iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္လက္လႈပ္ရွား အားကစားလုပ္တဲ့ မမေတြအတြက္ -

●        ေလ့က်င့္ခန္း လုပ္ၿပီးတိုင္း ေရခ်ိဳးပါ။

●        မိန္းမကိုယ္ကို ေရႏိုင္ႏိုင္နဲ႔ ေဆးခ်ပစ္ပါ။

●        ေခြၽးနဲ႔ေရာၿပီ အနံ႔ဆိုးထြက္တာလည္း ရွိတတ္တာမို႔ပါ။

●        အားကစားလုပ္ၿပီးတဲ့အခါ ေခြၽးေတြ တအားထြက္လာၿပီး အတြင္းခံထဲမွာ၊ ေပါင္ျခံမွာ ပိုးေတြေအာင္းေနေလ့ ရွိပါတယ္။ ေခြၽး သိပ္စိုလာရင္ အတြင္းခံကို လဲလွယ္ပါ။



>>    ရာသီလာတဲ့အခါ ဘာေတြလိုက္နာသင့္လဲ?

●        သန္႔ရွင္းၿပီး စိတ္ခ်ရတဲ့ အခုအခံ ဂြမ္းထုပ္ေလးေတြ သံုးပါ။

●        မၾကာခဏ လဲလွယ္ေပးပါ။

●        ရာသီလာတာ မ်ားၿပီး စိုတာ ၾကာသြားရင္ ရာသီေသြးညႇီနံ႔က အျပင္ကို ထြက္လာတာေတြ ႀကံဳၾကရပါတယ္။ ဒါေၾကာင့္ ဂ႐ုတစိုက္နဲ႔ လဲလွယ္ေပးေစလိုတာ ျဖစ္ပါတယ္။



>>    အႏၱရာယ္ကင္း အိမ္တြင္းကုထံုးေလးတစ္ခုအေၾကာင္း

●        ပန္းသီး႐ွာလကာရည္နဲ႔ ေရနဲ႔ေရာၿပီး စိမ္ေပး၊ ထိုင္ေပးတာကလည္း ပိုးေသေစတဲ့ အႏၲရာယ္ကင္း အိမ္တြင္းကုထံုးပါတဲ့။ ဘက္တီးရီးယားေတြ ၿငိမ္သြားေစၿပီး အနံ႔ထြက္ သက္သာေစပါတယ္။

●        တျခား ဆပ္ျပာရည္ေတြ၊ ေဆးရည္ေတြထက္ ပန္းသီးရွာလကာရည္ကိုေတာ့ ညႊန္းပါတယ္။ အနံ႔ဆိုးထြက္တာအတြက္ အေကာင္းဆံုး သဘာ၀ကုထံုးတစ္ခုလို႔ ဆိုၾကပါတယ္။



>>    သန္႔ရွင္းမႈသာ ထာ၀စဥ္

●        ေအာက္ခံေဘာင္းဘီေတြကို မွန္မွန္ ေလွ်ာ္ဖြပ္ပါ။

●        ေနပူႀကဲႀကဲမွာ ေျခာက္ေအာင္လွန္းပါ။

●        ခါၿပီး မီးပူတိုက္ပါ။ ၿပီးမွ သိမ္းပါ။  သံုးပါ။

●        ေအာက္ခံေဘာင္းဘီေတြကို စုတ္လာတာ၊ ရိလာတာဆိုရင္ ပစ္လိုက္ၿပီး အရည္အေသြး ေကာင္းတဲ့ ခ်ည္သားအသစ္ကို ဝယ္ပါ။

          ေနာက္ဆံုးအေနနဲ႔ ခ်ည္သားေအးေအး ေခ်ာင္ေခ်ာင္ အတြင္းခံ သံုးျခင္းဟာ အနံ႔ဆိုး ထြက္တာကို အထိုက္အေလ်ာက္ ကာကြယ္ႏိုင္ပါတယ္။

