iMyanmarHouse.com - Best Property Website for Myanmar
×






Credit: PoPin
# Unicode Version ဖြင့် ဖတ်ပါ#
အဆိုတော် သရုပ်ဆောင် စိုးပြည့်ပြည့်စံဟာ ချစ်စရာကောင်းတဲ့ သားဦးလေးကိုမွေးထားပြီး သူမဟာ အသားဖြူသလောက် သားလေးဟာ ထင်မထားရလောက်အောင် အသားညိုမဲနေတာကြောင့် ပရိသတ်တစ်ချို့ရဲ့ ဝေဖန်မှုတွေကို ခံနေရတာလဲ ဖြစ်ပါတယ်။ သူမရဲ့ သားလေး ခုလို အသားညိုနေရခြင်းက ကိုယ်ဝန်ဆောင်စဉ် မှာ သောက်သုံးခဲ့ရတဲ့ ဆေးဝါးတွေကြောင့်ရယ် မွေးဖွားပြီးချိန်မှာ သောက်သုံးခဲ့ရတဲ့ ဆေးဝါးတွေကြောင့် သားလေးကိုခုလို ဖြစ်စေခဲ့တာလို့လဲ သူမက ပြောပြခဲ့ပါတယ်။ သားလေးဟာ လက်ရှိမှာ အသက်၅လကျော်နေပြီ ဖြစ်ပြီး သားလေးကိုမွေးဖွားပြီးမှသာ သူမရဲ့ ရောဂါလဲ ပျောက်ကင်းခဲ့ရတယ်လို့လဲ သိခဲ့ရပါတယ်။

သူမပြောပြခဲ့တာကတော့ ” သားလေးကို ကိုယ်ဝန်လွယ်ထားချိန်က ရေအိတ်နဲ့ ကိုယ်ဝန်လွယ်ခဲ့ရတောင် လှုပ်လို့တောင်မရခဲ့ပါဘူး၊ နောက်ပြီး သွေးဖြူဥ သွေးနီဥ မညီမျှတဲ့အတွက် လဲ လုံးဝလှုပ်၇ှားလို့မရဘူး။ သွေးအားကောင်းဆေးတွေ ထိုးလိုက်၊သောက်လိုက်နဲ့ လှဲနေရတယ် လူနာတစ်ယောက်လိုဘဲ ” လို့ ကိုယ်ဝန်ဆောင်စဉ် ကြုံခဲ့ရတဲ့ အတွေ့အကြုံကိုပြောခဲ့ပါတယ်။

မွေးဖွားပြီးချိန် မှာလဲ ” မွေးပြီး ၅ရက်ကြာ အိုဂျီနဲ့ အမှတ်တရပုံတင်တယ် နောက်ပြီး ၁လကြာ အမမတင်ဘူး ၁လနီးပါးဆေးရုံတက်လိုက်ရတယ်၊ ၁လပြည့်မှ သောက်ခဲ့တဲ့ရောဂါကြောင့်ဆေးတွေ ဆေးဒဏ်ကို ကလေးခံခဲ့ရတာ၊ ပိုးသတ်ဆေးအရှိန်တွေ အမသောက်ခဲ့တဲ့ ဆေးအရှိန်တွေ ကြောင့် ဖြူဖွေးနေတဲ့ အသားက ညိုရုံတင်မကဘူး မဲပြာသွားတယ် ” ဆိုကာ အသားမဲသွားရတဲ့ သားလေးရဲ့ အဖြစ်ကို ပြောပြလာပါတယ်။

အဲ့ဒီနောက်မှာတော့ သားကိုမွေးပြီးမှ ကိုယ့်မှာရှိတဲ့ ရောဂါဝေဒနာတွေ ပျောက်ကင်းသွားတဲ့အတွက် သားသားလေးက ကိုယ့်ဘဝရဲ့ကျေးဇူးရှင်ဆိုလဲ မမှားပါဘူး၊ လက်ရှိမှာတော့ သားလေးဟာ အသက် ၅လကျော်ပြီ ဖြစ်ပြီး သားလေးရဲ့ နာမည်ကို ဘုန်းပြည့်ပိုင် လို့ပေးထားပြီး သူက ကင်မရာကို ချစ်တဲ့ အနုပညာပိုးပါတဲ့ သားလေးလဲ ဖြစ်တယ်လို့ သိရပါတယ်။

ချစ်စရာကောင်းတဲ့ သားလေးကို မဝေဖန်ဘဲ ချစ်တဲ့ စိတ်နဲ့ ချစ်ပေးလိုက်ကြပါနော်။ ချစ်ရပါသော မိုမိုလေးချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။

Credit: PoPin
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top