iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ေတြၾကားမွာ အရမ္းကိုေရပန္းစားလာတဲ့ အဝင္းလို႔ခ်စ္စႏိုးနဲ႔ေခၚေနၾကတဲ့ မိုရီဆာကီဝင္းကေတာ့ ဂ်ပန္ျပည္ေရာက္ ျမန္မာႏိုင္ငံဖြားမင္းသားပဲျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံမွာလညး္ နာမည္ၾကီးေက်ာ္ၾကားသလို ျမန္မာပရိသတ္ေတြရဲ႕ အသည္းႏွလံုးကိုလည္း သိမ္းပိုက္ထားသူပါ။ အထူးသျဖင့္ မိန္းကေလးအမ်ားစုရဲ႕ ဝန္းရံျခင္းကုိခံရတဲ့ မိုရီဆာကီဝင္းဟာ မၾကာေသးခင္ကမွ ဇာတိေျမရုပ္ရွင္ဇာတ္ကားမွာ ပါဝင္ထားသူျဖစ္ပါတယ္။

အဝင္းပါတ့ဲ ဒီဇာတိေျမရုပ္ရွင္ဇာတ္ကားကိုရုိက္ကူးထားသူကေတာ့ ဒါရိုက္တာၾကည္ျဖဴသ်ွင္ျဖစ္ပါတယ္။ အဝင္းကိုခ်စ္ၾကတဲ့ပရိသတ္ေတြအတြက္ကေတာ့ ဒီဇာတိေျမရုပ္ရွင္ဇာတ္ကားဟာ အဝင္းကိုၾကည့္မဝေအာင္ အခန္းနည္းနည္းပဲပါတဲ့အတြက္ ပရိသတ္ေတြက ေဝဖန္မွုအနည္းငယ္ရွိေနခဲ့ပါတယ္။

ဒီေဝဖန္မွုကိုျပန္ရွင္းခဲ့တ့ဲ ဒါရိုက္တာၾကည္ျဖဴသ်ွင္အေနနဲ႔လည္း အဝင္းရဲ႕ ပရိသတ္ေတြ ေဝဖန္မွုကို ပိုျပီးၾကံဳေနရပါတယ္။

“တခ်ိဳ႕ေတြက အမတို႔ကိုေဝဖန္တာေတြရွိတယ္ အဝင္းကိုနည္းနည္းေလးထည့္ျပီး ဘာလို႔ရိုက္ထားတာလဲ ေပါ့ အစတည္းကမရိုက္ပါနဲ႔ေပါ့ ေျပာမယ္ဆိုရင္ေတာ့ အဝင္းနာမည္သံုးျပီးေတာ့ေပါ့ အမတို႔ေျပာခ်င္တာက အဝင္းဆိုတာက ဒီဇာတ္ကားရဲ႕ Press Show က်မွ လူေတြသိၾကတာေပါ့ ဒီဇာတ္ကား Press Show ကေနျပီးေတာ့ အဝင္းဆိုတာေပါက္သြားတာေပါ့ ေနာက္တစ္ခုက အဝင္းက ဒီဇာတ္ကားကေနတဆင့္ Press Show ကေနတဆင့္ ပရိသတ္ရင္ထဲကိုေရာက္သြားတာေပါ့ေနာ္။”

“ဒီဇာတ္ကားကို စျပီးဖန္တီးတည္းက ဇာတ္ထဲမွာကိုက အဝင္းအခန္းသည္ ဒီေလာက္ပဲ ဆိုတာကိုအစတည္းကေျပာျပီးသား ေပ့ါေနာ္ ေျပာရမယ္ဆိုရင္ ဒီတံု႔ျပန္မွုကိုအမတို႔အစတည္းက ေမ်ွာ္လင့္ထားျပီးသား။ ဘာေၾကာင့္လဲဆိုေတာ့ မီဒီယာစာနယ္ဇင္းပြဲမွာ အဝင္းအရမ္းေပါက္သြားတယ္။ ေပါက္သြားျပီးေတာ့ ေတာက္ေလ်ွာက္ရိုက္တဲ့အခါလည္း အဝင္းအဝင္းအရမ္းျဖစ္တဲ့အခါက်ေတာ့ ဟာ ငါေတာ့ဒုကၡပဲ ရံုတင္တဲ့အခ်ိန္ အဝင္းအခန္းက သူတုိ႔ေမ်ွာ္လင့္သေလာက္ျဖစ္မလာရင္ ေျပာၾကမွာပဲေနာ္။”

