iMyanmarHouse.com - Best Property Website for Myanmar
×

ကမာၻေက်ာ္အႏုပညာရွင္ေတြထဲက နာမည္ႀကီးအႏုပညာရွင္ေတြတခ်ိဳ႕ဟာ ျပင္းထန္ဆုိးရြားလွတဲ့ က်န္း မာေရးျပႆနာေတြ ခံစားေနရတယ္ဆုိတာ သူတုိ႔ကုိ ခ်စ္ၾကတ့ဲ ပရိတ္သတ္ေတြကေတာ့ သိႏုိင္မွာမဟုတ္ ပါဘူး။ အျပင္ပန္းမွာ တက္ၾကြလန္းဆန္းၿပီး အႏုပညာအလုပ္ေတြကုိ ေအာင္ေအာင္ျမင္ျမင္လုပ္ကုိင္ေန ၾကေပမယ့္ အတြင္းစိတ္နဲ႕သူတုိ႔ရဲ႕ရုပ္ပုိင္းဆုိင္ရာ က်န္းမာေရးေတြမွာေတာ့ ဆုိးဆိုးရြားရြားနဲ႔ အေျခအေန က်န္းမာေရးျပႆနာေတြ ခံစားေနၾကရပါတယ္။

ကမာၻေက်ာ္အဆုိေတာ္ ေလဒီဂါဂါဟာ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္တုန္းက သူမရဲ႕ က်န္းမာေရးျပႆနာ ေရာဂါအ ေၾကာင္းကုိ ဆုိရွယ္မီဒီယာတစ္ခုမွာ ဖြင့္ဟေျပာျပခဲ့ဖူးပါတယ္။ သူမဟာ နာတာရွည္ေဝဒနာနဲ႔ နာက်င္မႈခံစား ရတဲ့ ေရာဂါတစ္ခုကုိ ခံစားေနရတယ္လုိ႔ သိရပါတယ္။ ေနာက္ၿပီး သူမဘဝအတြက္ ေၾကာက္စရာအေကာင္းဆံုး အျဖစ္အပ်က္အျဖစ္ ေျခာက္လွန္႔ေနဆဲျဖစ္တဲ့ လိင္ပုိင္းဆုိင္ရာ ေစာ္ကားခံခဲ့ရလုိ႔ ရလာတဲ့အေၾကာက္ေရာဂါ အေၾကာင္းကုိလည္း ေျပာျပခဲ့ပါတယ္။

နယူးေယာက္မွာရွိတဲ့ အိမ္ေျခယာမဲ့ LGBT လူငယ္ေတြသြားေရာက္လည္ပတ္စဥ္မွာ သူမက သူမရဲ႕ စိတ္ပုိင္း ဆုိင္ရာ နာက်င္ခံစားခဲ့ ရတဲ့အေၾကာင္းကုိ မွ်ေဝေပးခဲ့ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္နဲ႔ လိင္ပုိင္းဆုိင္ရာ အဓမၼျပဳက်င့္ခံခဲ့ရလုိ႔  စိတ္ဓာတ္က်ဆင္းကာ အေၾကာက္ေရာဂါနဲ႔ စိတ္အားငယ္ခဲ့ရတဲ့ က်န္းမာေရးျပႆနာ ေတြ ခံစားခဲ့ရတယ္လုိ႔ ဆုိပါတယ္။

“ ကၽြန္မ ဒီေန႔မွာ ကေလးေတြကုိ ကၽြန္မရဲ႕ စိတ္ပုိင္းဆုိင္ရာက်န္းမာေရး ျပႆနာအေၾကာင္းကုိ ေျပာခဲ့ပါတယ္။ အေၾကာက္ေရာဂါနဲ႔ စိတ္ဓာတ္က်ဆင္းတဲ့ ေရာဂါပါ။ အဲ့ဒါက ကၽြန္မတစ္ဘဝလံုးမွာ အေတာ္ေလးကုိ စိတ္ဓာတ္ ပ်က္ရြင္း၊ စိတ္အားငယ္ေစခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္မရဲ႕ မိသားစု၊ သူငယ္ခ်င္း၊ အေပါင္းအသင္းနဲ႔ ဆရာဝန္ ေတြအားလံုးက ေစာင့္ေရွာက္အားေပးခဲ့လုိ႔ ဒီလုိမ်ိဳး ေပ်ာ္ေပ်ာ္ ရႊင္ရႊင္နဲ႔ က်န္းက်န္းမာမာ ျပန္လည္ေနထုိင္ခဲ့ရ တာပါ” လုိ႔ ေလဒီဂါဂါက ဆုိပါတယ္။

