iMyanmarHouse.com - Best Property Website for Myanmar
×

လက္ရွိမွာ ပူပူေႏြးေႏြး တရားဝင္ခ်စ္သူစံုတြဲေတြ ျဖစ္သြားၾကတဲ့ ေရႊမံႈရတီနဲ႔ ေရႊထူးတို႔ရဲ႕ အခ်စ္ေရးေလးကေတာ့ ေပ်ာ္ရႊင္ၾကည္ႏူးၿပီး ခ်စ္စရာေကာင္းလွပါတယ္။

ေရႊမင္းသမီးနဲ႔ ႏုိင္ငံေက်ာ္ အဆိုေတာ္တို႔ရဲ႕ အခ်စ္ေရးကေတာ့ လက္ရွိမွာ လူေျပာအမ်ားဆံုး သတင္းတစ္ပုဒ္ျဖစ္ေနၿပီး ပရိသတ္ေတြကလည္း စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္ေနခဲ့ၾကတာလည္း ျဖစ္ပါတယ္။

အခ်စ္ေရးသတင္းကို တရားဝဝင္အတည္မျပဳရေသးခင္ကတည္းက သို႔ေလာသို႔ေလာ ထြက္ေနတဲ့သတင္းေတြေၾကာင့္ ေရႊမႈံရတီရဲ႕ေမေမကေတာ့ စိတ္ဆိုးေနၿပီျဖစ္ပါတယ္။

လက္ရွိအခ်စ္ေရးနဲ႔ပတ္သက္ၿပီး ေမေမကဘာေျပာလဲဆိုတဲ့ ေမးခြန္းအေပၚ

“ကၽြန္မေမေမကလား ကၽြန္မကို စိတ္ဆုိးေနၿပီ။ ပါးရိုက္ေတာ့မယ္။ သတင္းေတြတက္လာတာ ၾကည့္ၿပီးေတာ့ေရႊမံႈရတီ ပါးေတြက်ိန္းေနၿပီ။ သူနဲ႔နည္းနည္း ခပ္ေဝးေဝးမွာေနတယ္ရွင့္” လို႔ မုိမိုေလး tv နဲ႔ အင္တာဗ်ဴးမွာ ေျဖထားပါတယ္။

သူ႔ကို ခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြကို အၿမဲတမ္းေလးစားၿပီး ပြင့္ပြင့္လင္းလင္း ေျပာျပတတ္တဲ့ ေရႊမႈံရတီကေတာ့ သူ႔ရဲ႕အခ်စ္ေရးကိုလည္း ဘယ္ေတာ့မွ ဖံုးကြယ္မထားတတ္သူျဖစ္ပါတယ္။

အေမနဲ႔ ဆရာသမားေတြရဲ႕ သင္ျပမႈကို လိုက္နာက်င့္သံုးၿပီး ႀကိဳတင္ျပင္ဆင္ကာ အခ်ိန္တစ္ခုကုိ ေစာင့္ေနခဲ့ေပမယ့္ “ပရိသတ္ေတြ သိခ်င္တာ သိရမွာပါ။ ဘယ္သူမွမေျပာခင္ သဲအရင္ေျပာမွာပါ” ဆုိတဲ့စကားအတုိင္း သူကိုယ္တုိင္ ထုတ္ေျပာျပလုိက္တာလည္း ျဖစ္ပါတယ္။

သူတို႔စံုတြဲေလးကို ခ်စ္တဲ့ပရိသတ္ေတြကေျပာတဲ့ “ေရႊေရႊခ်င္းထပ္ေတာ့ ျမတ္တယ္” ဆိုတဲ့စကားေလးကိုေတာ့ ေရႊမႈံရတီက “လွလိုက္တဲ့စကားေလး ႀကိဳက္တယ္” လို႔ မိုမိုေလးနဲ႔အင္တာဗ်ဴးမွာ ေျဖဆုိသြားခဲ့ပါတယ္။

အၿမဲတမ္းအလုပ္ကို အေကာင္းဆံုးလုပ္တတ္တဲ့ ေရႊမံႈကေတာ့ အခ်စ္ေရးနဲ႔ ပါစင္နယ္က သက္သက္စီျဖစ္တာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိၿပီးသားလို႔ ဆုိပါတယ္။

