iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္သည္ေတြ ေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္ဝန္ရၿပီဆုိတာနဲ႔ ေမြးလာမယ့္ကေလးက ေယာက္်ားေလးလား မိန္းကေလးလား သိခ်င္ၾကပါတယ္။ တစ္ခ်ိဳ႕က ကိုယ္ဝန္ ေလးလသား၊ ငါးလသားေလာက္ဆုိရင္ ဗုိက္ထဲကကေလးကို အာလ္ထရာေဆာင္း သြား႐ုိက္ေနၾကပါၿပီ။ ေအာက္ပါ နည္းေလးေတြအတိုင္းလည္း ေယာက္်ားေလးလား မိန္းကေလးလားဆုိတာ ခြဲျခားလုိ႔ ရပါတယ္။

(၁) ဗုိက္အေနအထား

ကိုယ္၀န္ဟာ ၀မ္းဗုိက္ရဲ႕ အထက္၊ အလယ္၊ ေအာက္ ေနရာသုံးမ်ိဳးအနက္ ေအာက္မွာရွိေနတယ္ဆုိရင္ေတာ့ ဒီကိုယ္ဝန္ဟာ ေယာက္်ားေလး ကိုယ္၀န္လုိ႔ ဆုိပါတယ္။ ဒီအခ်က္ကို အာလ္ထရာေဆာင္းမ႐ိုက္ခင္မွာ စမ္းသပ္ၾကည့္ေတာ့ တကယ့္ကို ရာႏႈန္းျပည့္မွန္ကယ္တယ္လုိ႔ ဆုိပါတယ္။(ဒါေပမယ့္ အရပ္ပုတဲ့ မိခင္ေလာင္းေတြမွာေတာ့ ဒီနည္းနဲ႔ ခန္႔မွန္းရတာခက္ခဲတယ္လုိ႔ သိရပါတယ္။)
(၂) ဆီးအေရာင္

ဆီးအေရာင္ဟာ ကိုယ္၀န္သည္အမ်ိဳးသမီးေတြမွာ အေျပာင္းအလဲေတြ ရွိပါတယ္။ ဆီးဟာ ပယင္းေရာင္ေဖ်ာ့ေဖ်ာ့၊ အေရာင္ေရာစပ္မႈေတြရွိရင္ ေသခ်ာေပါက္ ေယာက္်ားေလး ကိုယ္၀န္လုိ႔ ဆုိပါတယ္။ အကယ္၍ ဆီးအေရာင္ဟာ ညိဳညစ္ညစ္ ျဖစ္ေနရင္ ေယာက္်ားေလးလုိ႔လည္း သတ္မွတ္ၾကၿပီး၊ အျဖဴစြတ္စြတ္ဆုိရင္ေတာ့ မိန္းကေလးပါတဲ့။

(၃) ၀က္ၿခံ

ကိုယ္၀န္ေဆာင္ေနစဥ္အတြင္းမွာ မိခင္ျဖစ္သူ ၀က္ၿခံေပါက္တယ္ဆုိရင္လည္း ေယာက္်ားေလး ကိုယ္၀န္လုိ႔ ဆုိပါတယ္။ အေၾကာင္းကေတာ့ ကိုယ္၀န္ေဆာင္စဥ္မွာ ေယာက္်ားေလးသေႏၶသားဟာ မိခင္ကို ဟိုမုန္းအေျပာင္းအလဲ ျဖစ္ေစဖုိ႔ အလြန္တြန္းအားေပးလုိ႔ပါ။ ဟုိမုန္းအေျပာင္းအလဲ ႀကီးမားရင္လည္း ၀က္ၿခံထြက္တတ္ပါတယ္။ ဒါဟာ ေယာက္်ားေလးကုိယ္၀န္ရဲ႕ သေကၤတတစ္ခုပါဘဲ။
(၄) ရင္သားအရြယ္အစား အေျပာင္းအလဲ

အမ်ားအားျဖင့္ အမ်ိဳးသမီးေတြရဲ႕ ဘယ္ဘက္ရင္သားဟာ ညာဘက္ရင္သားထက္ ပုိႀကီးတတ္ၾကပါတယ္။ ဒါေပမယ့္ ကိုယ္၀န္ေဆာင္ေနစဥ္မွာ ညာဘက္ရင္သား ထူးထူးျခားျခား ႀကီးလာၿပီဆုိရင္ေတာ့ ေယာက္်ားေလးကိုယ္၀န္ကို လြယ္ထားရၿပီဆုိတဲ့ သေဘာပါ။

