အမ်ိဳးသမီးအမ်ားစုဟာ အသက္ ၄၀ ေႏွာင္းပိုင္း၊ ၅၀အေစာပိုင္းကာလေတြမွာ ေသြးဆံုးတတ္ၾကပါတယ္။ ဒီအခ်ိန္မွာ အမ်ိဳးသမီး ၃ပံု၂ပံု ဟာ ပူလိုက္ေအးလိုက္ျဖစ္ျခင္း၊ ေခြၽးေစးျပန္ျခင္း၊ နံုးျခင္း၊ စိတ္တိုစိတ္ဆတ္စိတ္အေျပာင္းအလဲျမန္ျခင္း စတဲ့လကၡဏာေတြကို ခံစားရတတ္ပါတယ္။
ေသြးဆံုးၿပီးသူအမ်ိဳးသမီးေတြမွာ အရိုးပြျခင္း၊ အဝလြန္ျခင္း၊ ႏွလံုးေရာဂါ၊ ဆီးခ်ိဳစတဲ့ ေရာဂါမ်ိဳးစံုျဖစ္ႏႈန္း ပိုမ်ားလာပါတယ္။ ဒီလိုေသြးဆံုးကိုင္လကၡဏာေတြကို သက္သာေစဖို႔ နည္းလမ္းေကာင္းေလးေတြကို ေျပာျပပါရေစ။
၁။ ကယ္လ္ဆီယမ္နဲ႔ဗီတာမင္ဒီေသာက္ပါ။
ေသြးဆံုးခ်ိန္မွာ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ အရိုးပြႏႈန္းမ်ားလာနိုင္ပါတယ္။ ကယ္လ္ဆီယမ္နဲ႔ဗီတာမင္ဒီဟာ အရိုးအဆစ္ေတြကို သန္မာေစတဲ့အတြက္ အရိုးမက်ိဳးေအာင္ တားဆီးေပးနိုင္ပါတယ္။
ဒိန္ခ်ဥ္၊ ခ်ိစ္စတဲ့နို႔နဲ႔ႏို႔ထြက္ပစၥည္းေတြ၊ ဟင္းႏုႏြယ္စတဲ့ အစိမ္းေရာင္ဟင္းသီးဟင္း႐ြက္ေတြနဲ႔ တိုဖူး၊ ပဲ၊ ဆာဒင္းငါးစတဲ့အစားအေသာက္ေတြအားလံုးဟာ ကယ္လ္ဆီယမ္ႂကြယ္ဝတဲ့ အစားအစာေတြပဲ ျဖစ္ပါတယ္။
ဒါ့အျပင္ ကယ္လ္ဆီယမ္ဓာတ္ထပ္ျဖည့္ထားတဲ့ အခ်ိဳရည္ေတြ၊ နို႔ေတြ၊ Cerealမနက္စာေတြကိုလည္း စားသံုးနိုင္ပါတယ္။
ဗီတာမင္ဒီကို အဓိကရရွိနိုင္တဲ့ေနရာကေတာ့ ေနေရာင္ပဲျဖစ္ပါတယ္။ ဒါေပမယ့္ အသက္ႀကီးလာတာနဲ႔အမ်ွ အေရျပားက ေနေရာင္ကိုစုပယူနိုင္မႈ ပိုပိုနည္းလာပါတယ္။
ဒါေၾကာင့္ ေနေရာင္ထိေတြ႕မႈနည္းပါးရင္၊ ေနေရာင္ထဲမွာ အကာအကြယ္နဲ႔အသြားမ်ားရင္ ဗီတာမင္ဒီမ်ားတဲ့အစားအေသာက္ေတြစားေပးဖို႔ လိုလာနိုင္ပါတယ္။
အဆီမ်ားတဲ့ငါး၊ ဥ၊ ငါးႀကီးဆီ၊နဲ႔ ဗီတာမင္ဒီျဖည့္စြက္ထားတဲ့အစားအေသာက္ေတြကို စားေပးနိုင္ပါတယ္။
