iMyanmarHouse.com - Best Property Website for Myanmar
×

ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆံုးလျဖစ္တဲ့ ဒီဇင္ဘာလမွာ ေမြးတဲ့သူေတြဟာ ထူးျခားတဲ့ပင္ကိုယ္စရိုက္ေတြကို ပိုင္ဆုိင္ထားသူေတြျဖစ္ပါတယ္။ ရုပ္ေခ်ာျပီးခ်စ္စရာလည္းေကာင္းသလို ေပ်ာ္ေပ်ာ္လည္းေနတတ္တဲ့ ဒီဇင္ဘာလဖြားေတြ အေၾကာင္းနဲ႔ပတ္သက္လုိ႔ သင္မသိေသးတဲ့အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) လက္ေတြ႕က်တယ္

ဒီဇင္ဘာလဖြားေတြဟာ စိတ္ကူးရင္သမားေတြ၊ အေျပာသမားေတြမဟုတ္ပဲ လက္ေတြ႕က်က်လုပ္ေဆာင္တတ္သူေတြပါ။ သူတုိ႔ဟာ ငယ္စဥ္ကတည္းက ၾကီးမားတဲ့ဘဝရည္မွန္းခ်က္ေတြရွိျပီး အဲဒီ့ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ဖုိ႔ သူတုိ႔နညး္သူတုိ႔ဟန္နဲ႔အျမဲတမး္ ၾကိဳးစားေနက်သူေတြပါ။ သူတုိ႔ဟာ အရြယ္နဲ႔မလိုက္ေအာင္တည္ျငိမ္ရင့္က်က္တာေၾကာင့္ ပတ္ဝန္းက်င္ကလူေတြရဲ႕ ခ်ီးက်ဴးျခင္းကို ခံရသူေတြပါ။

(၂) သူမ်ားနဲ႔မတူတဲ့အေတြးအေခၚရွိတယ္

သူတုိ႔ဟာ သူတုိ႔ရဲ႕ထင္ျမင္ခ်က္ကို ေျပာဖို႔ဘယ္ေတာ့မွ ေနာက္မတြန္႔သူေတြျဖစ္ပါတယ္။ သူမ်ားေတြဘာအေၾကာင္းေျပာတာပဲ ျဖစ္ေနပါေစ၊ သူတုိ႔ရဲ႕ထင္ျမင္ယူဆခ်က္ဟာ တျခားသူေတြနဲ႔ ဘယ္ေလာက္ပဲ ကြဲထြက္ေနပါေစ၊ အဲဒါကိုထုတ္ေျပာဖို႔ဘယ္ေတာ့မွဝန္မေလးၾကပါဘူး။ သူတုိ႔ဟာ လူအမ်ားနဲ႔အတူတူ ေဆြးေႏြးရတာ၊ အေတြးအေခၚခ်င္းဖလွယ္ရတာကုိ အထူးႏွစ္သက္ၾကသလို၊ ေတာ္တဲ့ဆရာေတြ၊ က်ပန္းစကားေျပာမွာထူးခၽြန္တဲ့သူေတြလည္း ျဖစ္ၾကပါတယ္။

(၃) ႏွလံုးသားရဲ႕ေနာက္ကိုပဲလိုက္တယ္

သူတုိ႔ေတြဟာ အသက္ၾကီးၾကီး၊ငယ္ငယ္ ဘယ္အရြယ္ကိုပဲေရာက္ေရာက္ ႏွလံုးသားကလာတဲ့အရာကိုပဲလုပ္ၾကပါတယ္။ ပတ္ဝန္းက်င္နဲ႔ အေၾကာင္းအရာတစ္ခုခုေၾကာင့္နဲ႔ေတာ့ အခ်စ္ကိုလံုးဝအပ်က္စီးခံမယ့္သူေတြ မဟုတ္ပါဘူး။ သူတုိ႔ႏွလံုးသားက ေရြးခ်ယ္တဲ့သူကိုသာလွ်င္ တစ္ဘဝလံုးစာအတြက္ ေရြးခ်ယ္တတ္ၾကပါတယ္။

