iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးနဲ႕ ေယာက်ာ္းေလး အဝတ္အစားဝတ္ရပံုကို စဥ္းစားၾကည့္  မိန္းကေလးက အျမဲတစ္ခုပိုဝတ္ရတယ္ေနာ္။ အဲ့ဒိအရာကို မဝတ္ရင္လည္း စိတ္ကမလံုျခံဳ ပတ္ဝန္းက်င္အျမင္မွာလည္း မတင့္တယ္။ ဝတ္ျပန္ရင္လည္း ေခ်ာင္ေနရင္ က် ဝတ္မေကာင္း။ မိန္းကေလး အတြင္းခံ ဘရာစီယာ ဆိုတာ က်ပ္က်ပ္ဝတ္ရတာဆိုတဲ့ လူၾကီးသူမတို႕ရဲ႕ ဆံုးမစကားကလည္းရွိေနျပန္ေတာ့ အရွက္အေၾကာက္ၾကီးတဲ့ တို႕ ျမန္မာ မိန္းကေလးေတြက ဘရာစီယာဆိုတာ က်ပ္က်ပ္ဝတ္ရတဲ့ အမ်ိဳးဆိုုျပီး အရိုးစြဲေနတတ္တယ္ေလ။ က်ပ္က်ပ္ဝတ္ေလ ပံုပိုေပၚေလ၊  ပိုၾကီးသေယာင္လည္းျဖစ္တယ္ဆိုေတာ့ ပစၥည္းရွိေၾကာင္းလည္းၾကြားခ်င္တယ္မလား။မဝတ္ဘဲ ေနျပန္ရင္လည္း ဟာလာဟင္းလင္းျဖစ္ေနျပန္ေရာေလ။ အဲေတာ့ မရွိလည္းမေကာင္း ရွိလည္းမေကာင္း ဆိုတဲ့ ဘရာစီယာကို ဘယ္လိုဝတ္သင့္သလဲ။ တင္းတင္းက်ပ္က်ပ္ ဝတ္တိုင္းေကာင္းသလား။ ၾကည့္ရေအာင္။
၁ ။ ဘရာစီယာက်ပ္က်ပ္ ႏွင့္ ရင္သားကင္ဆာ ။

