iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္ေတာ္တို႔ ျမန္မာနိုင္ငံမွာ လူေတာ္ေတာ္မ်ားမ်ားသိထားတဲ့ အဆိုေတာ္ ေရႊထူးကေတာ့ သူ႔ရဲ့အခ်စ္ေရးနဲ႔ လက္တေလာလႈပ္ရွားမႈေတြကို ရင္ဖြင့္လာခဲ့ပါတယ္။ ေရႊထူးကေတာ့ သီခ်င္းေအးေအးေလးေတြကို ပရိသတ္ရင္ထဲေရာက္ေအာင္ ဆိုနိုင္တဲ့ အဆိုေတာ္ျဖစ္ျပီး လက္ရွိခ်ိန္မွာလည္း အားေပးသူ အခိုင္မာရရွိထားတဲ့ အဆိုေတာ္ျဖစ္ပါတယ္။ ေရႊထူးကေတာ့ ေနာက္ပိုင္းတြင္ အဆိုေတာ္အျပင္ သူ႔ရဲ့ေယာက်ာ္းပီသတဲ့သြင္ျပင္ေၾကာင့္ ရုပ္ရွင္ကားေတြပါ ရိုက္ကူးလာျပီး ေအာင္ျမင္ေနတဲ့ အႏုပညာရွင္ တစ္ေယာက္လည္း ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ေရႊထူးကေတာ့ SJ နဲ႔အင္တာဗ်ဴးတြင္ Candy သီခ်င္းနဲ႔ ပတ္သက္ျပီး “Candy ကေတာ့ ကြ်န္ေတာ္ Page ကေနေရာ အျခား Page တစ္ခုကေနေရာ Share မယ္ေပါ့ေနာ္။ အသစ္ျဖစ္တဲ့အတြက္ သီခ်င္းကတိုတိုေလးဆိုေပမဲ့လည္း အားလံုးၾကိဳက္ၾကမယ္လို႔ ထင္ပါတယ္။ သီခ်င္းက ေအးေအးေလး ျဖစ္တာေၾကာင့္ အားလံုးၾကိဳက္ၾကမယ္လို႔ ထင္တယ္။ ဘယ္လိုသီခ်င္းအမ်ိဳးအစားျဖစ္မလည္းဆိုေတာ့ အခ်စ္သီခ်င္းေလးပါဘဲ။ ခါတိုင္းကြ်န္ေတာ္လုပ္ေနၾက ပံုစံေတြနဲ႔ေတာ့ နဲနဲကြဲပါတယ္”

လက္တေလာအႏုပညာလႈပ္ရွားမႈနဲ႔ ပတ္သက္ျပီး ေရႊထူးက “ကြ်န္ေတာ္သီခ်င္းေတြ လုပ္ျဖစ္တယ္။ အဓိကကေတာ့ လက္ရွိမွာ ကြ်န္ေတာ္ ရုပ္ရွင္ေတြရိုက္ေနတယ္။ ရုပ္ရွင္ေတြ ရိုက္ျပီးသြားတာနဲ႔ ကြ်န္ေတာ္ MTVေတြ Share ပါ မယ္”

RS life နဲ႔ Single life ကြာဟခ်က္ကဘယ္လိုလည္းဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ “အရမ္းေတာ့ ထူးျခားမႈမရွိပါဘူး။ ကြ်န္ေတာ္အရင္က Relationship ကလည္း LDRS ဆိုေတာ့ အရမ္းၾကီးကြာဟသြားတာ မရွိပါဘူး။ အားသာခ်က္ေတြဘာေတြ ကြ်န္ေတာ္မေတြးမိပါဘူး။ ကြ်န္ေတာ္က အလုပ္လုပ္ေနတဲ့အခ်ိန္ ကြ်န္ေတာ္တုတ္ေနွာင္တာ ကြ်န္ေတာ္မၾကိဳက္ဘူး။ က်န္တဲ့အခ်ိန္တုတ္ေနွာင္လို႔ရပါတယ္။ ေတာ္ေတာ္မ်ားမ်ားလည္း ကြ်န္ေတာ့္ကို အလုပ္နဲ႔ ပတ္သက္ရင္လာျပီး မတုတ္ေနွာင္က်ပါဘူး။ ကြ်န္ေတာ္အလုပ္ဘဲ ကြ်န္ေတာ္ လုပ္ေနမွာပါ”

