iMyanmarHouse.com - Best Property Website for Myanmar
×










Credit: myanpedia
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသားကြီး လွင်မိုးရဲ့ သမီးချောလေး ယွန်းဝတီလွင်မိုးကတော့ လက်ရှိမှာ ပရိသတ်တွေရဲ့စိတ်ဝင်တစား စောင့်ကြည့်ခံနေရသူလေး ဖြစ်ပါတယ်။

ခေးလို့အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ယွန်းလေး ပြီးခဲ့တဲ့နှစ်က လူငယ်တို့သဘာဝအတိုင်း ချစ်သူနဲ့ လက်ထပ်ခဲ့တာကြောင့် ပရိသတ်တွေက နှမြောတသဖြစ်ခဲ့ရပါတယ်။

အခုအချိန်မှာ ယွန်းက နိုင်ငံခြားမှာနေထိုင်နေတာဖြစ်ပြီး သားငယ်လေးတစ်ဦးကိုတောင် ပိုင်ဆိုင်ရရှိထားပြီ ဖြစ်ပါတယ်။

သူမအနေနဲ့ကတော့ သားငယ်လေးကို မီးဖွားခဲ့တာနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို အသိပေးထားပေမယ့် သားလေးရဲ့မျက်နှာကို သေချာမပြသေးပါဘူး ။

ဒါကြောင့်လည်း ပရိသတ်တွေက ယွန်းရဲ့ချစ်စရာသားငယ်လေးကို မျက်ဝါးထင်ထင် မြင်တွေ့ရဖို့အတွက် စိတ်ဆန္ဒတွေပြင်းပြနေကြတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ ဖေဖေနဲ့အတူ ဖက်ထားတဲ့ သားသားလေးရဲ့ဗီဒီယိုလေးတစ်ခုကို တင်ခဲ့တာကြောင့် ဝဝကစ်ကစ်နဲ့ အသည်းယားစရာကောင်းတဲ့ ယွန်းရဲ့ကလေးလေးကို မြင်တွေ့ခဲ့ရပါတယ်။

အခုလည်း ယွန်းက သားလေးနဲ့အတူ အပြင်ထွက်ရင်း နေပူဆာလှုံနေတဲ့ သူမတို့သားအမိရဲ့ပုံရိပ်လေးတွေကို IGမှာ အသစ်တင်ထားတာ တွေ့ရပါတယ်။

နက်မှောင်သန်စွမ်းဆံသားလေးတွေနဲ့ ယွန်းရဲ့သားလေးကို မဖော်ပြထားပေးမယ့်လည်း မေမေယွန်းကတော့ အပျိုပေါက်လေးလို ချစ်စရာကောင်းနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီတို့သားအမိရဲ့ နေပူဆာလှုံနေတဲ့ပုံသစ်လေးတွေကို အခုပဲ ဝေမျှပေးလိုက်ပါတယ်နော်။

Credit: myanpedia
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top