iMyanmarHouse.com - Best Property Website for Myanmar
×




Credit: ရွှေချစ်သူ
# Unicode Version ဖြင့် ဖတ်ပါ #လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေတဲ့ စကားသံဝဲ၀ဲလေးနဲ့ ချစ်စရာကောင်မလေး တစ်ယောက် အွန်လိုင်းပေါ်မှာ live လွှင့်ရင်း ပရိသတ်အားပေးမှုကို ရလာခဲ့ ပြီး သူ မကိုယ်သူမ ” အနော်” လို့ ပြောသလို ပရိသတ်တွေကလဲ သူမကို ချစ်စနိုးနဲ့ အနော်လေး ဆိုပြီး ခေါ် ကြ တဲ့ သူမရဲ့ နာမည်ကတော့ ချိုမာ ပါ။ သူမရဲ့ ဇာတိကတော့ မွန်ပြည်နယ်၊သထုံကပါ။

အွန်လိုင်းပေါ်မှာ Product တွေကို ကြော်ငြာပေးနေသူတစ်ဦးဖြစ်ပြီး ကြာ်ငြာရုံသက်သက်တင်မဟုတ်ပဲ ပရိသတ် စိတ်ဝင် စား အောင် Live လွှင့်ရင်း ရယ်စရာတွေပြောပြ၊သီချင်းနဲ့အတူ ကပြတာတွေ ရှိပါတယ် ။ တချို့က သူမရဲ့ Live တွေမှာ ဝင်ပြီးဆဲဆိုကြတဲ့သူတွေ ၊ Sex ကိစ္စဝင်မန့်တဲ့ သူတွေနဲ့ စာကားလုံးရိုင်းရိုင်းတွေနဲ့ comment ဝင်ရေးကြတဲ့သူတွေကို သူမကလဲ ဆဲ တဲ့ Comment တွေ၊မိုက်ရိုင်းတဲ့ စကားလုံးတွေကို အပြုံးမျက်နှာလေးနဲ့ ပြန်လည်ချေပခဲ့ပါတယ်။ပရိသတ် တွေကလဲ သူမရဲ့ အဲ့ဒီလို ချေပတဲ့ စကားလေးတွေကို သဘောကျနေကြတာပါ။

မိုက်မိုက်ရိုင်းရိုင်းမန့်လာတဲ့ စကားတွေအပေါ် သူမရဲ့ တုံ့ပြန်မှုကို သဘောကျတဲ့သူတွေရှိသလို တစ်ချို့ကလဲ ဒီလို တွေ ပြန်တုံ့ပြန်တဲ့အပေါ် ဝေဖန်တာတွေလဲ ရှိပါတယ်။ပြည်သူ့အချစ်တော် အဆိုတော် အိမ့်ချစ်ကတော့ ချိုမာရဲ့ ဗီဒီယိုဖိုင်ကို ရှယ်ထားပြီး ချိုမာ့ ကို “သူ့စိတ်ကို ကိုယ်တောင်အတုယူရတယ် ပြောတတ်လိုက်တာတကယ် သဘောကျတယ် အနော်ရေ………” ဆိုပြီး ရှယ်ထားပါတယ်။ သရုပ်ဆောင် မေပန်းချီကလည်း "ချစ်တယ်တော့ ဒီခေတ်က သူနဲ့အကိုက်ပဲ ပြုံးပြုံးလေးနဲ့ ရွဲ့ပေးတာ" ဆိုပြီး သူမရဲ့ Video ဖိုင်လေးကို share ပေးထားတာပါ

Credit: ရွှေချစ်သူ
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top