iMyanmarHouse.com - Best Property Website for Myanmar
×

ဒုကၡေရာက္ေနတဲ့ ျပည္သူေတြအတြက္ သူမက အားေဆးတစ္ခြက္ပါပဲ။

ပရဟိတအလုပ္ေတြကို ဆက္တိုက္လုပ္ေနတဲ့ ပရဟိတမင္းသမီးေလး ခိုင္နွင္းေဝက သူမကို မင္းသမီးတစ္ေယာက္လို မျမင္ပဲ ပရဟိတသမား တစ္ေယာက္လို ျမင္ေပးပါလို႕ဆုိပါတယ္။ သူမကို ေလာဘႀကီးတယ္ပဲ ေျပာေျပာ ပရဟိတအလုပ္ေတြကို ဒီထက္ပိုၿပီး ဆက္လုပ္သြားခ်င္ ေသးတယ္ လို႕လည္းေျပာထားပါေသးတယ္။

ပရဟိတမင္းသမီးေလး ခိုင္ႏွင္းေဝက လက္ရွိမွာ ေရေဘးသင့္ျပည္သူေတြအတြက္ သူမဘက္က တက္ႏုိင္သေလာက္ ပါဝင္ကူညီေပး လ်က္ရွိ ပါတယ္။ သူမရဲ႕ ပရဟိတအဖြဲ႕ေလးနဲ႕ ပရဟိတအလုပ္ေတြကို မေမာမပန္း လုပ္ကိုင္ေနတဲ့ ခိုင္ႏွင္းေဝက သူမကို မင္းသမီးလို႕ မျမင္ပဲ ပရဟိတသမားလို႕ ျမင္ေပးပါလို႕ ဆုိပါတယ္။

“ကင္မရာ မီးေရာင္ေတြေအာက္ေရာက္တဲ႕အခ်ိန္မွသာ ကြ်န္မကို မင္းသမီးခိုင္နွင္းေဝ လို႕ ျမင္ေပးပါ ဒီအခ်ိန္မွာ ကြ်န္မ ပရဟိတသမား ခိုင္နွင္းေဝပါ” ဆုိၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ၾသဂုတ္လ(၈) ရက္ေန႕ကေေရးသားထားတာေတြ႕ရပါတယ္။

သူမရဲ႕ မိသားစုမွာ ဘယ္လိုအခက္အခဲေတြ အဆင္မေျပတာေတြပဲ ရွိရွိ သူမရဲ႕ အသင္းအတြက္နဲ႕ ပရဟိတလုပ္ငန္းေတြအတြက္ သူမတက္ၾကြမႈ ရွိေနမွာပါတဲ့။

“ကြ်န္မ မိသားစုမွာ ဘယ္လိုအခက္အခဲေတြအဆင္မေျပတာေတြရွိရွိ ကြ်န္မ ဘယ္ေလာက္ထိပင္ပန္းေနေန ကြ်န္မ ပရဟိတသမား တနည္း အားျဖင့္ ကြ်န္မ အသင္းေလးရဲ႕ေခါင္းေဆာင္ေနရာက တာဝန္ယူထားတဲ႕လူတေယာက္ ျဖစ္လို႕ ကြ်န္မ နဲ႕တူတူပါလာတဲ႕ ပရဟိတ ရဲေဘာ္ ေတြေရွ႕မွာ ေရာက္ေနတဲ႕ေနရာအခက္အခဲေတြ ခရီးပင္ပန္းမႈေတြ ျကားမွာ ကြ်န္မက စလို႕ ပင္ပန္းျပလို႕ရပါ့မလား။ ကြ်န္မ တက္ျကြမႈရွိေလ ကြ်န္မေဘးက ကေလးေတြ အားရွိေလပဲမဟုတ္လား” ဆိုၿပီး သူမက ဆက္လက္ေျပာထားတာ ေတြ႕ရပါတယ္။

ဒုကၡဆင္းရဲခံစားေနရတဲ့ ျပည္သူေတြအတြက္ သူမအားအင္ေတြမကုန္ခမ္းသေရႊ႕ ဆက္လက္ခ်ီတက္ေနဦးမွာပါလို ႕ဆုိပါတယ္။ သူမကို ေလာဘႀကီးတယ္ပဲ ေျပာေျပာ သူမအေနနဲ႕ပရဟိတသမား တစ္ေယာက္ဆက္ၿပီး ျဖစ္ခ်င္မိသလုိ ထပ္ၿပီးေတာ့လည္း ႀကိဳးစားခ်င္ပါ ေသးတယ္ ဆိုၿပီး သူမက ေျပာထားပါေသးတယ္။

ခိုင္ႏွင္းေဝတို႕ ပရဟိတအသင္းဟာ ကရင္ျပည္နယ္ဘက္မွာ ေရႀကီးေနတဲ့ ရြာေတြကို တစ္ရြာၿပီး တစ္ရြာ သြားလွဴေနတာေတြ႕ရပါတယ္။