၂။ သင့္တင့္ေလ်ာက္ပတ္တဲ့ကိုယ္အေလးခ်ိန္ကိုထိန္းသိမ္းပါ။
ေသြးဆံုးခ်ိန္မွာ ကိုယ္အေလးခ်ိန္တိုးတတ္ပါတယ္။ ဒါဟာ ေဟာ္မုန္းအေျပာင္းအလဲ၊ အသက္ႀကီးလာျခင္း၊ ေနထိုင္မႈပံုစံနဲ႔ မ်ိဳးရိုးဗီဇတို႔အေပၚမွာ မူတည္ေနပါတယ္။ ကိုယ္တြင္းအဆီေတြ၊ အထူးသျဖင့္ ဗိုက္အဆီတက္လာျခင္းက ႏွလံုးနဲ႔ဆီးခ်ိဳေရာဂါကို ပိုျဖစ္လာေစနိင္ပါတယ္။
ဒါ့အျပင္ ကိုယ္အေလးခ်ိန္က ေသြးဆံုးကုိင္ျခင္းလကၡဏာေတြအေပၚအက်ိဳးသက္ေရာက္မႈ ရွိေနပါတယ္။
ေသြးဆံုးၿပီးအမ်ိဳးသမီး ၁၇,၄၇၃ ေယာက္ကို ေလ့လာထားတဲ့ ေလ့လာမႈတစ္ခုမွာ တစ္ႏွစ္အတြင္း ကိုယ္အေလးခ်ိန္၁၀ေပါင္ သို႔မဟုတ္ ၁၀%ခ်နိုင္သူေတြဟာ ပူလိုက္ေအးလိုက္ျဖစ္တာေတြ၊ ညဘက္ေခြၽးေစးျပန္တာေတြ အျဖစ္နည္းတယ္လို႔ သိရပါတယ္။
၃။ ဟင္းသီးဟင္းရြက္မ်ားမ်ားစားပါ။
သစ္သီးသစ္ဥ၊ ဟင္း႐ြက္ေတြမ်ားမ်ားစားျခင္းက ေသြးဆံုးျခင္းလကၡဏာေတြကို ေလ်ာ့နည္းေစနိုင္ပါတယ္။ အသီးအ႐ြက္ေတြဟာ ကယ္လိုရီနည္းပါးၿပီး ဗိုက္ျပည့္ေစနိုင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ထိန္းသိမ္းရာမွာ အေထာက္အကူျပဳပါတယ္။ ဒါ့အျပင္ ႏွလံုးေရာဂါကိုလည္း ဟန္႔တားေပးနုိင္ပါတယ္။
ေသြးဆံုးၿပီးခ်ိန္မွာ အသက္အ႐ြယ္ေၾကာင့္ေသာ္လည္းေကာင္း၊ ကိုယ္အေလးခ်ိန္တက္လာျခင္းေၾကာင့္ေသာ္လည္းေကာင္း၊ အီစထရိုဂ်င္ဓာတ္ေလ်႕နည္းျခင္းေၾကာင့္ေသာ္လည္းေကာင္း၊ ႏွလံုးေရာဂါျဖစ္ႏႈန္းနည္းပါးလာပါတယ္။ ေနာက္ဆံုးအေနနဲ႔ ဟင္းသီးဟင္း႐ြက္ေတြဟာ အရိုးပြျခင္း၊ ဆံုးရႈံးျခင္းတို႔ကိုလည္း တားဆီးေပးပါတယ္။
၄။ ေရာဂါပိုဆိုးေစနိုင္တဲ့အစားအေသာက္ေတြကို ေရွာင္ပါ။