ဟားဗတ္ တကၠသိုလ္မွ ေလ့လာထားသူမ်ား၏ ေျပာၾကားခ်က္မ်ားအရ တင္းတင္းက်ပ္က်ပ္ဝတ္ထားေသာ အတြင္းခံ ဘရာစီယာသည္ ရင္သားကင္ဆာျဖစ္ႏိုင္ေခ်အား ျမွင့္တက္ေစႏိုင္ပါတယ္။ က်ပ္က်ပ္ဝတ္ေလ ရင္သားရွိ တစ္ရွဴးမ်ားသို႕ ေသြးအသြားနည္းေလ ျဖစ္ျပီး တစ္ရွဴးမ်ားလိုအပ္သည့္ ေအာက္စီဂ်င္ ၊ အာဟာရမ်ား မရႏိုင္ျခင္း ၊ စြန္႕ပစ္စရာလိုေသာ အရာမ်ားကို ေသြးမွ သယ္မသြားႏိုင္ေသာေၾကာင့္ ရင္သားကင္ဆာအားျဖစ္ေစႏုိင္ပါတယ္။ညဘက္အိပ္ရင္ေတာင္ ဝတ္အိပ္တတ္ေသာ မိန္းကေလးေတြ ပိုလို႕ေတာင္ျဖစ္ႏိုင္ေသးတယ္ေနာ္။ အမ်ိဳးသမီးမ်ားအတြက္ ရင္သားကင္ဆာ ဆိုတာ နံပါတ္ (၁) သတိထားရမည့္ ကင္ဆာေရာဂါၾကီးမဟုတ္လား။ရင္သားရွိေသြးေၾကာေလးေတြက အလြန္ပါးျပီးေသးငယ္လို႕ ဘရာက်ပ္က်ပ္ဝတ္လိုက္ရင္ ေသြးေၾကာေလးေတြ ပိျပီးပိတ္သြားႏိုင္တယ္တဲ့။ ရင္သား တစ္ရွဴးမွာ ရွိေနတဲ့ အဆိပ္အေတာက္မ်ား မလိုအပ္ေသာ စြန္႔ပစ္ပစၥည္းမ်ားအား မစြန္႕ထုတ္ႏ္ိုင္ဘဲ ျဖစ္သြားျပီး ထို အရာမ်ားစုပံုကာ ရင္သားကင္ဆာျဖစ္ေစႏုိင္ပါတယ္။လိုအပ္ေသာ ေအာက္စီဂ်င္လည္း လံုေလာက္စြာမရႏိုင္ေတာ့ေသာေၾကာင့္  တစ္ရွဳးမ်ားပုပ္ကာ ကင္ဆာပိုျဖစ္ေစႏုိင္ပါတယ္။ ရင္သားကဲ့သို႕ အဆီတစ္ရွဴးမ်ားျဖင့္ ဖြဲ႕စည္းထားေသာေနရာတြင္ အမ်ားဆံုး ကပ္ေနႏိုင္သည့္ Dioxin, benzene, အျခားေသာကင္ဆာျဖစ္ေစႏုိင္သည့္ ဓာတ္တိုးပစၥည္းမ်ားရင္သားတြင္ ပို၍ကပ္ေနႏိုင္တယ္။ကင္ဆာျဖစ္မွာ ေၾကာက္၍ က်န္းမာစြာေနထုိင္စားေသာက္ ေလ့က်င့္ခန္းမ်ားျပဳလုပ္ရင္ေတာင္ ညဘက္အိပ္လွ်င္ ဘရာစီယာ က်ပ္က်ပ္ဝတ္ေနေသးရင္ ရင္သားကင္ဆာအတြက္ စိတ္မခ်ရေသးဘူးတဲ့။ဒါေၾကာငိ့ ရင္သားမွာ အလံုးေပၚလာရင္ ေပၚလာေသာ အလံုးက ေရႊ႕လို႕မရရင္၊  အေမဘက္က မ်ိဳးရိုးထဲတြင္ ရင္သားကင္ဆာျဖစ္ဖူးသူမ်ားရွိေနရင္ ဆရာဝန္ဆီ အေျပးကေလးသြားသင့္တယ္ေနာ္။
၂ ။ သင္၏ ေက်ာကုန္းႏွင့္ လည္ပင္းရိုးမ်ားအတြက္ ဘရာစီယာက်ပ္က်ပ္ သည္မေကာင္းေပ။

အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားက ဘရာစီယာ၏ cup size က ရင္သားအား ေထာက္ပံ႕ထားသည္ဟုထင္ၾကတယ္။ အမွန္က ေက်ာကုန္းႏွင့္ လည္ပင္းၾကြက္သားမ်ားကသာ ထိန္းထားတာတဲ့။ ႕ဒါေၾကာင့္  ကိုယ္ႏွင့္ သင့္ေတာ္ေသာ ဘရာစီယာ ကိုေရြးခ်ယ္မဝတ္ႏိုင္ရင္ အခ်ိန္ၾကာလာတာနဲ႔ သင့္ေက်ာကုန္းႏွင့္ လည္ပင္းရွိၾကြက္သားမ်ား နာလာႏိုင္ပါတယ္။
၃။ အသက္ရွဴမဝျခင္း

မိန္းကေလးတိုင္းသိေနေသာ ကိစၥပင္။  ဘရာစီယာ က်ပ္က်ပ္ဝတ္ရင္ အသက္ရွဴလို႕ မေကာင္းဘူးေလေနာ႕။ အသက္ရွဴလို႕မဝေတာ့ လိုတဲ့ ေအာက္ဆီဂ်င္ ေကာင္းေကာငး္မရ အဲေတာ့ ေခါင္းေတြမူးလာေရာ။
၄ ။ အစားေကာင္းေကာင္း မစားႏိုင္ျခင္း။