(၄) လြတ္လပ္တဲ့သူေတြျဖစ္တယ္

ဒီဇင္ဘာလဖြားေတြဟာ Free Spirit ေတြျဖစ္ၾကပါတယ္။ သူတုိ႔ဟာ လြတ္လပ္စြာေနထိုင္ၾကသူေတြျဖစ္ပါတယ္။ သူတုိ႔ရဲ႕အျမင္ေတြကို ထုတ္ျပဖုိ႔၊ ေျပာျပဖုိ႔ အထူးႏွစ္သက္ၾကသူေတြပါ။ သူတုိ႔ဟာ သူတို႔ကိုခ်ဳပ္ေႏွာင္ထားတဲ့ ပတ္ဝန္းက်င္နဲ႔ ကိုယ္ပိုင္အခ်ိန္မရွိေလာက္ေအာင္ မြနး္က်ပ္တဲ့ ပတ္ဝန္းက်င္မွာ မေနႏိုင္ၾကပါဘူး။ ေနာက္တစ္ခုက သူတုိ႔ကိုတြယ္ကပ္ေလေလ သူတုိ႔ကေရွာင္ေျပးေလေလပဲျဖစ္ပါတယ္။ သူတုိ႔ဟာသူတုိ႔ကုိတြယ္ကပ္တာနဲ႔ ခ်ဳပ္ခ်ယ္တာမ်ိဳးကို လံုးဝသည္းမခံႏိုင္ၾကပါဘူး။

(၅) ခရီးသြားရတာကိုၾကိဳက္ၾကတယ္

သူတုိ႔ဟာ ဗဟုသုတအသစ္၊ အေတြ႕အၾကံဳအသစ္ေတြကို အျမဲတမး္ ရွာေဖြခ်င္သူေတြျဖစ္တာေၾကာင့္၊ ကမၻာၾကီးရဲ႕ေနရာ အႏွံ႕ကိုေလွ်ာက္သြားျပီးေလ့လာခ်င္ၾကပါတယ္။ ဒါေၾကာင့္ သူတုိ႔က်န္းမာေနသေရြ႕ကေတာ့ ခရီးသြားေနမွာျဖစ္ျပီး အဲလိုခရီးထြက္ေနရတာ သူတုိ႔ရဲ႕ အိပ္မက္လည္းျဖစ္ပါတယ္။

Credit : Em Em
# Unicode Version ျဖင့္ ဖတ္ပါ #
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလမှာ မွေးတဲ့သူတွေဟာ ထူးခြားတဲ့ပင်ကိုယ်စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။ ရုပ်ချောပြီးချစ်စရာလည်းကောင်းသလို ပျော်ပျော်လည်းနေတတ်တဲ့ ဒီဇင်ဘာလဖွားတွေ အကြောင်းနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လက်တွေ့ကျတယ်

ဒီဇင်ဘာလဖွားတွေဟာ စိတ်ကူးရင်သမားတွေ၊ အပြောသမားတွေမဟုတ်ပဲ လက်တွေ့ကျကျလုပ်ဆောင်တတ်သူတွေပါ။ သူတို့ဟာ ငယ်စဉ်ကတည်းက ကြီးမားတဲ့ဘဝရည်မှန်းချက်တွေရှိပြီး အဲဒီ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ သူတို့နည်းသူတို့ဟန်နဲ့အမြဲတမ်း ကြိုးစားနေကျသူတွေပါ။ သူတို့ဟာ အရွယ်နဲ့မလိုက်အောင်တည်ငြိမ်ရင့်ကျက်တာကြောင့် ပတ်ဝန်းကျင်ကလူတွေရဲ့ ချီးကျူးခြင်းကို ခံရသူတွေပါ။

