iMyanmarHouse.com - Best Property Website for Myanmar
×




Source – Lily Naing Kyaw

Credit:  MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
မိုက်တီး အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လတ်တလောမှာ အနုပညာရှင်တွေကြားမှာ ခံစားမှုတွေအသံတွေ ဖော်ထုတ်နေကြတဲ့အချိန်မှာ ခံစားချက်တွေ ဖော်ထုတ်လိုက်တာကတော့ နိုင်ငံကျော် ရုပ်ရှင်မင်းသမီးဟောင်း ဟန်နီထွန်းပါ ။ ဟန်နီထွန်း ရဲ့ ပြောဆိုချက်တွေကို ပြန်လည် တုန့်ပြန်လိုက်တာက တော့ နိုင်ငံကျော်အဆိုတော် လီလီနိုင်ကျော်ပါ ။ သတင်းပေးတဲ့ သူဟာ သူမ မဟုတ်ကြောင်း ကို လီလီနိုင်ကျော်က ထပ်မံဖြေရှင်းလိုက်ပါတယ် ။

လီလီနိုင်ကျော် က “ရဲက မော်တော်ယာဉ်ပူးပေါင်းစစ်ဆေးရာ လို့ တရားဝင်ပြောထားတာကို မင်းသမီး ဟန်နီထွန်းက LLNK သတင်းပေးလို့ပါတဲ့ဒါကို USA က သူတောင်းစားက သံယောင်လိုက်ပီးဖွတယ်အေး နင်တို့အားလုံး မှတ်ထားငါက ရဲတော့သတင်းပေးမနေဘူး တခါ ထဲ ဖမ်းချုပ်ပီးဆေးဖြတ်ခိုင်းပစ်မှာမိုးကြိုးပစ် ထန်းလျှက်နဲ့ကာမနေကြနဲ့” လို့ရေးသားထားတာကိုတွေ့ရပါတယ်

လီလီနိုင်ကျော် က ဟန်နီထွန်း ရဲ့ စွပ်စွဲပြောဆိုမှုကို ကဗျာလေးနဲ့ တောင် ပြန်လည်အရွန်းဖောက်ထားတာကိုတွေ့ရပါသေးတယ် ။ လီလိနိုင်ကျော် နဲ့ ဟန်နီထွန်းတို့ဟာ ဒါရိုက်တာ မိုက်တီးအဖမ်းခံရမှုကို အကြောင်းပြုပြီးအချေအတင် ဖြစ်လာခဲ့တဲ့ ဇာတ်ရှိန် ကတော့ တဖြည်းဖြည်း မြှင့်တက်လာနေပါပြီ ။ ပရိသတ်ကြီးရေ ဇာတ်ရှိန်ကတော့ တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီဖြစ်တဲ့အတွက် မှတ်ချက်မှာထင်မြင်ယူဆချက်လေးတွေကို ရေးသားခဲ့ကြဖို့ မမေ့နဲ့နော် ။

Source – Lily Naing Kyaw

Credit:  MMFeed
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top