(၅) ေျခေထာက္ေတြ ေအးစက္ရင္

ကိုယ္၀န္သည္ အမ်ိဳးသမီးဟာ ေျခေထာက္ေတြ ေအးစက္တဲ့ခံစားမႈကို ခဏခဏ ခံစားရတယ္ဆုိရင္ ေယာက္်ားေလးကိုယ္၀န္ကို လြယ္ထားရၿပီလုိ႔ ဆုိလုိ႔ရပါတယ္။
ေနာက္ထပ္ မွတ္ရန္အခ်က္မ်ား-

(၆) ကိုယ္၀န္သေႏၶသားရဲ႕ ႏွလုံးခုန္ႏႈန္း တစ္မိနစ္လွ်င္ 140 ေအာက္ ရွိတယ္ဆုိရင္ ေယာက္်ားေလးကိုယ္၀န္၊

(၇) မိခင္ေလာင္းဟာ သာမန္အခ်ိန္ထက္ ဆံပင္အရွည္ျမန္ေနတယ္လုိ႔ ယူဆရရင္လည္း ေယာက္်ားေလးကိုယ္၀န္၊

(၈) မိခင္ခ်င္ျခင္းတပ္တဲ့ အစားအစာဟာ အခ်ဥ္၊ အငန္ အစားအစာေတြျဖစ္ေနရင္လည္း ေယာက္်ားေလးကိုယ္၀န္၊

(၉) မိခင္ရဲ႕အိပ္စက္တဲ့ပုံစံမွာ သာမန္အိပ္စက္တဲ့ပုံစံနဲ႔ မတူပဲ ဘက္ဘက္ကုိသာေစာင္းၿပီး အိပ္စက္ေလ့ရွိရင္ ယာက္်ားေလး ကိုယ္၀န္၊

(၁၀) လက္ေတြ ခဏခဏ ေျခာက္ေသြ႕ျခင္း၊ လက္ဆီ မျပန္ျခင္း ခဏခဏျဖစ္လွ်င္ ေယာက္်ားေလးကိုယ္၀န္၊

(၁၁) ကိုယ္၀န္ေဆာင္ေနစဥ္မွာ မနက္ပုိင္း အဖ်ားတက္သလုိလုိ မျဖစ္ဘူးဆုိရင္ ေယာက္်ားေလးကိုယ္၀န္၊

(၁၂) ကိုယ္၀န္က ဘဲဥပုံနဲ႔မတူပဲ ခပ္၀ုိင္း၀ုိင္းေလး ျဖစ္ေနရင္ ေယာက္်ားေလးကိုယ္၀န္ စသျဖင့္ သတ္မွတ္ၾကေၾကာင္း Myanmar Note ပရိသတ္ေတြအတြက္ ဗဟုသုတအလုိ႔ငွာ ေဖာ္ျပေပးလုိက္ပါတယ္။

Ref : herinterest

Credit: ေနသူရိန္ - MyanmarNote
# Unicode version ျဖင့္ ဖတ္ပါ #
အိမ်ထောင်သည်တွေ တော်တော်များများဟာ ကိုယ်ဝန်ရပြီဆိုတာနဲ့ မွေးလာမယ့်ကလေးက ယောက်ျားလေးလား မိန်းကလေးလား သိချင်ကြပါတယ်။ တစ်ချို့က ကိုယ်ဝန် လေးလသား၊ ငါးလသားလောက်ဆိုရင် ဗိုက်ထဲကကလေးကို အာလ်ထရာဆောင်း သွားရိုက်နေကြပါပြီ။ အောက်ပါ နည်းလေးတွေအတိုင်းလည်း ယောက်ျားလေးလား မိန်းကလေးလားဆိုတာ ခွဲခြားလို့ ရပါတယ်။

(၁) ဗိုက်အနေအထား

ကိုယ်ဝန်ဟာ ဝမ်းဗိုက်ရဲ့ အထက်၊ အလယ်၊ အောက် နေရာသုံးမျိုးအနက် အောက်မှာရှိနေတယ်ဆိုရင်တော့ ဒီကိုယ်ဝန်ဟာ ယောက်ျားလေး ကိုယ်ဝန်လို့ ဆိုပါတယ်။ ဒီအချက်ကို အာလ်ထရာဆောင်းမရိုက်ခင်မှာ စမ်းသပ်ကြည့်တော့ တကယ့်ကို ရာနှုန်းပြည့်မှန်ကယ်တယ်လို့ ဆိုပါတယ်။(ဒါပေမယ့် အရပ်ပုတဲ့ မိခင်လောင်းတွေမှာတော့ ဒီနည်းနဲ့ ခန့်မှန်းရတာခက်ခဲတယ်လို့ သိရပါတယ်။)
(၂) ဆီးအရောင်

