iMyanmarHouse.com - Best Property Website for Myanmar
×

ေဆးကုသမႈ ဆက္လက္ခံယူေနပါတယ္။

ေနမေကာင္းတဲ့ ၾကားထဲက Myanmar Idol Grand Final မွာ သြားေရာက္ေဖ်္ာေျဖေပးခဲ့တဲ့ သမီးေလးကိုၾကည့္ၿပီး အဆိုေတာ္ အိအိက ယခုလို စာသားေလးေရးသားထားတာျဖစ္ပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳအတြက္ မိခင္ျဖစ္သူ အဆိုေတာ္ အိအိက ဂုဏ္ယူလို႔ေနပါတယ္။ ေနမေကာင္းတဲ့ ၾကားထဲက Myanmar Idol Grand Final မွာ သြားေရာက္ေဖ်္ာေျဖေပးခဲ့တဲ့ သမီးေလးကိုၾကည့္ၿပီး အဆိုေတာ္ အိအိက ယခုလို စာသားေလးေေရးသားထားတာျဖစ္ပါတယ္။

“သမီးေလး အတြက္ အေမဂုဏ္ယူဝမ္းေျမာက္လ်က္ပါ.။ေပ်ာ္ၿပီးေမာသြားတယ္ ထငိတယ္.။သမီးေလးကို ခ်စ္ေပးၾကတဲ့ အားလုံး အားလုံး ေသာ ခ်စ္သူ ခင္သူ ျမတ္ႏိုးသူ မ်ား ေတေယာက္ခ်င္းဆီကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ေနာ္..” ဆိုၿပီး အဆိုေတာ္ အိအိရဲ႕ ေဖ့စ္ဘြတ္မွာ ၾသဂုတ္လ(၁၂) ရက္ေန႔ ေရးသားထားတာေတြ႕ရပါတယ္။

ေမာင္ခ်ိဳရဲ႕ ပရိသတ္ေတြကလည္း သူမကို က်န္းမာေရး ဂ႐ုစိုက္ဖို႔ကိုလည္း ေျပာထားၾကပါေသးတယ္။ ၿပိဳင္ပြဲႀကီး အၿပီးမွာေဆးကုမႈ ဆက္လက္ခံယူေနရတဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳရဲ႕ ပုံရိပ္ေလးေတြကိုလည္း ပရိသတ္ေတြအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ေနာ္။ ခ်မ္းေျမ့ ေမာင္ခ်ိဳ ဟာ Winner ဆုကို မပိုင္ခဲ့ရေပမယ့္လည္း 1st Runner Up ဆုကို ရရွိခဲ့သူျဖစ္ပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳက Grand Final ပြဲ မက်င္းပခင္ ၾသဂုတ္လ ၉ ရက္ေန႔ကစၿပီး အာသီးေရာင္ျခင္း၊ တုတ္ေကြးေရာဂါျဖစ္ျခင္းနဲ႔ ေလးဖက္နာ (ASO) တက္ျခင္း စတဲ့ ေဝဒနာေတြေၾကာင့္ သုခကမာၻေဆး႐ုံမွာ တက္ေရာက္ေဆးကုသမႈ ခံယူေနရတာျဖစ္ပါတယ္။

ၾသဂုတ္လ ၁၁ ရက္ေန႔ Final ၿပိဳင္ပြဲ မစခင္ ညေန ၃ နာရီကလည္း Rehearsal အၿပီးမွာလည္း ၿပိဳင္ပြဲဝင္ေတြက က်န္းမာေရး မေကာင္းေသးတဲ့ ခ်မ္းေျမ့ ေမာင္ခ်ိဳကို သြားေရာက္ၿပီး အားေပးစကားေျပာခဲ့ ၾကပါတယ္။

ပရိသတ္ေတြကလည္း ခ်မ္းေျမ့ေမာင္ခ်ိဳတစ္ေယာက္ ေနာက္ဆုံးၿပိဳင္ပြဲကို လာေရာက္သီဆို ႏိုင္ ျခင္းရွိမရွိကို အားလုံးက စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ေမွ်ာ္ခဲ့ၾက ေပမယ့္ ပရိသတ္ေတြ ေစာင့္ေမွ်ာ္သလို လာေရာက္ယွဥ္ၿပိဳင္ႏိုင္ခဲ့ျခင္း မရွိပါဘူး။

