iMyanmarHouse.com - Best Property Website for Myanmar
×

လမ္းခြဲလိုက္ရင္ ငါေနႏုိင္ပါ့မလား?

ပိန္သူျဖစ္ျဖစ္ ဝသူျဖစ္ျဖစ္ ရုပ္လွတဲ့သူ ျဖစ္ျဖစ္ မလွတဲ့ သူျဖစ္ျဖစ္ အက္ဒ္မင္တို႔အားလံုးဟာ ခ်စ္ျခင္းေမတၱာကို ခံစားတတ္ၾကသူ၊ ခ်စ္ျခင္းေမတၱာနဲ႔ ထိုက္တန္ၾကသူေတြခ်ည္းပါ။ ေနာက္ၿပီး no man is an island (လူဟာတစ္ေယာက္တည္း မရွင္သန္ႏိုင္ဘူး) ဆိုတဲ့စကားလည္း ရွိေသးတယ္မလား။

ဒါေၾကာင့္လည္း relationshipတစ္ခုကို စတင္တာဟာ ခ်စ္တတ္တဲ့ သဘာဝေၾကာင့္လို႔ ဆိုႏိုင္သလို “ကိုင္းကၽြန္းမွီ ကၽြန္းကိုင္းမွီ”ၾကဖို႔ လို႔လည္း ဆိုႏိုင္ပါတယ္။

ဒါေပမဲ့ ကိုယ္ေရြးခ်ယ္လိုက္တဲ့ ခ်စ္ျခင္းေမတၱာဟာ ကိုယ့္ကို စိတ္ေသာကပဲ ေပးတဲ့အခါ၊ ကိုယ့္ဘက္က ေပးဆပ္ရသေလာက္ သူ႔ဘက္ကျပန္ေပးတာ ပင္ပန္းမႈေတြပဲ ျဖစ္ေနတဲ့အခါ ဒီ relationshipကို အဆံုးသတ္ရဲတဲ့ သတၱိရွိဖို႔ လိုလာပါၿပီ။

ဆိုေပမဲ့လည္း တစ္ခါတေလမွာ အက္ဒ္မင္တို႔ဟာ အေၾကာင္းအရင္းတခ်ိဳ႕ေၾကာင့္ လမ္းခြဲရမွာကို ေၾကာက္ရြံ႕ေနတတ္ၾကပါတယ္။

နံပါတ္(၁) အေၾကာင္းရင္း ကေတာ့ ကိုယ့္ဘက္ကစၿပီး အဆံုးသတ္လိုက္တဲ့ relationshipေၾကာင့္ ကိုယ္ဟာ မေကာင္းတဲ့သူ၊ ေပြရႈပ္တဲ့သူ လို႔ အမ်ားအျမင္မွာ အထင္ေသးခံရမွာကို ေၾကာက္တာပါ။

အက္ဒ္မင္တို႔ဟာ ဒီ လူနဲ႔ ျပတ္ၿပီး ေနာက္တစ္ေယာက္နဲ႔ စတင္မိတဲ့အခါ တန္ဖိုးမရွိတဲ့မိန္းမ၊ ရည္းစားမ်ားတဲ့ မိန္းမ လို႔ သမုတ္ခံရမွာ သိပ္ေၾကာက္တတ္ၾကပါတယ္။ ေရွးဆန္တဲ့ လူႀကီးေတြကိုယ္တိုင္က ဒါမ်ိဳးဆို သိပ္ဆံုးမကဲ့ရဲ႕တတ္ၾကတာကိုး။ ဒါေၾကာင့္လည္း ဒီစိတ္ညစ္စရာေကာင္းတဲ့ relationshipထဲမွာပဲ ႀကိတ္မွိတ္ၿပီး က်န္ရွိေနတတ္ၾကပါတယ္။