ကဖိန္း၊ အရက္၊ အခ်ိဳ၊ အစပ္ေတြဟာ ပူရွိန္းရွိန္းျဖစ္ျခင္း၊ ညဘက္ေခြၽးေစးျပန္ျခင္း၊ စိတ္အေျပာင္း အလဲျမန္ျခင္းစတဲ့ ေသြးဆံုးကိုင္လကၡဏာေတြကို ျဖစ္ေစနိုင္ၿပီး အထူးသျဖင့္ ညဘက္မွာစားမိရင္ ပိုဆိုးတတ္ပါတယ္။
ေရာဂါပိုဆိုးေစနိုင္တဲ့အစားအေသာက္ကို ေသခ်ာမွတ္သားထားၿပီး ေရွာင္ၾကဥ္သင့္ပါတယ္။
၅။ ေလ့က်င္ခန္းပံုမွန္ျပဳလုပ္ပါ။
ေလ့က်င့္ခန္းျပဳလုပ္ျခင္းက ေသြးဆံုးကိုင္ျခင္း လကၡဏာေတြကို သက္သာေစနိုငိေၾကာင္း ျပသထားတဲ့ ေလ့လာမႈေတြေတာ့မရွိေပမယ့္ ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ျခင္းက အက်ိဳးရွိေၾကာင္းေတာ့ ေတြ႕ရပါတယ္။
အင္အားနဲ႔ဇီဝကမၼျဖစ္စဥ္ေတြ ပိုျမန္ဆန္ေကာင္းမြန္လာၿပီး အရိုးအဆစ္ေတြသန္မာကာ စိတ္ဖိစီးမႈကိုေလ်ာ့က်ေစနိုင္တာေၾကာင့္ ေကာင္းေကာင္းအိပ္ေပ်ာ္ေစနိုင္ပါတယ္။
တစ္ပတ္ကို ၃ နာရီခန္႔ တစ္ႏွစ္ဆက္တိုက္ေလ့က်င့္ခန္းျပဳလုပ္ျခင္းက စိတ္ေရာကိုယ္ပါက်န္းမာေစနိုင္ပါတယ္။
၆။ Phytoestrogen မ်ားတဲ့အစားအေသာက္ေတြ စားေပးပါ။
Phytoestrogen ဆိုတာ ကိုယ္ခႏၶာကထုတ္လုပ္တဲ့ အီစထရိုဂ်င္နဲ႔တူတဲ့ အပင္ထြက္ပစၥည္းတစ္ခုျဖစ္ပါတယ္။
ဒါေၾကာင့္ကိုယ္တြင္းေဟာ္မုန္းညီမ်ွေအာင္ ထိနး္ညႇိေပးပါတယ္။
Phytoestrogenမ်ားတဲ့အစားအေသာက္ေတြကေတာ့ ပဲနဲ႔ပဲပိစပ္၊ တိူ႔ဖူး၊ ႏွမ္းစတာေတြပဲ ျဖစ္ပါတယ္။ ဒီလိုသဘာဝအစားအစာေတြမွာပါတဲ့ Phytoestrogenဓာတ္ဟာ ျဖည့္စြက္အားေဆးေတြနဲ႔ ျပဳျပင္ေျပာင္း လဲထားတဲ့အစားအေသာက္ေတြထက္ ပိုေကာင္းပါတယ္။
၇။ ေရမ်ားမ်ားေသာက္ပါ။
ေသြဆံုးခ်ိန္မွာ ေဟာ္မုန္းေတြေလ်ာ့နည္းသြားျခင္းေၾကာင့္ ေျခာက္ေသြ႕လာတတ္ပါတယ္။