အစားစားရင္လည္း က်ပ္ေနေတာ့ အစားေကာင္းေကာင္းမစားႏိုင္။  ဘရာစီယာ က်ပ္က်ပ္ဝတ္ထားရင္ ရင္ေခါင္းနဲ႕ ဗိုက္ကိုျခားထားတဲ့ ၾကြက္သားကိုဖိထားေတာ့ စားျပီးရင္လည္း အစာေခ်ဖို႔ အခက္အခဲရွိေနတတ္ေတာ့ ဗိုက္တင္းျပီး ေအာင့္ေနျပန္ေရာတဲ့။
၅ ။ အေရျပားေပၚတြင္ အရာမ်ားထင္ျခင္း။

ဘရာစီယာအရမ္းက်ပ္က်ပ္ဝတ္ထားရင္ ၾကိဴးမ်ားက အသားထဲနစ္ဝင္ေနျပီး ပခံုးႏွင့္ ေက်ာကုန္းေနရာမ်ားတြင္ အရာမ်ားထင္က်န္ျပီး တခါတေလ နာေနတတ္တယ္ေလေနာ္။

ယံုတမ္းေတြေျပာတာက ဘရာစီယာ ကို ညဘက္ အိပ္ခ်ိန္ ဝတ္ထားရင္ ရင္သားလွေအာင္လုပ္ေပးႏိုင္တယ္တဲ့။ အဲဒါမွားေနတယ္ေနာ္။ ဘရာစီယာကို တစ္ေန႕ ၁၂ နာရီ ထက္ပိုဝတ္ရင္ ရင္သားကင္ဆာျဖစ္ႏိုင္ေခ်ပိုမ်ားတယ္တဲ့ေနာ္။ အဲ့ေတာ့ ဘရာစီယာ မဝတ္ဘဲ မအိပ္တတ္ရင္ေတာင္ ေနာက္က ခ်ိတ္ေလးကို ျဖဳတ္ျပီးေတာ့ အိပ္သင့္တယ္တဲ့။

ကဲကဲ ဘရာစီယာ ဆိုသည္မွာ မဝတ္ျပန္ရင္လည္း မတင့္တယ္ ၊ လွေနေအာင္ တအားက်ပ္က်ပ္ဝတ္ရင္လည္း မေကာင္းျပန္ဘူးေနာ္႔။

Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးနဲ့ ယောကျာ်းလေး အဝတ်အစားဝတ်ရပုံကို စဉ်းစားကြည့်  မိန်းကလေးက အမြဲတစ်ခုပိုဝတ်ရတယ်နော်။ အဲ့ဒိအရာကို မဝတ်ရင်လည်း စိတ်ကမလုံခြုံ ပတ်ဝန်းကျင်အမြင်မှာလည်း မတင့်တယ်။ ဝတ်ပြန်ရင်လည်း ချောင်နေရင် ကျ ဝတ်မကောင်း။ မိန်းကလေး အတွင်းခံ ဘရာစီယာ ဆိုတာ ကျပ်ကျပ်ဝတ်ရတာဆိုတဲ့ လူကြီးသူမတို့ရဲ့ ဆုံးမစကားကလည်းရှိနေပြန်တော့ အရှက်အကြောက်ကြီးတဲ့ တို့ မြန်မာ မိန်းကလေးတွေက ဘရာစီယာဆိုတာ ကျပ်ကျပ်ဝတ်ရတဲ့ အမျိုးဆိုပြီး အရိုးစွဲနေတတ်တယ်လေ။ ကျပ်ကျပ်ဝတ်လေ ပုံပိုပေါ်လေ၊  ပိုကြီးသယောင်လည်းဖြစ်တယ်ဆိုတော့ ပစ္စည်းရှိကြောင်းလည်းကြွားချင်တယ်မလား။မဝတ်ဘဲ နေပြန်ရင်လည်း ဟာလာဟင်းလင်းဖြစ်နေပြန်ရောလေ။ အဲတော့ မရှိလည်းမကောင်း ရှိလည်းမကောင်း ဆိုတဲ့ ဘရာစီယာကို ဘယ်လိုဝတ်သင့်သလဲ။ တင်းတင်းကျပ်ကျပ် ဝတ်တိုင်းကောင်းသလား။ ကြည့်ရအောင်။
၁ ။ ဘရာစီယာကျပ်ကျပ် နှင့် ရင်သားကင်ဆာ ။

