iMyanmarHouse.com - Best Property Website for Myanmar
×
Source – naychioo’s fb
Credit: PoPin
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်တွေ အရမ်းကို စိတ်ဝင်စားနေတဲ့ နေခြည်ဦးရဲ့ Plastic Surgery အကြောင်းလေးနဲ့ ပတ်သက်ပြီး အဆင့်ဆင့်ကို သူမက ဗီဒီယိုမှတ်တမ်းတင်ခဲ့ကာ ယခုအခါမှာတော့ သူမကိုယ်တိုင် ချပြခဲ့ပါပြီ။
ခွဲစိတ်ခဲ့ပုံ အဆင့်ဆင့်ကိုလဲ အသေးစိတ်ရှင်းပြခဲ့ပါတယ် ။အဲ့ဒီနောက် ပရိသတ်တွေမေးမြန်းလာတဲ့ မေးခွန်းတွေကိုလဲ ဖြေဆိုခဲ့ပါသေးတယ်။ သူမဟာ အရမ်းကို နာကျင်ခံစားရလောက်တဲ့ ဝေဒနာတွေကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ခဲ့ပုံကတော့ ပရိသတ်ကြီးကြည့်ရှု့တဲ့အခါ သိမြင်နိုင်မှာပါ။
သူမဟာ ခွဲစိတ်ခဲ့တဲ့ ဗီဒီယိုကို အပိုင်းနှစ်ပိုင်းခွဲကာ တင်ပေးခဲ့ပြီး ပထမပိုင်းမှာတော့ ခွဲစိတ်ခဲ့တဲ့ ပုံရိပ်တွေနဲ့ ခံစားချက်တွေ ပါဝင်ပြီး ဒုတိယပိုင်းမှာတော့ ချုပ်ရိုးဖြည်တဲ့ ခံစားချက်နဲ့ ပုံရိပ်တချို့ကို တင်ဆက်ထားကာ မေးခွန်းတွေကိုလဲ ဖြေကြားပေးခဲ့ပါတယ်။
“အားလုံး သိချင်နေကြတဲ့ နေခြည့်ရဲ့ Plastic Surgery အကြောင်းလေးကို Part 1 အနေနဲ့ အရင်ဆုံး ခွဲပြီး တင်ပေးလိုက်ပါတယ်။ နေခြည့်အနေနဲ့ ပြောပြချင်တာတွေ အရမ်းကိုများပါတယ်။
အလွယ်လေး ဘယ်မှာခွဲစိတ်တယ် ဘယ်လောက်ကျတယ် ဆိုတာလောက် basic info လောက်နဲ့ နေခြည် မရောင့်ရဲတဲ့အတွက် ၊ ပြီးတော့ ဘယ်အချက်တွေနဲ့ ကိုရီးယားကိုရွေးခဲ့တယ်၊
မခွဲစိတ်ခင် ဘာတွေပြင်ဆင်တယ်၊ ခွဲစိတ်ပြီး ဘယ်လို treatments တွေလုပ်တယ် စတာတွေ အကုန် အကုန် ပြောပြချင်တဲ့အတွက် ဒီVlogလေးကို Part 1 နဲ့ Part 2 ဆိုပြီးနှစ်ခု ခွဲထားပါတယ်။”
” Part 1 မှာပဲ ဆရာဝန်တွေကိုဘယ်လိုရွေးချယ်ခဲ့တယ်၊ ဘယ်သူ့အဆက်အသွယ်နဲ့ သွားခဲ့တယ် ၊ အရင် Filler ထိုးဖူးတဲ့အတွက် ဘာတွေကြိုပြင်ဆင်ခဲ့ရတယ်၊ မျက်နှာ အနေအထားနဲ့လိုက်ပြီး ကိုယ်လိုချင်တဲ့ နှာခေါင်း shape ကို ဘယ်လို decide လုပ်ခဲ့တာ ဆိုတာလေးတွေကို သေချာရှင်းပြထားပါတယ်။
ပြီးတော့ ခွဲစိတ်ပြုပြင်ပြီး ခံစားရတဲ့ အတွေ့အကြုံတွေ၊ ခွဲစိတ်မှုအပိုင်းတွေ၊ ဆရာဝန်နဲ့ ဆွေးနွေးခဲ့တဲ့ အပိုင်းတွေကိုလည်း ပြောပြပေးထားပါတယ်။ ခွဲစိတ်နေတုန်းမှာရော၊ ခွဲစိတ်ပြီးတဲ့အခါမှာ သူတို့ပေးလိုက်တဲ့ Treatment & medicine တွေက အစ အကုန် ပြောပြပေးထားတာမို့ အသုံးဝင်မယ်လို့လည်း နေခြည်ထင်ပါတယ်။
ဒီPart – 2 မှာတော့ ခွဲစိတ်ပြီးပြီးချင်းရက်တွေကို နေခြည်ဘယ်လို ဖြတ်သန်းလဲ၊ ချုပ်ရိုးမဖြည်ရသေးတဲ့အချိန်တွေမှာ ဘာတွေက စိတ်ညစ်စရာကောင်းပြီး ဘယ်လိုခံစားရလဲ၊
မျက်ရစ်ချုပ်ရိုး ၊ နားက ချုပ်ရိုးတွေကို ဘယ်လိုဖြည်လဲ ဆိုတာနဲ့ After result ကိုရော ဘယ်လိုထင်လဲ ဆိုတာကို သေချာလေး ပြောပြပေးပါတယ်။ ဒီ video တင်ဖို့လည်း အားတွေအများကြီး မွေးခဲ့ရတာပါ။
ဗဟုသုတတစ်စုံတစ်ရာ ရသွားတယ်ဆိုရင်ဘဲ နေခြည့်ကို ဘယ်လောက်တိုက်ခိုက်တိုက်ခိုက် ပြောပြရကျိုးနပ်တယ်လို့ တွေပြီးသားပါ။ Finally, I DID IT !!!!! watch the final part here:
နေခြည်ဦးရဲ့ plastic surgery နဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိရလို့ စိတ်ကျေနပ်ကြမယ်ထင်ပါတယ်။ ကြည့်ရှု့ပေးကြတဲ့ ချစ်ပရိသတ်အားလုံးကို ကျေးဇူးအထူးတင်၇ှိပါတယ်။
Source – naychioo’s fb
ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top