iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ေရးတစ္ခု တည္ျမဲဖုိ႔ိဆိုတာ ေယာက်္ားေရာ၊ မိနး္မပါ လင္မယားႏွစ္ေယာက္စလံုး အတူတကြ ႀကိဳးစားတည္ေဆာက္ရမွာပါ။ အိမ္ေထာင္ေရးမွာ ဘက္ညီဖို႔ လိုပါတယ္။

ၾကားလူ ဝင္လာတဲ့အခါမွာ လင္မၾကား သေဘာထားကြဲလြဲတာေတြနဲ႔ အျမင္မတူတာေတြ ျဖစ္ႏုိင္ပါတယ္

အိမ္ေထာင္ေရးတစ္ခု တည္ျမဲဖုိ႔ိဆိုတာ ေယာက်္ားေရာ၊ မိနး္မပါ လင္မယားႏွစ္ေယာက္စလံုး အတူတကြ ႀကိဳးစားတည္ေဆာက္ရမွာပါ။ အိမ္ေထာင္ေရးမွာ ဘက္ညီဖို႔ လိုပါတယ္။ အိမ္ေထာင္ေရးမွာ တစ္ေယာက္ေယာက္က စတင္ခ်ိဳ႕ယြင္းၿပီဆိုတာနဲ႔ အိမ္ေထာင္ေရးမွာ ဟန္ခ်က္မညီတာဘဲ စိတ္ညစ္စရာေတြ ျဖစ္လာရပါၿပီ။ ဒီထဲမွာ လင္မယားၾကား ၾကားလူ ပါလာတာမ်ိဳးလည္း ျဖစ္ႏုိင္ပါတယ္။

လင္မယားႏွစ္ေယာက္ၾကားမွာ မေျပလည္မႈနဲ႔ စိတ္ညစ္စရာေတြ သယ္ေဆာင္လာေပးသူ မွန္သမွ်ဟာ ၾကားလူပါပဲ။ ၾကားလူ ဝင္လာတဲ့အခါမွာ လင္မၾကား သေဘာထားကြဲလြဲတာေတြနဲ႔ အျမင္မတူတာေတြ ျဖစ္ႏုိင္ပါတယ္။ အိမ္ေထာင္ရွင္မ ေတာ္ေတာ္မ်ားမ်ားကလည္း ကိုယ့္ခင္ပြန္း အိမ္သူကို ေမ့ၿပီး တျခားမွာ အေပ်ာ္အပါးရွာမွာကို စိုးရိမ္ၾကပါတယ္။ အခ်စ္ေတြကို ခြဲမေပးႏုိင္ၾကပါဘူး။ ဒါေပမယ့္လည္း ကိုယ့္ခင္ပြန္းက တစ္ခါတေလ ကိုယ့္အျပင္ ပံုမွန္ထက္ပိုၿပီး ေပ်ာ္ပါးေနတတ္လာၿပီဆုိရင္ေတာ့ ၾကားလူ ရွိေနတာမ်ိဳး ျဖစ္ႏုိင္ပါတယ္။

ေဒါသထြက္တဲ့နည္းလမ္းနဲ႔ မေျဖရွင္းပါနဲ႔
ေသခ်ာစံုစမ္းပါ

ပထမဆံုးအေနနဲ႔ ကိုယ့္အိမ္ေထာင္ေရးမွာ ၾကားလူရွိေနၿပီလားဆိုတာ ေသခ်ာသိဖို႔လိုပါတယ္။ ေဘးလူေတြ ေျပာစကားကို တထစ္ခ် မယံုၾကည္ပါနဲ႔။ ကိုယ္ကိုယ္တိုင္ ေသခ်ာစံုစမ္းပါ။ အကယ္လို႔ အိမ္ေထာင္ေရးမွာ ၾကားလူရွိတာ ေသခ်ာတယ္ဆိုရင္ ကိုယ့္အိမ္ေထာင္ဘက္မွာ ကိုယ္ရွိတယ္ဆိုတာ ၾကားလူရွိတာ သိေအာင္ လုပ္ရပါမယ္။ ဆိုလိုတာက သာယာတဲ့ အိမ္ေထာင္ေရးမွာ တျခားသူ မလိုအပ္ေၾကာင္း လုပ္ရမွာပါ။
စိတ္ေနသေဘာထားကို ေမးပါ