အဆိုပိုင္းမွာေတြေရာ ေနွာက္ေနွးမႈေတြ ရွိသြားလားဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ “မရွိပါဘူး။ သီခ်င္းေတြရွဲမယ္။ ရုပ္ရွင္ကားရိုက္ရင္းနဲ႔လည္း ကြ်န္ေတာ္သီခ်င္းေတြလုပ္ျဖစ္ပါတယ္။ သီခ်င္းသစ္ေတြ ကြ်န္ေတာ္ ဥထားတာ ၁၁ ပုဒ္ ၁၂ ပုဒ္ေလာက္ရွိေနပါျပီ။ အခုဆို ထပ္ေတာင္ေရးေနပါေသးတယ္”

သရုပ္ေဆာင္ပိုင္းနဲ႔ ပတ္သက္ျပီး အားရမႈရွိလားဆိုတဲ့ ေမးခြန္းကိုေတာ့ “ အားရတယ္လို႔ေတာ့ ေျပာလို႔မရေသးပါဘူး။ ကြ်န္ေတာ့္အဆင့္ကလည္း မင္းသားေတြအဆင့္ကို မေရာက္ေသးဘူးေလ။ သရုပ္ေဆာင္ တစ္ေယာက္ေပါ့။ က်ိန္းေသတာ တစ္ခုကေတာ့ ပက္ပက္စက္စက္ညိဳ႔ရုပ္ရွင္ကားက ထက္ေတာ့ပိုျပီးေတာ့ သရုပ္ေဆာင္နိုင္မယ္လို႔ ထင္ပါတယ္။ ကြ်န္ေတာ္ ကိုေနတိုးနဲ႔ ရိုက္တဲ့အခ်ိန္မွာ ကိုေနတိုးနဲ႔ သားညီတို႔က ကြ်န္ေတာ့္ကို အရင္ဆံုး သင္ျပေပးတဲ့သူေတြေပါ့။ ဒီလိုလုပ္တာကို အားေပးတဲ့ ပရိသတ္လည္းရွိပါတယ္။ တခ်ိဳ႔က်ေတာ့လည္း ကြ်န္ေတာ့္ကို မင္းသားရုပ္မဟုတ္ဘူး။ အဲ့ဒါေတာ့ ဘယ္တတ္နိုင္မလဲ ေခၚရိုက္ေတာ့လည္း ရိုက္ရတာေပါ့။ ကြ်န္ေတာ့္ ပရိသတ္ၾကီးအားလံုးကို ကြ်န္ေတာ္ခ်စ္ပါတယ္” ဟုေျပာၾကားသြားခဲ့ပါတယ္။

Credit:  namalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူတော်တော်များများသိထားတဲ့ အဆိုတော် ရွှေထူးကတော့ သူ့ရဲ့အချစ်ရေးနဲ့ လက်တလောလှုပ်ရှားမှုတွေကို ရင်ဖွင့်လာခဲ့ပါတယ်။ ရွှေထူးကတော့ သီချင်းအေးအေးလေးတွေကို ပရိသတ်ရင်ထဲရောက်အောင် ဆိုနိုင်တဲ့ အဆိုတော်ဖြစ်ပြီး လက်ရှိချိန်မှာလည်း အားပေးသူ အခိုင်မာရရှိထားတဲ့ အဆိုတော်ဖြစ်ပါတယ်။ ရွှေထူးကတော့ နောက်ပိုင်းတွင် အဆိုတော်အပြင် သူ့ရဲ့ယောကျာ်းပီသတဲ့သွင်ပြင်ကြောင့် ရုပ်ရှင်ကားတွေပါ ရိုက်ကူးလာပြီး အောင်မြင်နေတဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရွှေထူးကတော့ SJ နဲ့အင်တာဗျူးတွင် Candy သီချင်းနဲ့ ပတ်သက်ပြီး “Candy ကတော့ ကျွန်တော် Page ကနေရော အခြား Page တစ်ခုကနေရော Share မယ်ပေါ့နော်။ အသစ်ဖြစ်တဲ့အတွက် သီချင်းကတိုတိုလေးဆိုပေမဲ့လည်း အားလုံးကြိုက်ကြမယ်လို့ ထင်ပါတယ်။ သီချင်းက အေးအေးလေး ဖြစ်တာကြောင့် အားလုံးကြိုက်ကြမယ်လို့ ထင်တယ်။ ဘယ်လိုသီချင်းအမျိုးအစားဖြစ်မလည်းဆိုတော့ အချစ်သီချင်းလေးပါဘဲ။ ခါတိုင်းကျွန်တော်လုပ်နေကြ ပုံစံတွေနဲ့တော့ နဲနဲကွဲပါတယ်”