ခုိင္ႏွင္းေဝဟာ ပရဟိတအလုပ္ေတြနဲ႔ ပတ္သက္လာရင္ စြမ္းစြမ္းတမံေဆာင္ရြက္ေနသူတစ္ဦးပါ။ United Act ရဲ႕ ကေလး သူငယ္ လူကုန္ကူးမႈ တားဆီးေရးဆိုင္ရာ အထူးသံတမန္ ခန္႕အပ္ျခင္း ခံရတဲ့ ခုိင္ႏွင္းေဝက အမ်ဳိးသမီးေတြနဲ႔ ကေလးေတြအတြက္ အားတက္သေရာ ပါဝင္ကူညီ ေဆာင္ရြက္ေပးေနသူ ျဖစ္ပါတယ္။

Duwun

Credit: we love cele
# Unicode Version ျဖင့္ ဖတ္ပါ #
ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် သူမက အားဆေးတစ်ခွက်ပါပဲ။

ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်နေတဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေက သူမကို မင်းသမီးတစ်ယောက်လို မမြင်ပဲ ပရဟိတသမား တစ်ယောက်လို မြင်ပေးပါလို့ဆိုပါတယ်။ သူမကို လောဘကြီးတယ်ပဲ ပြောပြော ပရဟိတအလုပ်တွေကို ဒီထက်ပိုပြီး ဆက်လုပ်သွားချင် သေးတယ် လို့လည်းပြောထားပါသေးတယ်။

ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေက လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေအတွက် သူမဘက်က တက်နိုင်သလောက် ပါဝင်ကူညီပေး လျက်ရှိ ပါတယ်။ သူမရဲ့ ပရဟိတအဖွဲ့လေးနဲ့ ပရဟိတအလုပ်တွေကို မမောမပန်း လုပ်ကိုင်နေတဲ့ ခိုင်နှင်းဝေက သူမကို မင်းသမီးလို့ မမြင်ပဲ ပရဟိတသမားလို့ မြင်ပေးပါလို့ ဆိုပါတယ်။

“ကင်မရာ မီးရောင်တွေအောက်ရောက်တဲ့အချိန်မှသာ ကျွန်မကို မင်းသမီးခိုင်နှင်းဝေ လို့ မြင်ပေးပါ ဒီအချိန်မှာ ကျွန်မ ပရဟိတသမား ခိုင်နှင်းဝေပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၈) ရက်နေ့ကေရေးသားထားတာတွေ့ရပါတယ်။

သူမရဲ့ မိသားစုမှာ ဘယ်လိုအခက်အခဲတွေ အဆင်မပြေတာတွေပဲ ရှိရှိ သူမရဲ့ အသင်းအတွက်နဲ့ ပရဟိတလုပ်ငန်းတွေအတွက် သူမတက်ကြွမှု ရှိနေမှာပါတဲ့။

“ကျွန်မ မိသားစုမှာ ဘယ်လိုအခက်အခဲတွေအဆင်မပြေတာတွေရှိရှိ ကျွန်မ ဘယ်လောက်ထိပင်ပန်းနေနေ ကျွန်မ ပရဟိတသမား တနည်း အားဖြင့် ကျွန်မ အသင်းလေးရဲ့ခေါင်းဆောင်နေရာက တာဝန်ယူထားတဲ့လူတယောက် ဖြစ်လို့ ကျွန်မ နဲ့တူတူပါလာတဲ့ ပရဟိတ ရဲဘော် တွေရှေ့မှာ ရောက်နေတဲ့နေရာအခက်အခဲတွေ ခရီးပင်ပန်းမှုတွေ ကြားမှာ ကျွန်မက စလို့ ပင်ပန်းပြလို့ရပါ့မလား။ ကျွန်မ တက်ကြွမှုရှိလေ ကျွန်မဘေးက ကလေးတွေ အားရှိလေပဲမဟုတ်လား” ဆိုပြီး သူမက ဆက်လက်ပြောထားတာ တွေ့ရပါတယ်။

ဒုက္ခဆင်းရဲခံစားနေရတဲ့ ပြည်သူတွေအတွက် သူမအားအင်တွေမကုန်ခမ်းသရွှေ့ ဆက်လက်ချီတက်နေဦးမှာပါလို့ဆိုပါတယ်။ သူမကို လောဘကြီးတယ်ပဲ ပြောပြော သူမအနေနဲ့ပရဟိတသမား တစ်ယောက်ဆက်ပြီး ဖြစ်ချင်မိသလို ထပ်ပြီးတော့လည်း ကြိုးစားချင်ပါ သေးတယ် ဆိုပြီး သူမက ပြောထားပါသေးတယ်။

ခိုင်နှင်းဝေတို့ ပရဟိတအသင်းဟာ ကရင်ပြည်နယ်ဘက်မှာ ရေကြီးနေတဲ့ ရွာတွေကို တစ်ရွာပြီး တစ်ရွာ သွားလှူနေတာတွေ့ရပါတယ်။

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

Duwun

Credit: we love cele
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top