iMyanmarHouse.com - Best Property Website for Myanmar
×

ေယာကၤ်ားေလးေတြ လံုးဝ မၾကိဳက္တဲ႔ အခ်က္ေတြကို ေျပာျပခ်င္ပါတယ္။ မိန္းကေလးေတြ အေနနဲ႔ ဒီအခ်က္ေတြကို ျပဳလုပ္ေနမိတယ္ဆိုရင္ ေရွ႕ဆက္ မလုပ္ဖို႔ အၾကံျပဳပါရေစ။

ဒီအရာ (၅) ခုကို ေရွာင္ၾကဥ္မယ္ဆိုရင္ ၊ သင့္ခ်စ္သူေကာင္ေလးက သင့္ကို ၊ ႏွစ္ဆ ပိုခ်စ္လာမွာ ေသခ်ာပါတယ္ေနာ္ ။

၁။ စိတ္ခဏခဏ ေကာက္ျခင္း ။

သူက ေယာက်္ားပဲ၊ ငါစိတ္ေကာက္ရင္ သူေခ်ာ့ရမွာေပါ့လို႔ မေတြးပါနဲ႔။ စိတ္ၾကည္ေနရင္ ကိစၥမရွိေပမယ့္ သူစိတ္ရႈပ္ေနတဲ့အခါ ဘာမဟုတ္တဲ့ ကိစၥေလးကို စိတ္ေကာက္ရာကေန ျပႆနာေတြၾကီးသြားတတ္ပါတယ္။ ဒါေၾကာင့္ စိတ္ေကာက္ခဲ့ရင္ေတာင္ ျပန္ေခ်ာ့ရင္ စိတ္ဆိုးေျပေပးလိုက္ပါ။ ရစ္တာမ်ားသြားရင္ သင့္ခ်စ္သူေကာင္ေလးက စိတ္ကုန္သြားတတ္ပါတယ္။

၂။ လူေရွ႕သူေရွ႕မွာ အႏိုင္ယူျခင္း ။

ခ်စ္သူအေပၚဆိုးတာ၊ ႏြဲ႔တာ ျပႆနာမရွိပါ။ လူေရွ႕သူေရွ႕၊ သူ႔လုပ္ေဖာ္ကိုင္ဖက္၊ သူငယ္ခ်င္းမိတ္ေဆြေတြေရွ႕ အရွက္ခြဲအႏိုင္ယူတာမ်ိဳးေတာ့ေရွာင္ပါ။ ကိုယ္ကမွ အေလးမထားရင္ ေဘးလူကကိုယ့္ခ်စ္သူအေပၚ အထင္ေသးကဲ့ရဲ႕ဖို႔ လြယ္ပါတယ္။ ေယာက်္ားေလးအမ်ားစုအတြက္ ေဘာ္ဒါေတြၾကားမွာ မယားေၾကာက္ဆိုျပီး အေခၚခံရတာက နားဝင္ခ်ိဳလွတယ္ေတာ့ မဟုတ္လွပါဘူး။


၃။ တျခား ေယာက်္ားေလးအေၾကာင္းကို စိတ္ပါလက္ပါ ေျပာျခင္း။

ကိုယ့္ခ်စ္သူကို ငုတ္တုတ္ထားျပီး တျခားေကာင္ေလးအေၾကာင္း ရႊန္းရႊန္းေဝေအာင္ေျပာေနတာေလာက္ ေဒါသျဖစ္ဖို႔ေကာင္းတာ မရွိပါ။ မင္းသားေတြ အဆိုေတာ္ေတြ အားေပးတာ အျပစ္မျမင္ေပမယ့္ အဲဒီလူအေၾကာင္းကို စိတ္မပါပဲ ထိုင္နားေထာင္ေနရတာကိုေတာ့ ႏွစ္သက္ေလ့မရွိၾကပါဘူး။


၄။ သူမ်ား စံုတြဲေတြကိုပဲ အခ်ိန္ျပည့္ အားက်ေနျခင္း။

ကိုယ့္သူငယ္ခ်င္းအတြဲေတြ သာယာေနတာကို ဆိုရွယ္မီဒီယာေပၚမွာ ျမင္ရတုိင္း ၊ ႏိႈင္းယွဥ္ျပီး ျပႆနာမရွာပါနဲ႔။ တစ္ခ်ိဳ႕က အျပင္ပန္းၾကည့္ရတာ သာယာေနေပမယ့္ တစ္ကယ္တန္း ရန္တက်တ္က်တ္ ျဖစ္ေနတာမ်ိဳးပါ။ တတ္ႏိုင္သေလာက္ ၾကိဳးစားေနတဲ့ခ်စ္သူကို၊ သူ႔ခ်စ္သူကေတာ့ ဘယ္လိုလုပ္ေပးတာဆိုတာမ်ိဳး ေျပာပါမ်ားလာတဲ့အခါ စိတ္ပ်က္လာတတ္ပါတယ္။


၅။ မဟုတ္ဘဲ စြပ္စြဲျခင္း ။

ခ်စ္လို႔ သဝန္တိုၾကတာကေတာ့ သဘာဝပါ။ ဒါေပမဲ့ လုပ္ေဖာ္ကို္င္ဖက္ေတြ၊ မိတ္ေဆြေတြနဲ႔ေတာင္၊ မဟုတ္ဘဲ စြပ္စြဲျပီး ေယာက်္ားမာနကို ထိပါးမယ္ဆိုရင္ေတာ့ ျဖစ္လာမယ့္အက်ိဳးဆက္ေတြက မလွပႏိုင္ပါဘူး။