တကယ္ေတာ့ “တစ္ေယာက္ဆို တစ္ေယာက္ ပိေတာက္ဆို ပိေတာက္” ဆိုတဲ့ စကားဟာ ရုပ္ရွင္ေတြ၊ ဝတၳဳေတြမွာပဲ ရွိၿပီး အျပင္ေလာကမွာေတာ့ သိပ္လက္ေတြ႕မက်လွပါဘူး။

ေယာင္းတို႔သိထားဖို႔က အက္ဒ္မင္တို႔ အားလံုးမွာ ကိုယ့္ရဲ႕ ကိုယ္ေရးကိုယ္တာဆိုင္ရာ အေၾကာင္းအရာေတြကို လြတ္လြတ္လပ္လပ္ ဆံုးျဖတ္ပိုင္ခြင့္ ရွိပါတယ္။ ဘယ္သူကမွ ေယာင္းတို႔ရဲ႕ ကိုယ္ေရးကိုယ္တာ ဆံုးျဖတ္ခ်က္ကို ေဝဖန္ခ်ိဳးေဖာက္ပိုင့္ခြင့္မရွိပါဘူး။ ကိုယ့္ရဲ႕ ကံၾကမၼာကို ကိုယ္သာ ဖန္တီးခြင့္ရွိတာမို႔ ပတ္ဝန္းက်င္ကို ဂရုမစိုက္ဘဲ relationshipတစ္ခုရဲ႕ အဆံုးသတ္ကို သင့္ေတာ္သလို လြတ္လြတ္လပ္လပ္ ဆံုးျဖတ္သင့္ပါတယ္။

နံပါတ္(၂) အေၾကာင္းရင္းကေတာ့ ကိုယ့္ေၾကာင့္ တစ္ဘက္လူ အရမ္းထိခိုက္သြားမွာကို စိုးရိမ္အားနာတာပါ။

“သူက ငါ့ကို အရမ္းခ်စ္တဲ့သူဆိုေတာ့ ငါဒီလိုလုပ္လိုက္ရင္ သူအရမ္းထိခိုက္သြားလိမ့္မယ္၊ ခံစားသြားရလိမ့္မယ္” ဆိုတဲ့ အေတြးေတြဟာ လမ္းခြဲဖို႔ ဆံုးျဖတ္ခ်က္ကို တြန္႔ဆုတ္ေစပါတယ္။

တကယ္ေတာ့ ခ်စ္တယ္ဆိုတဲ့ အေျပာခ်ိဳခ်ိဳေလးကို ပါးစပ္က တဖြဖြေျပာေနရံုနဲ႔ ” တကယ္ခ်စ္တာပဲ”လို႔ ယူဆလို႔မရပါဘူး။ အေျပာနဲ႔ လက္ေတြ႕က တလြဲစီျဖစ္ေနရင္ေတာ့ ၊ သူ႔လုပ္ရပ္ေတြဟာ ကိုယ္ေမၽွာ္မွန္းထားသလို ျဖစ္မလာဘဲ စိတ္ညစ္ရေစတယ္ဆိုရင္ေတာ့ အားမနာဘဲ အဆံုးသတ္ပစ္ရမွာ ျဖစ္ပါတယ္။

ကိုယ္ စိတ္အညစ္ခံၿပီး ဒီrelationship ထဲမွာ ဆက္ေနတာဟာ ေရရွည္မွာ သူ႔အတြက္ေကာ၊ ကိုယ့္အတြက္ပါ မေကာင္းပါဘူး။ အခ်ိန္ၾကာရင္ ၾကာသြားသလို ပိုခံစားရမွာျဖစ္လို႔ အခ်ိန္မဆြဲဘဲ အဆံုးသတ္သင့္ပါတယ္ေနာ္။ ဒါေၾကာင့္ မေပ်ာ္ရႊင္ေတာ့တဲ့ relationship တစ္ခုကို အဆံုးသတ္လိုက္တာဟာ ေရရွည္မွာ ႏွစ္ေယာက္လံုး ေကာင္းဖို႔အတြက္ဆိုတာ ကို သတိရေပးပါ။

