
Credit: PoPin
# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာနိုင်ငံသားတစ်ယောက် က ဘင်္ဂလားဒေရှ် နိုင်ငံမှာအဆိုတော် တစ်ယောက်အဖြစ် အောင်မြင်နေတယ် ဆိုတာကို သိရရင်ယုံတောင် ယုံနိုင်ကြပါ့မလား နော်။ ဘာသာရေး၊ လူမျိုးရေးတွေ အရမ်းကြီးစိုးတဲ့ ဘင်္ဂလားလူမျိုးတွေကြားမှာ မြန်မာနိုင်ငံသား ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ ဦးချင်းမာန် (Mong Uching )ကတော့ ဘင်္ဂလား အိုင်ဒေါ ရဲ့ ဆုရှင်အဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။
မကြာသေးခင်ကမှ လူမှုကွန်ယက်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်လာခဲ့တဲ့ Mong Uching ရဲ့ ကြိုးစားမှုတွေကတော့ သြချလောက်စရာပါ . လက်ရှိ မြန်မာအိုင်ဒေါ ဆုရှင် ဖြိုးမြတ်အောင်လိုဘဲ Mong Uching ဟာ ကျေးလက်ရွာလေးတစ်ရွာကနေ အောင်မြင်မှုတွေကိုရရှိခဲ့တဲ့ ရွက်ပုန်းသီးပြိုင်ပွဲဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ ထူးခြားချက်တာ က ဘင်္ဂလားဒေရှ်နိုင်ငံမှာနေထိုင်ပြီး သူ့မျိုးနွယ်စု သီချင်းရော ၊ ဘင်္ဂလီ သီချင်းတွေကို ပါ ကောင်းမွန်အောင်သီဆိုနိုင်တာကြောင့် ဒိုင်တွေကိုယ်တိုင်က အသိအမှတ်ပြုခဲ့ရပါတယ်။
ထူးခြားတဲ့ ရုပ်ရည်၊ သီဆိုမှုကောင်းမွန်ခြင်း ၊ ကြိုးစားအားထုတ်မှုမြင့်မားခြင်းတွေကြောင့် Mong Uching ကို ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေက မြှောက်စားခဲ့ကြတာပါ။ Mong Uching ဟာ ဘင်္ဂလားအိုင်ဒေါဆု ပိုင်ရှင် တစ်ယောက်ထည်းသော နိုင်ငံခြားသားပြိုင်ပွဲဝင်လည်းဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ပြိုင်ပွဲတစ်လျှောက် Mong Uching ရဲ့ ဖြတ်သန်းမှုတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာဖြစ်လို့ မှတ်ချက်ပေးဖို့ မမေ့နဲ့နော် ။
ကြက်သီးထဖွယ်ရာ ကောင်းလောက်တဲ့ Mong Uching ရဲ့သီဆိုပုံ
Source – Bangladeshi Idol/BABWO
ဖိုးသူတော် (www.phothutaw.com)
Credit: PoPin