မိဘအတြက္ သမီးေကာင္းတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားသလို ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈအျပည့္နဲ႔ အၿမဲေပ်ာ္ေပ်ာ္ေနတတ္တဲ့ ေရႊမႈံေလး ေမေမအဆူမခံရပါေစနဲ႔လို႔ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္ …

Credit: Takhon
# Unicode Version ျဖင့္ ဖတ္ပါ#
လက်ရှိမှာ ပူပူနွေးနွေး တရားဝင်ချစ်သူစုံတွဲတွေ ဖြစ်သွားကြတဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ အချစ်ရေးလေးကတော့ ပျော်ရွှင်ကြည်နူးပြီး ချစ်စရာကောင်းလှပါတယ်။

ရွှေမင်းသမီးနဲ့ နိုင်ငံကျော် အဆိုတော်တို့ရဲ့ အချစ်ရေးကတော့ လက်ရှိမှာ လူပြောအများဆုံး သတင်းတစ်ပုဒ်ဖြစ်နေပြီး ပရိသတ်တွေကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။

အချစ်ရေးသတင်းကို တရားဝဝင်အတည်မပြုရသေးခင်ကတည်းက သို့လောသို့လော ထွက်နေတဲ့သတင်းတွေကြောင့် ရွှေမှုံရတီရဲ့မေမေကတော့ စိတ်ဆိုးနေပြီဖြစ်ပါတယ်။

လက်ရှိအချစ်ရေးနဲ့ပတ်သက်ပြီး မေမေကဘာပြောလဲဆိုတဲ့ မေးခွန်းအပေါ်

“ကျွန်မမေမေကလား ကျွန်မကို စိတ်ဆိုးနေပြီ။ ပါးရိုက်တော့မယ်။ သတင်းတွေတက်လာတာ ကြည့်ပြီးတော့ရွှေမှုံရတီ ပါးတွေကျိန်းနေပြီ။ သူနဲ့နည်းနည်း ခပ်ဝေးဝေးမှာနေတယ်ရှင့်” လို့ မိုမိုလေး tv နဲ့ အင်တာဗျူးမှာ ဖြေထားပါတယ်။

သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို အမြဲတမ်းလေးစားပြီး ပွင့်ပွင့်လင်းလင်း ပြောပြတတ်တဲ့ ရွှေမှုံရတီကတော့ သူ့ရဲ့အချစ်ရေးကိုလည်း ဘယ်တော့မှ ဖုံးကွယ်မထားတတ်သူဖြစ်ပါတယ်။

အမေနဲ့ ဆရာသမားတွေရဲ့ သင်ပြမှုကို လိုက်နာကျင့်သုံးပြီး ကြိုတင်ပြင်ဆင်ကာ အချိန်တစ်ခုကို စောင့်နေခဲ့ပေမယ့် “ပရိသတ်တွေ သိချင်တာ သိရမှာပါ။ ဘယ်သူမှမပြောခင် သဲအရင်ပြောမှာပါ” ဆိုတဲ့စကားအတိုင်း သူကိုယ်တိုင် ထုတ်ပြောပြလိုက်တာလည်း ဖြစ်ပါတယ်။

သူတို့စုံတွဲလေးကို ချစ်တဲ့ပရိသတ်တွေကပြောတဲ့ “ရွှေရွှေချင်းထပ်တော့ မြတ်တယ်” ဆိုတဲ့စကားလေးကိုတော့ ရွှေမှုံရတီက “လှလိုက်တဲ့စကားလေး ကြိုက်တယ်” လို့ မိုမိုလေးနဲ့အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

အမြဲတမ်းအလုပ်ကို အကောင်းဆုံးလုပ်တတ်တဲ့ ရွှေမှုံကတော့ အချစ်ရေးနဲ့ ပါစင်နယ်က သက်သက်စီဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီးသားလို့ ဆိုပါတယ်။

မိဘအတွက် သမီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အမြဲပျော်ပျော်နေတတ်တဲ့ ရွှေမှုံလေး မေမေအဆူမခံရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်နော် …

Credit: Takhon
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top