iMyanmarHouse.com - Best Property Website for Myanmar
×

ညီမေလးသို႔

” က်န္းမာျခင္းသည္ လာဘ္တစ္ပါးမို႔” ကၽြန္မတို႔အေနနဲ႔ က်န္းမာေအာင္ ေနထိုင္စားေသာက္မွ စိတ္ရႊင္လန္းႏိုင္မွာပါ။ က်န္းမာဖို႔ဆိုတာ ေရာဂါမျဖစ္ေအာင္ဆင္ျခင္ေနဖို႔အျပင္ ေရာဂါႏုစဥ္ လကၡဏာေတြကို ေစာေစာသိဖို႔ကလည္းလိုပါေသးတယ္။ အထူးသျဖင့္ ကိုယ္တြင္းကလီစာေတြ မက်န္းမာရင္ ေနာက္က်မွ သိတာေတြမ်ားတတ္တာေပါ့ေနာ္… မိန္းကေလးေတြအေနနဲ႔ဆိုလည္း အေရးႀကီး အစိတ္အပိုင္းလို႔ ေျပာလို႔ရတဲ့ သားအိမ္ေလး က်န္းမာေၾကာင္းသိေနဖို႔ လိုအပ္တာေပါ့ေနာ္…

ဒါဆို သားအိမ္ေလး က်န္းမာေနလားဆိုတာ ဘယ္လို လကၡဏာေတြနဲ႔ သိႏိုင္မလဲဆိုတာ ၾကည့္ၾကရေအာင္ေနာ္…

_ ေယာင္းတို႔ရဲ႕ ရာသီစက္ဝန္းတစ္ခုနဲ႔ တစ္ခုၾကား ၂၅ရက္မွ ၃၅ရက္ၾကားရွိမယ္။

ေယာင္းတို႔ရဲ႕ တစ္လတစ္ခါရာသီပန္းဟာ လာေနက် ရက္ဝန္းက်င္ျဖစ္သင့္ပါတယ္။ ( ဥပမာ.. ဒီလ မွာ “၂၀” ရက္ရာသီပန္းပြင့္တယ္ဆိုရင္ေနာက္လမွာလည္း ၁၈ ရက္ရွိတယ္ဆိုရင္ ရာသီ ႏွစ္ခုၾကား ၂၈ရက္ ျခားတယ္လို႔ယူဆရပါမယ္) တစ္လနဲ႔တစ္လ ရက္ေတြအရမ္းကြာၿပီး အရမ္းမမွန္ဘူးျဖစ္ေနရင္ ဒါဟာ အမ်ိဳးသမီး ေဟာ္မုန္း ကေမာက္ကမျဖစ္ျခင္း ျဖစ္ႏိုင္ပါတယ္။

_ ေယာင္းတို႔ရဲ႕ ရာသီေသြးဟာ အနီရင့္ေရာင္သာ ျဖစ္သင့္ပါတယ္။

ရာသီေသြးအေရာင္ဟာ ပံုမွန္မွာ ေသြးလိုလည္း အရမ္းမနီဘဲ နီညိဳေရာင္ ရွိရပါတယ္ ေယာင္းတို႔ေရ။ နီညိဳေရာင္ရွိတယ္ဆိုတဲ့ အဓိပၸါယ္က သားအိမ္ကို ေသြးလည္ပတ္မႈ ေကာင္းေနတယ္ဆိုတဲ့ အဓိပၸါယ္ေဆာင္ပါတယ္။ တကယ္လို႔မ်ား … အနီပုပ္ေရာင္၊ အညိဳပုပ္ေရာင္ရွိတဲ့ အတံုးအခဲေတြပါေနမယ္ဆိုရင္ေတာ့ သားအိမ္ဆီကို ေသြးလည္ပတ္မႈ မေကာင္းတာ ၊ ေဟာ္မုန္းမ်ားေနတာ၊ သားအိမ္မွာ အသားလံုးရွိတာေတြ ျဖစ္ႏိုင္ပါတယ္။

မိန္းမကိုယ္က အက်ိအခၽြဲေလးေတြ ဆင္းတာပံုမွန္ပါ။

မိန္းမကိုယ္က ဆင္းတဲ့ အက်ိအခၽြဲေလးေတြကလည္း သားအိမ္ေကာင္းမေကာင္း ညႊန္ျပေပးပါေသးတယ္။ ရာသီလာၿပီးကာစဆိုရင္ မိန္းမကိုယ္က အီစတိုဂ်င္နည္းေနတာမို႔ ေျခာက္ေသြ႕ေနတတ္ပါတယ္။ ရာသီစက္ဝန္းအလယ္( ရာသီလာၿပီး ၁၅ရက္ခန္႔) မွာ ဆိုရင္ေတာ့ မိန္းမကိုယ္က အက်ိအခၽြဲဆင္းတာ ပုိမ်ားလာၿပီး ပိုလည္း ႀကဲလာတတ္ပါတယ္။ ဒီေတာ့ ဒီလို အက်ိအခၽြဲေလးေတြ ပံုမွန္ဆင္းတယ္ဆိုရင္ တစ္လတစ္ခါ မမ်ိဳးဥေႂကြလို႔ သားအိမ္ ပံုမွန္အလုပ္လုပ္တယ္ဆိုတဲ့ လကၡဏာပါပဲ။