          မိန္းမကိုယ္ အနံ႔ဆိုးေတြ ကင္းစင္ေရး သဘာ၀က်က် နည္းလမ္းေတြကို အမ်ိဳးသမီးေလးေတြ လိုက္နာဖို႔ ပညာေပးလိုက္ရပါတယ္။

Credit: ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ်လက်လှုပ်ရှား အားကစားလုပ်တဲ့ မမတွေအတွက် -

●        လေ့ကျင့်ခန်း လုပ်ပြီးတိုင်း ရေချိုးပါ။

●        မိန်းမကိုယ်ကို ရေနိုင်နိုင်နဲ့ ဆေးချပစ်ပါ။

●        ချွေးနဲ့ရောပြီ အနံ့ဆိုးထွက်တာလည်း ရှိတတ်တာမို့ပါ။

●        အားကစားလုပ်ပြီးတဲ့အခါ ချွေးတွေ တအားထွက်လာပြီး အတွင်းခံထဲမှာ၊ ပေါင်ခြံမှာ ပိုးတွေအောင်းနေလေ့ ရှိပါတယ်။ ချွေး သိပ်စိုလာရင် အတွင်းခံကို လဲလှယ်ပါ။



>>    ရာသီလာတဲ့အခါ ဘာတွေလိုက်နာသင့်လဲ?

●        သန့်ရှင်းပြီး စိတ်ချရတဲ့ အခုအခံ ဂွမ်းထုပ်လေးတွေ သုံးပါ။

●        မကြာခဏ လဲလှယ်ပေးပါ။

●        ရာသီလာတာ များပြီး စိုတာ ကြာသွားရင် ရာသီသွေးညှီနံ့က အပြင်ကို ထွက်လာတာတွေ ကြုံကြရပါတယ်။ ဒါကြောင့် ဂရုတစိုက်နဲ့ လဲလှယ်ပေးစေလိုတာ ဖြစ်ပါတယ်။



>>    အန္တရာယ်ကင်း အိမ်တွင်းကုထုံးလေးတစ်ခုအကြောင်း

●        ပန်းသီးရှာလကာရည်နဲ့ ရေနဲ့ရောပြီး စိမ်ပေး၊ ထိုင်ပေးတာကလည်း ပိုးသေစေတဲ့ အန္တရာယ်ကင်း အိမ်တွင်းကုထုံးပါတဲ့။ ဘက်တီးရီးယားတွေ ငြိမ်သွားစေပြီး အနံ့ထွက် သက်သာစေပါတယ်။

●        တခြား ဆပ်ပြာရည်တွေ၊ ဆေးရည်တွေထက် ပန်းသီးရှာလကာရည်ကိုတော့ ညွှန်းပါတယ်။ အနံ့ဆိုးထွက်တာအတွက် အကောင်းဆုံး သဘာဝကုထုံးတစ်ခုလို့ ဆိုကြပါတယ်။



>>    သန့်ရှင်းမှုသာ ထာဝစဉ်

●        အောက်ခံဘောင်းဘီတွေကို မှန်မှန် လျှော်ဖွပ်ပါ။

●        နေပူကြဲကြဲမှာ ခြောက်အောင်လှန်းပါ။

●        ခါပြီး မီးပူတိုက်ပါ။ ပြီးမှ သိမ်းပါ။  သုံးပါ။

●        အောက်ခံဘောင်းဘီတွေကို စုတ်လာတာ၊ ရိလာတာဆိုရင် ပစ်လိုက်ပြီး အရည်အသွေး ကောင်းတဲ့ ချည်သားအသစ်ကို ဝယ်ပါ။

          နောက်ဆုံးအနေနဲ့ ချည်သားအေးအေး ချောင်ချောင် အတွင်းခံ သုံးခြင်းဟာ အနံ့ဆိုး ထွက်တာကို အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။

          မိန်းမကိုယ် အနံ့ဆိုးတွေ ကင်းစင်ရေး သဘာဝကျကျ နည်းလမ်းတွေကို အမျိုးသမီးလေးတွေ လိုက်နာဖို့ ပညာပေးလိုက်ရပါတယ်။

Credit: ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top