လက်တလောအနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရွှေထူးက “ကျွန်တော်သီချင်းတွေ လုပ်ဖြစ်တယ်။ အဓိကကတော့ လက်ရှိမှာ ကျွန်တော် ရုပ်ရှင်တွေရိုက်နေတယ်။ ရုပ်ရှင်တွေ ရိုက်ပြီးသွားတာနဲ့ ကျွန်တော် MTVတွေ Share ပါ မယ်”

RS life နဲ့ Single life ကွာဟချက်ကဘယ်လိုလည်းဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “အရမ်းတော့ ထူးခြားမှုမရှိပါဘူး။ ကျွန်တော်အရင်က Relationship ကလည်း LDRS ဆိုတော့ အရမ်းကြီးကွာဟသွားတာ မရှိပါဘူး။ အားသာချက်တွေဘာတွေ ကျွန်တော်မတွေးမိပါဘူး။ ကျွန်တော်က အလုပ်လုပ်နေတဲ့အချိန် ကျွန်တော်တုတ်နှောင်တာ ကျွန်တော်မကြိုက်ဘူး။ ကျန်တဲ့အချိန်တုတ်နှောင်လို့ရပါတယ်။ တော်တော်များများလည်း ကျွန်တော့်ကို အလုပ်နဲ့ ပတ်သက်ရင်လာပြီး မတုတ်နှောင်ကျပါဘူး။ ကျွန်တော်အလုပ်ဘဲ ကျွန်တော် လုပ်နေမှာပါ”

အဆိုပိုင်းမှာတွေရော နှောက်နှေးမှုတွေ ရှိသွားလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “မရှိပါဘူး။ သီချင်းတွေရှဲမယ်။ ရုပ်ရှင်ကားရိုက်ရင်းနဲ့လည်း ကျွန်တော်သီချင်းတွေလုပ်ဖြစ်ပါတယ်။ သီချင်းသစ်တွေ ကျွန်တော် ဥထားတာ ၁၁ ပုဒ် ၁၂ ပုဒ်လောက်ရှိနေပါပြီ။ အခုဆို ထပ်တောင်ရေးနေပါသေးတယ်”

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး အားရမှုရှိလားဆိုတဲ့ မေးခွန်းကိုတော့ “ အားရတယ်လို့တော့ ပြောလို့မရသေးပါဘူး။ ကျွန်တော့်အဆင့်ကလည်း မင်းသားတွေအဆင့်ကို မရောက်သေးဘူးလေ။ သရုပ်ဆောင် တစ်ယောက်ပေါ့။ ကျိန်းသေတာ တစ်ခုကတော့ ပက်ပက်စက်စက်ညို့ရုပ်ရှင်ကားက ထက်တော့ပိုပြီးတော့ သရုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ကိုနေတိုးနဲ့ ရိုက်တဲ့အချိန်မှာ ကိုနေတိုးနဲ့ သားညီတို့က ကျွန်တော့်ကို အရင်ဆုံး သင်ပြပေးတဲ့သူတွေပေါ့။ ဒီလိုလုပ်တာကို အားပေးတဲ့ ပရိသတ်လည်းရှိပါတယ်။ တချို့ကျတော့လည်း ကျွန်တော့်ကို မင်းသားရုပ်မဟုတ်ဘူး။ အဲ့ဒါတော့ ဘယ်တတ်နိုင်မလဲ ခေါ်ရိုက်တော့လည်း ရိုက်ရတာပေါ့။ ကျွန်တော့် ပရိသတ်ကြီးအားလုံးကို ကျွန်တော်ချစ်ပါတယ်” ဟုပြောကြားသွားခဲ့ပါတယ်။

Credit:  namalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top