နံပါတ္(၃) အေၾကာင္းရင္းကေတာ့ ဒီrelationshipကို အဆံုးသတ္လိုက္တဲ့အခါ ကိုယ့္ဘက္က အရမ္းအထီးက်န္သြားမွာ ေၾကာက္ရြံ႕တာပါ။

“ငါတစ္ေယာက္တည္း ဒီဘဝႀကီးကို ျဖတ္သန္းႏိုင္ပါ့မလား ” ဆိုတဲ့ အေတြးဟာ အထီးက်န္မွာကို ေၾကာက္ရြံ႕တဲ့ ေယာင္းတို႔အတြက္ေတာ့ အေတာ္ေလး ေၾကကြဲစရာေကာင္းႏိုင္ပါတယ္။ အထူးသျဖင့္ အင္မတန္ ၾကာရွည္တဲ့ အမွတ္တရ ေန႔ရက္ေတြကို ဖန္တီးခ့ဲၾကတဲ့ ခ်စ္သူေတြဆို လမ္းခြဲဖို႔ကို ပိုၿပီး ေၾကာက္ရြံ႕ၾကပါတယ္။

ဒါေၾကာင့္လည္း အထီးက်န္ၿပီး ေၾကကြဲရမွာ ထက္စာရင္ မေပ်ာ္ရႊင္ေတာ့တဲ့ relationshipကို ဆက္သည္းခံၿပီး ေနတာကမွ ေတာ္ပါဦးမယ္လို႔ စဥ္းစားၿပီး ႀကိတ္မွိတ္သည္းခံတတ္ၾကပါတယ္။

ေယာင္းတို႔ေမ့ေနတာက “အခ်ိန္ဆိုတာ စိတ္ဒဏ္ရာကို ကုစားႏိုင္တဲ့ အေကာင္းဆံုး ေဆး” ဆိုတာပါပဲ။ ေယာင္းတို႔ရဲ႕ ေၾကကြဲမႈကို အခ်ိန္က ကုစားသြားမွာ ျဖစ္လို႔ လတ္တေလာေတာ့ ေၾကကြဲအထီးက်န္ရမွာ ျဖစ္ၿပီး ေနာင္တစ္ခ်ိန္မွာေတာ့ ဒီကိစၥေတြကို ျပန္ၾကည့္တဲ့အခါ ဘဝရဲ႕ သင္ခန္းစာတစ္ခုထက္ မပိုတာကို ေတြ႕ရမွာပါ။

ေနာက္ၿပီး လွံထမ္းလာတာကို ျမင္ရေပမဲ့ ကံထမ္းလာတာကိုေတာ့ ဘယ္သူမွ မျမင္ရပါဘူး။ ဒါေၾကာင့္ ေယာင္းတို႔ အေနနဲ႔ လမ္းခြဲလိုက္တဲ့အခါ တကယ္ပဲ အထီးက်န္ၿပီး ေၾကကြဲေနရမွာလား၊ ပိုေကာင္းတဲ့သူတစ္ေယာက္နဲ႔ ေတြ႕ၿပီး စိတ္ခ်မ္းသာရမွာလား ဆိုတာ ဘယ္သူမွ မသိႏိုင္ပါဘူး။

ဒါေၾကာင့္ relationship တစ္ခုဟာ ကိုယ္ေမၽွာ္မွန္းသလို အလုပ္မျဖစ္ေတာ့တဲ့အခါ၊ စိတ္ညစ္ရတာေတြပဲ မ်ားလာတဲ့အခါ ရဲရဲဝံ့ဝံ့သာ လမ္းခြဲလိုက္သင့္ပါတယ္။ တစ္ခါတေလ ပိုေကာင္းတဲ့ ဘဝအခ်ိဳးအေကြ႕ေတြကို ဖန္တီးဖို႔ သတၱိရွိဖို႔ေတာ့ လိုပါတယ္။

