iMyanmarHouse.com - Best Property Website for Myanmar
×



1. ရောချတတ်သူများ
ရေချိုးခနးထဲမှာ ရေချိုးရင်း ရောယောင်ပေါက်တတ်သူတွေ ၊ သင်္ကြန်လည်ရင်း ကားပေါ်မှာ ရောချသူတွေ ၊ ပင်လယ်ကြီးမှာ ဖြစ်ဖြစ်၊ မြစ်ထဲမှာဖြစ်ဖြစ် ၊ အများသုံးရေကူးကန်တွေမှာ ဖြစ်ဖြစ်ပေါ့နော် ရောချလိုက်သူတွေပါ ၊ အဲ့လိုလူတွေနဲ့ အတူတူ ရေမချိုးမိစေနဲ့ပေါ့နော် ...

2. နှမြောတတ်သူများ



5. Toilet စွဲရှိသူများ


Credit: ရွှေချစ်သူ
# Unicode Version ဖြင့် ဖတ်ပါ#
ဒီတစ်ခေါက်တော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလည်း ကောင်းတဲ့ အကြောင်းအရာလေးတစ်ခု ပြောပြချင်ပါတယ်။

အကုန်လုံး ရှူးပေါက်ဖူးကြတယ်ဟုတ် ..
ဒါဆိုရင် ဒီ (၅)မျိုးထဲမှာ ကိုယ်က ဘယ်အမျိုးအစားထဲ ပါနေလဲဆိုတာ ဖတ်ကြည့်လိုက်ဦး

1. ရောချတတ်သူများ
ရေချိုးခနးထဲမှာ ရေချိုးရင်း ရောယောင်ပေါက်တတ်သူတွေ ၊ သြင်္ကန်လည်ရင်း ကားပေါ်မှာ ရောချသူတွေ ၊ ပင်လယ်ကြီးမှာ ဖြစ်ဖြစ်၊ မြစ်ထဲမှာဖြစ်ဖြစ် ၊ အများသုံးရေကူးကန်တွေမှာ ဖြစ်ဖြစ်ပေါ့နော် ရောချလိုက်သူတွေပါ ၊ အဲ့လိုလူတွေနဲ့ အတူတူ ရေမချိုးမိစေနဲ့ပေါ့နော် ...

2. နှမြောတတ်သူများ
ရှူးရှူးဖလားဝါးချင်တာကို အောင့်အည်း ကျိတ်မှိတ်ပြီး အချိန်ကြာကြီးထိ အမြဲတမ်း သိမ်းဆည်းထားတတ်သူတွေပေါ့။ ရွှေတို့ကတော့ အဲ့လူတွေကို နှမြောတတ်သူတွေလို့ နာမည်ပေးလိုက်မယ်နော် ၊ တကယ်တော့ အဲ့လိုအောင့်အည်းထားခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် မလုပ်သင့်ဘူးလေနော့်....

3. နယ်လှည့်ဖလားဝါးသူများ
သူတို့တွေကတော့ ခရီးသွားတဲ့အခါတိုင်း လမ်းမှာ မကြာခဏ ရှူးရှူးပေါက်ချင်တတ်တဲ့ သူတွေ ဖြစ်ပါတယ်။ သာမန်ဆို အဲ့လောက် အကြိမ်များများ မဟုတ်ပေမယ့် ခရီးသွားတဲ့အခါ စိတ်လှုပ်ရှားမှု့ကြောင့် အလိုလို သာမန်ထက်ပိုပြီး ပေါက်ချင်တတ်တာပါ။ အဲ့လိုလူတွေနဲ့ ခရီးသွားတဲ့အခါ ဘယ်နေရာအိမ်သာရှိတတ်လဲ ရှာရတော့တာပေါ့နော်

4.စနစ်တကျ ဖလားဝါးသူများ
ကိုယ့်ကိုယ်ကို အမြဲ ဂရုတစိုက်ရှိပြီး တစ်နေ့တာမှာ "ငါဘယ်နှစ်ကြိမ် ရှူးပေါက်ပြီးပြီလဲ၊ အိပ်ကာနီး ရှူးပေါက်ပြီးပြီလား" စသည်ဖြင့် စနစ်တကျ အလေ့အကျင့် လုပ်တတ်သူတွေပါ။ နည်းနည်းတော့ ဇီဇာကြောင်သလိုထင်ရပေမယ့် တကယ်ကမ်းတော့ အဲ့လိုလုပ်တာဟာ ကျန်းမာရေးအတွက် ကောင်းမွန်လှပါတယ်

5. Toilet စွဲရှိသူများ
Password နဲ့ ဖွင့်ရတာလားလို့ ထင်ရလောက်အောင်ကို ကိုယ့်အိမ်က Toilet ရောက်မှသာလျှင် ရှူးရှူးဖလားဝါးတတ်သူတွေ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ အပြင်မှာ အရေးပေါ် ဖြစ်ပါစေ အိမ်ကိုရောက်အောင်ပြန်ပြီး အိမ်ကျမှ အေးအေးဆေးဆေး ကိစ္စရှင်းတတ်သူတွေပါ ၊ ဒီအကျင့်က မကောင်းတဲ့အကျင့်ဖြစ်ပြီး ကြာကြာအောင့်ထားတော့ ကျန်းမာရေးနဲ့မညီတဲ့အပြင် အတူတူသွားရတဲ့ အဖော်လည်း စိတ်ကသိကအောင့် ဖြစ်တာပေါ့နော်

ကဲ ရွှေတို့ရော ဒီအထဲက ဘယ်အကျင့်နဲ့တူလဲပြောခဲ့ဦးနော် ၊ ပြီးတော့ အာ့လိုအကျင့်ရှိတတ်တဲ့ ကိုယ့်သူငယ်ချင်းလေးကိုလည်း မန်းရှင်းခေါ်သွားဦးနော်

Credit: ရွှေချစ်သူ
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top