ဆီးအရောင်ဟာ ကိုယ်ဝန်သည်အမျိုးသမီးတွေမှာ အပြောင်းအလဲတွေ ရှိပါတယ်။ ဆီးဟာ ပယင်းရောင်ဖျော့ဖျော့၊ အရောင်ရောစပ်မှုတွေရှိရင် သေချာပေါက် ယောက်ျားလေး ကိုယ်ဝန်လို့ ဆိုပါတယ်။ အကယ်၍ ဆီးအရောင်ဟာ ညိုညစ်ညစ် ဖြစ်နေရင် ယောက်ျားလေးလို့လည်း သတ်မှတ်ကြပြီး၊ အဖြူစွတ်စွတ်ဆိုရင်တော့ မိန်းကလေးပါတဲ့။

(၃) ဝက်ခြံ

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ မိခင်ဖြစ်သူ ဝက်ခြံပေါက်တယ်ဆိုရင်လည်း ယောက်ျားလေး ကိုယ်ဝန်လို့ ဆိုပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ယောက်ျားလေးသန္ဓေသားဟာ မိခင်ကို ဟိုမုန်းအပြောင်းအလဲ ဖြစ်စေဖို့ အလွန်တွန်းအားပေးလို့ပါ။ ဟိုမုန်းအပြောင်းအလဲ ကြီးမားရင်လည်း ဝက်ခြံထွက်တတ်ပါတယ်။ ဒါဟာ ယောက်ျားလေးကိုယ်ဝန်ရဲ့ သင်္ကေတတစ်ခုပါဘဲ။
(၄) ရင်သားအရွယ်အစား အပြောင်းအလဲ

အများအားဖြင့် အမျိုးသမီးတွေရဲ့ ဘယ်ဘက်ရင်သားဟာ ညာဘက်ရင်သားထက် ပိုကြီးတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေစဉ်မှာ ညာဘက်ရင်သား ထူးထူးခြားခြား ကြီးလာပြီဆိုရင်တော့ ယောက်ျားလေးကိုယ်ဝန်ကို လွယ်ထားရပြီဆိုတဲ့ သဘောပါ။

(၅) ခြေထောက်တွေ အေးစက်ရင်

ကိုယ်ဝန်သည် အမျိုးသမီးဟာ ခြေထောက်တွေ အေးစက်တဲ့ခံစားမှုကို ခဏခဏ ခံစားရတယ်ဆိုရင် ယောက်ျားလေးကိုယ်ဝန်ကို လွယ်ထားရပြီလို့ ဆိုလို့ရပါတယ်။
နောက်ထပ် မှတ်ရန်အချက်များ-

(၆) ကိုယ်ဝန်သန္ဓေသားရဲ့ နှလုံးခုန်နှုန်း တစ်မိနစ်လျှင် 140 အောက် ရှိတယ်ဆိုရင် ယောက်ျားလေးကိုယ်ဝန်၊

(၇) မိခင်လောင်းဟာ သာမန်အချိန်ထက် ဆံပင်အရှည်မြန်နေတယ်လို့ ယူဆရရင်လည်း ယောက်ျားလေးကိုယ်ဝန်၊

(၈) မိခင်ချင်ခြင်းတပ်တဲ့ အစားအစာဟာ အချဉ်၊ အငန် အစားအစာတွေဖြစ်နေရင်လည်း ယောက်ျားလေးကိုယ်ဝန်၊

(၉) မိခင်ရဲ့အိပ်စက်တဲ့ပုံစံမှာ သာမန်အိပ်စက်တဲ့ပုံစံနဲ့ မတူပဲ ဘက်ဘက်ကိုသာစောင်းပြီး အိပ်စက်လေ့ရှိရင် ယာက်ျားလေး ကိုယ်ဝန်၊

(၁၀) လက်တွေ ခဏခဏ ခြောက်သွေ့ခြင်း၊ လက်ဆီ မပြန်ခြင်း ခဏခဏဖြစ်လျှင် ယောက်ျားလေးကိုယ်ဝန်၊

(၁၁) ကိုယ်ဝန်ဆောင်နေစဉ်မှာ မနက်ပိုင်း အဖျားတက်သလိုလို မဖြစ်ဘူးဆိုရင် ယောက်ျားလေးကိုယ်ဝန်၊

(၁၂) ကိုယ်ဝန်က ဘဲဥပုံနဲ့မတူပဲ ခပ်ဝိုင်းဝိုင်းလေး ဖြစ်နေရင် ယောက်ျားလေးကိုယ်ဝန် စသဖြင့် သတ်မှတ်ကြကြောင်း Myanmar Note ပရိသတ်တွေအတွက် ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။

Ref : herinterest

Credit: နေသူရိန် - MyanmarNote

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top