ဒါဟာ မေပ်ာ္ရႊင္ေတာ့တဲ့ ကိုယ့္ကိုယ္ကိုယ္သာမက သူ႔ကိုပါ ပိုေကာင္းတဲ့သူတစ္ေယာက္နဲ႔ ေတြ႕ဆံုႏိုင္ေအာင္ လႊတ္ေပးလိုက္တာပါပဲ။

ေနာက္ၿပီး ကိုယ့္ဘဝဟာ ကိုယ္ကိုယ္တိုင္သာ ျဖစ္ၿပီး သူဟာ ကိုယ့္ဘဝႀကီး မဟုတ္ဘူးဆိုတာကို သတိရေစခ်င္ပါတယ္။

ေယာင္းတို႔အားလံုးဟာ ေပ်ာ္ရႊင္မႈနဲ႔ ခ်စ္ျခင္းေမတၱာကို အျပည့္အဝထိုက္တန္သူေတြပါ လို႔ ေျပာၾကားရင္း….

Credit: Mia (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #


    လမ်းခွဲလိုက်ရင် ငါနေနိုင်ပါ့မလား?

ပိန်သူဖြစ်ဖြစ် ဝသူဖြစ်ဖြစ် ရုပ်လှတဲ့သူ ဖြစ်ဖြစ် မလှတဲ့ သူဖြစ်ဖြစ် အက်ဒ်မင်တို့အားလုံးဟာ ချစ်ခြင်းမေတ္တာကို ခံစားတတ်ကြသူ၊ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်ကြသူတွေချည်းပါ။ နောက်ပြီး no man is an island (လူဟာတစ်ယောက်တည်း မရှင်သန်နိုင်ဘူး) ဆိုတဲ့စကားလည်း ရှိသေးတယ်မလား။

ဒါကြောင့်လည်း relationshipတစ်ခုကို စတင်တာဟာ ချစ်တတ်တဲ့ သဘာဝကြောင့်လို့ ဆိုနိုင်သလို “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”ကြဖို့ လို့လည်း ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ကိုယ်ရွေးချယ်လိုက်တဲ့ ချစ်ခြင်းမေတ္တာဟာ ကိုယ့်ကို စိတ်သောကပဲ ပေးတဲ့အခါ၊ ကိုယ့်ဘက်က ပေးဆပ်ရသလောက် သူ့ဘက်ကပြန်ပေးတာ ပင်ပန်းမှုတွေပဲ ဖြစ်နေတဲ့အခါ ဒီ relationshipကို အဆုံးသတ်ရဲတဲ့ သတ္တိရှိဖို့ လိုလာပါပြီ။

ဆိုပေမဲ့လည်း တစ်ခါတလေမှာ အက်ဒ်မင်တို့ဟာ အကြောင်းအရင်းတချို့ကြောင့် လမ်းခွဲရမှာကို ကြောက်ရွံ့နေတတ်ကြပါတယ်။

နံပါတ်(၁) အကြောင်းရင်း ကတော့ ကိုယ့်ဘက်ကစပြီး အဆုံးသတ်လိုက်တဲ့ relationshipကြောင့် ကိုယ်ဟာ မကောင်းတဲ့သူ၊ ပွေရှုပ်တဲ့သူ လို့ အများအမြင်မှာ အထင်သေးခံရမှာကို ကြောက်တာပါ။

အက်ဒ်မင်တို့ဟာ ဒီ လူနဲ့ ပြတ်ပြီး နောက်တစ်ယောက်နဲ့ စတင်မိတဲ့အခါ တန်ဖိုးမရှိတဲ့မိန်းမ၊ ရည်းစားများတဲ့ မိန်းမ လို့ သမုတ်ခံရမှာ သိပ်ကြောက်တတ်ကြပါတယ်။ ရှေးဆန်တဲ့ လူကြီးတွေကိုယ်တိုင်က ဒါမျိုးဆို သိပ်ဆုံးမကဲ့ရဲ့တတ်ကြတာကိုး။ ဒါကြောင့်လည်း ဒီစိတ်ညစ်စရာကောင်းတဲ့ relationshipထဲမှာပဲ ကြိတ်မှိတ်ပြီး ကျန်ရှိနေတတ်ကြပါတယ်။

