iMyanmarHouse.com - Best Property Website for Myanmar
×

အလွအပဆိုတာ ၾကည့္ရႈသူရဲ႕ မ်က္လံုးအေပၚမွာပဲ မူတည္တယ္လို႔ ဆိုရိုးစကားရွိပါတယ္။ ဒါေပမယ့္ လူေတြရဲ႕ တစ္စုတစ္စည္းတည္း အားေပးေထာက္ခံခ်က္ေတြေၾကာင့္ (၅) ႏွစ္အရြယ္ ႏိုင္ဂ်ီးရီးယားကေလးငယ္ကေတာ့ ကမၻာ႔အလွဆံုး မိန္းကေလးျဖစ္လာပါျပီ။

ဓာတ္ပံုဆရာ Mofe Bamuyiwa ဆိုသူကေန Jare Ijalana လို႔ေခၚတဲ့ ဒီကေလးမေလးရဲ႕ ပံုကို ဆိုရွယ္မီဒီယာမွာ တင္လုိက္ျပီးေနာက္မွာေတာ့ ကမၻာတစ္ဝွမ္းကို ျပန္႔ႏွံ႕သြားခဲ့ျပီး လူအေျမာက္အမ်ားရဲ႕ အားေပးခ်ီးက်ဴးသံေတြနဲ႔ ျပည့္ေနခဲ့ပါတယ္။

သူမရဲ႕ဓာတ္ပံုဟာဆုိရင္ Instagram မွာ like (၇) ေသာင္းေက်ာ္ရရွိခဲ့ျပီး သူမရဲ႕ မ်က္လံုး၊ ဆံပင္နဲ႔ အသားအေရတို႔ဟာ ျမင္သူတိုင္းရဲ႕ မ်က္လံုးမွာ စြဲထင္က်န္ေနေလာက္ေအာင္ကုိ ထူးျခားလွပပါတယ္။ Jare တို႔မိသားစုထဲမွာ Jare အျပင္ သူမရဲ႕အစ္မ (၂) ေယာက္ဟာလည္း ဆြဲေဆာင္မႈရွိၾကတယ္လို႔ ဆိုပါတယ္။ သူတုိအားလံုးမွာ ညွိဳ႕အားျပင္းတဲ့ အလွေတြ ရွိတယ္လို႔လည္း ဆိုပါတယ္။

Jare ဟာ သူမမတိုင္ခင္က မွတ္တမ္းတင္ခံရတဲ့ ကမၻာ့အလွဆံုးကေလးေတြအားလံုးကို ေက်ာ္ျပီးခုခ်ိန္မွာ နံပါတ္ (၁) ေနရာကို ေရာက္လာခဲ့ျပီ ျဖစ္ပါတယ္။ ဆက္လက္ျပီးသူမကို အႏုပညာေလာကထဲမွာ ေတြ႕ရဦးမလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရေတာ့မွာပဲ….။

Credit: ဗဟုသုတ
# Unicode Version ျဖင့္ ဖတ္ပါ #
အလှအပဆိုတာ ကြည့်ရှုသူရဲ့ မျက်လုံးအပေါ်မှာပဲ မူတည်တယ်လို့ ဆိုရိုးစကားရှိပါတယ်။ ဒါပေမယ့် လူတွေရဲ့ တစ်စုတစ်စည်းတည်း အားပေးထောက်ခံချက်တွေကြောင့် (၅) နှစ်အရွယ် နိုင်ဂျီးရီးယားကလေးငယ်ကတော့ ကမ္ဘာ့အလှဆုံး မိန်းကလေးဖြစ်လာပါပြီ။

ဓာတ်ပုံဆရာ Mofe Bamuyiwa ဆိုသူကနေ Jare Ijalana လို့ခေါ်တဲ့ ဒီကလေးမလေးရဲ့ ပုံကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပြီးနောက်မှာတော့ ကမ္ဘာတစ်ဝှမ်းကို ပြန့်နှံ့သွားခဲ့ပြီး လူအမြောက်အများရဲ့ အားပေးချီးကျူးသံတွေနဲ့ ပြည့်နေခဲ့ပါတယ်။

သူမရဲ့ဓာတ်ပုံဟာဆိုရင် Instagram မှာ like (၇) သောင်းကျော်ရရှိခဲ့ပြီး သူမရဲ့ မျက်လုံး၊ ဆံပင်နဲ့ အသားအရေတို့ဟာ မြင်သူတိုင်းရဲ့ မျက်လုံးမှာ စွဲထင်ကျန်နေလောက်အောင်ကို ထူးခြားလှပပါတယ်။ Jare တို့မိသားစုထဲမှာ Jare အပြင် သူမရဲ့အစ်မ (၂) ယောက်ဟာလည်း ဆွဲဆောင်မှုရှိကြတယ်လို့ ဆိုပါတယ်။ သူတိုအားလုံးမှာ ညှို့အားပြင်းတဲ့ အလှတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

Jare ဟာ သူမမတိုင်ခင်က မှတ်တမ်းတင်ခံရတဲ့ ကမ္ဘာ့အလှဆုံးကလေးတွေအားလုံးကို ကျော်ပြီးခုချိန်မှာ နံပါတ် (၁) နေရာကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးသူမကို အနုပညာလောကထဲမှာ တွေ့ရဦးမလား ဆိုတာကတော့ စောင့်ကြည့်ရတော့မှာပဲ….။

Credit: ဗဟုသုတ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top