iMyanmarHouse.com - Best Property Website for Myanmar
×








# Unicode Version ဖြင့် ဖတ်ပါ #
ဒီလို အာသာဖြေမှုတွေကြောင့် ဂျာမန်အမျိုးသား၁၀၀ လောက်နှစ်စဉ် အသက်ဆုံးရှုံးနေပါတယ်။ သူတို့တွေဟာ အန္တရာယ်ရှိတဲ့ အာသာဖြေမှုတွေကြောင့် သေဆုံးရတာပါ။ဒါက ပုံမှန်သမားတွေကို ပြောတာမဟုတ်ဘဲတစ်ခါတစ်ရံ အလွန်အကြူ းပြုလုပ်သူတွေကိုပြောခြင်းပါ။

သူတို့ဟာ ဒီလိုအပြုအမူတွေကြောင့်အသက်ဆုံးရှုံးရပါတယ်။ Brandenburg ရူပဗေဒပညာရှင် Harold VoB ကတော့ လူတစ်သန်းမှာ တစ်ယောက်လောက်အာသာဖြေရင်းသေဆုံးမှုရှိကြောင်း ဒါကြောင့်လည်း တစ်နှစ်မှာ၈၀ ၁၀၀ လောက်ထိသေဆုံးကြောင်း ပြောကြားထားပါတယ်။

ဒါ့အပြင် မဖော်ပြနိုင်တဲ့ အမှု့ကိစ္စ တွေလည်းရှိနေပါသေးတယ်။ တော်တော်များများရဲ့ မိသားစုတွေက ရှက်သဖြင့် အသိမပေး တတ်ကြတဲ့အတွက်စာရင်းအမှန်တော့မရရှိပါဘူး။ ရေကူးဝတ်စုံအပြင်မိုးကာဝတ်ထားတဲ့ လူတစ်ယောက်ကို သေဆုံးလျက်တွေ့ရပြီး သူဟာ ဦးခေါင်းကို ပလပ်စတစ်အိတ်ထဲမှာ ထားထားတာပါ

သူ့ကို အပူပေးစက်နားမှာထားပြီး ဒါကသူ့ကိုယ်ပေါ်က ချိစ်ပြားတွေကို အရည်ပျော်စေလို့ပါပဲ။သူဟာ အာသာဖြေခြင်းတွေကြောင့် ဦးနှောက်ကိုအောက်စီဂျင် မရောက်ဘဲသေဆုံးကြောင်းသိရပါတယ်။

ဒီလိုအမှုမျိုးတွေများစွာလည်းရှိနေပါသေးတယ်။သူဟာ နိုးထနိုင်ဖို့ လျှပ်စစ် ဓာတ်အားကိုလည်းသုံးခဲ့ပါသေးတယ်။နောက်တစ်ယောက်ကတော့ လည်ပင်းနဲ့ ကိုယ်ခန္ဓာကို ချိန်းကြိုးနဲ့ပတ်ကာ မွန်းကြပ်သေဆုံးကြောင်းတွေ့ရပါတယ်။ဒါပေမယ့် သေဆုံးမှုတော်တော်များများက မတော်တဆ မှုတွေပါ။

ဒါအပြင် ဦးနှောက်က အောက်စီဂျင် ပြက်လတ်မှူကြောင့်သေဆုံးကြောင်းလည်း သိရပါတယ်။တွေးတောမှူမြန်လေလေ carotid သွေးကြောတွေ ကို ဖိအားပေးမှုပိုဖြစ်လာပြီး ဒီသွေးကြောတွေရဲ့ခံနိုင်ရည်ဟာ အများဆုံးစက္ကန့်၃၀ ပဲရှိတာပါ။

ဒါကြောင့် ဦးနှောက်တွင်းအောက်စီဂျင်ပြတ်ကာကာဗွန်ဒိုင်အောက်ဆိုဒ်များလာခြင်းကြောင့် အသက်တွေဆုံးရှုံးရတာပါ။ဒါပေမယ့် ဒီလိုအာသာဖြေမှုတွေကိုတော့ လူတေယ်တော်များများက ရှောင်ကြဉ်ကြတာကိုတွေ့ရမှာပါ။


Credit: Writer – Min Thu (Daily Hot News)
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top