တကယ်တော့ “တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်” ဆိုတဲ့ စကားဟာ ရုပ်ရှင်တွေ၊ ဝတ္ထုတွေမှာပဲ ရှိပြီး အပြင်လောကမှာတော့ သိပ်လက်တွေ့မကျလှပါဘူး။

ယောင်းတို့သိထားဖို့က အက်ဒ်မင်တို့ အားလုံးမှာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ ဘယ်သူကမှ ယောင်းတို့ရဲ့ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ကို ဝေဖန်ချိုးဖောက်ပိုင့်ခွင့်မရှိပါဘူး။ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်သာ ဖန်တီးခွင့်ရှိတာမို့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ relationshipတစ်ခုရဲ့ အဆုံးသတ်ကို သင့်တော်သလို လွတ်လွတ်လပ်လပ် ဆုံးဖြတ်သင့်ပါတယ်။

နံပါတ်(၂) အကြောင်းရင်းကတော့ ကိုယ့်ကြောင့် တစ်ဘက်လူ အရမ်းထိခိုက်သွားမှာကို စိုးရိမ်အားနာတာပါ။

“သူက ငါ့ကို အရမ်းချစ်တဲ့သူဆိုတော့ ငါဒီလိုလုပ်လိုက်ရင် သူအရမ်းထိခိုက်သွားလိမ့်မယ်၊ ခံစားသွားရလိမ့်မယ်” ဆိုတဲ့ အတွေးတွေဟာ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို တွန့်ဆုတ်စေပါတယ်။

တကယ်တော့ ချစ်တယ်ဆိုတဲ့ အပြောချိုချိုလေးကို ပါးစပ်က တဖွဖွပြောနေရုံနဲ့ ” တကယ်ချစ်တာပဲ”လို့ ယူဆလို့မရပါဘူး။ အပြောနဲ့ လက်တွေ့က တလွဲစီဖြစ်နေရင်တော့ ၊ သူ့လုပ်ရပ်တွေဟာ ကိုယ်မျှော်မှန်းထားသလို ဖြစ်မလာဘဲ စိတ်ညစ်ရစေတယ်ဆိုရင်တော့ အားမနာဘဲ အဆုံးသတ်ပစ်ရမှာ ဖြစ်ပါတယ်။

ကိုယ် စိတ်အညစ်ခံပြီး ဒီrelationship ထဲမှာ ဆက်နေတာဟာ ရေရှည်မှာ သူ့အတွက်ကော၊ ကိုယ့်အတွက်ပါ မကောင်းပါဘူး။ အချိန်ကြာရင် ကြာသွားသလို ပိုခံစားရမှာဖြစ်လို့ အချိန်မဆွဲဘဲ အဆုံးသတ်သင့်ပါတယ်နော်။ ဒါကြောင့် မပျော်ရွှင်တော့တဲ့ relationship တစ်ခုကို အဆုံးသတ်လိုက်တာဟာ ရေရှည်မှာ နှစ်ယောက်လုံး ကောင်းဖို့အတွက်ဆိုတာ ကို သတိရပေးပါ။

နံပါတ်(၃) အကြောင်းရင်းကတော့ ဒီrelationshipကို အဆုံးသတ်လိုက်တဲ့အခါ ကိုယ့်ဘက်က အရမ်းအထီးကျန်သွားမှာ ကြောက်ရွံ့တာပါ။