_ ရာသီပန္းပြင့္ခ်ိန္ မဟုတ္ဘဲ ရာသီမလာသင့္ပါဘူး။

မိန္းကေလးေတြရဲ႕ခႏၶာကိုယ္မွာ ေဟာ္မုန္းေလးေတြ ပံုမွန္အတက္အက်ရွိမွ တစ္လတစ္ခါ ရာသီပံုမွန္လာပါတယ္။ ရာသီလာခ်ိန္ မဟုတ္ဘဲ လာတယ္ဆိုတာ ေဟာ္မုန္းေတြ မၿငိမ္တာ၊ သားအိမ္နံရံထူတာ၊ သားအိမ္မွာ အသားလံုးရွိတာ၊ သားအိမ္ကင္ဆာရွိတာ၊ သားအိမ္ေခါင္းကင္ဆာ ရွိတာေတြ ျဖစ္ႏိုင္ပါတယ္ေနာ္။

_ ဆီးစပ္နားက ရာသီလာခ်ိန္မဟုတ္ဘဲ မေအာင့္သင့္ပါဘူး။

ရာသီလာတဲ့အခ်ိန္မွာ ေသြးအခဲေလးေတြက သားအိမ္ေခါင္းကို ျဖတ္ၿပီး ဆင္းတာေၾကာင့္ ဆီးစပ္တစ္ဝိုက္က ေအာင့္တာ ခံစားရတာပါ။ ရာသီလာခ်ိန္ မဟုတ္ဘဲ ဆီးစပ္က ေအာင့္တယ္ဆိုရင္ေတာ့ သားအိမ္တစ္႐ွဴးေတြ အျပင္ေရာက္ေနတာ၊ သားအိမ္ေရာင္တာ၊ မမ်ိဳးဥ အိမ္မွာေရအိတ္ရွိေနတာေတြျဖစ္ႏိုင္ပါတယ္။

ဒီအခ်က္ေလးေတြကိုၾကည့္ၿပီး သားအိမ္ေလးေကာင္းမေကာင္းကိုယ့္ဘာကိုယ္ ျပန္ဆန္းစစ္ၾကည့္ပါလို႔ အႀကံျပဳရင္း။

Credit: မယ္တင္( ေဆး၁ )
# Unicode Version ျဖင့္ ဖတ္ပါ #
ညီမလေးသို့

” ကျန်းမာခြင်းသည် လာဘ်တစ်ပါးမို့” ကျွန်မတို့အနေနဲ့ ကျန်းမာအောင် နေထိုင်စားသောက်မှ စိတ်ရွှင်လန်းနိုင်မှာပါ။ ကျန်းမာဖို့ဆိုတာ ရောဂါမဖြစ်အောင်ဆင်ခြင်နေဖို့အပြင် ရောဂါနုစဉ် လက္ခဏာတွေကို စောစောသိဖို့ကလည်းလိုပါသေးတယ်။ အထူးသဖြင့် ကိုယ်တွင်းကလီစာတွေ မကျန်းမာရင် နောက်ကျမှ သိတာတွေများတတ်တာပေါ့နော်… မိန်းကလေးတွေအနေနဲ့ဆိုလည်း အရေးကြီး အစိတ်အပိုင်းလို့ ပြောလို့ရတဲ့ သားအိမ်လေး ကျန်းမာကြောင်းသိနေဖို့ လိုအပ်တာပေါ့နော်…

ဒါဆို သားအိမ်လေး ကျန်းမာနေလားဆိုတာ ဘယ်လို လက္ခဏာတွေနဲ့ သိနိုင်မလဲဆိုတာ ကြည့်ကြရအောင်နော်…

_ ယောင်းတို့ရဲ့ ရာသီစက်ဝန်းတစ်ခုနဲ့ တစ်ခုကြား ၂၅ရက်မှ ၃၅ရက်ကြားရှိမယ်။

ယောင်းတို့ရဲ့ တစ်လတစ်ခါရာသီပန်းဟာ လာနေကျ ရက်ဝန်းကျင်ဖြစ်သင့်ပါတယ်။ ( ဥပမာ.. ဒီလ မှာ “၂၀” ရက်ရာသီပန်းပွင့်တယ်ဆိုရင်နောက်လမှာလည်း ၁၈ ရက်ရှိတယ်ဆိုရင် ရာသီ နှစ်ခုကြား ၂၈ရက် ခြားတယ်လို့ယူဆရပါမယ်) တစ်လနဲ့တစ်လ ရက်တွေအရမ်းကွာပြီး အရမ်းမမှန်ဘူးဖြစ်နေရင် ဒါဟာ အမျိုးသမီး ဟော်မုန်း ကမောက်ကမဖြစ်ခြင်း ဖြစ်နိုင်ပါတယ်။