ေဆာငး္ပါးေရးသားသူ – B.Trix

Credit: Takhon
# Unicode Version ျဖင့္ ဖတ္ပါ #
ယောင်္ကျားလေးတွေ လုံးဝ မကြိုက်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်။ မိန်းကလေးတွေ အနေနဲ့ ဒီအချက်တွေကို ပြုလုပ်နေမိတယ်ဆိုရင် ရှေ့ဆက် မလုပ်ဖို့ အကြံပြုပါရစေ။

ဒီအရာ (၅) ခုကို ရှောင်ကြဉ်မယ်ဆိုရင် ၊ သင့်ချစ်သူကောင်လေးက သင့်ကို ၊ နှစ်ဆ ပိုချစ်လာမှာ သေချာပါတယ်နော် ။

၁။ စိတ်ခဏခဏ ကောက်ခြင်း ။

သူက ယောကျ်ားပဲ၊ ငါစိတ်ကောက်ရင် သူချော့ရမှာပေါ့လို့ မတွေးပါနဲ့။ စိတ်ကြည်နေရင် ကိစ္စမရှိပေမယ့် သူစိတ်ရှုပ်နေတဲ့အခါ ဘာမဟုတ်တဲ့ ကိစ္စလေးကို စိတ်ကောက်ရာကနေ ပြဿနာတွေကြီးသွားတတ်ပါတယ်။ ဒါကြောင့် စိတ်ကောက်ခဲ့ရင်တောင် ပြန်ချော့ရင် စိတ်ဆိုးပြေပေးလိုက်ပါ။ ရစ်တာများသွားရင် သင့်ချစ်သူကောင်လေးက စိတ်ကုန်သွားတတ်ပါတယ်။


၂။ လူရှေ့သူရှေ့မှာ အနိုင်ယူခြင်း ။

ချစ်သူအပေါ်ဆိုးတာ၊ နွဲ့တာ ပြဿနာမရှိပါ။ လူရှေ့သူရှေ့၊ သူ့လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းမိတ်ဆွေတွေရှေ့ အရှက်ခွဲအနိုင်ယူတာမျိုးတော့ရှောင်ပါ။ ကိုယ်ကမှ အလေးမထားရင် ဘေးလူကကိုယ့်ချစ်သူအပေါ် အထင်သေးကဲ့ရဲ့ဖို့ လွယ်ပါတယ်။ ယောကျ်ားလေးအများစုအတွက် ဘော်ဒါတွေကြားမှာ မယားကြောက်ဆိုပြီး အခေါ်ခံရတာက နားဝင်ချိုလှတယ်တော့ မဟုတ်လှပါဘူး။


၃။ တခြား ယောကျ်ားလေးအကြောင်းကို စိတ်ပါလက်ပါ ပြောခြင်း။

ကိုယ့်ချစ်သူကို ငုတ်တုတ်ထားပြီး တခြားကောင်လေးအကြောင်း ရွှန်းရွှန်းဝေအောင်ပြောနေတာလောက် ဒေါသဖြစ်ဖို့ကောင်းတာ မရှိပါ။ မင်းသားတွေ အဆိုတော်တွေ အားပေးတာ အပြစ်မမြင်ပေမယ့် အဲဒီလူအကြောင်းကို စိတ်မပါပဲ ထိုင်နားထောင်နေရတာကိုတော့ နှစ်သက်လေ့မရှိကြပါဘူး။


၄။ သူများ စုံတွဲတွေကိုပဲ အချိန်ပြည့် အားကျနေခြင်း။

ကိုယ့်သူငယ်ချင်းအတွဲတွေ သာယာနေတာကို ဆိုရှယ်မီဒီယာပေါ်မှာ မြင်ရတိုင်း ၊ နှိုင်းယှဉ်ပြီး ပြဿနာမရှာပါနဲ့။ တစ်ချို့က အပြင်ပန်းကြည့်ရတာ သာယာနေပေမယ့် တစ်ကယ်တန်း ရန်တကျတ်ကျတ် ဖြစ်နေတာမျိုးပါ။ တတ်နိုင်သလောက် ကြိုးစားနေတဲ့ချစ်သူကို၊ သူ့ချစ်သူကတော့ ဘယ်လိုလုပ်ပေးတာဆိုတာမျိုး ပြောပါများလာတဲ့အခါ စိတ်ပျက်လာတတ်ပါတယ်။


၅။ မဟုတ်ဘဲ စွပ်စွဲခြင်း ။

ချစ်လို့ သဝန်တိုကြတာကတော့ သဘာဝပါ။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေနဲ့တောင်၊ မဟုတ်ဘဲ စွပ်စွဲပြီး ယောကျ်ားမာနကို ထိပါးမယ်ဆိုရင်တော့ ဖြစ်လာမယ့်အကျိုးဆက်တွေက မလှပနိုင်ပါဘူး။

ဆောင်းပါးရေးသားသူ – B.Trix

Credit: Takhon
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top