ခ်မ္းေျမ့ေမာင္ခ်ိဳဟာ Myanmar Idol Grand Final ပြဲႀကီးမွာ ပါဝင္ယွဥ္ၿပိဳင္ႏိုင္ျခင္း မရွိေပမယ့္လည္း သူမရဲ႕ ပရိသတ္ေတြအတြက္ သီခ်င္း တစ္ပုဒ္နဲ႔ လာေရာက္ေဖ်ာ္ေျဖေပးခဲ့ပါတယ္။ ေတးေရးကိုေဝႀကီး ေရးသားထားတဲ့ “သင့္အတြက္မနက္ျဖန္” ဆိုတဲ့ သီခ်င္းေလးနဲ႔ ပရိသတ္ ေတြကိုေဖ်ာ္ေျဖေပးခဲ့တာပါ။

အဲ့ဒီသီခ်င္းေလးဟာ Myanmar Idol Season 3 ရဲ႕ Winner အတြက္ ေရးေပးထားတဲ့ သီခ်င္းျဖစ္ေပမယ့္လည္း သူမက အဲ့ဒီသီခ်င္းေလးကို အရမ္းႀကိဳက္ခဲ့တာေၾကာင့္ Winner ၿဖိဳးျမတ္ေအာင္ က သူအတြက္ အဲ့ဒီသီခ်င္းေလးကို လက္ေဆာင္ေပးခဲ့ပါေသးတယ္။

” အစကတည္းက သမီးက ဒီသီခ်င္းေလးကို ႀကိဳက္တာပါ။ ဒီသီခ်င္းကိုလည္း Winner ကပဲ ရမယ္ဆိုတာ မသိခဲ့ပါဘူး။ ဟိုတစ္ေန႔ကမွ ဆရာကလည္း ဒါက Winner ကပဲ ရမွာ ဒုတိယက မရဘူးဆိုေတာ့ ဒီသီခ်င္းကို ဆိုဖို႔ ဒီေနရာကိုမေရာက္ေရာက္ေအာင္ လာဆိုတာ မဆိုလိုက္ရမွာ စိုးလို႔။ အခုလို သမီးကို သီခ်င္းလက္ေဆာင္ေပးတဲ့ ကိုၿဖိဳးျမတ္ေအာင္ကို အရမ္းေက်းဇူးတင္ပါတယ္” လို႔ ၾသဂုတ္လ(၁၁) ရက္ေန႔ က်င္းပခဲ့တဲ့ Myanmar Idol Grand Final ပြဲမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

သဂုတ္လ ၁၁ ရက္ေန႔ည ၇ နာရီ မိနစ္ ၃၀ အခ်ိန္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ Myanmar Idol Season 3 သီခ်င္းဆိုၿပိဳင္ပြဲႀကီးရဲ႕ Grand Final ပြဲမွာေတာ့ ၿပိဳင္ဘက္မရွိတဲ့ Winner ဆုရွင္အျဖစ္ ၿဖိဳးျမတ္ေအာင္က ဆုေငြ သိန္း ၅၀၀ နဲ႔အတူ မိုးျမန္မာ မီဒီယာက ထုတ္လုပ္ေပးတဲ့ Solo Album နဲ႔ Music Album တို႔ကို ရရွိပိုင္ဆိုင္ခဲ့ပါတယ္။

Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
ဆေးကုသမှု ဆက်လက်ခံယူနေပါတယ်။

နေမကောင်းတဲ့ ကြားထဲက Myanmar Idol Grand Final မှာ သွားရောက်ဖျေ်ာဖြေပေးခဲ့တဲ့ သမီးလေးကိုကြည့်ပြီး အဆိုတော် အိအိက ယခုလို စာသားလေးေရေးသားထားတာဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုအတွက် မိခင်ဖြစ်သူ အဆိုတော် အိအိက ဂုဏ်ယူလို့နေပါတယ်။ နေမကောင်းတဲ့ ကြားထဲက Myanmar Idol Grand Final မှာ သွားရောက်ဖျေ်ာဖြေပေးခဲ့တဲ့ သမီးလေးကိုကြည့်ပြီး အဆိုတော် အိအိက ယခုလို စာသားလေးေရေးသားထားတာဖြစ်ပါတယ်။

“သမီးလေး အတွက် အမေဂုဏ်ယူဝမ်းမြောက်လျက်ပါ.။ပျော်ပြီးမောသွားတယ် ထငိတယ်.။သမီးလေးကို ချစ်ပေးကြတဲ့ အားလုံး အားလုံး သော ချစ်သူ ခင်သူ မြတ်နိုးသူ များ တေယောက်ချင်းဆီကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်..” ဆိုပြီး အဆိုတော် အိအိရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၁၂) ရက်နေ့ ရေးသားထားတာတွေ့ရပါတယ်။

