iMyanmarHouse.com - Best Property Website for Myanmar
×

လိမ္တာကို မၾကိဳက္ဘူးလို႔ တြင္တြင္ခါခါေျပာေနၾကတဲ့ မိန္းကေလးေတြက သူတို႔လက္ရွိ ခ်စ္သူရည္းစားအေပၚမွာ အခ်ိဳ႕ကိစၥေတြနဲ႔ပတ္သတ္ျပီး လိမ္ထားတတ္တယ္ဆိုတာ ေတြးဖူးပါသလား။ မိန္းကေလးအားလံုးလို႔ေတာ့ မဆိုလိုေပမယ့္ အေတာ္မ်ားမ်ားကေတာ့ ဖံုးကြယ္ျပီး လိမ္ညာထားတတ္တာေတြ ရွိပါတယ္။

၁။ ပတ္သတ္ခဲ့ဖူးတဲ့ Ex အေရအတြက္

သင္သိနိုင္ပါ့မလား။ သူမ ဘယ္နွစ္ေယာက္နဲ႔ ခ်စ္ၾကိဳက္ခဲ့ဖူးတယ္၊ ပတ္သတ္ခဲ့ဖူးတယ္ဆိုတာကို။ သင့္ကို ေျပာျပဦးေတာ့ ဘယ္နွစ္ေယာက္အတိအက်ဆိုတာကို ထည့္ေျပာပါ့မလား။ မိန္းကေလးတစ္ေယာက္အေနနဲ႔ သူမပတ္သတ္ခဲ့ဖူးသမွ် ေယာက္်ားအေရအတြက္ အတိအက်ကို လက္ရွိခ်စ္သူအေပၚ ေျပာျပဖို႔ဆိုတာ ထင္သေလာက္ မလြယ္ကူပါဘူး။ တစ္ခ်ိန္မွာ ျပႆနာျဖစ္မွာစိုးလို႔ မေျပာတာျဖစ္နိုင္သလို၊ သူမအေပၚ အထင္အျမင္ေသးမွာစိုးတဲ့အတြက္ေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။ အတူေနဖူးတဲ့ ကိစၥေတြဆိုရင္ေတာ့ ပိုဆိုးတာေပါ့။ အားလံုးကို အမွန္အတိုင္းေျပာျပဖို႔ဆိုတာ သိပ္မျဖစ္နိုင္ပါဘူး။

၂။ စိတ္ကူးယဥ္ဆန္သူမဟုတ္တဲ့အေၾကာင္း

တခ်ိဳ႕မိန္းကေလးေတြ ရွိပါတယ္။ သူမတို႔ဟာ ဘယ္ေလာက္ လက္ေတြ႕က်ေၾကာင္း၊ စိတ္ကူးယဥ္ဆန္တာေတြကို မၾကိဳက္ေၾကာင္း စသျဖင့္ေပါ့။ သူမတို႔ဟာ ကိုယ့္ကိုကိုယ္ယံုၾကည္မႈရွိတယ္၊ လြတ္လပ္တယ္၊ ဘာကိုမွအားမကိုးဘူးဆိုတဲ့ feminist ျဖစ္တဲ့သူမ်ိဳးဆိုတာေတြကိုလည္း အလံုးစံု မယံုလိုက္ပါနဲ႔။ သူတို႔ရဲ႕ အတြင္းစိတ္ထဲမွာ စိတ္ကူးယဥ္ဆန္ဆန္ ေတြးတာေတြ၊ ခ်စ္သူေယာက္်ားဆီက လိုခ်င္တာေတြ ရွိပါတယ္။

၃။ ကိုယ္အေလးခ်ိန္

သင့္ခ်စ္သူက သူ႔မွာ ေပါင္ ၁၀၀ ပဲရွိတယ္လို႔ေျပာရင္ အရမ္းၾကီးမယံုပါနဲ႔။ ၁၀ ေပါင္ေလာက္ စိတ္ထဲကေန ထပ္ေပါင္းလိုက္ပါ။ မိန္းကေလးအေတာ္မ်ားမ်ားက သူတို႔မွာ ေပါင္အေလးခ်ိန္မ်ားေနရင္ အမွန္အတိုင္း ထုတ္ေျပာရမွာ ရွက္ရြံတဲ့စိတ္ေလး ရွိေနတတ္ပါတယ္တ့ဲ။