(၂) သူများနဲ့မတူတဲ့အတွေးအခေါ်ရှိတယ်

သူတို့ဟာ သူတို့ရဲ့ထင်မြင်ချက်ကို ပြောဖို့ဘယ်တော့မှ နောက်မတွန့်သူတွေဖြစ်ပါတယ်။ သူများတွေဘာအကြောင်းပြောတာပဲ ဖြစ်နေပါစေ၊ သူတို့ရဲ့ထင်မြင်ယူဆချက်ဟာ တခြားသူတွေနဲ့ ဘယ်လောက်ပဲ ကွဲထွက်နေပါစေ၊ အဲဒါကိုထုတ်ပြောဖို့ဘယ်တော့မှဝန်မလေးကြပါဘူး။ သူတို့ဟာ လူအများနဲ့အတူတူ ဆွေးနွေးရတာ၊ အတွေးအခေါ်ချင်းဖလှယ်ရတာကို အထူးနှစ်သက်ကြသလို၊ တော်တဲ့ဆရာတွေ၊ ကျပန်းစကားပြောမှာထူးချွန်တဲ့သူတွေလည်း ဖြစ်ကြပါတယ်။

(၃) နှလုံးသားရဲ့နောက်ကိုပဲလိုက်တယ်

သူတို့တွေဟာ အသက်ကြီးကြီး၊ငယ်ငယ် ဘယ်အရွယ်ကိုပဲရောက်ရောက် နှလုံးသားကလာတဲ့အရာကိုပဲလုပ်ကြပါတယ်။ ပတ်ဝန်းကျင်နဲ့ အကြောင်းအရာတစ်ခုခုကြောင့်နဲ့တော့ အချစ်ကိုလုံးဝအပျက်စီးခံမယ့်သူတွေ မဟုတ်ပါဘူး။ သူတို့နှလုံးသားက ရွေးချယ်တဲ့သူကိုသာလျှင် တစ်ဘဝလုံးစာအတွက် ရွေးချယ်တတ်ကြပါတယ်။

(၄) လွတ်လပ်တဲ့သူတွေဖြစ်တယ်

ဒီဇင်ဘာလဖွားတွေဟာ Free Spirit တွေဖြစ်ကြပါတယ်။ သူတို့ဟာ လွတ်လပ်စွာနေထိုင်ကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့အမြင်တွေကို ထုတ်ပြဖို့၊ ပြောပြဖို့ အထူးနှစ်သက်ကြသူတွေပါ။ သူတို့ဟာ သူတို့ကိုချုပ်နှောင်ထားတဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ်ပိုင်အချိန်မရှိလောက်အောင် မွန်းကျပ်တဲ့ ပတ်ဝန်းကျင်မှာ မနေနိုင်ကြပါဘူး။ နောက်တစ်ခုက သူတို့ကိုတွယ်ကပ်လေလေ သူတို့ကရှောင်ပြေးလေလေပဲဖြစ်ပါတယ်။ သူတို့ဟာသူတို့ကိုတွယ်ကပ်တာနဲ့ ချုပ်ချယ်တာမျိုးကို လုံးဝသည်းမခံနိုင်ကြပါဘူး။

(၅) ခရီးသွားရတာကိုကြိုက်ကြတယ်

သူတို့ဟာ ဗဟုသုတအသစ်၊ အတွေ့အကြုံအသစ်တွေကို အမြဲတမ်း ရှာဖွေချင်သူတွေဖြစ်တာကြောင့်၊ ကမ္ဘာကြီးရဲ့နေရာ အနှံ့ကိုလျှောက်သွားပြီးလေ့လာချင်ကြပါတယ်။ ဒါကြောင့် သူတို့ကျန်းမာနေသရွေ့ကတော့ ခရီးသွားနေမှာဖြစ်ပြီး အဲလိုခရီးထွက်နေရတာ သူတို့ရဲ့ အိပ်မက်လည်းဖြစ်ပါတယ်။

Credit : Em Em
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top