်ိန္တြင္း မ်ိဳးပြားအဂၤါမွာ ဘာေတြေျပာင္းလဲမလဲ

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မ်ိဳးပြားအဂၤါကို အရင္ကထက္ ပိုသတိထားဖို႔လိုပါတယ္။ မ်ိဳပြားအဂၤါကေန ေရာဂါပိုးေတြ ကူးစက္ခံရမယ္ဆိုရင္ သေႏၶသားေရာ ေမေမေလာင္းတို႔အတြက္ပါ အႏၱရာယ္ေတြ ရွိလာႏိုင္ပါတယ္။ မ်ိဳးပြားအဂၤါကေန ေရာဂါပိုးေတြကူးစက္ခံရတယ္ဆိုရင္ ပထမဆုံးေရာဂါလကၡဏာက ဆီးအေရာင္ေျပာင္းလဲတာပါ။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဆီးအေရာင္ေျပာင္းလဲတာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ႏိုင္ေပမယ့္လည္း ဘာေၾကာင့္ ေျပာင္းလဲတယ္ဆိုတာ သိဖို႔ ႀကိဳးစားသင့္ပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မ်ိဳးပြားအဂၤါမွ ေသြးအနည္းငယ္ဆင္းတာနဲ႔ အျဖဴအနညး္ငယ္ဆင္းတာကို ၾကံဳေတြ႕ရႏုိင္ပါတယ္။ ဒီလိုအနည္းငယ္ဆင္းတာက သားအိမ္ေခါင္းက ကေလးေမြးဖြားဖို႔အတြက္ ျပင္ဆင္ေနတာမို႔ပါ။ အနည္းငယ္ထက္ပိုၿပီး ေသြးဆင္းတာ ဒါမွမဟုတ္ သံသယဝင္တယ္ဆိုရင္ ဆရာဝန္ဆီကို အျမန္ဆံုးျပသေပးဖုိ႔ တိုက္တြန္းလိုက္ပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မ်ိဳးပြားအဂၤါမွ ေသြးအနည္းငယ္ဆင္းတာနဲ႔ အျဖဴအနညး္ငယ္ဆင္းတာကို ၾကံဳေတြ႕ရႏုိင္ပါတယ္ (Photo by BabyInfo)
ဆရာဝန္ ဒါမွမဟုတ္ သူနာျပဳကို ဘယ္အခ်ိန္မွာ ျပသေပးရမလဲ

    ေသြးအေရာင္ေျပာင္းလဲတာ
    ထူးဆန္းတဲ့ အနံ႔ေတြရတာ
    ယားယံတာနဲ႔ အနာျဖစ္တာေတြ ၾကံဳေတြ႕ရမယ္ဆိုရင္ အျမန္ဆံုးျပသေပးသင့္ပါတယ္။

အျဖဴဆင္းတဲ့အခါ အနံ႔ဆိုး ေတြထြက္ေနတယ္ဆိုရင္ ေမေမေလာင္းတို႔ ေပါ့ေပါ့ဆဆမေနသင့္ပါဘူး။ မႏွစ္ၿမိဳ႕ဖြယ္အနံ႔ေတြရေနတယ္ဆိုရင္ အျမန္ဆံုးေဆးကုသမႈ ခံယူသင့္ပါတယ္။ ထူးဆန္းတဲ့အနံ႔ထြက္တာ၊ ယားယံတာနဲ႔ အနာျဖစ္တာေတြက မ်ိဳးပြားအဂၤါကေန ေရာဂါပိုး ကူးစက္ခံရတာပါ။

ဒီလိုကူးစက္ခံရတဲ့အခါ ေဆးဝါးေတြကို အလြယ္တကူေသာက္သံုးတာမလုပ္ဘဲ ဆရာဝန္နဲ႔ အျမန္ဆံုးျပသေပးသင့္ပါတယ္။ ဆရာဝန္ရဲ႕ ညႊန္ၾကားခ်က္ကို လိုက္နာဖို႔လိုပါတယ္။ ဒီလို ကူးစက္ခံရတဲ့အခါ ဆရာဝန္နဲ႔ သားဖြားဆရာမေတြကို ပြင့္ပြင့္လင္းလင္းေဆြးေႏြးဖို႔ လိုပါတယ္။ ဒီလိုျပႆနာၾကံဳေတြ႕ရတဲ့အခါ ေလဝင္ေလထြက္ေကာင္းတဲ့ အဝတ္အစားေတြကို ေ႐ြးခ်ယ္ဝတ္တာကို ျပဳလုပ္ေပးပါ။ အေမႊးနံ႔ပါဝင္တဲ့ ဆပ္ျပာေတြကိုသံုးတာနဲ႔ ျပင္းထန္တဲ့ ဆပ္ျပာမႈန္႔သံုးတာကို ေရွာင္ရွားေပးပါ။

မ်ိဳးပြားအဂၤါေသြးဆင္တာလြန္လာခဲ့ရင္ တခါတရံ ကိုယ္ဝန္ပ်က္က်တာေတြ၊ အခ်င္းျပႆနာေတြနဲ႔ ဆီးလမ္းေၾကာင္းပိုးဝင္တာေတြ ၾကံဳေတြ႕ရပါတယ္။ ဒီလို လကၡဏာေတြ ၾကံဳေတြ႕လာၿပီဆိုရင္ အျမန္ဆံုးျပသေပးဖို႔ Kalay ကေန တုိက္တြန္းလိုက္ပါတယ္။

Credit: KaLay
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ်ဝန်ဆောင်ချိန်မှာ မျိုပွားအင်္ဂါကနေ ရောဂါပိုးတွေ ကူးစက်ခံရမယ်ဆိုရင် သန္ဓေသားရော မေမေလောင်းတို့အတွက်ပါ အန္တရာယ်တွေ ရှိလာနိုင်ပါတယ်။

အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါ ဒါမှမဟုတ် လိင်အင်္ဂါ က အရွယ်ရောက်ချိန်ကစပြီး သွေးဆုံးတဲ့အချိန်ထိ အလုပ်လုပ်ပါတယ်။ ရောဂါပိုးတွေ ကူးစက်လွယ်တဲ့ ခန္ဓာကိုယ်အင်္ဂါရပ်တွေထဲမှာ ဒီ မျိုးပွားအင်္ဂါလည်း ပါဝင်နေပါတယ်။ သာမန်အချိန်တွေမှာတောင် မျိုးပွားအင်္ဂါတွေကို သတိထားပြီးဂရုစိုက်ပေးရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာကော မျိုးပွားအင်္ဂါကို ဘယ်လိုဂရုစိုက်ပေးရမလဲ။ ဘာအပြောင်းအလဲတွေ ရှိမလဲ။

အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါ ဒါမှမဟုတ် လိင်အင်္ဂါ က အရွယ်ရောက်ချိန်ကစပြီး သွေးဆုံးတဲ့အချိန်ထိ အလုပ်လုပ်ပါတယ် (Photo by vitaMedMD)
ကိုယ်ဝန်ဆောင်ချိန်တွင်း မျိုးပွားအင်္ဂါမှာ ဘာတွေပြောင်းလဲမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မျိုးပွားအင်္ဂါကို အရင်ကထက် ပိုသတိထားဖို့လိုပါတယ်။ မျိုပွားအင်္ဂါကနေ ရောဂါပိုးတွေ ကူးစက်ခံရမယ်ဆိုရင် သန္ဓေသားရော မေမေလောင်းတို့အတွက်ပါ အန္တရာယ်တွေ ရှိလာနိုင်ပါတယ်။ မျိုးပွားအင်္ဂါကနေ ရောဂါပိုးတွေကူးစက်ခံရတယ်ဆိုရင် ပထမဆုံးရောဂါလက္ခဏာက ဆီးအရောင်ပြောင်းလဲတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးအရောင်ပြောင်းလဲတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့်လည်း ဘာကြောင့် ပြောင်းလဲတယ်ဆိုတာ သိဖို့ ကြိုးစားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မျိုးပွားအင်္ဂါမှ သွေးအနည်းငယ်ဆင်းတာနဲ့ အဖြူအနည်းငယ်ဆင်းတာကို ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအနည်းငယ်ဆင်းတာက သားအိမ်ခေါင်းက ကလေးမွေးဖွားဖို့အတွက် ပြင်ဆင်နေတာမို့ပါ။ အနည်းငယ်ထက်ပိုပြီး သွေးဆင်းတာ ဒါမှမဟုတ် သံသယဝင်တယ်ဆိုရင် ဆရာဝန်ဆီကို အမြန်ဆုံးပြသပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မျိုးပွားအင်္ဂါမှ သွေးအနည်းငယ်ဆင်းတာနဲ့ အဖြူအနည်းငယ်ဆင်းတာကို ကြုံတွေ့ရနိုင်ပါတယ် (Photo by BabyInfo)
ဆရာဝန် ဒါမှမဟုတ် သူနာပြုကို ဘယ်အချိန်မှာ ပြသပေးရမလဲ

    သွေးအရောင်ပြောင်းလဲတာ
    ထူးဆန်းတဲ့ အနံ့တွေရတာ
    ယားယံတာနဲ့ အနာဖြစ်တာတွေ ကြုံတွေ့ရမယ်ဆိုရင် အမြန်ဆုံးပြသပေးသင့်ပါတယ်။

အဖြူဆင်းတဲ့အခါ အနံ့ဆိုး တွေထွက်နေတယ်ဆိုရင် မေမေလောင်းတို့ ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။ မနှစ်မြို့ဖွယ်အနံ့တွေရနေတယ်ဆိုရင် အမြန်ဆုံးဆေးကုသမှု ခံယူသင့်ပါတယ်။ ထူးဆန်းတဲ့အနံ့ထွက်တာ၊ ယားယံတာနဲ့ အနာဖြစ်တာတွေက မျိုးပွားအင်္ဂါကနေ ရောဂါပိုး ကူးစက်ခံရတာပါ။

ဒီလိုကူးစက်ခံရတဲ့အခါ ဆေးဝါးတွေကို အလွယ်တကူသောက်သုံးတာမလုပ်ဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးသင့်ပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့လိုပါတယ်။ ဒီလို ကူးစက်ခံရတဲ့အခါ ဆရာဝန်နဲ့ သားဖွားဆရာမတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ လိုပါတယ်။ ဒီလိုပြဿနာကြုံတွေ့ရတဲ့အခါ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်တာကို ပြုလုပ်ပေးပါ။ အမွှေးနံ့ပါဝင်တဲ့ ဆပ်ပြာတွေကိုသုံးတာနဲ့ ပြင်းထန်တဲ့ ဆပ်ပြာမှုန့်သုံးတာကို ရှောင်ရှားပေးပါ။

မျိုးပွားအင်္ဂါသွေးဆင်တာလွန်လာခဲ့ရင် တခါတရံ ကိုယ်ဝန်ပျက်ကျတာတွေ၊ အချင်းပြဿနာတွေနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာတွေ ကြုံတွေ့ရပါတယ်။ ဒီလို လက္ခဏာတွေ ကြုံတွေ့လာပြီဆိုရင် အမြန်ဆုံးပြသပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Credit: KaLay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top