iMyanmarHouse.com - Best Property Website for Myanmar
×

ေဝဒနာခံစားေနရတာမရွိဘူူး၊ ဘာမွမျဖစ္ဘူး၊ ပံုမွန္လႈပ္ရွားသြားလာနိုင္ေနတယ္ဆိုတာနဲ႔ ကိုယ့္မွာဘာေရာဂါမွမရွိဘူး၊ က်န္းမာတယ္ လို႔ ေသခ်ာျပီလား။ ေခါင္းကိုက္တာ၊ဗိုက္ေအာင့္တာ၊ ဟိုနားဒီနားနာက်င္တာ စတဲ့အေသးအဖြဲလကၡဏာေတြေတာ့ ျဖစ္ၾကမွာပါ။

ေယာက်္ားေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ ဒီလိုအေသးအဖြဲေလးေတြက ကိုယ့္မွာရွိေနတဲ့ေရာဂါအေၾကာင္းရင္းခံေတြကို ေဖာ္ျပေနၾကတာျဖစ္ႏုိင္ပါတယ္။ ဒါ့အျပင္ အဝလြန္ေနသလား၊က်န္းမာေရးအတြက္မေကာင္းတဲ့ ေနထိုင္စားေသာက္မႈပံုစံေတြလုပ္မိေနသလားစတဲ့ ကိုယ့္အေျခအေနတခ်ဳိ႕က အႏၱရာယ္ေရွ႕ေျပးအခ်က္ေတြျဖစ္ေနႏုိင္လုိ႔  အေလးေပး ေလ့လာသံုးသပ္ၾကည့္ဖို႔ လိုအပ္ပါလိမ့္မယ္။

မ်ားေသာအားျဖင့္ ကြ်န္မတို႔မိန္းကေလးေတြက အလုပ္ေတြမ်ားေနရင္ ကိုယ့္ကိုယ္ကိုယ္ဂရုစိုက္မိဖို႔ေမ့ေနတတ္တယ္။ အလွအပကလြဲလို႔ေပါ့။ ခႏၶာကိုယ္ထဲမွာ တခုခုခံစားမိေနလည္း ဘာမွမျဖစ္ေလာက္ပါဘူးဆိုျပီး ဒီလိုပဲေနလိုက္ၾကတာပဲ။ အေရးၾကီးတဲ့ေရာဂါလကၡဏာတစ္ခုခုျဖစ္ေနနိုင္မလားဆိုတာလည္းမသိဘဲ အမႈမဲ့အမွတ္မဲ့ေနမိၾကတယ္။ မိသားစုဗာဟီရကိစၥေတြနဲ႔ လံုးလည္လိုက္ေနတဲ့ အိမ္ရွင္မေတြဆို ပိုဆိုးတာေပါ့။ ဒါေပမယ့္ က်န္းမာေရးဆိုတာ က်ား မ မေရြး မေပါ့ေလ်ာ့သင့္တဲ့အရာတစ္ခုျဖစ္သလို ေရာဂါကိုၾကိဳတင္မကာကြယ္နိုင္ရင္ေတာင္ ေစာေစာကုသနိုင္ဖို႔က ပံုမွန္က်န္းမာေရးစစ္ေဆးမႈလုပ္သင့္တယ္ဆိုတာပါပဲ။

အသက္အရြယ္ၾကီးၾကီး ငယ္ငယ္ မိန္းကေလးျဖစ္ျဖစ္၊ အမ်ိဳးသမီးျဖစ္ျဖစ္ ပံုမွန္လုပ္သင့္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြရွိပါတယ္။ ဆရာဝန္နဲ႔ ပံုမွန္ျပျပီး က်န္းမာေရးစစ္ေဆးမႈခံယူမယ္ဆိုရင္ ေရာဂါရွိမရွိၾကိဳသိရေတာ့ ဆင္ျခင္ေနထိုင္လို႔ရတာေပါ့။ အျဖစ္မ်ားတဲ့ ႏွလံုးေရာဂါ၊ ဆီးခ်ိဳေသြးခ်ိဳနဲ႔ ကင္ဆာတခ်ိဳ႕ကိုေတာင္ ျဖစ္ခါစမွာ ေစာေစာသိရရင္ ကုသမႈအခ်ိန္မီျပီး သက္တမ္းေစ့က်န္းမာစြာေနနိုင္ပါတယ္။ တခ်ိဳ႕ေရာဂါေတြက အသက္ၾကီးမွျဖစ္တတ္တာလို႔သိထားျပီး ငယ္ရြယ္တုန္း မစစ္ေဆးခဲ့ရင္ ဒုကၡေရာက္နုိင္ပါတယ္။ ဥပမာ ကိုယ္က ဆီးခ်ိဳေသြးခ်ိဳလို ေရာဂါၾကီးတစ္ခုခုကို မိသားစုမ်ိဳးရိုးရွိတယ္ဆိုရင္ အသက္ငယ္ေပမယ့္ ပိုစစ္ေဆးသင့္ပါတယ္။
အမ်ိဳးသမီးေတြအတြက္ အေရးၾကီးတဲ့ က်န္းမာေရးစစ္ေဆးမႈမ်ား

