iMyanmarHouse.com - Best Property Website for Myanmar
×




Source:Shwe Mhone Yati
Photo Credit

Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
ပရိတ်သတ်တွေကြားမှာ ရေပန်းစားတဲ့ ထိပ်တန်းမင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ ရွှေမှုံရတီကိုအားလုံးကချစ်ကြမယ်ထင်ပါတယ်။အားလုံကချစ်စနိုးနဲ့ အချေမင်းသမီးလေးလို့ ခေါ်ခံရတဲ့သူမကတော့ ပရိတ်သတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာရရှိထားသူလေးလည်းဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ပရိသတ် အသည်းစွဲဖြစ်ခဲ့ရပြီး လက်ရှိ ရုပ်ရှင်ဇာတ်ကားကြီးများအပါအဝင် ဇာတ်ကားများစွာရိုက်ကူးနေကြောင်း သိရပါတယ်။

သူမဟာ အနုပညာတွေအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုပုံရိပ်များကိုလည်း နေ့စဉ်ဖေ့ဘွတ်ပေါ်တွင်ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။သူမရဲ့ အချစ်ရေးကို စိတ်ဝင်စားနေကြတဲ့ ပရိတ်သတ်တွေတွက် မကြာခင်က သူမရဲ့ လူမူကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ” သူနဲ့စတွေ့ချိန်ကစအခုချိန်ထိ တစ်စက္ကန့်လေးတောင် သဲမျက်နှာအညိုးမခံခဲ့တဲ့ထိထားတာ သူအရာရာထက်သဲကို ပိုချစ်လို့ပါဆိုတာ သူ့မျက်လုံးထဲကနေမြင်နေရတယ်CC” ဆိုတဲ့ စာလေးကိုတင်ကာ ပရိတ်သတ်တွေကို အလင်းပြထားတာတွေ့ရပါတယ်။

ချစ်သူလေးကို အလင်းပြခြင်းမရှိသေးပေမယ့် မကြာခနခံစားချက်တွေ ရေးသားတက်တဲ့ ရွှေမှုံရတီရဲ့ အချစ်ရေးကိုတော့ ပရိသတ်တွေလည်း စိတ်ဝင်စားမယ်ထင်ပါတယ်။ ဒီနေ့မှာတော့ ချစ်ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ရွှေမှုံရတီရဲ့ အချစ်ရေး ခံစားချက်စာသားလေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Source:Shwe Mhone Yati
Photo Credit

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top