တစ္ေန႔ကိုေရ ၈ ခြက္မွ ၁၂ ခြက္ေလာက္ထိေသာက္ျခင္းျဖင့္ ဒီလိုလကၡဏာေတြကို ကာကြယ္ေပးနိုင္ပါတယ္။ ေရမ်ားမ်ားေသာက္ျခင္းျဖင့္ ရင္ျပည့္ရင္ကယ္မျဖစ္ေအာင္ ကာကြယ္ေပးတဲ့အျပင္ ဗိုက္ျပည့္ေစၿပီး ဇီဝကမၼျဖစ္စဥ္ကိုအနည္းငယ္ ျမန္ေစတဲ့အတြက္ ကိုယ္အေလးခ်ိန္ကိုလည္း ေလ်ာ့ခ်ေပးႏုိင္ပါတယ္။
၈။ သၾကားအျဖဴ နဲ႔ ျပဳျပင္ထားတဲ့အစားအေသာက္ေတြကို ေရွာင္ပါ။
ျပဳျပင္ထားတဲ့ ကစီဓာတ္ေတြ၊ သၾကားေတြဟာ ေသြးတြင္းအခ်ိဳဓာတ္အတက္အက်ျမန္ေစနိုင္တာေၾကာင့္ အလြယ္တကူနံုးခ်ိ၊ စိတ္တိုေနတတ္ပါတယ္။ ဒါ့အျပင္ ေလ့လာမႈတစ္ခုမွာ စိတ္ဓာတ္က်ျခင္းကိုလည္း ျဖစ္ေစနိ္င္တယ္လု႔ိ သိရပါတယ္။ အရိုးက်န္းမာေရးကိုလည္း ထိခိုက္ေစနိုင္ပါေသးတယ္။
၉။ ထမင္းနပ္ မေက်ာ္ပါနဲ႔။
ေသြးဆံုးခိ်န္မွာ အစားအေသာက္ကို ပံုမွန္စားေသာက္ေပးသင့္ပါတယ္။
ထမင္းနပ္ေက်ာ္ျခင္းက တစ္ခ်ိဳ႕လကၡဏာေတြကို ပိုဆိုးလာေစနိုင္ၿပီး ကုိယ္အေလးခ်ိန္က်ဆင္းမႈကိုလည္း အဟန္႔အတားျဖစ္ေစနိုင္ပါတယ္။
၁၀။ ပရိုတင္းအသားဓာတ္မ်ားတဲ့အစားအေသာက္ေတြစားေပးပါ။
ေန႔တိုင္းပရိုတင္းအသားဓာတ္စားေပးျခင္းက အသက္ႀကီးလာလို႔ ႂကြက္သားဆုတ္ယုတ္ျခင္းမျဖစ္ေအာင္ ကာကြယ္တားဆီးေပးပါတယ္။ ဒါ့အျပင္ ဗိုက္ျပည့္လြယ္ေစၿပီး ကယ္လိုရီေလာင္ကြၽမ္းမႈကို အားေပးတဲ့အတြက္ ကိုယ္အေလးခ်ိန္ကိုလည္း က်ေစနိုင္ပါတယ္။
အသား၊ ငါး၊ ဥ၊ ပဲ၊ အေစ့အဆံမ်ားနဲ႔ နို႔ထြက္ပစၥည္းေတြမွာ အသားဓာတ္ပရိုတင္းႂကြယ္ဝစြာ ပါဝင္ပါတယ္။
အမ်ိဳးသမီးတိုင္း မလြဲမေသြခံစားရမယ့္ ေသြးဆံုးျခင္းကို အေပၚမွာေျပာခဲ့တဲ့ အခ်က္ေလးေတြ လိုက္နာလုပ္ေဆာင္ၾကည့္ၿပီး ေသြးဆံုးကိုင္လကၡဏာေတြကို ေက်ာ္လႊားနိုင္ကာ ေပ်ာ္႐ႊင္က်န္းမာေသာ ဘဝကိုပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆႏၵမြန္ျဖင့္ ဆုေတာင္းေပးလိုက္ပါတယ္…..