ႏွလံုးေရာဂါစစ္ေဆးမႈ

နွလံုးေရာဂါအတြက္ ဆရာဝန္ျပျပီး ECG (Electrocardiogram ) နဲ႔စစ္ေဆးနိုင္သလို ႏွလံုးေရာဂါနဲ႔ဆက္စပ္ေနတဲ့ အေရးၾကီးအခ်က္ေတြကို စစ္ေဆးၾကည့္ဖို႔လိုပါတယ္။

    ေသြးတိုးေရာဂါ – ေသြးတိုးရွိေနရင္၊ မိသားစုထဲမွာေသြးတိုးမ်ိဳးရိုးရွိေနရင္ ေလျဖတ္ျခင္း၊ ႏွလံုးရုတ္တရက္ရပ္ျခင္းတို႔ ျဖစ္နိုင္တဲ့အႏၱရာယ္ရွိပါတယ္။
    ေသြးစစ္ျခင္း – ေသြးတြင္းကိုလက္စထေရာကိုစစ္ေဆးပါ။ေသြးတြင္းအဆီဓာတ္မ်ားေနျခင္းက ႏွလံုးေရာဂါျဖစ္နိုင္တဲ့အႏၱရာယ္ကိုမ်ားေစပါတယ္။
    ကိုယ္အေလးခ်ိန္ –  ကိုယ္အေလးခ်ိန္မ်ားေနျခင္းက ႏွလံုးေသြးေၾကာက်ဥ္းေရာဂါနဲ႔ ဆီးခ်ိဳေသြးခ်ိဳအပါအဝင္ ေရာဂါအေတာ္မ်ားမ်ားတြက္ ရာခိုင္ႏႈန္းပိုမ်ားေစနိုင္ပါတယ္။ ကိုယ္အေလးခ်ိန္နဲ႔အရပ္ကို အခ်ိဳးခ်တြက္ခ်က္တဲ့ ခႏၶာကိုယ္ထုထည္ညႊန္းကိန္း(BMI) နဲ႔ တိုက္ညွိစစ္ေဆးၾကည့္ပါ။

သားအိမ္ေခါင္းကင္ဆာစစ္ေဆးမႈ

သားအိမ္ေခါင္းကင္ဆာဟာ မိန္းကေလးေတြမွာ အျဖစ္မ်ားဆံုးကင္ဆာေတြထဲပါဝင္ပါတယ္။ ပ်ိဳေဖာ္ဝင္ခ်ိန္ကစလို႔ သားအိမ္ေခါင္းကင္ဆာရွိမရွိကို စတင္စစ္ေဆးနိုင္ပါတယ္။ အသက္ ၂၁ ႏွစ္ကေန ၆၅ ႏွစ္အတြင္း အမ်ိဳးသမီးေတြဟာ Pap Test (သားအိမ္ေခါင္းခြ်ဲေျမွးစစ္ေဆးျခင္း)ကို သံုးႏွစ္တစ္ၾကိမ္ခံယူသင့္ပါတယ္။