မောင်ချိုရဲ့ ပရိသတ်တွေကလည်း သူမကို ကျန်းမာရေး ဂရုစိုက်ဖို့ကိုလည်း ပြောထားကြပါသေးတယ်။ ပြိုင်ပွဲကြီး အပြီးမှာဆေးကုမှု ဆက်လက်ခံယူနေရတဲ့ ချမ်းမြေ့မောင်ချိုရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်နော်။ ချမ်းမြေ့ မောင်ချို ဟာ Winner ဆုကို မပိုင်ခဲ့ရပေမယ့်လည်း 1st Runner Up ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုက Grand Final ပွဲ မကျင်းပခင် သြဂုတ်လ ၉ ရက်နေ့ကစပြီး အာသီးရောင်ခြင်း၊ တုတ်ကွေးရောဂါဖြစ်ခြင်းနဲ့ လေးဖက်နာ (ASO) တက်ခြင်း စတဲ့ ဝေဒနာတွေကြောင့် သုခကမ္ဘာဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့ Final ပြိုင်ပွဲ မစခင် ညနေ ၃ နာရီကလည်း Rehearsal အပြီးမှာလည်း ပြိုင်ပွဲဝင်တွေက ကျန်းမာရေး မကောင်းသေးတဲ့ ချမ်းမြေ့ မောင်ချိုကို သွားရောက်ပြီး အားပေးစကားပြောခဲ့ ကြပါတယ်။

ပရိသတ်တွေကလည်း ချမ်းမြေ့မောင်ချိုတစ်ယောက် နောက်ဆုံးပြိုင်ပွဲကို လာရောက်သီဆို နိုင် ခြင်းရှိမရှိကို အားလုံးက စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ခဲ့ကြ ပေမယ့် ပရိသတ်တွေ စောင့်မျှော်သလို လာရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ချမ်းမြေ့မောင်ချိုဟာ Myanmar Idol Grand Final ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိပေမယ့်လည်း သူမရဲ့ ပရိသတ်တွေအတွက် သီချင်း တစ်ပုဒ်နဲ့ လာရောက်ဖျော်ဖြေပေးခဲ့ပါတယ်။ တေးရေးကိုဝေကြီး ရေးသားထားတဲ့ “သင့်အတွက်မနက်ဖြန်” ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ် တွေကိုဖျော်ဖြေပေးခဲ့တာပါ။

အဲ့ဒီသီချင်းလေးဟာ Myanmar Idol Season 3 ရဲ့ Winner အတွက် ရေးပေးထားတဲ့ သီချင်းဖြစ်ပေမယ့်လည်း သူမက အဲ့ဒီသီချင်းလေးကို အရမ်းကြိုက်ခဲ့တာကြောင့် Winner ဖြိုးမြတ်အောင် က သူအတွက် အဲ့ဒီသီချင်းလေးကို လက်ဆောင်ပေးခဲ့ပါသေးတယ်။

” အစကတည်းက သမီးက ဒီသီချင်းလေးကို ကြိုက်တာပါ။ ဒီသီချင်းကိုလည်း Winner ကပဲ ရမယ်ဆိုတာ မသိခဲ့ပါဘူး။ ဟိုတစ်နေ့ကမှ ဆရာကလည်း ဒါက Winner ကပဲ ရမှာ ဒုတိယက မရဘူးဆိုတော့ ဒီသီချင်းကို ဆိုဖို့ ဒီနေရာကိုမရောက်ရောက်အောင် လာဆိုတာ မဆိုလိုက်ရမှာ စိုးလို့။ အခုလို သမီးကို သီချင်းလက်ဆောင်ပေးတဲ့ ကိုဖြိုးမြတ်အောင်ကို အရမ်းကျေးဇူးတင်ပါတယ်” လို့ သြဂုတ်လ(၁၁) ရက်နေ့ ကျင်းပခဲ့တဲ့ Myanmar Idol Grand Final ပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

သဂုတ်လ ၁၁ ရက်နေ့ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Grand Final ပွဲမှာတော့ ပြိုင်ဘက်မရှိတဲ့ Winner ဆုရှင်အဖြစ် ဖြိုးမြတ်အောင်က ဆုငွေ သိန်း ၅၀၀ နဲ့အတူ မိုးမြန်မာ မီဒီယာက ထုတ်လုပ်ပေးတဲ့ Solo Album နဲ့ Music Album တို့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Credit: MMFeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top