“အမေတာင္ အဝင္းကိုေျပာေသးတယ္ အဝင္းေရ အမေတာ့ ရံုတင္ရင္ေျပာခံထိေတာ့မွာပဲလို႔ ဆိုေတာ့ သူက အမရယ္ မဆိုင္ဘူးေလတဲ့ ဒါအစတည္းကဒီေလာက္ပဲဆိုတာ လုပ္ျပီးသားေလ ဇာတ္တခုကို အေၾကာင္းတခုခုေၾကာင့္ ေျပာင္းလိုက္တာမ်ိဳးမလုပ္ရဘူးေလ အမတဲ့ အမသိတယ္ အမလည္းနားလည္တယ္ ဒါေပမယ့္ ပရိသတ္ကက်ေတာ့ သူတို႔အျမင္တမ်ိဳးနားလည္မွာစိုးတယ္ ဆိုေတာ့ ဒါလည္းေျပာမယ္ဆုိရင္ အမတို႔ရဲ႕ကံစပ္မွုေတြေပါ့ေနာ္ ဒီကားနဲ႔ပတ္သက္ျပီးေတာ့ အဝင္းသည္ပါလာတယ္ ျပီးေတာ့ ဒီရဲ႕စာနယ္ဇင္းကေနတဆင့္ သူ႔ကိုသိသြားၾကတယ္ ပရိသတ္ခ်စ္သြားၾကတယ္ေပါ့ေနာ္”

” ေနာက္တစ္ခု အံ့ၾသဖုိ႔ေကာင္းတာက အမတို႔ဒီဇာတ္ကားသည္ စာနယ္္ဇင္းလုပ္တဲ့အခ်ိန္တုန္းက 2017 (၈) လပိုင္းေပါ့ တကယ္က် 2017 (၂) လပိုင္းတည္းက အဝင္းက ဒီကိုလာျပီးသား ဂ်ပန္-ျမန္မာခ်စ္ၾကည္ေရးပြဲမွာ အဝင္းကသီခ်င္းဆိုျပီးသား ဆိုေတာ့ အဲ႔တုန္းက ပရိသတ္ရဲ႕လွုပ္ခတ္မွုက ဒီေလာက္ထိမရွိခဲ့ဘူး အဲ့အခ်ိန္ကသာလွုပ္ခတ္မွုရွိခဲ့မယ္ဆုိ အမတို႔ဇာတ္ကားရဲ႕ ဇာတ္ဝင္ခန္းေတြက တမ်ိဳးတဖံုေျပာင္းလဲသြားလိမ့္မယ္ အဲ့လိုမ်ိဳးျဖစ္လာလိမ့္မယ္လို႔ မထင္ဘူးေလ Entertainment ပြဲၾကီးတစ္ခုလံုးျပီးသြားတာေတာင္ မလွုပ္ခတ္ပဲနဲ႔ စာနယ္ဇင္းပြဲက်မွ အင္တာဗ်ဴးတခုကေန လွုပ္ခတ္သြားတယ္ဆိုတာ ၾကီးကေတာ့အရမ္းကို ထူးဆန္းပါတယ္ ဂ်ပန္ေတြကအစ အရမ္းကိုအံ့ၾသသြားတယ္ ဒါကဇာတိေျမရဲ႕ထူးျခားမွုေတြေပါ့ေနာ္”