ေနာက္တစ္ခုကေတာ့ ကိုယ့္အိမ္ေထာင္ဘက္ကို မသိမသာေလး အရင္ဆံုးေမးၾကည့္ပါ။ သူ႔ဘက္က စိတ္ေနသေဘာထားကိုလည္း ေမးျမန္းၾကည့္ပါ။ ကိုယ္ကလြဲၿပီး တျခားသူဆီ ဘယ္ေလာက္စိတ္ေရာက္ေနလဲရွိတာ သိထားဖို႔ လိုပါတယ္။ ၾကားလူရွိတာဟာ အိမ္ေထာင္ေရးမွာ မေကာင္းေၾကာင္း ေျပာျပပါ။ ကိုယ့္အိမ္ေထာင္ဘက္ကို အတတ္ႏိုင္ဆံုး ေပ်ာ္ေအာင္ထားပါ။ တျခားသူဆီ ဘာေၾကာင့္ စိတ္ေရာက္သလဲဆုိတဲ့ အေျဖကုိ ရွာပါ။ ကိုယ့္ဘက္က ျပင္ဆင္ေပးလို႔ ရတာေတြ ျပင္ဆင္ေပးပါ။

ၾကားလူရွိေနတယ္ဆိုရင္

ၾကားလူရွိေနတာေၾကာင့္ ဘယ္ေလာက္ စိတ္ညစ္ရတယ္ဆိုတာ ေျပာျပပါ။ ၾကားလူေၾကာင့္ အႀကီးအက်ယ္ရန္ျဖစ္တာေတြ ေရွာင္ပါ။ ဒါက အိမ္ေထာင္ေရး အဆင္မေျပမႈကို ႏွစ္ဆ တိုးေစႏိုင္တာေၾကာင့္ပါ။ ကိုယ့္အိမ္ေထာင္ဘက္ကိုလည္း ၾကားလူဆီ စိတ္မေရာက္ဖုိ႔ ေဖ်ာင္းဖ်ေျပာဆိုပါ။ ကိုယ္ဘာေတြ လိုအပ္သလဲဆိုတာလည္း ေမးပါ။ တယူသန္တဲ့ကိစၥေတြ ေလွ်ာ့ခ်ၿပီး လင္မယားၾကား ညွိညိွႏိႈင္းႏိႈင္းေလး ေနပါ။ ဒီလိုဆိုရင္ တူႏွစ္ကိုယ္ ေပ်ာ္ရႊင္စရာေကာင္းတဲ့ အိမ္ေထာင္ေရးေလး ပိုင္ဆုိင္ရမွာပါ။

Credit: Marry
# Unicode Version ျဖင့္ ဖတ္ပါ #
အိမ်ထောင်ရေးတစ်ခု တည်မြဲဖို့ိဆိုတာ ယောကျ်ားရော၊ မိန်းမပါ လင်မယားနှစ်ယောက်စလုံး အတူတကွ ကြိုးစားတည်ဆောက်ရမှာပါ။ အိမ်ထောင်ရေးမှာ ဘက်ညီဖို့ လိုပါတယ်။

ကြားလူ ဝင်လာတဲ့အခါမှာ လင်မကြား သဘောထားကွဲလွဲတာတွေနဲ့ အမြင်မတူတာတွေ ဖြစ်နိုင်ပါတယ်

အိမ်ထောင်ရေးတစ်ခု တည်မြဲဖို့ိဆိုတာ ယောကျ်ားရော၊ မိန်းမပါ လင်မယားနှစ်ယောက်စလုံး အတူတကွ ကြိုးစားတည်ဆောက်ရမှာပါ။ အိမ်ထောင်ရေးမှာ ဘက်ညီဖို့ လိုပါတယ်။ အိမ်ထောင်ရေးမှာ တစ်ယောက်ယောက်က စတင်ချို့ယွင်းပြီဆိုတာနဲ့ အိမ်ထောင်ရေးမှာ ဟန်ချက်မညီတာဘဲ စိတ်ညစ်စရာတွေ ဖြစ်လာရပါပြီ။ ဒီထဲမှာ လင်မယားကြား ကြားလူ ပါလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