Credit: ေမ(ေရႊအင္းေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာကျော်အနုပညာရှင်တွေထဲက နာမည်ကြီးအနုပညာရှင်တွေတချို့ဟာ ပြင်းထန်ဆိုးရွားလှတဲ့ ကျန်း မာရေးပြဿနာတွေ ခံစားနေရတယ်ဆိုတာ သူတို့ကို ချစ်ကြတဲ့ ပရိတ်သတ်တွေကတော့ သိနိုင်မှာမဟုတ် ပါဘူး။ အပြင်ပန်းမှာ တက်ကြွလန်းဆန်းပြီး အနုပညာအလုပ်တွေကို အောင်အောင်မြင်မြင်လုပ်ကိုင်နေ ကြပေမယ့် အတွင်းစိတ်နဲ့သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေမှာတော့ ဆိုးဆိုးရွားရွားနဲ့ အခြေအနေ ကျန်းမာရေးပြဿနာတွေ ခံစားနေကြရပါတယ်။

ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက သူမရဲ့ ကျန်းမာရေးပြဿနာ ရောဂါအ ကြောင်းကို ဆိုရှယ်မီဒီယာတစ်ခုမှာ ဖွင့်ဟပြောပြခဲ့ဖူးပါတယ်။ သူမဟာ နာတာရှည်ဝေဒနာနဲ့ နာကျင်မှုခံစား ရတဲ့ ရောဂါတစ်ခုကို ခံစားနေရတယ်လို့ သိရပါတယ်။ နောက်ပြီး သူမဘဝအတွက် ကြောက်စရာအကောင်းဆုံး အဖြစ်အပျက်အဖြစ် ခြောက်လှန့်နေဆဲဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရလို့ ရလာတဲ့အကြောက်ရောဂါ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

နယူးယောက်မှာရှိတဲ့ အိမ်ခြေယာမဲ့ LGBT လူငယ်တွေသွားရောက်လည်ပတ်စဉ်မှာ သူမက သူမရဲ့ စိတ်ပိုင်း ဆိုင်ရာ နာကျင်ခံစားခဲ့ ရတဲ့အကြောင်းကို မျှဝေပေးခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်နဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံခဲ့ရလို့  စိတ်ဓာတ်ကျဆင်းကာ အကြောက်ရောဂါနဲ့ စိတ်အားငယ်ခဲ့ရတဲ့ ကျန်းမာရေးပြဿနာ တွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

“ ကျွန်မ ဒီနေ့မှာ ကလေးတွေကို ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပြဿနာအကြောင်းကို ပြောခဲ့ပါတယ်။ အကြောက်ရောဂါနဲ့ စိတ်ဓာတ်ကျဆင်းတဲ့ ရောဂါပါ။ အဲ့ဒါက ကျွန်မတစ်ဘဝလုံးမှာ အတော်လေးကို စိတ်ဓာတ် ပျက်ရွင်း၊ စိတ်အားငယ်စေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ မိသားစု၊ သူငယ်ချင်း၊ အပေါင်းအသင်းနဲ့ ဆရာဝန် တွေအားလုံးက စောင့်ရှောက်အားပေးခဲ့လို့ ဒီလိုမျိုး ပျော်ပျော် ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ပြန်လည်နေထိုင်ခဲ့ရ တာပါ” လို့ လေဒီဂါဂါက ဆိုပါတယ်။

Credit: မေ(ရွှေအင်းလေး)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top