ဆိုျပီး အဝင္းဟာ ဇာတိေျမရုပ္ရွင္ကားၾကီးရဲ႕ စာနယ္ဇင္းပြဲကေနမွတဆင့္ ပိုျပီးေပါက္သြားတယ္ ဆိုတဲ့ေျပာဆုိခ်က္ေတြဟာ အဝင္းရဲ႕ ပရိသတ္ေတြၾကား ေဝဖန္စရာၾကီးၾကီးမားမားတစ္ခုလို ျဖစ္သြားခဲ့ပါတယ္။

Ref;Interview From The Rader & We Love Cele

Credit : PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားလာတဲ့ အဝင်းလို့ချစ်စနိုးနဲ့ခေါ်နေကြတဲ့ မိုရီဆာကီဝင်းကတော့ ဂျပန်ပြည်ရောက် မြန်မာနိုင်ငံဖွားမင်းသားပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာလည်း နာမည်ကြီးကျော်ကြားသလို မြန်မာပရိသတ်တွေရဲ့ အသည်းနှလုံးကိုလည်းသိမ်းပိုက်ထားသူပါ။ အထူးသဖြင့် မိန်းကလေးအများစုရဲ့ ဝန်းရံခြင်းကိုခံရတဲ့ မိုရီဆာကီဝင်းဟာ မကြာသေးခင်ကမှ ဇာတိမြေရုပ်ရှင်ဇာတ်ကားမှာပါဝင်ထားသူဖြစ်ပါတယ်။

အဝင်းပါတဲ့ ဒီဇာတိမြေရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးထားသူကတော့ ဒါရိုက်တာကြည်ဖြူသျှင်ဖြစ်ပါတယ်။ အဝင်းကိုချစ်ကြတဲ့ပရိသတ်တွေအတွက်ကတော့ ဒီဇာတိမြေရုပ်ရှင်ဇာတ်ကားဟာ အဝင်းကိုကြည့်မဝအောင် အခန်းနည်းနည်းပဲပါတဲ့အတွက် ပရိသတ်တွေက ဝေဖန်မှုအနည်းငယ်ရှိနေခဲ့ပါတယ်။

ဒီဝေဖန်မှုကိုပြန်ရှင်းခဲ့တဲ့ ဒါရိုက်တာကြည်ဖြူသျှင်အနေနဲ့လည်း အဝင်းရဲ့ ပရိသတ်တွေ ဝေဖန်မှုကို ပိုပြီးကြုံနေရပါတယ်။

“တချို့တွေက အမတို့ကိုဝေဖန်တာတွေရှိတယ် အဝင်းကိုနည်းနည်းလေးထည့်ပြီး ဘာလို့ရိုက်ထားတာလဲ ပေါ့ အစတည်းကမရိုက်ပါနဲ့ပေါ့ ပြောမယ်ဆိုရင်တော့ အဝင်းနာမည်သုံးပြီးတော့ပေါ့ အမတို့ပြောချင်တာက အဝင်းဆိုတာက ဒီဇာတ်ကားရဲ့ Press Show ကျမှ လူတွေသိကြတာပေါ့ ဒီဇာတ်ကား Press Show ကနေပြီးတော့ အဝင်းဆိုတာပေါက်သွားတာပေါ့ နောက်တစ်ခုက အဝင်းက ဒီဇာတ်ကားကနေတဆင့် Press Show ကနေတဆင့် ပရိသတ်ရင်ထဲကိုရောက်သွားတာပေါ့နော်။”

“ဒီဇာတ်ကားကို စပြီးဖန်တီးတည်းက ဇာတ်ထဲမှာကိုက အဝင်းအခန်းသည် ဒီလောက်ပဲ ဆိုတာကိုအစတည်းကပြောပြီးသား ပေ့ါနော် ပြောရမယ်ဆိုရင် ဒီတုံ့ပြန်မှုကိုအမတို့အစတည်းကမျှော်လင့်ထားပြီးသား။ ဘာကြောင့်လဲဆိုတော့ မီဒီယာစာနယ်ဇင်းပွဲမှာ အဝင်းအရမ်းပေါက်သွားတယ်။ ပေါက်သွားပြီးတော့ တောက်လျှောက်ရိုက်တဲ့အခါလည်း အဝင်းအဝင်းအရမ်းဖြစ်တဲ့အခါကျတော့ ဟာ ငါတော့ဒုက္ခပဲ ရုံတင်တဲ့အချိန် အဝင်းအခန်းက သူတို့မျှော်လင့်သလောက်ဖြစ်မလာရင် ပြောကြမှာပဲနော်။”

