iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္ေပ်ာ္ေစမည့္ သဘာ၀ေဆးနည္း အခုတေလာ ႏုိင္ငံတကာက်န္းမာေရးစာမ်က္ႏွာမ်ားမွာ လူၾကိဳက္မ်ားေနတဲ့ သဘာ၀အိပ္ေဆးနည္းတစ္ခုကို ျပန္လည္ေရးသားမွ်ေ၀ေပးခ်င္ပါတယ္။

ေဆးနည္း

(၁) မမာလြန္း မေပ်ာ့လြန္းသည့္ အေနေတာ္ ငွက္ေပ်ာသီးမွည့္တစ္လံုးကို အခြံမခြါပဲ ေဆးစင္ေအာင္ေဆးျပီး အရင္းပိုင္းနဲ့ အဖ်ားပိုင္းကို ျဖတ္လိုက္ပါ။

(၂) အိုးထဲကိုထည့္ျပီး ငွက္ေပ်ာသီးျမဳပ္ရံု ေရထည့္ပါ။

(၃) အဂၤလိပ္ Cinnamon လို့ေခၚတဲ့ သစ္ဂ်ပိုးေခါက္မွဳန့္ လက္ဖက္ရည္ဇြန္း ၁ဇြန္းခန့္ ထည့္ပါ။

(၄) ပြတ္ပြတ္ဆူေအာင္ ၁၀ မိနစ္ခန့္ ျပဳတ္ပါ။ ျပီးလွ်င္ အေအးခံထားပါ။

(၅) အိပ္ယာမ၀င္ခင္မွာ ၄င္းငွက္ေပ်ာသီးျပဳတ္ရည္ကို တစ္ခြက္ေသာက္ပါ။ ငွက္ေပ်ာသီးကိုလည္း စားလိုပါက စားႏိုင္ပါတယ္။

ငွက္ေပ်ာသီးအခြံမွာ ပါ၀င္ထားတဲ့ ကာလ္စီယမ္ဓါတ္၊ မဂၢနီစီယမ္ဓါတ္တို့ဟာ နာက်င္ကိုက္ခဲျခင္း၊ အေၾကာတက္ျခင္း၊ ေယာင္ရမ္းျခင္းတို့ကို ေျပေပ်ာက္ေစႏုိင္ျပီး သစ္ေခါက္မွဳန့္ကေတာ့ ႏွလံုးကို အားေကာင္းေစတာေၾကာင့္ စိတ္ကို တည္ျငိမ္ေစႏိုင္ကာ ႏွစ္ျခိဳက္စြာ အိပ္ေပ်ာ္ေစပါတယ္။

တိုးတက္ေျပာင္းလဲလာတဲ့ ပတ္၀န္းက်င္၊ အစားအေသာက္၊ ရာသီဥတု၊ အသံုးအေဆာင္မ်ားေၾကာင့္ ယခုဆိုလွ်င္ ကမၻာေပၚမွာ အိပ္မေပ်ာ္တဲ့လူေပါင္း သန္းနဲ့ခ်ီျပီး ရွိလာေနျပီျဖစ္ပါတယ္။ အိပ္ေဆးမ်ားလည္း ထုတ္သမွ် ေရာင္းမေလာက္ေအာင္ ျဖစ္လာၾကကာ တရားဥပေဒ မခိုင္မာသည့္ အခ်ိဳ့ႏိုင္ငံမ်ားမွာ ဆရာ၀န္လက္မွတ္မပါပဲ အိပ္ေဆးကို ထုတ္လုပ္၊ ေရာင္းခ်ေနၾကျပီး ေဆးအတုမ်ား ေပါမ်ားလာကာ ေဘးထြက္ဆိုးက််ိဳးေၾကာင့္ က်န္းမာေရးထိခိုက္မွဳမ်ား တစတစ တိုးလာေနျပီျဖစ္ပါတယ္။

ဒါ့ေၾကာင့္ အိပ္ေဆးကို ၀ယ္ေသာက္ေတာ့မယ္ဆိုရင္ ဆရာ၀န္က လူနာရဲ့ ခံႏိုင္ရည္အားကို ေသခ်ာစစ္ေဆးျပီး သင့္ေတာ္သည့္ အိပ္ေဆးအမ်ိဳးအစားကို ညြန္ေပးမွသာ ေသာက္သင့္ေၾကာင္း အၾကံျပဳခ်င္ပါတယ္။