ဆီးခ်ိဳေသြးခ်ိဳစစ္ေဆးမႈ

မၾကာခဏသတိထားစစ္ေဆးသင့္တဲ့အထဲမွာ ဆီးခ်ိဳေသြးခ်ိဳစစ္ေဆးမႈလည္းပါဝင္ပါတယ္။ အစာနဲ႔ ၈ နာရီေဝးတဲ့အခ်ိန္ ေသြးတြင္းသၾကားဓာတ္စစ္ေဆးသင့္ပါတယ္။ အိမ္မွာေသြးေဖာက္စစ္ေဆးလို႔ရေပမယ့္ ေရာဂါလကၡဏာသံသယရွိလာရင္ ေဆးခန္းမွာ HbA1C စစ္ေဆးမႈခံယူျပီး ဆရာဝန္နဲ႔တိုင္ပင္သင့္ပါတယ္။

ကိုယ္က –

    ကိုယ္အေလးခ်ိန္မ်ားေနရင္ (BMI ၃၀ ေက်ာ္ေနရင္)
    ကိုယ္ဝန္ေဆာင္ဆီးခ်ိဳျဖစ္ဖူးရင္
    ဆီးခ်ိဳမိသားစုမ်ိဳးရိုးရွိရင္ ပိုသတိထားရပါမယ္။

ရင္သားကင္ဆာနဲ႔ မမ္မိုဂရမ္စစ္ေဆးမႈ

အသက္ ၄၀ကေန ၇၅ႏွစ္အတြင္း အမ်ိဳးသမီးေတြဟာ တစ္ႏွစ္တစ္ၾကိမ္ ဒီစစ္ေဆးမႈခံယူသင့္ပါတယ္။ မိသားစုထဲမွာ မ်ိဳးဥအိမ္ကင္ဆာ သို႔မဟုတ္ ရင္သားကင္ဆာရွိသူ မ်ိဳးရိုးရွိတယ္ဆိုရင္ မမ္မိုဂရမ္စစ္ေဆးမႈကို ပိုျပီးခံယူသင့္ပါတယ္။

အရိုုးသိပ္သည္းဆစစ္ေဆးမႈ

အမ်ိဳးသမီးတစ္ဦးဟာ –

    မိသားစုဝင္ေတြထဲမွာ အရိုးပြေရာဂါရွိေနတာဆိုရင္
    အရမ္းပိန္ေနတာ၊ အရြယ္မတိုင္မီေသြးဆံုးတာ၊ ငယ္ရြယ္စဥ္တုန္းက အခ်ိန္အေတာ္ၾကာရာသီထိန္ဖူးတာ၊ အသက္ ၇၀ ေက်ာ္အရြယ္ရွိသူ စတဲ့ အရိုးပြေရာဂါျဖစ္နိုင္မ်ားေစတဲ့အခ်က္ေတြရွိေနရင္
    ခါးကိုင္းျပီး ေက်ာရိုးမၾကီးအေနအထားမမွန္ရင္
    ေခ်ာ္လဲတာလိုမ်ိဳး အေသးစားထိခိုက္မႈတစ္ခုခုေၾကာင့္ အရင္က အရိုးက်ိဳးတာအက္တာျဖစ္ဖူးရင္

အရိုးပြေရာဂါရွိမရွိ သိနိုင္ဖို႔ စစ္ေဆးမႈကို ခံယူသင့္ပါတယ္။ ဒါမွ သင့္က်န္းမာေရးအေျခအေနကို ဆရာဝန္က သံုးသပ္ျပီး သင့္ေတာ္တဲ့ ကုသေစာင့္ေရွာက္မႈေပးနုိင္မွာျဖစ္ပါတယ္။

Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ဝေဒနာခံစားနေရတာမရှိဘူူး၊ ဘာမှမဖြစ်ဘူး၊ ပုံမှန်လှုပ်ရှားသွားလာနိုင်နေတယ်ဆိုတာနဲ့ ကိုယ့်မှာဘာရောဂါမှမရှိဘူး၊ ကျန်းမာတယ် လို့ သေချာပြီလား။ ခေါင်းကိုက်တာ၊ဗိုက်အောင့်တာ၊ ဟိုနားဒီနားနာကျင်တာ စတဲ့အသေးအဖွဲလက္ခဏာတွေတော့ ဖြစ်ကြမှာပါ။

ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဒီလိုအသေးအဖွဲလေးတွေက ကိုယ့်မှာရှိနေတဲ့ရောဂါအကြောင်းရင်းခံတွေကို ဖော်ပြနေကြတာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဝလွန်နေသလား၊ကျန်းမာရေးအတွက်မကောင်းတဲ့ နေထိုင်စားသောက်မှုပုံစံတွေလုပ်မိနေသလားစတဲ့ ကိုယ့်အခြေအနေတချို့က အန္တရာယ်ရှေ့ပြေးအချက်တွေဖြစ်နေနိုင်လို့  အလေးပေး လေ့လာသုံးသပ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။

များသောအားဖြင့် ကျွန်မတို့မိန်းကလေးတွေက အလုပ်တွေများနေရင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မိဖို့မေ့နေတတ်တယ်။ အလှအပကလွဲလို့ပေါ့။ ခန္ဓာကိုယ်ထဲမှာ တခုခုခံစားမိနေလည်း ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဒီလိုပဲနေလိုက်ကြတာပဲ။ အရေးကြီးတဲ့ရောဂါလက္ခဏာတစ်ခုခုဖြစ်နေနိုင်မလားဆိုတာလည်းမသိဘဲ အမှုမဲ့အမှတ်မဲ့နေမိကြတယ်။ မိသားစုဗာဟီရကိစ္စတွေနဲ့ လုံးလည်လိုက်နေတဲ့ အိမ်ရှင်မတွေဆို ပိုဆိုးတာပေါ့။ ဒါပေမယ့် ကျန်းမာရေးဆိုတာ ကျား မ မရွေး မပေါ့လျော့သင့်တဲ့အရာတစ်ခုဖြစ်သလို ရောဂါကိုကြိုတင်မကာကွယ်နိုင်ရင်တောင် စောစောကုသနိုင်ဖို့က ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တယ်ဆိုတာပါပဲ။

အသက်အရွယ်ကြီးကြီး ငယ်ငယ် မိန်းကလေးဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ပုံမှန်လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေရှိပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူမယ်ဆိုရင် ရောဂါရှိမရှိကြိုသိရတော့ ဆင်ခြင်နေထိုင်လို့ရတာပေါ့။ အဖြစ်များတဲ့ နှလုံးရောဂါ၊ ဆီးချိုသွေးချိုနဲ့ ကင်ဆာတချို့ကိုတောင် ဖြစ်ခါစမှာ စောစောသိရရင် ကုသမှုအချိန်မီပြီး သက်တမ်းစေ့ကျန်းမာစွာနေနိုင်ပါတယ်။ တချို့ရောဂါတွေက အသက်ကြီးမှဖြစ်တတ်တာလို့သိထားပြီး ငယ်ရွယ်တုန်း မစစ်ဆေးခဲ့ရင် ဒုက္ခရောက်နိုင်ပါတယ်။ ဥပမာ ကိုယ်က ဆီးချိုသွေးချိုလို ရောဂါကြီးတစ်ခုခုကို မိသားစုမျိုးရိုးရှိတယ်ဆိုရင် အသက်ငယ်ပေမယ့် ပိုစစ်ဆေးသင့်ပါတယ်။
အမျိုးသမီးတွေအတွက် အရေးကြီးတဲ့ ကျန်းမာရေးစစ်ဆေးမှုများ

နှလုံးရောဂါစစ်ဆေးမှု

နှလုံးရောဂါအတွက် ဆရာဝန်ပြပြီး ECG (Electrocardiogram ) နဲ့စစ်ဆေးနိုင်သလို နှလုံးရောဂါနဲ့ဆက်စပ်နေတဲ့ အရေးကြီးအချက်တွေကို စစ်ဆေးကြည့်ဖို့လိုပါတယ်။

    သွေးတိုးရောဂါ – သွေးတိုးရှိနေရင်၊ မိသားစုထဲမှာသွေးတိုးမျိုးရိုးရှိနေရင် လေဖြတ်ခြင်း၊ နှလုံးရုတ်တရက်ရပ်ခြင်းတို့ ဖြစ်နိုင်တဲ့အန္တရာယ်ရှိပါတယ်။
    သွေးစစ်ခြင်း – သွေးတွင်းကိုလက်စထရောကိုစစ်ဆေးပါ။သွေးတွင်းအဆီဓာတ်များနေခြင်းက နှလုံးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ကိုများစေပါတယ်။
    ကိုယ်အလေးချိန် –  ကိုယ်အလေးချိန်များနေခြင်းက နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဆီးချိုသွေးချိုအပါအဝင် ရောဂါအတော်များများတွက် ရာခိုင်နှုန်းပိုများစေနိုင်ပါတယ်။ ကိုယ်အလေးချိန်နဲ့အရပ်ကို အချိုးချတွက်ချက်တဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း(BMI) နဲ့ တိုက်ညှိစစ်ဆေးကြည့်ပါ။

သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှု

သားအိမ်ခေါင်းကင်ဆာဟာ မိန်းကလေးတွေမှာ အဖြစ်များဆုံးကင်ဆာတွေထဲပါဝင်ပါတယ်။ ပျိုဖော်ဝင်ချိန်ကစလို့ သားအိမ်ခေါင်းကင်ဆာရှိမရှိကို စတင်စစ်ဆေးနိုင်ပါတယ်။ အသက် ၂၁ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသမီးတွေဟာ Pap Test (သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း)ကို သုံးနှစ်တစ်ကြိမ်ခံယူသင့်ပါတယ်။

ဆီးချိုသွေးချိုစစ်ဆေးမှု

မကြာခဏသတိထားစစ်ဆေးသင့်တဲ့အထဲမှာ ဆီးချိုသွေးချိုစစ်ဆေးမှုလည်းပါဝင်ပါတယ်။ အစာနဲ့ ၈ နာရီဝေးတဲ့အချိန် သွေးတွင်းသကြားဓာတ်စစ်ဆေးသင့်ပါတယ်။ အိမ်မှာသွေးဖောက်စစ်ဆေးလို့ရပေမယ့် ရောဂါလက္ခဏာသံသယရှိလာရင် ဆေးခန်းမှာ HbA1C စစ်ဆေးမှုခံယူပြီး ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

ကိုယ်က –

    ကိုယ်အလေးချိန်များနေရင် (BMI ၃၀ ကျော်နေရင်)
    ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးရင်
    ဆီးချိုမိသားစုမျိုးရိုးရှိရင် ပိုသတိထားရပါမယ်။

ရင်သားကင်ဆာနဲ့ မမ်မိုဂရမ်စစ်ဆေးမှု

အသက် ၄၀ကနေ ၇၅နှစ်အတွင်း အမျိုးသမီးတွေဟာ တစ်နှစ်တစ်ကြိမ် ဒီစစ်ဆေးမှုခံယူသင့်ပါတယ်။ မိသားစုထဲမှာ မျိုးဥအိမ်ကင်ဆာ သို့မဟုတ် ရင်သားကင်ဆာရှိသူ မျိုးရိုးရှိတယ်ဆိုရင် မမ်မိုဂရမ်စစ်ဆေးမှုကို ပိုပြီးခံယူသင့်ပါတယ်။

အရိုးသိပ်သည်းဆစစ်ဆေးမှု

အမျိုးသမီးတစ်ဦးဟာ –

    မိသားစုဝင်တွေထဲမှာ အရိုးပွရောဂါရှိနေတာဆိုရင်
    အရမ်းပိန်နေတာ၊ အရွယ်မတိုင်မီသွေးဆုံးတာ၊ ငယ်ရွယ်စဉ်တုန်းက အချိန်အတော်ကြာရာသီထိန်ဖူးတာ၊ အသက် ၇၀ ကျော်အရွယ်ရှိသူ စတဲ့ အရိုးပွရောဂါဖြစ်နိုင်များစေတဲ့အချက်တွေရှိနေရင်
    ခါးကိုင်းပြီး ကျောရိုးမကြီးအနေအထားမမှန်ရင်
    ချော်လဲတာလိုမျိုး အသေးစားထိခိုက်မှုတစ်ခုခုကြောင့် အရင်က အရိုးကျိုးတာအက်တာဖြစ်ဖူးရင်

အရိုးပွရောဂါရှိမရှိ သိနိုင်ဖို့ စစ်ဆေးမှုကို ခံယူသင့်ပါတယ်။ ဒါမှ သင့်ကျန်းမာရေးအခြေအနေကို ဆရာဝန်က သုံးသပ်ပြီး သင့်တော်တဲ့ ကုသစောင့်ရှောက်မှုပေးနိုင်မှာဖြစ်ပါတယ်။

Credit: Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top