ဟားဗတ် တက္ကသိုလ်မှ လေ့လာထားသူများ၏ ပြောကြားချက်များအရ တင်းတင်းကျပ်ကျပ်ဝတ်ထားသော အတွင်းခံ ဘရာစီယာသည် ရင်သားကင်ဆာဖြစ်နိုင်ချေအား မြှင့်တက်စေနိုင်ပါတယ်။ ကျပ်ကျပ်ဝတ်လေ ရင်သားရှိ တစ်ရှူးများသို့ သွေးအသွားနည်းလေ ဖြစ်ပြီး တစ်ရှူးများလိုအပ်သည့် အောက်စီဂျင် ၊ အာဟာရများ မရနိုင်ခြင်း ၊ စွန့်ပစ်စရာလိုသော အရာများကို သွေးမှ သယ်မသွားနိုင်သောကြောင့် ရင်သားကင်ဆာအားဖြစ်စေနိုင်ပါတယ်။ညဘက်အိပ်ရင်တောင် ဝတ်အိပ်တတ်သော မိန်းကလေးတွေ ပိုလို့တောင်ဖြစ်နိုင်သေးတယ်နော်။ အမျိုးသမီးများအတွက် ရင်သားကင်ဆာ ဆိုတာ နံပါတ် (၁) သတိထားရမည့် ကင်ဆာရောဂါကြီးမဟုတ်လား။ရင်သားရှိသွေးကြောလေးတွေက အလွန်ပါးပြီးသေးငယ်လို့ ဘရာကျပ်ကျပ်ဝတ်လိုက်ရင် သွေးကြောလေးတွေ ပိပြီးပိတ်သွားနိုင်တယ်တဲ့။ ရင်သား တစ်ရှူးမှာ ရှိနေတဲ့ အဆိပ်အတောက်များ မလိုအပ်သော စွန့်ပစ်ပစ္စည်းများအား မစွန့်ထုတ်နိုင်ဘဲ ဖြစ်သွားပြီး ထို အရာများစုပုံကာ ရင်သားကင်ဆာဖြစ်စေနိုင်ပါတယ်။လိုအပ်သော အောက်စီဂျင်လည်း လုံလောက်စွာမရနိုင်တော့သောကြောင့်  တစ်ရှုးများပုပ်ကာ ကင်ဆာပိုဖြစ်စေနိုင်ပါတယ်။ ရင်သားကဲ့သို့ အဆီတစ်ရှူးများဖြင့် ဖွဲ့စည်းထားသောနေရာတွင် အများဆုံး ကပ်နေနိုင်သည့် Dioxin, benzene, အခြားသောကင်ဆာဖြစ်စေနိုင်သည့် ဓာတ်တိုးပစ္စည်းများရင်သားတွင် ပို၍ကပ်နေနိုင်တယ်။ကင်ဆာဖြစ်မှာ ကြောက်၍ ကျန်းမာစွာနေထိုင်စားသောက် လေ့ကျင့်ခန်းများပြုလုပ်ရင်တောင် ညဘက်အိပ်လျှင် ဘရာစီယာ ကျပ်ကျပ်ဝတ်နေသေးရင် ရင်သားကင်ဆာအတွက် စိတ်မချရသေးဘူးတဲ့။ဒါကြောငိ့ ရင်သားမှာ အလုံးပေါ်လာရင် ပေါ်လာသော အလုံးက ရွှေ့လို့မရရင်၊  အမေဘက်က မျိုးရိုးထဲတွင် ရင်သားကင်ဆာဖြစ်ဖူးသူများရှိနေရင် ဆရာဝန်ဆီ အပြေးကလေးသွားသင့်တယ်နော်။
၂ ။ သင်၏ ကျောကုန်းနှင့် လည်ပင်းရိုးများအတွက် ဘရာစီယာကျပ်ကျပ် သည်မကောင်းပေ။

