iMyanmarHouse.com - Best Property Website for Myanmar
×

ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚ မွာ မေအးေသာင္းရယ္လို႔ ပရိသတ္ အားေပးမႈခံရတဲ့ သ႐ုပ္ေဆာင္ ေအး ဝတ္ရည္ေသာင္းက အခုအခ်ိန္မွာ သူ႔ကို အပ်ိဳႀကီးလို႔ေခၚခံေနရတာကို သေဘာက်ေနပါတယ္။

“အိမ္ေထာင္ကေတာ့ ျပဳမယ္ ဆိုေပမယ့္ အခုအပ်ိဳႀကီးလို႔ ေခၚခံ ရတာကို ေပါက္စီေတာ္ေတာ္ႀကိဳက္ေနပါတယ္။ ေတာ္ေတာ္နားေထာင္လို႔ ေကာင္းတယ္။ အပ်ိဳေလးဆိုရင္ေတာင္ နားေထာင္လို႔မေကာင္းဘူး။ အပ်ိဳႀကီးဆိုတာ ကိုယ့္ကို ဘာပဲျဖစ္ျဖစ္ ေလးစားတဲ့ပံုစံေတာင္ေပါက္ ေနသလိုပဲ။ အပ်ိဳႀကီး၊ အစ္မအပ်ိဳႀကီး ဆိုၿပီး ေခၚၾကတယ္။ အဲဒါကို နား ထဲမွာ ေတာ္ေတာ္ႀကိဳက္ေနတယ္” လို႔ ေအးဝတ္ရည္ေသာင္းက ေျပာပါတယ္။ ဒီႏွစ္သီတင္းကြ်တ္ မတိုင္ မီမွာေတာ့ ပရိသတ္ ေတြကိုရင္ခုန္စရာအစီအစဥ္တစ္ခုေၾကညာဖို႔ လည္းရွိေနပါ တယ္။ ပရိသတ္ေတြအတြက္ ဘယ္လိုရင္ခုန္စရာ ျဖစ္မလဲ ဆိုတာကိုေတာ့ ေအးဝတ္ရည္ေသာင္းက …

“ေပါက္စီသီတင္းကြ်တ္မတိုင္ခင္ေတာ့ အထူးအစီ အစဥ္ရွိပါတယ္။ အဲဒါကေတာ့နီးလာရင္ေပါက္စီ ေဖ့စ္ဘြတ္ခ္ မွာ ေၾကညာသြားမွာပါ။ ရင္ခုန္စရာေကာင္းမယ္ ထင္ပါ တယ္။ ေယာက်ာ္းယူမွာေတာ့မဟုတ္ ဘူးေနာ္။ (ရယ္လ်က္) ႀကိဳေျပာထားတာ။ ေတာ္ၾကာ ရင္ခုန္စရာ ေကာင္းမယ္ ဆိုေတာ့ ေယာက်ာ္းယူမွာလား မသိဘူးဆိုၿပီး ထင္ေနၾက ဦးမယ္”လို႔ ေျပာပါတယ္။

မ်က္စိက်န္းမာေရးသိပ္မ ေကာင္းတဲ့အတြက္ ေဖ့စ္ဘြတ္ခ္ကို ေလွ်ာ့သံုးခဲ့ရတဲ့ ေအးဝတ္ ရည္ေသာင္းကအခုေတာ့ မ်က္စိ ျပန္ လည္ သက္သာလာၿပီျဖစ္တဲ့ အတြက္ ေဖ့စ္ဘြတ္ခ္ေပၚမွာ မ်က္စိျပန္ေနာက္ရပါေတာ့ မယ္လို႔ ဆိုပါတယ္။

“ဟိုတေလာကေတာ့ ေပါက္စီေဖ့စ္ဘြတ္ခ္သံုးတာ ျခားျခားေလး သံုးျဖစ္တယ္။ မ်က္လံုးသိပ္မေကာင္း ေတာ့ေလ။ သံုးတယ္ဆိုရင္လည္း ကိုယ္က ကြန္မန္႔ ေတြကို reply ျပန္ခ်င္တယ္။ မ်က္လံုးက လည္း အၾကာႀကီးၾကည့္လို႔မရ တာနဲ႔ ေလွ်ာ့သံုးေနတာပါ။ မ်က္လံုးက ၆ လေလာက္ျဖစ္ သြားတာပါ။

ဆရာဝန္ ကေတာ့ ေရဝပ္တာလို႔ ေျပာပါ တယ္။ စိတ္ဖိစီးမႈမ်ား တာေၾကာင့္လို႔ေျပာတယ္။ အဲဒါေၾကာင့္ ပင္ပန္းတာတို႔ တအားစိတ္ညစ္ရမယ့္ စိတ္ဖိစီးမႈမ်ားရမယ့္ အရာေတြ ေလွ်ာ့ရတာေပါ့။ ေစာေစာအိပ္ရတယ္။ ေဆးကုသ မႈေတြ ခံယူလိုက္ေတာ့ သက္သာသြားပါတယ္” လို႔ ေျပာပါတယ္