Credit: drmyanmar
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးအများစုဟာ အသက် ၄၀ နှောင်းပိုင်း၊ ၅၀အစောပိုင်းကာလတွေမှာ သွေးဆုံးတတ်ကြပါတယ်။ ဒီအချိန်မှာ အမျိုးသမီး ၃ပုံ၂ပုံ ဟာ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ ချွေးစေးပြန်ခြင်း၊ နုံးခြင်း၊ စိတ်တိုစိတ်ဆတ်စိတ်အပြောင်းအလဲမြန်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရတတ်ပါတယ်။
သွေးဆုံးပြီးသူအမျိုးသမီးတွေမှာ အရိုးပွခြင်း၊ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုစတဲ့ ရောဂါမျိုးစုံဖြစ်နှုန်း ပိုများလာပါတယ်။ ဒီလိုသွေးဆုံးကိုင်လက္ခဏာတွေကို သက်သာစေဖို့ နည်းလမ်းကောင်းလေးတွေကို ပြောပြပါရစေ။
၁။ ကယ်လ်ဆီယမ်နဲ့ဗီတာမင်ဒီသောက်ပါ။
သွေးဆုံးချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးပွနှုန်းများလာနိုင်ပါတယ်။ ကယ်လ်ဆီယမ်နဲ့ဗီတာမင်ဒီဟာ အရိုးအဆစ်တွေကို သန်မာစေတဲ့အတွက် အရိုးမကျိုးအောင် တားဆီးပေးနိုင်ပါတယ်။
ဒိန်ချဉ်၊ ချိစ်စတဲ့နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ဟင်းနုနွယ်စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ တိုဖူး၊ ပဲ၊ ဆာဒင်းငါးစတဲ့အစားအသောက်တွေအားလုံးဟာ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ကယ်လ်ဆီယမ်ဓာတ်ထပ်ဖြည့်ထားတဲ့ အချိုရည်တွေ၊ နို့တွေ၊ Cerealမနက်စာတွေကိုလည်း စားသုံးနိုင်ပါတယ်။
ဗီတာမင်ဒီကို အဓိကရရှိနိုင်တဲ့နေရာကတော့ နေရောင်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ အရေပြားက နေရောင်ကိုစုပယူနိုင်မှု ပိုပိုနည်းလာပါတယ်။
ဒါကြောင့် နေရောင်ထိတွေ့မှုနည်းပါးရင်၊ နေရောင်ထဲမှာ အကာအကွယ်နဲ့အသွားများရင် ဗီတာမင်ဒီများတဲ့အစားအသောက်တွေစားပေးဖို့ လိုလာနိုင်ပါတယ်။
အဆီများတဲ့ငါး၊ ဥ၊ ငါးကြီးဆီ၊နဲ့ ဗီတာမင်ဒီဖြည့်စွက်ထားတဲ့အစားအသောက်တွေကို စားပေးနိုင်ပါတယ်။
၂။ သင့်တင့်လျောက်ပတ်တဲ့ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ။
သွေးဆုံးချိန်မှာ ကိုယ်အလေးချိန်တိုးတတ်ပါတယ်။ ဒါဟာ ဟော်မုန်းအပြောင်းအလဲ၊ အသက်ကြီးလာခြင်း၊ နေထိုင်မှုပုံစံနဲ့ မျိုးရိုးဗီဇတို့အပေါ်မှာ မူတည်နေပါတယ်။ ကိုယ်တွင်းအဆီတွေ၊ အထူးသဖြင့် ဗိုက်အဆီတက်လာခြင်းက နှလုံးနဲ့ဆီးချိုရောဂါကို ပိုဖြစ်လာစေနိင်ပါတယ်။
ဒါ့အပြင် ကိုယ်အလေးချိန်က သွေးဆုံးကိုင်ခြင်းလက္ခဏာတွေအပေါ်အကျိုးသက်ရောက်မှု ရှိနေပါတယ်။