“ငါတစ်ယောက်တည်း ဒီဘဝကြီးကို ဖြတ်သန်းနိုင်ပါ့မလား ” ဆိုတဲ့ အတွေးဟာ အထီးကျန်မှာကို ကြောက်ရွံ့တဲ့ ယောင်းတို့အတွက်တော့ အတော်လေး ကြေကွဲစရာကောင်းနိုင်ပါတယ်။ အထူးသဖြင့် အင်မတန် ကြာရှည်တဲ့ အမှတ်တရ နေ့ရက်တွေကို ဖန်တီးခဲ့ကြတဲ့ ချစ်သူတွေဆို လမ်းခွဲဖို့ကို ပိုပြီး ကြောက်ရွံ့ကြပါတယ်။

ဒါကြောင့်လည်း အထီးကျန်ပြီး ကြေကွဲရမှာ ထက်စာရင် မပျော်ရွှင်တော့တဲ့ relationshipကို ဆက်သည်းခံပြီး နေတာကမှ တော်ပါဦးမယ်လို့ စဉ်းစားပြီး ကြိတ်မှိတ်သည်းခံတတ်ကြပါတယ်။

ယောင်းတို့မေ့နေတာက “အချိန်ဆိုတာ စိတ်ဒဏ်ရာကို ကုစားနိုင်တဲ့ အကောင်းဆုံး ဆေး” ဆိုတာပါပဲ။ ယောင်းတို့ရဲ့ ကြေကွဲမှုကို အချိန်က ကုစားသွားမှာ ဖြစ်လို့ လတ်တလောတော့ ကြေကွဲအထီးကျန်ရမှာ ဖြစ်ပြီး နောင်တစ်ချိန်မှာတော့ ဒီကိစ္စတွေကို ပြန်ကြည့်တဲ့အခါ ဘဝရဲ့ သင်ခန်းစာတစ်ခုထက် မပိုတာကို တွေ့ရမှာပါ။

နောက်ပြီး လှံထမ်းလာတာကို မြင်ရပေမဲ့ ကံထမ်းလာတာကိုတော့ ဘယ်သူမှ မမြင်ရပါဘူး။ ဒါကြောင့် ယောင်းတို့ အနေနဲ့ လမ်းခွဲလိုက်တဲ့အခါ တကယ်ပဲ အထီးကျန်ပြီး ကြေကွဲနေရမှာလား၊ ပိုကောင်းတဲ့သူတစ်ယောက်နဲ့ တွေ့ပြီး စိတ်ချမ်းသာရမှာလား ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

ဒါကြောင့် relationship တစ်ခုဟာ ကိုယ်မျှော်မှန်းသလို အလုပ်မဖြစ်တော့တဲ့အခါ၊ စိတ်ညစ်ရတာတွေပဲ များလာတဲ့အခါ ရဲရဲဝံ့ဝံ့သာ လမ်းခွဲလိုက်သင့်ပါတယ်။ တစ်ခါတလေ ပိုကောင်းတဲ့ ဘဝအချိုးအကွေ့တွေကို ဖန်တီးဖို့ သတ္တိရှိဖို့တော့ လိုပါတယ်။

ဒါဟာ မပျော်ရွှင်တော့တဲ့ ကိုယ့်ကိုယ်ကိုယ်သာမက သူ့ကိုပါ ပိုကောင်းတဲ့သူတစ်ယောက်နဲ့ တွေ့ဆုံနိုင်အောင် လွှတ်ပေးလိုက်တာပါပဲ။

နောက်ပြီး ကိုယ့်ဘဝဟာ ကိုယ်ကိုယ်တိုင်သာ ဖြစ်ပြီး သူဟာ ကိုယ့်ဘဝကြီး မဟုတ်ဘူးဆိုတာကို သတိရစေချင်ပါတယ်။

ယောင်းတို့အားလုံးဟာ ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝထိုက်တန်သူတွေပါ လို့ ပြောကြားရင်း….

Credit: Mia (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top