iMyanmarHouse.com - Best Property Website for Myanmar
×






Credit: မေ(ရွှေအင်းလေး)
# Unicode Version ဖြင့် ဖတ်ပါ #
မိန်းကလေးတစ်ယောက်ရဲ့ အတွင်းသားခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖော်ပြရတာကို ရှက်ဖို့ကောင်းတယ်လို့ မခံယူထားတဲ့  ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါက သူမရဲ့ အတွင်းခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖော်ပြရမှာ ကို ဝန်မလေးတတ်သူပါ။

အခုလည်း ပရိတ်သတ်တွေကို ရှော့ခ်ရသွားစေမယ့် ဓာတ်ပုံတွေကို လေဒီဂါဂါက ရိုက်ပြီး ဝေမျှလိုက်ပြန်ပါ တယ်။ ကိုယ်လုံးကျွတ်နီးပါး အဝတ်ဗလာနဲ့ သူမရဲ့ ခန္ဓာကိုယ်သေးသေးကို ပို့စ်ပေးပြီး ဓာတ်ပုံတွေ အရိုက်ခံ ထားတာဖြစ်ပါတယ်။

Bad Romance အဆိုရှင် အသက် ၃၂ နှစ်အရွယ် လေဒီဂါဂါက သူမရဲ့ မွေးနေ့မှာ ဝလစ္စလစ်အဝတ်မဲ့ ဆက်စီဓာတ်ပုံတွေ ရိုက်ကူးပြီး သူမရဲ့ တရားဝင်အင်စတာဂရမ်စာမျက်နှာမှာ တင်လိုက်ပါတယ်။

အဝတ် ပိတ်စတစ်စတောင် မရှိတဲ့ သူမရဲ့ ကိုယ်ပေါ်မှာ အတွင်း ကိုဖောက်ထွင်းမြင်ရလောက်အောင် ပါးလွှာလွန်း တဲ့အသားကပ် ဘောင်းဘီတစ်ထည်ကိုသာ ဝတ်ဆင်ထားခဲ့တာပါ။

အပေါ်ပိုင်းမှာတော့ လုံးဝကိုယ်လုံးတီးဗလာဖြစ်ပြီး ရင်သားတွေကို ဆီလီကွန်ကပ်ခွာနှစ်ခုကပ်ပြီးဖုံး ထားပါ တယ်။ ခန္ဓာကိုယ်ဘေးတစ်စောင်းတောက်လျှောက်ကို တက်တူးအရုပ်တွေနဲ့ အလှဆင်ထားပြီးတော့ သူမက ရွှေအိုရောင်ဆံပင်ပွပွနဲ့ အခန်းတစ်ခန်းထဲရဲ့ နံရံထောင့်မှာမှီပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

Credit: မေ(ရွှေအင်းလေး)
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top