သွေးဆုံးပြီးအမျိုးသမီး ၁၇,၄၇၃ ယောက်ကို လေ့လာထားတဲ့ လေ့လာမှုတစ်ခုမှာ တစ်နှစ်အတွင်း ကိုယ်အလေးချိန်၁၀ပေါင် သို့မဟုတ် ၁၀%ချနိုင်သူတွေဟာ ပူလိုက်အေးလိုက်ဖြစ်တာတွေ၊ ညဘက်ချွေးစေးပြန်တာတွေ အဖြစ်နည်းတယ်လို့ သိရပါတယ်။
၃။ ဟင်းသီးဟင်းရွက်များများစားပါ။
သစ်သီးသစ်ဥ၊ ဟင်းရွက်တွေများများစားခြင်းက သွေးဆုံးခြင်းလက္ခဏာတွေကို လျော့နည်းစေနိုင်ပါတယ်။ အသီးအရွက်တွေဟာ ကယ်လိုရီနည်းပါးပြီး ဗိုက်ပြည့်စေနိုင်တာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် နှလုံးရောဂါကိုလည်း ဟန့်တားပေးနိုင်ပါတယ်။
သွေးဆုံးပြီးချိန်မှာ အသက်အရွယ်ကြောင့်သော်လည်းကောင်း၊ ကိုယ်အလေးချိန်တက်လာခြင်းကြောင့်သော်လည်းကောင်း၊ အီစထရိုဂျင်ဓာတ်လျေ့နည်းခြင်းကြောင့်သော်လည်းကောင်း၊ နှလုံးရောဂါဖြစ်နှုန်းနည်းပါးလာပါတယ်။ နောက်ဆုံးအနေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အရိုးပွခြင်း၊ ဆုံးရှုံးခြင်းတို့ကိုလည်း တားဆီးပေးပါတယ်။
၄။ ရောဂါပိုဆိုးစေနိုင်တဲ့အစားအသောက်တွေကို ရှောင်ပါ။
ကဖိန်း၊ အရက်၊ အချို၊ အစပ်တွေဟာ ပူရှိန်းရှိန်းဖြစ်ခြင်း၊ ညဘက်ချွေးစေးပြန်ခြင်း၊ စိတ်အပြောင်း အလဲမြန်ခြင်းစတဲ့ သွေးဆုံးကိုင်လက္ခဏာတွေကို ဖြစ်စေနိုင်ပြီး အထူးသဖြင့် ညဘက်မှာစားမိရင် ပိုဆိုးတတ်ပါတယ်။
ရောဂါပိုဆိုးစေနိုင်တဲ့အစားအသောက်ကို သေချာမှတ်သားထားပြီး ရှောင်ကြဉ်သင့်ပါတယ်။
၅။ လေ့ကျင်ခန်းပုံမှန်ပြုလုပ်ပါ။
လေ့ကျင့်ခန်းပြုလုပ်ခြင်းက သွေးဆုံးကိုင်ခြင်း လက္ခဏာတွေကို သက်သာစေနိုငိကြောင်း ပြသထားတဲ့ လေ့လာမှုတွေတော့မရှိပေမယ့် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းက အကျိုးရှိကြောင်းတော့ တွေ့ရပါတယ်။
အင်အားနဲ့ဇီဝကမ္မဖြစ်စဉ်တွေ ပိုမြန်ဆန်ကောင်းမွန်လာပြီး အရိုးအဆစ်တွေသန်မာကာ စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်တာကြောင့် ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။
တစ်ပတ်ကို ၃ နာရီခန့် တစ်နှစ်ဆက်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်။
၆။ Phytoestrogen များတဲ့အစားအသောက်တွေ စားပေးပါ။
Phytoestrogen ဆိုတာ ကိုယ်ခန္ဓာကထုတ်လုပ်တဲ့ အီစထရိုဂျင်နဲ့တူတဲ့ အပင်ထွက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။
ဒါကြောင့်ကိုယ်တွင်းဟော်မုန်းညီမျှအောင် ထိန်းညှိပေးပါတယ်။