လင်မယားနှစ်ယောက်ကြားမှာ မပြေလည်မှုနဲ့ စိတ်ညစ်စရာတွေ သယ်ဆောင်လာပေးသူ မှန်သမျှဟာ ကြားလူပါပဲ။ ကြားလူ ဝင်လာတဲ့အခါမှာ လင်မကြား သဘောထားကွဲလွဲတာတွေနဲ့ အမြင်မတူတာတွေ ဖြစ်နိုင်ပါတယ်။ အိမ်ထောင်ရှင်မ တော်တော်များများကလည်း ကိုယ့်ခင်ပွန်း အိမ်သူကို မေ့ပြီး တခြားမှာ အပျော်အပါးရှာမှာကို စိုးရိမ်ကြပါတယ်။ အချစ်တွေကို ခွဲမပေးနိုင်ကြပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ခင်ပွန်းက တစ်ခါတလေ ကိုယ့်အပြင် ပုံမှန်ထက်ပိုပြီး ပျော်ပါးနေတတ်လာပြီဆိုရင်တော့ ကြားလူ ရှိနေတာမျိုး ဖြစ်နိုင်ပါတယ်။

ဒေါသထွက်တဲ့နည်းလမ်းနဲ့ မဖြေရှင်းပါနဲ့
သေချာစုံစမ်းပါ

ပထမဆုံးအနေနဲ့ ကိုယ့်အိမ်ထောင်ရေးမှာ ကြားလူရှိနေပြီလားဆိုတာ သေချာသိဖို့လိုပါတယ်။ ဘေးလူတွေ ပြောစကားကို တထစ်ချ မယုံကြည်ပါနဲ့။ ကိုယ်ကိုယ်တိုင် သေချာစုံစမ်းပါ။ အကယ်လို့ အိမ်ထောင်ရေးမှာ ကြားလူရှိတာ သေချာတယ်ဆိုရင် ကိုယ့်အိမ်ထောင်ဘက်မှာ ကိုယ်ရှိတယ်ဆိုတာ ကြားလူရှိတာ သိအောင် လုပ်ရပါမယ်။ ဆိုလိုတာက သာယာတဲ့ အိမ်ထောင်ရေးမှာ တခြားသူ မလိုအပ်ကြောင်း လုပ်ရမှာပါ။
စိတ်နေသဘောထားကို မေးပါ

နောက်တစ်ခုကတော့ ကိုယ့်အိမ်ထောင်ဘက်ကို မသိမသာလေး အရင်ဆုံးမေးကြည့်ပါ။ သူ့ဘက်က စိတ်နေသဘောထားကိုလည်း မေးမြန်းကြည့်ပါ။ ကိုယ်ကလွဲပြီး တခြားသူဆီ ဘယ်လောက်စိတ်ရောက်နေလဲရှိတာ သိထားဖို့ လိုပါတယ်။ ကြားလူရှိတာဟာ အိမ်ထောင်ရေးမှာ မကောင်းကြောင်း ပြောပြပါ။ ကိုယ့်အိမ်ထောင်ဘက်ကို အတတ်နိုင်ဆုံး ပျော်အောင်ထားပါ။ တခြားသူဆီ ဘာကြောင့် စိတ်ရောက်သလဲဆိုတဲ့ အဖြေကို ရှာပါ။ ကိုယ့်ဘက်က ပြင်ဆင်ပေးလို့ ရတာတွေ ပြင်ဆင်ပေးပါ။

ကြားလူရှိနေတယ်ဆိုရင်

ကြားလူရှိနေတာကြောင့် ဘယ်လောက် စိတ်ညစ်ရတယ်ဆိုတာ ပြောပြပါ။ ကြားလူကြောင့် အကြီးအကျယ်ရန်ဖြစ်တာတွေ ရှောင်ပါ။ ဒါက အိမ်ထောင်ရေး အဆင်မပြေမှုကို နှစ်ဆ တိုးစေနိုင်တာကြောင့်ပါ။ ကိုယ့်အိမ်ထောင်ဘက်ကိုလည်း ကြားလူဆီ စိတ်မရောက်ဖို့ ဖျောင်းဖျပြောဆိုပါ။ ကိုယ်ဘာတွေ လိုအပ်သလဲဆိုတာလည်း မေးပါ။ တယူသန်တဲ့ကိစ္စတွေ လျှော့ချပြီး လင်မယားကြား ညှိညှိနှိုင်းနှိုင်းလေး နေပါ။ ဒီလိုဆိုရင် တူနှစ်ကိုယ် ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေး ပိုင်ဆိုင်ရမှာပါ။

Credit: Marry
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top