ဆရာ၀န္ျပဖို့ အခက္အခဲရွိေနတယ္ဆိုရင္ေတာ့ ေဘးထြက္ဆိုးက်ိဳးမရွိတဲ့ သဘာ၀ေဆးနည္းမ်ားကိုသာ အသံုးျပဳဖို့ တိုက္တြန္းလိုက္ပါတယ္။ လူသားအားလံုး က်န္းမာခ်မ္းသာၾကပါေစ။

ကိုးကား – How to fall Asleep Fast

Credit: ေစာႏြဲ ့ေနဆိုင္(ပူတာအို)
# Unicode Version ျဖင့္ ဖတ္ပါ #
အိပ်ပျော်စေမည့် သဘာဝဆေးနည်း အခုတလော နိုင်ငံတကာကျန်းမာရေးစာမျက်နှာများမှာ လူကြိုက်များနေတဲ့ သဘာဝအိပ်ဆေးနည်းတစ်ခုကို ပြန်လည်ရေးသားမျှဝေပေးချင်ပါတယ်။

ဆေးနည်း

(၁) မမာလွန်း မပျော့လွန်းသည့် အနေတော် ငှက်ပျောသီးမှည့်တစ်လုံးကို အခွံမခွါပဲ ဆေးစင်အောင်ဆေးပြီး အရင်းပိုင်းနဲ့ အဖျားပိုင်းကို ဖြတ်လိုက်ပါ။

(၂) အိုးထဲကိုထည့်ပြီး ငှက်ပျောသီးမြုပ်ရုံ ရေထည့်ပါ။

(၃) အင်္ဂလိပ် Cinnamon လို့ခေါ်တဲ့ သစ်ဂျပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့် ထည့်ပါ။

(၄) ပွတ်ပွတ်ဆူအောင် ၁၀ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် အအေးခံထားပါ။

(၅) အိပ်ယာမဝင်ခင်မှာ ၎င်းငှက်ပျောသီးပြုတ်ရည်ကို တစ်ခွက်သောက်ပါ။ ငှက်ပျောသီးကိုလည်း စားလိုပါက စားနိုင်ပါတယ်။

ငှက်ပျောသီးအခွံမှာ ပါဝင်ထားတဲ့ ကာလ်စီယမ်ဓါတ်၊ မဂ္ဂနီစီယမ်ဓါတ်တို့ဟာ နာကျင်ကိုက်ခဲခြင်း၊ အကြောတက်ခြင်း၊ ယောင်ရမ်းခြင်းတို့ကို ပြေပျောက်စေနိုင်ပြီး သစ်ခေါက်မှုန့်ကတော့ နှလုံးကို အားကောင်းစေတာကြောင့် စိတ်ကို တည်ငြိမ်စေနိုင်ကာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

တိုးတက်ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်၊ အစားအသောက်၊ ရာသီဥတု၊ အသုံးအဆောင်များကြောင့် ယခုဆိုလျှင် ကမ္ဘာပေါ်မှာ အိပ်မပျော်တဲ့လူပေါင်း သန်းနဲ့ချီပြီး ရှိလာနေပြီဖြစ်ပါတယ်။ အိပ်ဆေးများလည်း ထုတ်သမျှ ရောင်းမလောက်အောင် ဖြစ်လာကြကာ တရားဥပဒေ မခိုင်မာသည့် အချို့နိုင်ငံများမှာ ဆရာဝန်လက်မှတ်မပါပဲ အိပ်ဆေးကို ထုတ်လုပ်၊ ရောင်းချနေကြပြီး ဆေးအတုများ ပေါများလာကာ ဘေးထွက်ဆိုးကျျိုးကြောင့် ကျန်းမာရေးထိခိုက်မှုများ တစတစ တိုးလာနေပြီဖြစ်ပါတယ်။

ဒါ့ကြောင့် အိပ်ဆေးကို ဝယ်သောက်တော့မယ်ဆိုရင် ဆရာဝန်က လူနာရဲ့ ခံနိုင်ရည်အားကို သေချာစစ်ဆေးပြီး သင့်တော်သည့် အိပ်ဆေးအမျိုးအစားကို ညွန်ပေးမှသာ သောက်သင့်ကြောင်း အကြံပြုချင်ပါတယ်။

ဆရာဝန်ပြဖို့ အခက်အခဲရှိနေတယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝဆေးနည်းများကိုသာ အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်။ လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။

ကိုးကား – How to fall Asleep Fast

Credit: စောနွဲ့နေဆိုင်(ပူတာအို)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top