Phytoestrogenများတဲ့အစားအသောက်တွေကတော့ ပဲနဲ့ပဲပိစပ်၊ တိူ့ဖူး၊ နှမ်းစတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုသဘာဝအစားအစာတွေမှာပါတဲ့ Phytoestrogenဓာတ်ဟာ ဖြည့်စွက်အားဆေးတွေနဲ့ ပြုပြင်ပြောင်း လဲထားတဲ့အစားအသောက်တွေထက် ပိုကောင်းပါတယ်။
၇။ ရေများများသောက်ပါ။
သွေဆုံးချိန်မှာ ဟော်မုန်းတွေလျော့နည်းသွားခြင်းကြောင့် ခြောက်သွေ့လာတတ်ပါတယ်။
တစ်နေ့ကိုရေ ၈ ခွက်မှ ၁၂ ခွက်လောက်ထိသောက်ခြင်းဖြင့် ဒီလိုလက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ရေများများသောက်ခြင်းဖြင့် ရင်ပြည့်ရင်ကယ်မဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ဗိုက်ပြည့်စေပြီး ဇီဝကမ္မဖြစ်စဉ်ကိုအနည်းငယ် မြန်စေတဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း လျော့ချပေးနိုင်ပါတယ်။
၈။ သကြားအဖြူ နဲ့ ပြုပြင်ထားတဲ့အစားအသောက်တွေကို ရှောင်ပါ။
ပြုပြင်ထားတဲ့ ကစီဓာတ်တွေ၊ သကြားတွေဟာ သွေးတွင်းအချိုဓာတ်အတက်အကျမြန်စေနိုင်တာကြောင့် အလွယ်တကူနုံးချိ၊ စိတ်တိုနေတတ်ပါတယ်။ ဒါ့အပြင် လေ့လာမှုတစ်ခုမှာ စိတ်ဓာတ်ကျခြင်းကိုလည်း ဖြစ်စေနိင်တယ်လု့ိ သိရပါတယ်။ အရိုးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။
၉။ ထမင်းနပ် မကျော်ပါနဲ့။
သွေးဆုံးချိန်မှာ အစားအသောက်ကို ပုံမှန်စားသောက်ပေးသင့်ပါတယ်။
ထမင်းနပ်ကျော်ခြင်းက တစ်ချို့လက္ခဏာတွေကို ပိုဆိုးလာစေနိုင်ပြီး ကိုယ်အလေးချိန်ကျဆင်းမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။
၁၀။ ပရိုတင်းအသားဓာတ်များတဲ့အစားအသောက်တွေစားပေးပါ။
နေ့တိုင်းပရိုတင်းအသားဓာတ်စားပေးခြင်းက အသက်ကြီးလာလို့ ကြွက်သားဆုတ်ယုတ်ခြင်းမဖြစ်အောင် ကာကွယ်တားဆီးပေးပါတယ်။ ဒါ့အပြင် ဗိုက်ပြည့်လွယ်စေပြီး ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးတဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်ပါတယ်။
အသား၊ ငါး၊ ဥ၊ ပဲ၊ အစေ့အဆံများနဲ့ နို့ထွက်ပစ္စည်းတွေမှာ အသားဓာတ်ပရိုတင်းကြွယ်ဝစွာ ပါဝင်ပါတယ်။
အမျိုးသမီးတိုင်း မလွဲမသွေခံစားရမယ့် သွေးဆုံးခြင်းကို အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေ လိုက်နာလုပ်ဆောင်ကြည့်ပြီး သွေးဆုံးကိုင်လက္ခဏာတွေကို ကျော်လွှားနိုင်ကာ ပျော်ရွှင်ကျန်းမာသော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့် ဆုတောင်းပေးလိုက်ပါတယ်…..
Credit: drmyanmar
ေသြးဆံုးကိုင္လကၡဏာေတြ သက္သာေအာင္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။