“အမတောင် အဝင်းကိုပြောသေးတယ် အဝင်းရေ အမတော့ ရုံတင်ရင်ပြောခံထိတော့မှာပဲလို့ ဆိုတော့ သူက အမရယ် မဆိုင်ဘူးလေတဲ့ ဒါအစတည်းကဒီလောက်ပဲဆိုတာ လုပ်ပြီးသားလေ ဇာတ်တခုကို အကြောင်းတခုခုကြောင့် ပြောင်းလိုက်တာမျိုးမလုပ်ရဘူးလေ အမတဲ့ အမသိတယ် အမလည်းနားလည်တယ် ဒါပေမယ့် ပရိသတ်ကကျတော့ သူတို့အမြင်တမျိုးနားလည်မှာစိုးတယ် ဆိုတော့ ဒါလည်းပြောမယ်ဆိုရင် အမတို့ရဲ့ကံစပ်မှုတွေပေါ့နော် ဒီကားနဲ့ပတ်သက်ပြီးတော့ အဝင်းသည်ပါလာတယ် ပြီးတော့ ဒီရဲ့စာနယ်ဇင်းကနေတဆင့် သူ့ကိုသိသွားကြတယ် ပရိသတ်ချစ်သွားကြတယ်ပေါ့နော်”

” နောက်တစ်ခု အံ့သြဖို့ကောင်းတာက အမတို့ဒီဇာတ်ကားသည် စာနယ်ဇင်းလုပ်တဲ့အချိန်တုန်းက 2017 (၈) လပိုင်းပေါ့ တကယ်ကျ 2017 (၂) လပိုင်းတည်းက အဝင်းက ဒီကိုလာပြီးသား ဂျပန်-မြန်မာချစ်ကြည်ရေးပွဲမှာ အဝင်းကသီချင်းဆိုပြီးသား ဆိုတော့ အဲ့တုန်းက ပရိသတ်ရဲ့လှုပ်ခတ်မှုက ဒီလောက်ထိမရှိခဲ့ဘူး အဲ့အချိန်ကသာလှုပ်ခတ်မှုရှိခဲ့မယ်ဆို အမတို့ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေက တမျိုးတဖုံပြောင်းလဲသွားလိမ့်မယ် အဲ့လိုမျိုးဖြစ်လာလိမ့်မယ်လို့ မထင်ဘူးလေ Entertainment ပွဲကြီးတစ်ခုလုံးပြီးသွားတာတောင် မလှုပ်ခတ်ပဲနဲ့ စာနယ်ဇင်းပွဲကျမှ အင်တာဗျူးတခုကနေလှုပ်ခတ်သွားတယ်ဆိုတာကြီးကတော့အရမ်းကိုထူးဆန်းပါတယ် ဂျပန်တွေကအစအရမ်းကိုအံ့သြသွားတယ် ဒါကဇာတိမြေရဲ့ထူးခြားမှုတွေပေါ့နော်”

ဆိုပြီး အဝင်းဟာ ဇာတိမြေရုပ်ရှင်ကားကြီးရဲ့ စာနယ်ဇင်းပွဲကနေမှတဆင့်ပိုပြီးပေါက်သွားတယ်ဆိုတဲ့ပြောဆိုချက်တွေဟာ အဝင်းရဲ့ ပရိသတ်တွေကြား ဝေဖန်စရာကြီးကြီးမားမားတစ်ခုလိုဖြစ်သွားခဲ့ပါတယ်။

Ref;Interview From The Rader & We Love Cele

Credit : PoPin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top