iMyanmarHouse.com - Best Property Website for Myanmar
×

သူနဲ႔ စသိခဲ႔တာ ေတာ္ေတာ္ေတာ့ ျကာၿပီဗ် အထက္တန္းေလာက္ကတည္းက ဆိုပါေတာ့ မိန္းမမရခင္ကတည္းက တခ်ိဳ႕ေန႕ေတြ အတူေနခဲ႔ျကတယ္

လူျကီးေတြ ေျပာျကတာကေတာ့ သူနဲ႔မေပါင္းနဲ႔ သူကမေကာင္းဘူးတဲ႔ တေန႕ေန႕မင္းကို ဒုကၡေပးလိမ္႔မယ္ ေျပာတယ္ ဒါေပမဲ႔ က်ြန္ေတာ္ထင္တာက ကိုယ္ကိုယ္ကို ထိန္းနိုင္ရင္ သူက်ြန္ေတာ္ကို ဘာမွ မလုပ္နိုင္ပါဘူးလို႕

အစကေတာ့ တလတခါ နွစ္လတခါ ေလာက္ပဲသူနဲ႔ေတြျဖစ္တာပါ ရက္ဆက္ေတြျဖစ္တယ္ဆိုတာ ရွားပါတယ္ နွစ္ေတြ ျကာလာတဲ႔အခါျကေတာ့ သူနဲ႔ေတြတဲ႔ အျကိမ္အေရအတြက္သိသိသာသာ မ်ားလာတယ္ စိပ္လာတယ္ေပါ့ဗ်ာ ေပၚတင္ေတာ့ သူနဲ႔ မတြဲျဖစ္ေသးပါဘူး ပုန္းရႈိးကြယ္ရိႈး ပါဘဲ

ဒါေပမဲ႔ မရဘူးဗ် ေနာက္ပိုင္းက် သူ႕ ကိုေပၚတင္တြဲတယ္ ေန႕တိုင္းလိုလိုလည္း ေတြျဖစ္တယ္ သူသတိေပးလို႔ သူနဲ႕မေတြျဖစ္ေအာင္ ေနရေတာ့တယ္ တလတန္သည္း နွစ္လတန္သည္ေပါ့ အစပိုငး္ေတာ့ သတိယေပမဲ႔ ေနာက္ပိုင္း ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားတတ္ပါတယ္

ခက္တာက သူနဲ႔ ျပန္ျပန္ေတြျဖစ္ေနတာဘဲေလ သူကလည္းသူနဲ႔ေတြ႕တိုင္း အျမဲတမ္းမေတြ႕ဖို႕ သတိေပးသလို သူနဲ႕ကလည္း အျမဲလိုလိုေတြ႕ျဖစ္လာေတာ့တယ္ အထူးသျဖင့္ ညဖက္ေတြ သူမရွိဘဲ ျဖတ္သန္းရတာ အဆင္မေျပသလိုျဖစ္လာတယ္

အဲဒီအခ်ိန္ဆို ပိုၿပီးသတိထားရတာေပါ့ဗ်ာ သူကို မေတြဘဲ ႀကိတ္မိတ္ၿပီး ျဖတ္ထားရေတာ့တယ္ ေမ့ေမ့ရွိေလာက္မွ တခါေလာက္သာ သြားေတြ႕ အဲလိုမ်ိဳး လုပ္ရေတာ့တယ္ သူကတကယ္မလြယ္ဘူးဗ် ေတာ္ေတာ္မ်ားမ်ား သူကို စြဲလမ္းလြန္းသြားေတာ့ ကိုယ္အသက္ေတာင္ မနွေျမာေတာ့ဘူး အသက္ပါေပးလိုက္တဲ႔သူေတြကလည္း မနည္းဘူး တခ်ိဳ႕က အတိတ္ေမ့သြားျကတယ္ တခ်ိဳ႕က သူေျကာင့္ ဘဝေတြ ပ်က္ကုန္တယ္ ဒီေလာက္ပါဘဲ သူကိုကိုင္တြယ္ဖို႕ဆိုတာ ေတာ္ယံုသတိနဲ႔ေတာ့ မလြယ္ပါဘူး