မွတ္ခ်က္-ေပၚျပဴလာဂ်ာနယ္စာမ်က္ႏွာမွ ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။

Credit: Takhon
# Unicode Version ျဖင့္ ဖတ္ပါ #


ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ် မှာ မအေးသောင်းရယ်လို့ ပရိသတ် အားပေးမှုခံရတဲ့ သရုပ်ဆောင် အေး ဝတ်ရည်သောင်းက အခုအချိန်မှာ သူ့ကို အပျိုကြီးလို့ခေါ်ခံနေရတာကို သဘောကျနေပါတယ်။

“အိမ်ထောင်ကတော့ ပြုမယ် ဆိုပေမယ့် အခုအပျိုကြီးလို့ ခေါ်ခံ ရတာကို ပေါက်စီတော်တော်ကြိုက်နေပါတယ်။ တော်တော်နားထောင်လို့ ကောင်းတယ်။ အပျိုလေးဆိုရင်တောင် နားထောင်လို့မကောင်းဘူး။ အပျိုကြီးဆိုတာ ကိုယ့်ကို ဘာပဲဖြစ်ဖြစ် လေးစားတဲ့ပုံစံတောင်ပေါက် နေသလိုပဲ။ အပျိုကြီး၊ အစ်မအပျိုကြီး ဆိုပြီး ခေါ်ကြတယ်။ အဲဒါကို နား ထဲမှာ တော်တော်ကြိုက်နေတယ်” လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။ ဒီနှစ်သီတင်းကျွတ် မတိုင် မီမှာတော့ ပရိသတ် တွေကိုရင်ခုန်စရာအစီအစဉ်တစ်ခုကြေညာဖို့ လည်းရှိနေပါ တယ်။ ပရိသတ်တွေအတွက် ဘယ်လိုရင်ခုန်စရာ ဖြစ်မလဲ ဆိုတာကိုတော့ အေးဝတ်ရည်သောင်းက …

“ပေါက်စီသီတင်းကျွတ်မတိုင်ခင်တော့ အထူးအစီ အစဉ်ရှိပါတယ်။ အဲဒါကတော့နီးလာရင်ပေါက်စီ ဖေ့စ်ဘွတ်ခ် မှာ ကြေညာသွားမှာပါ။ ရင်ခုန်စရာကောင်းမယ် ထင်ပါ တယ်။ ယောကျာ်းယူမှာတော့မဟုတ် ဘူးနော်။ (ရယ်လျက်) ကြိုပြောထားတာ။ တော်ကြာ ရင်ခုန်စရာ ကောင်းမယ် ဆိုတော့ ယောကျာ်းယူမှာလား မသိဘူးဆိုပြီး ထင်နေကြ ဦးမယ်”လို့ ပြောပါတယ်။

မျက်စိကျန်းမာရေးသိပ်မ ကောင်းတဲ့အတွက် ဖေ့စ်ဘွတ်ခ်ကို လျှော့သုံးခဲ့ရတဲ့ အေးဝတ် ရည်သောင်းကအခုတော့ မျက်စိ ပြန် လည် သက်သာလာပြီဖြစ်တဲ့ အတွက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ မျက်စိပြန်နောက်ရပါတော့ မယ်လို့ ဆိုပါတယ်။

“ဟိုတလောကတော့ ပေါက်စီဖေ့စ်ဘွတ်ခ်သုံးတာ ခြားခြားလေး သုံးဖြစ်တယ်။ မျက်လုံးသိပ်မကောင်း တော့လေ။ သုံးတယ်ဆိုရင်လည်း ကိုယ်က ကွန်မန့် တွေကို reply ပြန်ချင်တယ်။ မျက်လုံးက လည်း အကြာကြီးကြည့်လို့မရ တာနဲ့ လျှော့သုံးနေတာပါ။ မျက်လုံးက ၆ လလောက်ဖြစ် သွားတာပါ။

ဆရာဝန် ကတော့ ရေဝပ်တာလို့ ပြောပါ တယ်။ စိတ်ဖိစီးမှုများ တာကြောင့်လို့ပြောတယ်။ အဲဒါကြောင့် ပင်ပန်းတာတို့ တအားစိတ်ညစ်ရမယ့် စိတ်ဖိစီးမှုများရမယ့် အရာတွေ လျှော့ရတာပေါ့။ စောစောအိပ်ရတယ်။ ဆေးကုသ မှုတွေ ခံယူလိုက်တော့ သက်သာသွားပါတယ်” လို့ ပြောပါတယ်

မှတ်ချက်-ပေါ်ပြူလာဂျာနယ်စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Credit: Takhon
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top