၄။ ရပါတယ္…လို႔ေျပာလာရင္

ဘာကိစၥပဲျဖစ္ျဖစ္ ေကာင္မေလးေတြ ရပါတယ္လို႔ ေျပာလာရင္ နည္းနည္းသတိထားပါ။ အဲ့ဒါဟာ တကယ္အဆင္ေျပလို႔ ေျပာေနတာ မဟုတ္ဖို႔ ရာခိုင္နႈန္း မ်ားပါတယ္။ ရပါတယ္လို႔ ေျပာလာတဲ့အခါ ကိုယ့္ဘက္က လုပ္စရာရွိတာသာ ဆက္လုပ္ေနလိုက္ပါ၊ အဲ့စကားကို မယံုလိုက္ပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
လိမ်တာကို မကြိုက်ဘူးလို့ တွင်တွင်ခါခါပြောနေကြတဲ့ မိန်းကလေးတွေက သူတို့လက်ရှိ ချစ်သူရည်းစားအပေါ်မှာ အချို့ကိစ္စတွေနဲ့ပတ်သတ်ပြီး လိမ်ထားတတ်တယ်ဆိုတာ တွေးဖူးပါသလား။ မိန်းကလေးအားလုံးလို့တော့ မဆိုလိုပေမယ့် အတော်များများကတော့ ဖုံးကွယ်ပြီး လိမ်ညာထားတတ်တာတွေ ရှိပါတယ်။

၁။ ပတ်သတ်ခဲ့ဖူးတဲ့ Ex အရေအတွက်

သင်သိနိုင်ပါ့မလား။ သူမ ဘယ်နှစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ဖူးတယ်၊ ပတ်သတ်ခဲ့ဖူးတယ်ဆိုတာကို။ သင့်ကို ပြောပြဦးတော့ ဘယ်နှစ်ယောက်အတိအကျဆိုတာကို ထည့်ပြောပါ့မလား။ မိန်းကလေးတစ်ယောက်အနေနဲ့ သူမပတ်သတ်ခဲ့ဖူးသမျှ ယောက်ျားအရေအတွက် အတိအကျကို လက်ရှိချစ်သူအပေါ် ပြောပြဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး။ တစ်ချိန်မှာ ပြဿနာဖြစ်မှာစိုးလို့ မပြောတာဖြစ်နိုင်သလို၊ သူမအပေါ် အထင်အမြင်သေးမှာစိုးတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အတူနေဖူးတဲ့ ကိစ္စတွေဆိုရင်တော့ ပိုဆိုးတာပေါ့။ အားလုံးကို အမှန်အတိုင်းပြောပြဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။

၂။ စိတ်ကူးယဉ်ဆန်သူမဟုတ်တဲ့အကြောင်း

တချို့မိန်းကလေးတွေ ရှိပါတယ်။ သူမတို့ဟာ ဘယ်လောက် လက်တွေ့ကျကြောင်း၊ စိတ်ကူးယဉ်ဆန်တာတွေကို မကြိုက်ကြောင်း စသဖြင့်ပေါ့။ သူမတို့ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတယ်၊ လွတ်လပ်တယ်၊ ဘာကိုမှအားမကိုးဘူးဆိုတဲ့ feminist ဖြစ်တဲ့သူမျိုးဆိုတာတွေကိုလည်း အလုံးစုံ မယုံလိုက်ပါနဲ့။ သူတို့ရဲ့ အတွင်းစိတ်ထဲမှာ စိတ်ကူးယဉ်ဆန်ဆန် တွေးတာတွေ၊ ချစ်သူယောက်ျားဆီက လိုချင်တာတွေ ရှိပါတယ်။

၃။ ကိုယ်အလေးချိန်

သင့်ချစ်သူက သူ့မှာ ပေါင် ၁၀၀ ပဲရှိတယ်လို့ပြောရင် အရမ်းကြီးမယုံပါနဲ့။ ၁၀ ပေါင်လောက် စိတ်ထဲကနေ ထပ်ပေါင်းလိုက်ပါ။ မိန်းကလေးအတော်များများက သူတို့မှာ ပေါင်အလေးချိန်များနေရင် အမှန်အတိုင်း ထုတ်ပြောရမှာ ရှက်ရွံတဲ့စိတ်လေး ရှိနေတတ်ပါတယ်တဲ့။

၄။ ရပါတယ်…လို့ပြောလာရင်

ဘာကိစ္စပဲဖြစ်ဖြစ် ကောင်မလေးတွေ ရပါတယ်လို့ ပြောလာရင် နည်းနည်းသတိထားပါ။ အဲ့ဒါဟာ တကယ်အဆင်ပြေလို့ ပြောနေတာ မဟုတ်ဖို့ ရာခိုင်နှုန်း များပါတယ်။ ရပါတယ်လို့ ပြောလာတဲ့အခါ ကိုယ့်ဘက်က လုပ်စရာရှိတာသာ ဆက်လုပ်နေလိုက်ပါ၊ အဲ့စကားကို မယုံလိုက်ပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top