ယမကာလွလင္မ်ားသို႕

Credit: Saw Kyaw Aung
# Unicode Version ျဖင့္ ဖတ္ပါ #
သူနဲ့ စသိခဲ့တာ တော်တော်တော့ ကြာပြီဗျ အထက်တန်းလောက်ကတည်းက ဆိုပါတော့ မိန်းမမရခင်ကတည်းက တချို့နေ့တွေ အတူနေခဲ့ကြတယ်

လူကြီးတွေ ပြောကြတာကတော့ သူနဲ့မပေါင်းနဲ့ သူကမကောင်းဘူးတဲ့ တနေ့နေ့မင်းကို ဒုက္ခပေးလိမ့်မယ် ပြောတယ် ဒါပေမဲ့ ကျွန်တော်ထင်တာက ကိုယ်ကိုယ်ကို ထိန်းနိုင်ရင် သူကျွန်တော်ကို ဘာမှ မလုပ်နိုင်ပါဘူးလို့

အစကတော့ တလတခါ နှစ်လတခါ လောက်ပဲသူနဲ့တွေဖြစ်တာပါ ရက်ဆက်တွေဖြစ်တယ်ဆိုတာ ရှားပါတယ် နှစ်တွေ ကြာလာတဲ့အခါကြတော့ သူနဲ့တွေတဲ့ အကြိမ်အရေအတွက်သိသိသာသာ များလာတယ် စိပ်လာတယ်ပေါ့ဗျာ ပေါ်တင်တော့ သူနဲ့ မတွဲဖြစ်သေးပါဘူး ပုန်းရှိုးကွယ်ရှိုး ပါဘဲ

ဒါပေမဲ့ မရဘူးဗျ နောက်ပိုင်းကျ သူ့ ကိုပေါ်တင်တွဲတယ် နေ့တိုင်းလိုလိုလည်း တွေဖြစ်တယ် သူသတိပေးလို့ သူနဲ့မတွေဖြစ်အောင် နေရတော့တယ် တလတန်သည်း နှစ်လတန်သည်ပေါ့ အစပိုင်းတော့ သတိယပေမဲ့ နောက်ပိုင်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ပါတယ်

ခက်တာက သူနဲ့ ပြန်ပြန်တွေဖြစ်နေတာဘဲလေ သူကလည်းသူနဲ့တွေ့တိုင်း အမြဲတမ်းမတွေ့ဖို့ သတိပေးသလို သူနဲ့ကလည်း အမြဲလိုလိုတွေ့ဖြစ်လာတော့တယ် အထူးသဖြင့် ညဖက်တွေ သူမရှိဘဲ ဖြတ်သန်းရတာ အဆင်မပြေသလိုဖြစ်လာတယ်

အဲဒီအချိန်ဆို ပိုပြီးသတိထားရတာပေါ့ဗျာ သူကို မတွေဘဲ ကြိတ်မိတ်ပြီး ဖြတ်ထားရတော့တယ် မေ့မေ့ရှိလောက်မှ တခါလောက်သာ သွားတွေ့ အဲလိုမျိုး လုပ်ရတော့တယ် သူကတကယ်မလွယ်ဘူးဗျ တော်တော်များများ သူကို စွဲလမ်းလွန်းသွားတော့ ကိုယ်အသက်တောင် မနှမြောတော့ဘူး အသက်ပါပေးလိုက်တဲ့သူတွေကလည်း မနည်းဘူး တချို့က အတိတ်မေ့သွားကြတယ် တချို့က သူကြောင့် ဘဝတွေ ပျက်ကုန်တယ် ဒီလောက်ပါဘဲ သူကိုကိုင်တွယ်ဖို့ဆိုတာ တော်ယုံသတိနဲ့တော့ မလွယ်ပါဘူး

ယမကာလှလင်များသို့

Credit: Saw Kyaw Aung
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top