အမျိုးသမီးတော်တော်များများက ဘရာစီယာ၏ cup size က ရင်သားအား ထောက်ပံ့ထားသည်ဟုထင်ကြတယ်။ အမှန်က ကျောကုန်းနှင့် လည်ပင်းကြွက်သားများကသာ ထိန်းထားတာတဲ့။့ဒါကြောင့်  ကိုယ်နှင့် သင့်တော်သော ဘရာစီယာ ကိုရွေးချယ်မဝတ်နိုင်ရင် အချိန်ကြာလာတာနဲ့ သင့်ကျောကုန်းနှင့် လည်ပင်းရှိကြွက်သားများ နာလာနိုင်ပါတယ်။
၃။ အသက်ရှူမဝခြင်း

မိန်းကလေးတိုင်းသိနေသော ကိစ္စပင်။  ဘရာစီယာ ကျပ်ကျပ်ဝတ်ရင် အသက်ရှူလို့ မကောင်းဘူးလေနော့။ အသက်ရှူလို့မဝတော့ လိုတဲ့ အောက်ဆီဂျင် ကောင်းကောင်းမရ အဲတော့ ခေါင်းတွေမူးလာရော။
၄ ။ အစားကောင်းကောင်း မစားနိုင်ခြင်း။

အစားစားရင်လည်း ကျပ်နေတော့ အစားကောင်းကောင်းမစားနိုင်။  ဘရာစီယာ ကျပ်ကျပ်ဝတ်ထားရင် ရင်ခေါင်းနဲ့ ဗိုက်ကိုခြားထားတဲ့ ကြွက်သားကိုဖိထားတော့ စားပြီးရင်လည်း အစာချေဖို့ အခက်အခဲရှိနေတတ်တော့ ဗိုက်တင်းပြီး အောင့်နေပြန်ရောတဲ့။
၅ ။ အရေပြားပေါ်တွင် အရာများထင်ခြင်း။

ဘရာစီယာအရမ်းကျပ်ကျပ်ဝတ်ထားရင် ကြိူးများက အသားထဲနစ်ဝင်နေပြီး ပခုံးနှင့် ကျောကုန်းနေရာများတွင် အရာများထင်ကျန်ပြီး တခါတလေ နာနေတတ်တယ်လေနော်။

ယုံတမ်းတွေပြောတာက ဘရာစီယာ ကို ညဘက် အိပ်ချိန် ဝတ်ထားရင် ရင်သားလှအောင်လုပ်ပေးနိုင်တယ်တဲ့။ အဲဒါမှားနေတယ်နော်။ ဘရာစီယာကို တစ်နေ့ ၁၂ နာရီ ထက်ပိုဝတ်ရင် ရင်သားကင်ဆာဖြစ်နိုင်ချေပိုများတယ်တဲ့နော်။ အဲ့တော့ ဘရာစီယာ မဝတ်ဘဲ မအိပ်တတ်ရင်တောင် နောက်က ချိတ်လေးကို ဖြုတ်ပြီးတော့ အိပ်သင့်တယ်တဲ့။

ကဲကဲ ဘရာစီယာ ဆိုသည်မှာ မဝတ်ပြန်ရင်လည်း မတင့်တယ် ၊ လှနေအောင် တအားကျပ်ကျပ်ဝတ်ရင်လည်း မကောင်းပြန်ဘူးနော့်။

Credit: Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top