_ ယောင်းတို့ရဲ့ ရာသီသွေးဟာ အနီရင့်ရောင်သာ ဖြစ်သင့်ပါတယ်။

ရာသီသွေးအရောင်ဟာ ပုံမှန်မှာ သွေးလိုလည်း အရမ်းမနီဘဲ နီညိုရောင် ရှိရပါတယ် ယောင်းတို့ရေ။ နီညိုရောင်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်က သားအိမ်ကို သွေးလည်ပတ်မှု ကောင်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ တကယ်လို့များ … အနီပုပ်ရောင်၊ အညိုပုပ်ရောင်ရှိတဲ့ အတုံးအခဲတွေပါနေမယ်ဆိုရင်တော့ သားအိမ်ဆီကို သွေးလည်ပတ်မှု မကောင်းတာ ၊ ဟော်မုန်းများနေတာ၊ သားအိမ်မှာ အသားလုံးရှိတာတွေ ဖြစ်နိုင်ပါတယ်။

မိန်းမကိုယ်က အကျိအချွဲလေးတွေ ဆင်းတာပုံမှန်ပါ။

မိန်းမကိုယ်က ဆင်းတဲ့ အကျိအချွဲလေးတွေကလည်း သားအိမ်ကောင်းမကောင်း ညွှန်ပြပေးပါသေးတယ်။ ရာသီလာပြီးကာစဆိုရင် မိန်းမကိုယ်က အီစတိုဂျင်နည်းနေတာမို့ ခြောက်သွေ့နေတတ်ပါတယ်။ ရာသီစက်ဝန်းအလယ်( ရာသီလာပြီး ၁၅ရက်ခန့်) မှာ ဆိုရင်တော့ မိန်းမကိုယ်က အကျိအချွဲဆင်းတာ ပိုများလာပြီး ပိုလည်း ကြဲလာတတ်ပါတယ်။ ဒီတော့ ဒီလို အကျိအချွဲလေးတွေ ပုံမှန်ဆင်းတယ်ဆိုရင် တစ်လတစ်ခါ မမျိုးဥကြွေလို့ သားအိမ် ပုံမှန်အလုပ်လုပ်တယ်ဆိုတဲ့ လက္ခဏာပါပဲ။

_ ရာသီပန်းပွင့်ချိန် မဟုတ်ဘဲ ရာသီမလာသင့်ပါဘူး။

မိန်းကလေးတွေရဲ့ခန္ဓာကိုယ်မှာ ဟော်မုန်းလေးတွေ ပုံမှန်အတက်အကျရှိမှ တစ်လတစ်ခါ ရာသီပုံမှန်လာပါတယ်။ ရာသီလာချိန် မဟုတ်ဘဲ လာတယ်ဆိုတာ ဟော်မုန်းတွေ မငြိမ်တာ၊ သားအိမ်နံရံထူတာ၊ သားအိမ်မှာ အသားလုံးရှိတာ၊ သားအိမ်ကင်ဆာရှိတာ၊ သားအိမ်ခေါင်းကင်ဆာ ရှိတာတွေ ဖြစ်နိုင်ပါတယ်နော်။

_ ဆီးစပ်နားက ရာသီလာချိန်မဟုတ်ဘဲ မအောင့်သင့်ပါဘူး။

ရာသီလာတဲ့အချိန်မှာ သွေးအခဲလေးတွေက သားအိမ်ခေါင်းကို ဖြတ်ပြီး ဆင်းတာကြောင့် ဆီးစပ်တစ်ဝိုက်က အောင့်တာ ခံစားရတာပါ။ ရာသီလာချိန် မဟုတ်ဘဲ ဆီးစပ်က အောင့်တယ်ဆိုရင်တော့ သားအိမ်တစ်ရှူးတွေ အပြင်ရောက်နေတာ၊ သားအိမ်ရောင်တာ၊ မမျိုးဥ အိမ်မှာရေအိတ်ရှိနေတာတွေဖြစ်နိုင်ပါတယ်။

ဒီအချက်လေးတွေကိုကြည့်ပြီး သားအိမ်လေးကောင်းမကောင်းကိုယ့်ဘာကိုယ် ပြန်ဆန်းစစ်ကြည့်ပါလို့ အကြံပြုရင်း။

Credit: မယ်တင်( ဆေး၁ )
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top